Turnitin AI Detection ကို အောင်မြင်စွာဖြတ်သန်းဖို့ အကြံပြုချက်များ
အကြံပြုချက်များမှာ Turnitin ကို ဘယ်လိုလှည့်စားရမလဲဆိုတာကို ပြောပြပေးမှာတော့ မဟုတ်ပါဘူး။ ရိုးသား ဖြောင့်မတ်ခြင်းကို ချိုးဖောက်တဲ့ဖြတ်လမ်းနည်းများကို ရှာမယ့်အစား မိမိရဲ့စစ်မှန်မှုကို အားကောင်းစေမယ့် နည်းဗျူဟာများကို ပြသပါမယ်။ ဒါကတော့ Turnitin AI စစ်ခြင်းကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာရယ်၊ တရားမျှတမှုမရှိတဲ့ ခိုးကူးမှုဆိုင်ရာစွပ်စွဲချက်တွေကို ရှောင်ရှားနည်းများပဲ ဖြစ်ပါတယ်။
၁။ Assignment ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။
Turnitin စစ်ဆေးမှုကို ကျော်ဖြတ်ဖို့မကြိုးစားမီ မိမိတာဝန်မှာ assignment ရဲ့ လိုအပ်ချက်ကိုသိဖို့ အရေးကြီး ပါတယ်။ ညွှန်ကြားချက်တွေကို သေချာဖတ်ပါ။ တကယ်လို့ ကျောင်းသားက ဒီအချက်များကို လွဲချော်နေပါက Turnitin ကို ကျော်ဖြတ်နိုင်သွားတယ်ဆိုရင်တောင် ဆိုးရွားတဲ့အဆင့်ကို ရနိုင်ပါသေးတယ်။ Task တစ်ခုစီကိုကြည့်ပြီး...Read More
"How to develop a business plan" Workshop by U Aung Chit Khin
Strategy First University တွင် UK အသိအမှတ်ပြု ဘွဲ့များရရှိနိုင်ရန် ချိတ်ဆက်ဖွင့်လှစ်ထားသည့် BA (Hons) Business and Management Pathway Through HND နှင့် BSc (Hons) Information Technology for Business Pathway Through NCC program များတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် စာတွေ့တင်မက လက်တွေ့ပါ တိုးတက်လာစေရန် "How to develop a business plan" ခေါင်းစဉ်ဖြင့် Strategy First University ၏ President ဖြစ်သူ ဆရာဦးအောင်ချစ်ခင် မှ 4.10.2022....Read More
Undergraduate Programmes ကျောင်းသား၊ ကျောင်းသူများ၏ Genius Coffee စက်ရုံ လေ့လာရေးခရီးစဥ်
Strategy First University တွင် UK အသိအမှတ်ပြု ဘွဲ့များရရှိနိုင်ရန် ချိတ်ဆက်ဖွင့်လှစ်ထားသည့် BA (Hons) Business and Management Pathway Through HND နှင့် BSc (Hons) Information Technology for Business Pathway Through NCC program များတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် စာတွေ့တင်မက လက်တွေ့ပါ တိုးတက်လာစေရန် "How to develop a business plan" ခေါင်းစဉ်ဖြင့် Strategy First University ၏ President ဖြစ်သူ ဆရာဦးအောင်ချစ်ခင် မှ 4.10.2022....Read More
Career Opportunities
Strategy First University အနေနဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ အနာဂတ်ကပညာရေး လမ်း ကြောင်းအတွက် မှန်ကန်စွာချမှတ်နိင်ဖို့ အပါ အဝင် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာလည်း အောင်မြင်ဖို့ အတွက် စီးပွားရေး ၊ စီမံခန့်ခွဲမှုနဲ့ အိုင်တီ နည်းပညာရပ်တွေကို စနစ်တကျသင်ကြားပေးလျှက်ရှိပါတယ်။
Strategy First University မှာ ပညာသင်ယူတတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာ ဆောင် ရွက်နေတဲ့ ကျောင်းသားဟောင်းတွေရဲ့ အတွေ့အကြုံတွေကို သိရှိနိုင်ဖို့ Career Opportunitiesကဏ္ဍကနေဖော်ပြလိုက်ပါတယ်။
'' ကျောင်းမှာ သင်ခဲ့ရတဲ့ အရာတွေက ဒီအလုပ်မှာ ချက်ချင်း...Read More
Career Opportunities
Strategy First University အနေနဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ အနာဂတ်ကပညာရေး လမ်း ကြောင်း အတွက် မှန်ကန်စွာချမှတ်နိင်ဖို့ အပါအဝင် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာလည်း အောင်မြင်ဖို့ အတွက် စီး ပွား ရေး ၊ စီမံခန့်ခွဲမှုနဲ့ အိုင်တီ နည်းပညာရပ်တွေကို စနစ်တကျသင်ကြားပေးလျက်ရှိပါတယ်။
Strategy First University မှာ ပညာသင်ယူ တတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာ ဆောင်ရွက်နေတဲ့ ကျောင်းသားဟောင်းတွေရဲ့ အတွေ့အကြုံတွေကို သိရှိနိုင်ဖို့ Career Opportunitiesကဏ္ဍကနေဖော်ပြလိုက်ပါတယ်။
'' ကျောင်းကလုပ်ပေးတဲ့ Activity တွေဖြစ်ဖြစ်၊...Read More
Career Opportunities
Strategy First University အနေနဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ အနာဂတ်ကပညာရေး လမ်း ကြောင်း အတွက် မှန်ကန်စွာချမှတ်နိင်ဖို့ အ ပါအဝင် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာလည်း အောင်မြင်ဖို့ အတွက် စီးပွားရေး ၊ စီမံခန့်ခွဲမှုနဲ့ အိုင်တီ နည်းပညာရပ်တွေကို စနစ်တကျသင်ကြားပေးလျှက်ရှိပါတယ်။
Strategy First University မှာ ပညာသင်ယူ တတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာ ဆောင် ရွက်နေတဲ့ ကျောင်းသားဟောင်းတွေရဲ့ အတွေ့အကြုံတွေကို သိရှိနိုင်ဖို့ Career Opportunitiesကဏ္ဍကနေဖော်ပြလိုက်ပါတယ်။
‘’ Strategy First University...Read More
‘’ Plagiarism ရှောင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း (၅) သွယ် ‘’
Plagiarism သည် တခြားတစ်ဦး တစ်ယောက်ရဲ့ အကြံဉာဏ်အရေးအသား စိတ်ကူးများအား မူရင်း ရေးသားသူကို ကိုးကားမှုမပြုဘဲ မိမိအကြံဉာဏ်၊ အရေးအသားသကဲ့သို့ တင်ပြခြင်း၊ ဉာဏ်အရေးအသားကဲ့သို့မပြုဘဲထုတ်ဝေခြင်း ဖြစ်ပါတယ်။ ပုံနှိပ်ထုတ်ဝေထားတဲ့ မူရင်းစာသားများကို တိုက်ရိုက်ကူးချခြင်းမပြုဘဲ မိမိစကားလုံး အသုံး အနှုန်းဖြင့် စကားပြေပြန်လည်ရေးသားပြီး မူရင်းရေးသူကို ကိုးကားခြင်းဖြင့် Plagiarism ကို အလွယ်တကူ ရှောင်နိုင်ပါတယ်။
ကံမကောင်းစွာဘဲ အောက်ပါရိုးရှင်းတဲ့ စည်းမျဉ်းများကို စာရေးဆရာများမှ မေ့လျော့ခြင်း ဒါမှမဟုတ် လျစ်လျူရှုခြင်းတို့ကြောင့် ခိုးယူမှုလို့ သတ်မှတ်ထားတဲ့ Plagiarism အဖြစ်များလာခဲ့ပါတယ်။
Plagiarism နှင့်ပတ်သက်ပြီး စစ်ဆေးရာမှာ လိုက်နာရမယ့် စံနှုန်းများမှာ ပထဝီဝင်၊ လူမှုရေးအစဉ်အလာ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ထင်မြင်ချက်ပေါ်မူတည်ပြီး...Read More
Why we are learning!
ကျွန်မတို့ ဘာကြောင့် လေ့လာသင်ယူမှုတွေ လုပ်နေကြသလဲဆိုရင် Knowledge sharing လုပ်ဖို့ပါ။ တစ်နည်း အားဖြင့် Knowledge တွေကို ရှာဖွေစုဆောင်းဖို့ရယ် Sharing ပြန်လုပ်ဖို့ရယ် အတွက်ပါ။ Knowledge ကို ရှာဖွေ စုဆောင်းရာမှာ၊ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ဖြစ်နိုင်သလောက် စာများများဖတ်ပြီး၊ ကိုယ့်ရဲ့ကိုယ်ပိုင် စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ဆုံးဖြတ်လုပ်ဆောင်တတ်ဖို့၊ ဆောင်ရန်၊ ရှောင်ရန်တွေကို သေသေချာချာ လိုက်နာကျင့်သုံး နိုင်ဖို့၊ လူလိုသူလို နားလည်လုပ်ဆောင်ဖို့၊ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ လိုက်နာကြဖို့၊ မိမိကြောင့် အများနဲ့ လူ့အဖွဲ့အစည်းအတွက် အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို
မလုပ်မိကြစေဖို့အတွက်ဖြစ်ပါတယ်။
အဖွဲ့အစည်းအနေနဲ့ဆိုရင်တော့၊ အဖွဲ့ဝင်တစ်ဦးအနေနဲ့ မိမိရဲ့အဖွဲ့အစည်းတိုးတက်စေဖို့အတွက် တာဝန်ယူစိတ် အပြည့်နဲ့ လေ့လာသင်ယူရပါတယ်။ ကိုယ်တိုင်လေ့လာသိရှိသွားတဲ့ Knowledge တွေကို ကိုယ်ဆီမှာပဲ...Read More
AI နည်းပညာတွေဟာ ကျောင်းတွင်းပညာရေးနယ်ပယ်က ဆရာများရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာနိုင်ပါသလား ?
နည်းပညာတွေ တစ်ဆင့်ပြီးတစ်ဆင့် အဆက်မပြတ် တိုးတက်လာတာနဲ့အမျှ ၎င်းရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ပညာရေးစနစ်မှာ အငြင်းပွားစရာများ ရှိလာပါတယ်။ အထူးသဖြင့် Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာတွေဟာ ကျောင်းတွင်းပညာရေးရှိ ဆရာတွေရဲ့နေရာမှာ အစားထိုးဝင်ရောက်လာနိုင်သလားဆိုတဲ့ အကြောင်းနဲ့ပတ်သက်တာတွေကို ဆွေးနွေးမှုတွေ လုပ်လာကြပါတယ်။ ယခုဆောင်းပါးမှာတော့ ကျောင်းတွင်း ပညာရေးရှိ ဆရာများရဲ့နေရာမှာ AI နည်ပညာများ အစားထိုးဝင်ရောက်လာပါက ရရှိလာနိုင်တဲ့ ကောင်းကျိုးများနဲ့ ဆိုးကျိုးများကို လေ့လာသုံးသပ်ထားတာ ဖြစ်ပါတယ်။
စာသင်ကျောင်းတွေက ရာသက်ပန်အနေနဲ့ ထွက်ခွာသွားနိုင်သလား။
တချို့သောလူများက AI နည်းပညာတွေဟာ ပညာရေးရဲ့ အနာဂတ်ဖြစ်လာနိုင်ပြီးတော့ ကျောင်းပညာရေးမှာ ဆရာများဟာ အချိန်ကြာလာတာနဲ့အမျှ လိုအပ်လာမှာ မဟုတ်တော့ဘူးရယ်လို့ ယုံကြည်နေကြပါတယ်။ အဲဒီလို အငြင်းပွားမှုတွေဟာ...Read More
ကျောင်းသား၊ ကျောင်းသူတွေအတွက် အကျိုးရှိစေတဲ့ Learning style (၃) မျိုး
ပညာသင်ကြားခြင်းဟာ လူတစ်ယောက်ချင်းစီကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်စေပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်စေပါတယ်။ ကျွန်မတို့ ငယ်ရွယ်ချိန်မှစပြီး ယခုအချိန်အထိ ပညာ သင်ကြားခြင်းမှာ လေ့လာတတ်မြောက်ဖို့အတွက် လေ့လာဆည်းပူးနည်းမျိုးစုံ အသုံးပြုခဲ့ကြပါတယ်။ နေ့စဉ် သင်ကြားလိုက်တဲ့ သင်ခန်းစာများ၊ လေ့ကျင့်ခန်းများကို လေ့လာကြရာမှာ လူတိုင်းက သူတို့ရဲ့ အားသာတဲ့ ကျက်မှတ်နည်းတွေကို အသုံးပြုကြပါတယ်။စာသင်ကြားတဲ့ ဆရာ၊ ဆရာမများအနေနဲ့ သင်ကြားတဲ့ သင်ခန်းစာတွေကို တတ်မြောက်အောင် သင်ကြားပေးဖို့ လိုအပ်သလို ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ယူမှုပုံစံအနေအထား အားသာချက်၊ အားနည်းချက်ပေါ်မူတည်ပြီး သင်ကြားမှု ပုံစံများကို မြှင့်တင်ခြင်း၊ နည်းလမ်းများ လိုအပ်သလို ပြောင်းလဲ သင်ကြားခြင်းများ ပြုလုပ်သင့်ပါတယ်။ သင်ယူတဲ့ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့လည်း မိမိရဲ့သင်ယူမှု...Read More
" စာသင်နေချိန်အတွင်း မှတ်စုထုတ်ရာမှာအထောက်အကူဖြစ်စေမယ့်အချက်များ "
၁။ စကားလုံးတိုင်းကို မရေးမှတ်ပါနဲ့။
မှတ်စုထုတ်ရခြင်းရဲ့ အဓိကအချက်ဟာ အရေးကြီးတဲ့ အကြောင်းအရာကို အကျဥ်းချုပ်ရေးတာဖြစ်တဲ့အတွက် ကြောင့် သင်ဟာ စာသင်နေချိန်မှာ ကြားရတဲ့စကားလုံးတိုင်းကို ရေးမှတ်ထားဖို့ မလိုပါဘူး။
၂။ ဘယ်အချက်က အရေးကြီးသလဲဆိုတာစဥ်းစားဆုံးဖြတ်ပါ။
ဆရာ/ဆရာမ စာသင်နေချိန်မှာ ပြောသွားတဲ့ အကြောင်းအရာတွေထဲက ဘယ်အချက်ကအရေးကြီးလဲဆိုတာ စဥ်းစားပြီး အဲဒီအချက်ကို သေချာမှတ်သားထားပါ။ ဆရာ/ဆရာမ များမှ စာသင်နေချိန်အတွင်း “ အဓိက အရေး ကြီးတဲ့ အချက်ကတော့…၊ သေချာမှတ်ထားရမယ့် အကြောင်းအရာ ကတော့......” စတဲ့ ပြောသွားတဲ့ စကားလုံးများ၊ အကြောင်းအရာများကို သေချာလိုက်မှတ်ထားဖို့ လိုပါတယ်။
၃။ နိုးကြားတက်ကြွတဲ့ နားထောင်သူကောင်းတစ်ယောက်ဖြစ်ပါစေ။
စာသင်နေချိန်မှာပဲဖြစ်စေ၊ စာဖတ်နေချိန်မှာပဲဖြစ်စေ သင်ဟာ နိုးကြားတက်ကြွဖို့ လိုပါတယ်။...Read More
သီချင်းနားထောင်းရင်း စာလေ့လာကြမယ်
လူတော်တော်များများက စာလေ့လာကြတဲ့အခါ စာဆိုမှစာကိုပဲ အာရုံစူးစိုက်လေ့လာတတ်ကြပြီး ဒါဟာလည်း ကောင်းတဲ့အလေ့အကျင့်တစ်ခုအဖြစ် လက်ခံထားကြပါတယ်။ ဒါပေမဲ့ စာမေးပွဲနားနီးလို့ ၊ Assignment နားနီးလို့ ပြန်လည်လေ့လာမှုလုပ်တဲ့အခါမှာတော့ ထင်သလောက်မထိရောက်ကြဘူး။ ဖြစ်တတ်ပါတယ်၊ (ဥပမာ စိတ်မပါတာ၊ ပျင်းတာမျိုးပေါ့။) ဒါဆို ကိုယ့်ရဲ့လေ့လာမှုအချိန်တွေကို ပိုထိရောက်ပြီး အကျိုးရှိအောင် ဘာလုပ်နိုင်မလဲ။ အဖြေကတော့ ငြိမ့်ညောင်းသာယာတဲ့ သီချင်း (Music) တွေနဲ့ စာလေ့လာမှုကို ပေါင်းစပ်ကြည့်ဖို့ပါပဲ။ ဒီနေရာမှာ သိထားသင့်တာက စာလုပ်ရင်းသီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ရှိပေမယ့် မှန်ကန်တဲ့ ဂီတအမျိုးအစားဖြစ်ဖို့တော့ လိုမယ်နော်။ ဂီတဆိုတာက လူတွေကို အာရုံစူးစိုက်နိုင်မှု၊ အာရုံစူးစိုက်မှု၊ အပန်းပြေစေမှု ၊ စိတ်အားထက်သန်မှု၊ မှတ်ဉာဏ်ကို တိုးတက်စေမှုတွေကိုဖြစ်စေပြီး အလုပ်တွေကို ပိုမိုပျော်ရွှင်စေဖို့ ကူညီပေးနိုင်ကြောင်း...Read More
