အသေးစားစီးပွားရေးလုပ်ငန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ပြဿနာများနဲ့ဖြေရှင်းနည်းများ

လူငယ်တွေတော်တော်များများက Small Business Owner တစ်ယောက်ဖြစ်ဖို့ စိတ်ကူးရှိကြပါတယ်။ Small Business က ကိုယ်တိုင်လွတ်လပ်စွာလုပ်ကိုင်နိုင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်းနဲ့ ဖန်တီးနိုင်စွမ်း ရှိရင်ရှိသလို အောင်မြင်မှုရစေနိုင်ပါတယ်။ ဒါပေမဲ့ Small Business တွေမှာ သင့်တော်တဲ့စနစ်တွေကို လက်ရှိ စီးပွားရေးလောကမှာ အံဝင်ဂွင်ကျဖြစ်အောင်မလုပ်နိုင်ရင် ရေရှည်ရပ်တည်ဖို့ခက်ခဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Small Business Owner တွေရင်ဆိုင်ရလေ့ရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ဖြေရှင်းဖို့နည်းလမ်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

၁။ ဝန်ထမ်းခေါ်ယူစုဆောင်းခြင်း

၂၀၂၃ ခုနှစ် စစ်တမ်းကောက်ယူမှုအရ လိုအပ်တဲ့အရည်အချင်းနဲ့ကိုက်ညီတဲ့ ဝန်ထမ်းတွေကို ခေါ်ယူစုဆောင်းရေး က အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ မှာတော့ Small Business Owner တွေအနေနဲ့ ဝန်ထမ်းခေါ်ယူခန့်အပ်ရေးကို...Read More

Covid-19 နောက်ပိုင်း အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပြောင်းလဲလာမှုများ

Covid-19 နောက်ပိုင်း အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပြောင်းလဲလာမှုများ

ဒေါ်လှိုင်မေဝင်း, B. Com, MBA(MEUE)

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းတွေက ကမ္ဘာ့စီးပွားရေးရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်း တစ် ခု ဖြစ်ပါတယ်။ သို့သော် အကျပ်အတည်းမှာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်နိုင်မူ မရှိတဲ့အတွက် ဒီကူးစက်ရောဂါက စီးပွားရေးလုပ်ငန်းငယ်တွေအတွက် တကယ်ကို ခက်ခဲပါတယ်။ စီးပွားရေးလုပ်ငန်းငယ်အများစုက ကူးစက် ရော ဂါကို ကိုင်တွယ်ဖြေရှင်းဖို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မပြုပြင်နိုင်တဲ့အတွက် ပိတ်ပစ်ခဲ့ရပါတယ်။ စီးပွား ရေး အသေးစားပိုင်ရှင် အချို့ ကလည်း စီးပွားရေး ကျဆင်းမှုကို ကျော်လွှား နိုင်ဖို့သူတို့ရဲ့ " ပုံမှန် အလုပ်အ ကိုင် များ...Read More


စီးပွားရေးလုပ်ငန်းတစ်ခုကို အစမပြုခင်ဘာတွေ သိထားသင့်သလဲ

ကိုယ်ရဲ့ပိုင်ဆိုင်မှုတွေရင်းနှီးပြီး စီးပွားရေးလုပ်ငန်းရှင်ဘဝကို အမှန်တကယ်စတင်တော့မယ်လို့ ဆုံးဖြတ်ပြီးသား လူငယ်တွေအတွက် နိုင်ငံတကာက entrepreneur လုပ်ငန်းရှင်တစ်ချို့ ဝေမျှထားတဲ့ အကြံပြုချက်တွေ အတွေအကြုံလေးတွေကို ဖော်ပြပေးသွားပါမယ်။

မာရသွန်အပြေသမားလိုမှတ်ယူပါ

Bluemercury ရဲ့ Founder ဖြစ်သူ Marla Beck က Entrepreneurship ဆိုတာ တာတိုအပြေးလေ့ကျင့်သလိုတစ်ခါတည်း အားသွန်ခွန်စိုက်ထပြေးပြီး အလွယ်တကူပန်းဝင် ပြီးဆုံးသွားမဲ့ အလုပ်လို့ မှတ်ယူထားလို့မရဘူးလို့ ဆိုပါတယ်။ အတော်များများ Entrepreneurs တွေက နှစ်အနည်းငယ်လောက်လေး ရပ်တည်နေရတာကိုပဲ အာရုံစိုက်သာယာမနေပဲ ရေရှည်အောင်မြင်တဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်အောင် ခိုင်ခိုင်မာမာရည်ရွယ်ချက်ထားပြီး အာရုံစိုက် လုပ်ကိုင်သင့်တယ်လို့...Read More


ဝင်ငွေအပိုဖန်တီးနိုင်ပြီး ထူးခြားသည့် Business စိတ်ကူး အသစ်များ

ကိုယ့်မိသားစုဝင်ငွေတိုးဖို့ပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရင်း အချိန်ရလို့ လုပ်ငန်းအသစ်လေးတွေကို စမ်းသပ်လုပ်ကိုင်လိုသူတွေအတွက်ထူးခြားပြီး အမှန်တကယ်ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Organic Farming

