လုပ်ငန်းခွင် နယ်ပယ်ပေါင်းစုံအတွက် communication skill ရဲ့ အရေးပါပုံ
ကျွန်မတို့ လူ့အသိုင်းအဝိုင်းမှာ နေ့စဥ် လူပေါင်းစုံနဲ့ ပြောဆိုဆက်သွယ်မှုများ ပြုလုပ်နေကြပါတယ်။ ၂၁ ရာစုမှာ လူတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ skill များမှာ Communication Skill ဟာ အရေးကြီးဆုံး skill တစ်ခုဖြစ်ပါတယ်။ကျွန်မတို့ လူတိုင်းတွေးတတ်တာက လူတစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံတာက အရမ်းခက်ခဲတာမှမဟုတ်ဘဲ လွယ်လွယ်လေးပါ၊ သိပ်မခက်ဘူးလို့ တွေးတတ်ကြပေမယ့် တကယ် communication skills ကောင်းအောင် လုပ်ဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ကူကြပါဘူး။ အခုခေတ် လူငယ်တွေအတွက်ဆိုရင် ပိုပြီးလိုအပ်လာပါတယ်။ ခုခေတ် လူငယ်တွေအတွက် လုပ်ငန်းခွင်က ရေမြေတူတဲ့ ကိုယ့်နိုင်ငံသားချင်းပဲ မဟုတ်တော့ဘဲ ဘာသာမတူ၊ လူမျိုးမတူ၊ ဓလေ့မတူတဲ့သူများနဲ့ ချိတ်ဆက် ဆက်သွယ်မှုတွေ ပိုမိုများလာတာကြောင့်မို့ ၂၁ ရာစု လူငယ်များအတွက် communication skill ဟာ အရေးကြီးဆုံး skill တစ်ခုအဖြစ် လိုအပ်လာပါတယ်။လုပ်ငန်းအများစုကလည်း အခုနောက်ပိုင်း အလုပ်ခေါ်ရာမှာ ဘယ်ဝန်ထမ်းအမျိုးအစား ဘယ် level အတွက် အလုပ်ခေါ်ခေါ် communication skill ကောင်းရမယ်၊ လိုအပ်တယ်ဆိုတာမျိုး အလုပ်ခေါ်စာတိုင်းမှာ တွေ့လာရပါတယ်။
Presentation skill လိုမျိုးပဲ communication skill ကလည်း လူတိုင်းကတော့ မွေးကတည်းက တတ်လာတာမျိုး မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က ဒီ skill ရရှိဖို့အတွက် လေ့ကျင့်ယူ၊ မွေးယူကြရတာမျိုးပါ။ Communication Process ဆိုသည်မှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြရာမှာ message ပေးပို့သူ sender နဲ့ လက်ခံသူ receiver ပဲ ရှိတာမဟုတ်ဘဲ ကျွန်မတို့ အသုံးပြုတဲ့ ကြားခံ Medium ကလည်း အလွန်ရေးပါ,ပါတယ်။ Medium အရွေးမှားခဲ့တယ်ဆိုရင် မလိုလားအပ်တဲ့ Barrier တွေရှိလာရင် ကိုယ်ပေးချင်တဲ့ message ကို တစ်ဖက်လူက မှန်ကန်စွာ လက်ခံရရှိနိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် communication process မှာ အရေးပါတဲ့ အရာတစ်ခု ကျန်ပါသေးတယ်။ အဲ့ဒါက feedback or response ပါ။ ကိုယ့်ဖက်ကတော့ တစ်ဖက်လူကို စကားတစ်ခုပြောလိုက်ပေမယ့် အဲဒီ message ကို တစ်ဖက်လူက သေချာ နားလည်လားဆိုတာ တစ်ဖက်က ပြန်ပြောလာမယ့် feedback ကိုလည်း သေချာနားထောင်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်က ကိုယ်ပြောတဲ့ စကားကိုလည်း သေချာနားလည်တယ်၊ ပြန်လည် response ပေးတယ်၊ မှန်ကန်တယ်ဆိုရင် ကောင်းမွန်တဲ့ communication process တစ်ခုဖြစ်မှာ ဖြစ်ပါတယ်။
အမှန်တကယ်က communication skill မကောင်းမွန်တဲ့ သူဟာ listening skill လည်း မကောင်းမွန်နိုင်ပါဘူး။ ကောင်းမွန်တဲ့ communicator တစ်ယောက်ဖြစ်လာဖို့ ကိုယ်ကိုယ်တိုင်ကလည်း Good Listener တစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ လူအများစုကတော့ ကိုယ်ကိုယ်တိုင်ကပဲ ပြောချင်ကြတာ များပါတယ်။ တခြားလူဘက်က ပြောတာကို သေချာနားထောင်းနိုင်စွမ်း နည်းပါးကြပါတယ်။ Hearing ကြားတာနဲ့ listening နားထောင်တာနဲ့ဟာ အင်မတန် ကွဲပြားပါတယ်။ Communication skill ကောင်းဖို့ အတွက် active listening ဖြစ်အောင်နေတတ်ဖို့ ၊ အလေ့အကျင့်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ကျွန်မတို့တွေ ပြောဆိုဆက်ဆံရာမှာ verbal စကားနဲ့ ပြောဆိုဆက်ဆံတာတင် မဟုတ်ဘဲ Non verbal နဲ့ communicate လုပ်ကြပါတယ်။ မတူညီတဲ့ ဓလေ့တွေကြားမှာ Non verbal နဲ့ communicate လုပ်ကြတာကိုလည်း မှန်ကန်စွာ ဘာသာပြန်တတ်ဖို့၊ နားလည်ဖို့လည်း အရေးကြီးပါသေးတယ်။ မတူညီတဲ့ လုပ်ငန်းခွင်များနဲ့ မတူညီတဲ့ နယ်ပယ်များမှာ အဆင်ပြေစွာ လုပ်ကိုင်နိုင်ဖို့အတွက် communication skill မှာ အရေးပါပြီး လိုအပ်တဲ့ skill တစ်ခုဖြစ်ပါတယ်။
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