" ကျောင်းသား/သူများ ရဲ့အောင်မြင်မှုအတွက် ကျင့်ဝတ်နဲ့ သဘောထားများရဲ့ အရေးပါမှု "
ကျောင်းသား/သူ တွေဟာ သူတို့ရဲ့ ပညာရေးခရီးကို စတင်လိုက်ပြီဆိုတာနဲ့အမျှ ethics(ကျင့်ဝတ်)၊ attitude(သဘောထား) တို့ရဲ့ အရေးပါပုံကို နားလည်ဖို့ အရေးကြီးပါတယ်။ ဒီကဏ္ဍနှစ်ရပ်ဟာ ကျောင်းသား/သူများရဲ့ နေ့စဉ်ဘဝမှာ အခြေခံကျပြီး ပညာရပ်ဆိုင်ရာနဲ့ ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်မှုတွေ အတွက် သူတို့ရဲ့အောင်မြင်မှုကို ပုံဖော်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ Ethics ကျင့်ဝတ်ဟာ လူတစ်ဦးချင်းစီရဲ့ အပြုအမူနဲ့ ဆုံးဖြတ်ချက်ချခြင်းကို ထိန်းချုပ်တဲ့ ကိုယ်ကျင့် တရားဆိုင်ရာ အခြေခံမူများအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ဒါဟာ လူသားများရဲ့ ကြိုးစားအားထုတ်မှုတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျင့်ဝတ်များက လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေး၊ အဖွဲ့ အစည်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများရဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်များတို့လို ဘဝရဲ့ ရှုထောင့်အမျိုးမျိုးကို ထိန်းကွက်ခြင်းကို ဆိုလိုပါတယ်။ ကျောင်းသား/သူများနဲ့...Read More
How to improve your grades
လူတိုင်းနီးပါးက စာမေးပွဲဖြေတာပဲဖြစ်ဖြစ်၊ assignment ရေးတာပဲဖြစ်ဖြစ် အမှတ်ကောင်းချင်တဲ့ ဆန္ဒလေးတော့ ရှိကြပါတယ်။ တချို့ဆို အမှတ်ကောင်းဖို့အတွက် မနားမနေကျက်ပြီး မျှော်မှန်းထားသလောက် မရလာတော့ စိတ်ဓာတ်ကျတာတို့၊ အားမလို အားမရဖြစ်တာတို့ပါ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ဘယ်လိုနည်းတွေသုံးခြင်းက အမှတ်ကောင်းဖို့ အထောက်အကူပြုသလဲဆိုတာ ကိုယ်တိုင်အတွေ့အကြုံတွေအရ မျှဝေလိုက်ရပါတယ်။
၁။ အမှတ်ကောင်းဖို့ ကိစ္စကို ခေါင်းထဲမထားပါနဲ့။
စာနဲ့ပတ်သက်ပြီး goal ရှိသင့်တယ်ဆိုတာ မှန်ပေမယ့် ဒါရကိုရမှဖြစ်မယ်ဆိုတဲ့ အစွဲကိုမထားပါနဲ့။ ဒီလိုအစွဲထားလိုက်ခြင်းဟာ ကိုယ့်ကိုယ်ကို pressure ပိုပိသွားပြီး စာလုပ်ရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာပြောရရင် ကိုယ်လုပ်ထားတာ မကောင်းဘူးလို့ပဲတွေးမိတာ၊ ကိုယ်ကျက်ထားတာ မလုံလောက်သေးဘူးဆိုပြီး နေ့မနား ညမနား စာကျက်မိတာ တွေအထိ ဖြစ်နိုင်ပါတယ်။
...Read Moreကျောင်းသားတွေ ပညာရေးမှာ မအောင်မြင်ရခြင်းရဲ့ အဓိကအချက်များ
ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေရဲ့ လွှမ်းမိုးမှုနဲ့အတူ ကျောင်းသားတွေရဲ့ နည်းပညာပေါ်အခြေခံပြီး သင်ခန်းစာများကို သင်ယူလေ့လာပုံနဲ့ နည်းပညာရဲ့ အရေးပါပုံကို သိမြင်လာတဲ့ အမြင်တွေဟာလည်း ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ကျောင်းသားတွေဟာ ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေကြောင့် Self learning လို့ခေါ်တဲ့ ကိုယ်ကိုယ်တိုင် သင်ယူလေ့လာမှုတွေကို လုပ်ဆောင်လာနိုင်ကြပါတယ်။ ဆရာများအနေနဲ့ကတော့ ကျောင်းသားတွေအတွက် လမ်းညွှန်မှုများနဲ့အတူ လေ့လာမှုများကို စိတ်အားထက်သန်စွာ ပြုလုပ်နိုင်ဖို့အတွက် လှုံ့ဆော်မှုများ ပြုလုပ်ပေးရတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာကြပါတယ်။ နည်းပညာကြောင့် ပညာရေးစနစ်က ဘယ်လိုပဲပြောင်းလဲလာပါစေ ကျောင်းသားတွေ ပညာရေးမှာ မအောင်မြင်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းများကတော့ ဆယ်စုနှစ်တိုင်အောင် အရာအားလုံးနီးပါ တူညီနေကြတာကို တွေ့ရှိရပါတယ်။ လက်ရှိခေတ်ပညာရေးမှာ နည်းပညာက ကြီးမားတဲ့လွှမ်းမိုးမှုရှိနေပေမယ့်လည်း ကျောင်းသားများအနေနဲ့ ဘာကြောင့် မအောင်မြင်မှုတွေ...Read More
မိဘများက သားသမီးတို့အတွက် အသက်မွေးဝမ်းကြောင်း ရွေးချယ်ပေးရာမှာ ဖြစ်တတ်တဲ့အမှားအယွင်းများ
ကလေးအများစုက သူတို့ရဲ့အရည်အချင်းနဲ့ စိတ်ဝင်စားမှုများအပေါ်အခြေခံပြီး မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်မယ့်အစား မိဘများရဲ့ဆန္ဒအတိုင်း လေ့လာမှုနယ်ပယ်ကို ရွေးချယ်ကြရပါတယ်။
Timesjobs.com မှ 'Job Satisfaction 2016' ခေါင်းစဉ်ဖြင့် စစ်တမ်းတစ်ခုမှာ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းက သူတို့ရဲ့အလုပ်တွေကို စိတ်ကျေနပ်မှုမရှိကြကြောင်းနဲ့ ၈၀ ရာခိုင်နှုန်းက အလုပ်ပြောင်းဖို့ ရှာဖွေနေကြောင်း သိရပါတယ်။ ဖြေဆိုသူစုစုပေါင်းထဲမှ ၃၀ ရာခိုင်နှုန်းက ‘မိမိတို့အတွက် အဓိပ္ပာယ်မဲ့တဲ့ အလုပ်ဖြစ်နေတာကြောင့်’ အလုပ်ပြောင်းဖို့ အကြောင်းပြချက်အဖြစ် ဖော်ပြခဲ့ ပါတယ်။ ဒါကြောင့် မိမိတို့သားသမီးက စိတ်ပါဝင်စားပြီး စိတ်အားထက်သန်တဲ့ အလုပ်အကိုင်ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ မိဘတစ်ဦးအနေနဲ့ အသင့်တော်ဆုံး အသက်မွေး၀မ်းကြောင်းဆီကို လမ်းညွှန်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ သားသမီးတွေကို အသက်မွေးဝမ်းကြောင်းရွေးချယ်နည်းကို...Read More
သုတေသနစာတမ်းခေါင်းစဉ်က ဘာကြောင့်အရေးကြီးတာလဲ ?
သုတေသနစာတမ်းများဟာ ပညာရပ်ဆိုင်ရာ ကျောရိုးဖြစ်ပြီး အဖိုးတန်တဲ့ ထိုးထွင်းသိမြင်မှုများကို ပံ့ပိုးပေးကာ အသိပညာနယ်ပယ်အသီးသီးကို တိုးတက်စေပါတယ်။ သင်က ကျောင်းသား၊ သုတေသီ၊ ဒါမှမဟုတ် တိကျတဲ့ အကြောင်းအရာတစ်ခုကို နက်ရှိုင်းစွာ စူးစမ်းရှာဖွေလိုသူပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သုတေသနစာတမ်းကို ရွေးချယ်ခြင်းက အရေးကြီးပါတယ်။ ယနေ့ခေတ်မှာ ရရှိနိုင်တဲ့ များပြားလှတဲ့ အချက်အလက်များစွာနဲ့ သင့်ရဲ့စိတ်ဝင်စားမှု၊ လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ သုတေသနစာတမ်းတစ်ခုကို ထိထိရောက်ရောက် ရွေးချယ်နိုင်ခြင်းက အရေးပါတဲ့အချက် ဖြစ်နိုင်ပါတယ်။
သုတေသနစာတမ်း ခေါင်းစဉ်တစ်ခုဟာ သင့်သုတေသနလေ့လာမှုရဲ့ ရည်ရွယ်ချက်ကို အကျဉ်းချုပ် ဖော်ပြ ပါတယ်။ သင့်သုတေသနအတွက် ခေါင်းစဉ်တစ်ခုချခြင်းဟာ ဂျာနယ်များ ထုတ်ဝေဖို့ ဆောင်းပါးတစ်ပုဒ် ရေးတဲ့အခါ အရေးကြီးဆုံးဖြစ်ပါတယ်။ သုတေသနခေါင်းစဉ်က သင့်စာတမ်းကို ဖတ်ကြည့်တဲ့အခါ ဂျာနယ်အယ်ဒီတာများနဲ့...Read More
Assignment & Exam ဖြေဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့အချက်များ
ကျောင်းသား၊ကျောင်းသူတွေဟာ အထက်တန်းပြီးတဲ့အခါမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရဖို့ရာအတွက် သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှာ ဆက်လက်တက်ရောက်ကြရပါတယ်။ တက္ကသိုလ်တက်နေစဥ်မှာ တစ်နှစ်ပြီးတစ်နှစ် ပြီးမြောက်အောင်မြင်ဖို့အတွက် သက်ဆိုင်ရာတက္ကသိုလ်က သတ်မှတ်ထားတဲ့ Assignments, Exams နဲ့ Projects များ လုပ်ဆောင်ကြရပါတယ်။ ဒါကြောင့် Assignments, Exams နဲ့ Projects တွေကို လုပ်ဆောင်ရာမှာ အခက်အခဲမရှိစေဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Lecture Videos တွေကို သေချာကြည့်ရှုနားထောင်ပါ။
ကိုယ်နဲ့သက်ဆိုင်ရာအတန်းအလိုက် ဘာသာရပ်အသီးသီးအတွက် တင်ပေးထားတဲ့ Lecture Videos တွေကို ကြိုတင်ကြည့်ရှုနားထောင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ Discussion ချိန်မှာ ဆရာ/ဆရာမနဲ့ အပြန်အလှန် ဆွေးနွေးနိုင်မှာပဲ ဖြစ်ပါတယ်။ Discussion...Read More
သုတေသနစာတမ်းများ ရေးသားခြင်းအတွက် သီးသန့်ဝဘ်ဆိုဒ်များ
ဒီဆောင်းပါးမှာတော့ Research Project ရေးသားမယ့်သူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တွေ အကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ယခင်နှစ်များစွာတုန်းက သုတေသနစာတမ်းရေးခြင်းဟာ လူအများစုအတွက် ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်ခဲ့ပေမယ့် ယနေ့ ဒစ်ဂျစ်တယ်ခေတ်မှာတော့ ဒီအခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် အွန်လိုင်းအရင်းအမြစ် များစွာရှိနေပြီ ဖြစ်ပါတယ်။ အထူးပြုပညာရပ်ဆိုင်ရာ ဝဘ်ဆိုဒ်များမှတစ်ဆင့် ပညာရပ်ဆိုင်ရာသုတေသနအတွက် လိုအပ်တဲ့ အချက်အလက်တွေကို အလွယ်တကူရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ သုတေသနစာတမ်းတွေကို ဖန်တီးဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တွေက ဘာတွေများဖြစ်မလဲဆိုတာကို လေ့လာကြည့်ကြပါစို့။
၁။ Google Scholar (scholar.google.com):
Google Scholar ဟာ အသုံးပြုသူတွေအတွက် ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေ၊ စာအုပ်တွေ၊ ကွန်ဖရင့် စာတမ်းတွေရှာဖွေဖို့ အစွမ်းထက်တဲ့ ပညာရပ်ဆိုင်ရာ ရှာဖွေရေးအင်ဂျင်တစ်ခု...Read More
"နိုင်ငံရပ်ခြားမှာ IT ပညာ သင်ကြားဖို့အတွက် ပြင်ဆင်နည်းများ"
နိုင်ငံရပ်ခြားမှာ ပညာသင်ကြားခြင်းဆိုတာ ကျောင်းသားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံတကာ အတွေ့အကြုံများကို ဖန်တီးနိုင်ဖို့ စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ သတင်းအချက်အလက်နည်းပညာ (IT) နယ်ပယ်ကို စိတ်ဝင်စားသူများအတွက်ကတော့ နိုင်ငံရပ်ခြားမှာ စွန့်စားလုပ်ကိုင်ခြင်းက ထူးခြားတဲ့အမြင်တွေနဲ့ ခေတ်ပေါ် နည်းပညာများကို လက်လှမ်းမီနိုင်ပြီး ကျောင်းသား၊ကျောင်းသူတွေရဲ့ ပညာရေးခရီးကို ပိုမိုကောင်းမွန်စေကာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုများကို ထိတွေ့နိုင်မှာဖြစ်ပါတယ်။ သတင်းအချက်အလက်နည်းပညာ (IT) နယ်ပယ်ကို နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးခြင်းက ကျောင်းသားများအတွက် သူတို့ရဲ့အသိပညာကို ချဲ့ထွင်ဖို့၊ နိုင်ငံတကာ အတွေ့အကြုံများ ရရှိဖို့နဲ့ မတူကွဲပြားတဲ့ သင်ယူမှုပတ်ဝန်းကျင်မှာ နှစ်မြှုပ်ဖို့ အခွင့်အလမ်းများစွာ ပေးပါတယ်။ သို့ပေမဲ့ IT ဘာသာရပ်က နိုင်ငံခြားမှာ ပညာသင်ကြားတဲ့ဘက်သို့ သွားလာရာမှာ သေချာစွာ စီစဉ်မှုနဲ့...Read More
အလုပ်အကိုင်နဲ့ ပညာရပ်ဆိုင်ရာ အသုံးပြုမှုအတွက် Research Database များ
Research Database များဟာ အတတ်ပညာဆိုင်ရာအရင်းအမြစ်များကို ရှာဖွေနိုင်တဲ့ Website များ ဖြစ်ပါတယ်။ အလုပ်အတွက် ဒါမှမဟုတ် ပညာရေးမှာ Research ကို ပုံမှန်ပြုလုပ်ပါက၊ Research Database များအကြောင်း ပိုမိုလေ့လာခြင်းက အသုံးဝင်ပြီးအကျိုးစေရှိပါတယ်။ ဒီဆောင်းပါးမှာ Research Database ကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများနဲ့ အသုံးပြုနိုင်တဲ့ Database (၁၀) ခုကို ရှင်းပြထားပါတယ်။
Research Database များကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများမှာ-
ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်များ
Research Database များမှာ သီးခြားနယ်ပယ်များမှ ကျွမ်းကျင်သူများရေးသားတဲ့ ဆောင်းပါးများနဲ့ တခြားအရင်း အမြစ်များပါဝင်ပါတယ်။ Database များမှတစ်ဆင့် ရှာတွေ့တဲ့အရင်းအမြစ်တစ်ခုဟာ ပုံမှန်ရှာဖွေနိုင်တဲ့ Search Engine...Read More
ပညာသင်ဆုရအောင် ဘယ်လိုလျှောက်ထားကြမလဲ ?
ယနေ့ခေတ်ကာလမှာ လူနေမှုအဆင့်အတန်းတွေမြင့်မားလာပြီး အဘက်ဘက်က တိုးတက်နေသလို ပညာရေးစရိတ်တွေက တဖြည်းဖြည်းမြင့်မားလာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ကျောင်းသားတွေအများစုအတွက် ကိုယ့်စားရိတ်နဲ့ကိုယ် နိုင်ငံခြားတက္ကသိုလ်တွေမှာ ကျောင်းတက်နိုင်ဖို့ဆိုတာ အလှမ်းဝေးတဲ့ ကိစ္စရပ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အဲ့ဒါကြောင့် တချို့လူငယ်တွေက ပညာသင်ဆုတွေကို လျှောက်ထားကြပြီ: ကိုယ့်ရဲ့ပညာရေးအိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားလာကြပါတယ်။ သို့ပေမဲ့လည်း အောက်ဖော်ပြပါအချက်လေးတွေကို လုပ်ဆောင်မယ်ဆိုရင်တော့ ပညာသင်ဆုလျှောက် ထားရာမှာ အခွင့်အလမ်းပိုများအောင် ကူညီပေးနိုင်ပါတယ်။
၁။ စောစီးစွာစတင်ပြင်ဆင်ပါ။
ပညာသင်ဆုလျှောက်ထားရာမှာ စောစီးစွာကြိုတင်ပြင်ဆင်တာက နောက်ဆုံးသတ်မှတ်ရက်ကိုကပ်ပြီး ပြင်ဆင်လျှောက်ထားတာထက် ပိုပြီးအကျိုးရှိနိုင်ပါတယ်။ လျှောက်လွှာဖြည့်ဖို့၊ ထောက်ခံစာယူဖို့၊ သုတေသနအဆိုပြုချက်တွေရေးဖို့အတွက်က အချိန်များများပိုရလေလေ နောက်ဆုံးမိနစ်မှကပ်ပြီး လုပ်တာ ထက်စာရင် အမှားပိုနည်းနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားပညာသင်ဆုအများစုက အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ IELTS, TOFEL...Read More
“Strategy First University နှင့် PlagiarismCheck.org တို့ပူးပေါင်းဆောင်ရွက်ပြီး AI ခေတ်တွင် ကျောင်းသား၊ ကျောင်းသူများ၏ မှန်ကန်သည့်ပညာရေးအတွက် ခေတ်မီနည်းပညာများဖြင့်ချဥ်းကပ်ခြင်း”
AI ခေတ်တွင် ကျောင်းသားကျောင်းသူများ၏ မှန်ကန်သည့်ပညာရေးအတွက် Strategy First University နှင့် PlagiarismCheck.org တို့ပူးပေါင်းကာ ခေတ်မီနည်းပညာများဖြင့် ဝန်ဆောင်မှုပေးထားသည်များကို အောက်ပါဆောင်းပါးတွင် အသေးစိတ်ဖတ်ရှုလေ့လာနိုင်ပါသည်။ Strategy First University မှ ကျောင်းသား၊ ကျောင်းသူများကို မှန်ကန်သည့်ပညာရေးအား ဆက်လက်ဝန်ဆောင်မှုပေးဆောင်နိုင်ရန်အတွက် အစဥ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
"Academic Integrity: A Modern Approach in the Times of AI "
Providing world-class education to the Myanmar people is Strategy First University's cornerstone. Effective...Read More
"တိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းရဲ့ အရေးပါမှု"
နေ့စဉ်နဲ့အမျှတိုးတက်နေတဲ့ နည်းပညာတွေ၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဟာ အရင်ကထက်ကိုပိုပြီး အရေးပါလာပါတယ်။ ယနေ့ခေတ်မှာ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စွမ်းဟာ မိမိတို့ရဲ့ အရင်းအမြစ်တစ်ခုသာမကဘဲ လျင်မြန်စွာတိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာရဲ့ ရှုပ်ထွေးမှုတွေမှာပါ ဆက်လက်ရပ်တည်နိုင်ဖို့ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဟာ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလိုက်သင့်ပြောင်းလဲနိုင်မှုအတွက် လိုအပ်တဲ့ အခြေခံသဘောတရားတစ်ခု ဖြစ်ပါတယ်။ အလုပ်အကိုင်စျေးကွက်အသစ်တွေ၊ နည်းပညာအသစ်တွေနဲ့အတူ အဆက်မပြတ် ပြောင်းလဲမှုဖြစ်ပေါ်နေတဲ့ကမ္ဘာမှာ စဉ်ဆက်မပြတ်လေ့လာ သင်ယူမှုကို လက်ခံကျင့်သုံးတဲ့ တစ်ဦးချင်းဆီတိုင်းအတွက် ရလဒ်ကောင်းရစေမှာပဲ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုဆိုတာဟာ ဘဝရဲ့ကဏ္ဍမျိုးစုံမှာ အောင်မြင်စေတဲ့ အထောက်အပံ့တစ်ခုပဲဖြစ်ပါတယ်။
ယနေ့ခေတ်မှာ အလုပ်ခွင်အနေအထားတွေနဲ့ အလုပ်အကိုင်အခန်းကဏ္ဍတွေကလည်း ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲမှုတွေအတွက် ကျွမ်းကျင်မှုအသစ်တွေကလည်း လိုအပ်နေပါတယ်။...Read More
Checklist for IGCSE Exam
IGCSE Exam အတွက် လုပ်ဆောင်ရမယ့် Checklist တွေကို ပြောပြပေးချင်ပါတယ်။ အဲ့ဒါလေးတွေကတော့
1. NRC/ Passport/ Student ID
IDတစ်ခုခုပြမှ ၀င်ဖြေလို့ရမှာ ဖြစ်တဲ့အတွက်ကြောင့် လုံး၀ (လုံး၀) မေ့လို့မရပါဘူး။ ပစ္စည်းတွေစထည့်တဲ့အချိန်မှာရော၊ အိမ်ကမထွက်ခင်အချိန်မှာရော ပါ၊မပါ သေချာလေးစစ်ပြီးမှသွားပါ။ NRC/ Passport မရှိတဲ့သူတွေအတွက်ကတော့ ကိုယ်ရဲ့မျက်နှာပုံ, personal information အနည်းငယ် (Name, DOB, ect.) ပါတဲ့ ကတ်ကိုပြနိုင်ရင် လက်ခံတယ်လို့ပြောပါတယ်။
2. Statement of Entry
ဒါကတော့ exam feeသွင်းပြီးရင် BC ဘက်ကနေ ပို့ပေးတဲ့ file လေးပါ။ personal info...Read More
Academic Papers and Assignments တွေမှာ အကိုးအကားများရဲ့အရေးပါမှု
အကိုးအကားများဟာ ပညာရပ်ဆိုင်ရာ အရေးအသားရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး ငြင်းခုံမှုများအတွက် လိုအပ်တဲ့ အထောက်အပံ့များ ပံ့ပိုးပေးခြင်း၊ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးခြင်းနဲ့ လက်ရှိအသိပညာရဲ့ အစုအဝေးအတွင်း သုတေသနပြုခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ ဒီဆောင်းပါးကတော့ ပညာရေးလုပ်ငန်းများမှာ ကိုးကားခြင်းရဲ အရေးပါမှုကို အလေးပေးဖော်ပြပြီး အသုံးအများဆုံး ကိုးကား format များထဲမှ တစ်ခုဖြစ်တဲ့ Harvard ကိုးကားခြင်းပုံစံရဲ့ ခြုံငုံသုံးသပ်ချက်ကိုပေးပါတယ်။ အကိုးအကားများရဲ့ အရေးပါမှု၊ ရင်းမြစ်အမျိုးအစားအမျိုးမျိုးနဲ့ ဟားဗတ်ကိုးကားခြင်းရဲ့ သီးခြားအချက်များကို လေ့လာပါမယ်။
အကိုးအကား ဘာကြောင့်အရေးကြီးတာလဲ။
၁။ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ခြင်း
ယုံကြည်စိတ်ချမှုရှိတဲ့အရင်းမြစ်များက ပညာရပ်ဆိုင်ရာစာတမ်းများ ယုံကြည်ကိုးစားမှုကို တိုးမြင့်လာစေပြီး စာရေးသူကိုယ်တိုင် ပြုစုရေးသားထားတဲ့ သုတေသနကိုထောက်ခံကြောင်း သက်သေပြပါတယ်။ ဒီအလေ့အကျင့်က စာဖတ်သူများနဲ့ ပညာရပ်ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များအချင်းချင်း...Read More
Turnitin AI Detection ကို အောင်မြင်စွာဖြတ်သန်းဖို့ အကြံပြုချက်များ
အကြံပြုချက်များမှာ Turnitin ကို ဘယ်လိုလှည့်စားရမလဲဆိုတာကို ပြောပြပေးမှာတော့ မဟုတ်ပါဘူး။ ရိုးသား ဖြောင့်မတ်ခြင်းကို ချိုးဖောက်တဲ့ဖြတ်လမ်းနည်းများကို ရှာမယ့်အစား မိမိရဲ့စစ်မှန်မှုကို အားကောင်းစေမယ့် နည်းဗျူဟာများကို ပြသပါမယ်။ ဒါကတော့ Turnitin AI စစ်ခြင်းကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာရယ်၊ တရားမျှတမှုမရှိတဲ့ ခိုးကူးမှုဆိုင်ရာစွပ်စွဲချက်တွေကို ရှောင်ရှားနည်းများပဲ ဖြစ်ပါတယ်။
၁။ Assignment ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။
Turnitin စစ်ဆေးမှုကို ကျော်ဖြတ်ဖို့မကြိုးစားမီ မိမိတာဝန်မှာ assignment ရဲ့ လိုအပ်ချက်ကိုသိဖို့ အရေးကြီး ပါတယ်။ ညွှန်ကြားချက်တွေကို သေချာဖတ်ပါ။ တကယ်လို့ ကျောင်းသားက ဒီအချက်များကို လွဲချော်နေပါက Turnitin ကို ကျော်ဖြတ်နိုင်သွားတယ်ဆိုရင်တောင် ဆိုးရွားတဲ့အဆင့်ကို ရနိုင်ပါသေးတယ်။ Task တစ်ခုစီကိုကြည့်ပြီး...Read More
အထွေထွေစီမံခန့်ခွဲမှုပညာရပ်များ လေ့လာလိုသူတိုင်း အတွက် SFUx Certificate in Essentials of Management အတန်းသစ် နိုဝင်ဘာလ(၇)ရက်နေ့ အတန်းစမည်။
Website Address: https://sfux.strategyfirst.edu.mm
ဖုန်းနံပါတ်: 09400088050~4 သို့ ဆက်သွယ်နိုင်ပါသည်။