ကျန်းမာရေး အသိပိုမိုမြင်မားလာတဲ့ လူဦးရေတိုးပွားလာတာနဲ့အမျှ တစ်နေတာဖြတ်သန်းရတဲ့ Life Stye ကို ပိုမို Smart ဖြစ်အောင်ဂရုပြုလာကြပါပြီ။ အစားအစာစားသုံးရမှာလည်းဗိုက်ပြည်ရင်ပြီးရော မဟုတ်ပဲ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားအစာ၊နေထိုင်မှုပုံစံအတိုင်း ပြုမူနေထိုင်သူတွေအတွက် ဈေးကွက် လိုအပ်ချက်အဖြစ်ရှိနေတာက စစ်မှန်ပြီး၊ဓာတုအန္တရယ်ကင်းတဲ့ Organic Food တွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ကိုက် တဲ့ အစားအစာတွေရရှိနိုင်သလို ပိုလျှတဲ့ကုန်စည်တွေကို အလွယ်တကူ ဈေးကွက်တင်ရောင်းနိုင်တဲ့ လုပ်ငန်းက တော့ Organic Farmingဖြစ်ပါတယ်။

Smartphone and Table...Read More


" သင့်ရဲ့ ငွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၁၀) ခု "

ငွေကြေးစီမံခန်ခွဲမှုနည်းလမ်း (၁၀) ချက်ကို မပြောခင် ဘာကြောင့် ငွေကြေးကို စီမံခန့်ခွဲသင့် သလဲဆိုတာ သုံးသပ်ကြည့်ကြရအောင်။ ငွေကြေးစီမံခန့်ခွဲမှုသာမလုပ်တတ်ရင်ကိုယ်ပိုင် ငွေကြေးကို အသုံးချတဲ့အပိုင်းမှာ အနည်းငယ်တော့ အခက်တွေ့နိုင်ပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေဟာ မမျှသလိုနဲ့ လက်ထဲက ပိုက်ဆံကုန်သွားမှသာ “ငါဒီလောက်တောင် သုံးခဲ့မိ ပါလား” ဆိုပြီး စိတ်ရှုပ်သွားရပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုလုပ်တတ်မှသာ အသုံးစရိတ်ငွေ တွေကို တိတိကျကျ စီမံနိုင်မှာဖြစ်ပါတယ်။ ငွေကြေးစီမံမှုအခန်းကဏ္ဍက သင့်ရဲ့ဝင်ငွေနဲ့ အသုံးစရိတ်ကို ကောင်းမွန်စွာကိုင်တွယ်အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ သင့်ရဲ့ငွေကြေး အခြေအနေဟာ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ သင်္ချာမတော်လို့ စိတ်ပူစရာ မလိုပါဘူး။ အပေါင်းအနုတ်ကို လည်လည်ပတ်ပတ် တွက်ချက်နိုင်ရုံနဲ့ အဆင်ပြေနိုင်ပါပြီ။ သင်ဟာ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်မှုရှိနေရင်...Read More


ငွေကြေးဖိစီးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ?

ငွေကြေးချမ်းသာဖို့ အရေးကြီးသလား ?

ငွေကြေးဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အရေးကြီးသလားဆိုရင် အရေးကြီးပါတယ်။ ဒါပေမဲ့ ငွေကြေးဟာ ဘဝရဲ့အစိတ်အပိုင်းတွေကို ထောက်ပံ့ပေးနိုင်ပေမယ့် ငွေကြေးဟာ ဘဝမဟုတ်ဘူးဆိုတာ သတိထားရပါမယ်။ တချို့လူတွေက ငွေရရင်ပြီးရော ကိုယ်ဝါသနာမပါတဲ့အလုပ်တွေမှာ လုပ်နေ ကြပေမယ့် ကြာလာတဲ့အခါ လုပ်ငန်းခွင်မှာ မပျော်တာမျိုးဖြစ်လာတတ်တယ်။ ဒါပေမဲ့ ငွေရနေလို့ ဆက်လုပ်နေကြရပါတယ်။ ဒါကို ကြည့်ရရင် ငွေဟာ နေ့စဉ်ဘဝမှာ တစ်နည်းတစ်ဖုံနဲ့ ပါဝင် ပတ်သက်နေတာ ငြင်းစရာမရှိပါဘူး။ 

ငွေကြေးဖိစီးမှု (Financial Stress) ဆိုတာ ဘာလဲ ?

ငွေကြေးဖိစီးမှု (Financial Stress) ဆိုတာ ငွေကိုအကြောင်းပြုပြီး စိုးရိမ်နေတာမျိုး၊ ပူပန်နေရတာမျိုးကို ပြောတာပါ။ သင့်မှာ လစဉ်ငွေဝင်နေပေမယ့် လကုန်ရင်...Read More


အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအတွက် ငွေကြေးဆိုင်ရာ အောင်မြင်မှု နည်းလမ်းများ

သုတေသနစာတမ်းများအရ အမျိုးသမီးပိုင်လုပ်ငန်းများမှာ လျင်မြန်စွာ တိုးတက်လာပြီး ဝင်ငွေများမှာလည်း တခြား စီးပွားရေးအသစ်များနဲ့ယှဉ်ရင် ပိုမိုပြီး လည်ပတ်လျက်ရှိပါတယ်။ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များရဲ့ အခန်းကဏ္ဍများမှာ တိုးတက်လာပေမယ့်လည်း တစ်ဖက်မှာ အောင်မြင်မှုအတွက် လိုအပ်တဲ့ ရင်းနှီးငွေ၊ လမ်းညွှန်ပြသမှုနဲ့ တခြား လိုအပ်တဲ့ အရာများရရှိနိုင်မှုဟာ အကန့်အသတ်ရှိနေတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ စီးပွားရေးတစ်ခုတည်ထောင်ဖို့အတွက် လိုအပ်တဲ့ အချိန်ပေးရမှု၊ စိတ်ရှည်မှုနဲ့ အားစိုက်ထုတ်ရမှုတို့မှာ ