Commitment to Competitiveness
နေ့ခေတ်မှာ ဈေးကွက်မှာအောင်မြင်မှုရဖို့ဆိုတဲ့ တောင်ထိပ်ပေါ်ကို အပြိုင်အဆိုင်တက်ကြရာမှာ ထိခိုက်မှု အနည်းဆုံးနဲ့ တောင်ထိပ်ပေါ်ကို အရင်ဆုံးရောက်ရှိနိုင်ဖို့အတွက် သူ့နည်းသူ့ဟန်နဲ့ အပြိုင်အဆိုင် ကြိုးစားပြီး တက်နေကြတဲ့ခရီးမှာ အောင်မြင်မှုရဖို့အတွက် (Competitiveness Advantage or Competitiveness) လမ်းကြောင်းတစ်ခုဖြစ်တဲ့ Commitment အကြောင်းကို ပြောပါ့မယ်။ Commitment ရှိလို့ကတော့ ဘယ်အလုပ်လုပ်ကိုပဲလုပ်လုပ် အောင်မြင်မှာပါ။ Commitment ဆိုတာက ကိုယ်လုပ်တဲ့အလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး အင်တိုက်အားတိုက် လုပ်တာမျိုးကို ပြောခြင်းဖြစ်ပါတယ်။ Competitiveness ဆိုတဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိဖို့ ရွေးချယ်တဲ့လမ်းကြောင်းက Commitment ဖြစ်တယ်ဆိုရင် အတူယူဆောင်သွားရမယ့် လက်နက်ကိရိယာ (၅) မျိုးလို အပ်ပါတယ်။ အဲဒါတွေကတော့ ..
1. တာဝန်ယူ၊ တာဝန်ခံစိတ်ဓာတ် (Accountability-minded)
2. ဆွဲဆောင်မှုရှိတဲ့ပြောဆိုဆက်ဆံမှု (Persuasive message)
3. ဦးဆောင်မှုစွမ်းရည် (Leadership)
4. မျှော်လင့်ချက်ရဲ့အကျိုးသက်ရောက်မှု (Pygmalion effect)
5. လုပ်ငန်းတွင်း တန်ဖိုးထားမှုစနစ် (Core Value)
1. Accountability-minded ဆိုတာကတော့ ကိုယ်တာဝန်ယူပြီး လုပ်ရမယ့်အလုပ်အတွက် သင့်တော်တဲ့ လုပ်ပိုင်ခွင့် (အချိန်၊ လူ၊ ငွေ၊ စက် စသည်ဖြင့်) ကို စေ့စပ်ညှိနှိုင်းရယူပြီးရင် မပြီးပြီးအောင် မဖြစ်မနေလုပ်မယ်ဆိုတဲ့ တာဝန်ယူ၊ တာဝန်ခံစိတ်ဓာတ်ဖြစ်ပါတယ်။ (Responsibility and Authority should be balanced in order to be Accountable.)
2. Persuasive message ဖြစ်ဖို့အတွက်၊ အချက် (၃) ချက် လိုပါတယ်။
a. ပြောမယ့်အကြောင်းအရာက စိတ်ဝင်စားစရာကောင်းရမယ်။ (Pathos)
b. အချက်အလက်နဲ့ပြည့်စုံပြီး ယုတ္တိရှိရမယ်။ (Logos)
c. ပြောတဲ့သူရဲ့ပင်ကိုယ်စရိုက်လက္ခဏာနဲ့ အရည်အချင်းကလည်း လူအများယုံကြည်အားထားနိုင်မှု ရှိရမယ်။ (Ethos)
3. ဦးဆောင်မှုစွမ်းရည် (Leadership) ဆိုတာကတော့၊ မတူကွဲပြားမှုရှိတဲ့လူတွေကို အဖွဲ့တစ်ခုအောက်မှာ ဟန်ချက်ညီညီလက်တွဲလုက်ကိုင်နိုင်စေဖို့အတွက် အဖွဲ့ရဲ့ရေရှည်မျှော်မှန်းချက်၊ သင်းဖွဲ့စိတ်ဓာတ်နဲ့ ဦးဆောင်သူရဲ့ စရိုက်လက္ခဏာ (vision, spirit, and character) တို့ အပေါ် အခြေခံပါတယ်။ အဓိကတော့ EQ မြင့်ဖို့လိုတာပေါ့။ Warren Bennis က ပြောထားတာကတော့၊ “ ဦးဆောင်သူတွေမှာ IQ ကတော့ အခြေခံအားဖြင့်ရှိရမယ့် လိုအပ်တဲ့ အရည်အချင်း တစ်ခုဖြစ်ပါတယ်။ သို့သော် IQ က ကိုယ့်ကို အောင်မြင်တဲ့ကြယ်တစ်ပွင့် ဖြစ်မလာစေနိုင်ပါဘူး။ EQ ကသာ ကိုယ့်ကို စတားဖြစ်လာစေနိုင်ပါတယ်။”
4. မျှော်လင့်ချက်ရဲ့အကျိုးသက်ရောက်မှု (Pygmalion effect) ဆိုတာက လူတစ်ယောက်အပေါ်မှာ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ယုံကြည်မှုထားရှိမယ်၊ အဲ့ဒါကိုလည်း သူသိရှိနားလည်တယ်ဆိုရင်၊ နောက်ဆုံးမှာ ကိုယ်မျှော်လင့်သလို ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ လက်အောက်ငယ်သားတစ်ယောက်အပေါ်မှာ အထက်လူကြီးက ယုံကြည်တယ်ဆိုရင် သူ့ရဲ့အပြုအမူတွေက ပေါ်လွင်နေပါတယ်။ အဲ့ဒီအခါကျတော့ ငယ်သားက သူ့ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းအားကို အပြည့်အဝအသုံးချလာမှာဖြစ်ပြီး သူ့ရဲ့ အပြုအမူတွေကတစ်ဆင့် အောင်မြင်မှုဆိုတဲ့ ရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်။ ဒီတော့ လူကြီးက ပိုပြီးယုံကြည်လာမယ်၊ လူငယ်က ပိုကြိုးစားလာမယ်၊ ပိုအောင်မြင်လာမယ်။ ဒါက Pygmalion Effect ပါပဲ။
5. လုပ်ငန်းတွင်းတန်ဖိုးထားမှုစနစ် (Core Value) ဆိုတာက၊ လုပ်ငန်းတိုင်းမှာ Core Value ဆိုတာ ရှိရပါတယ်။ လုပ်ငန်းမှာရှိတဲ့လူတွေအားလုံးက ဒါတွေကို သေချာစွဲစွဲမြဲမြဲ လိုက်နာလုပ်ဆောင်ရပါတယ်။ Core Value တွေဟာ လုပ်ငန်းတွေအတွက် အလွန်အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။ Core Value တွေဟာ ကိုယ့်လုပ်ငန်းနဲ့အသင့်တော်ဆုံးဖြစ်တဲ့အချက် လေးငါးချက်လောက်ပဲ ဖြစ်သင့်ပါတယ်။ လူတိုင်းသေသေချာချာ ထိထိရောက်ရောက် လိုက်နာကျင့်သုံးလုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဥပမာ ကိုယ့်လုပ်ငန်းက Delivery ဆိုရင် Time Management က အရေးကြီးတဲ့ Core Value တစ်ခုအဖြစ် ချမှတ်လို့ရပါတယ်။
ဒီအချက် (၅) ချက်ကို Commitment ရဲ့ Tools တွေလို့ယူဆပြီး လက်တွေ့အသုံးချပြီးတော့ Competitiveness ဆိုတဲ့တောင်ထိပ်ကို ရောက်ရှိနိုင်အောင် ကြိုးစားကြပါစို့။
Daw Aye Aye Win
B. Com (Hons, YIE) , M.Com, Diploma in English,
M.A (International Business Studies),(Sophia University, Japan)
Latest Articles
လုပ်ငန်းခွင်မှာ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ အဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်အပေါ်သက်ရောက်မှုများ
2 days ago
Assignment တွေ ဘယ်လိုရေးကြမလဲ
2 days ago
HR ကောင်းတစ်ယောက်ဖြစ်စေရန် Empathy ရဲ့ အရေးပါမူ
2 days ago
ဈေးကွက်ရှာဖွေရေးမှာ အသုံးအများဆုံး AIDA Model အကြောင်း
1 week ago
AI Content Detection Tools များ
1 week ago
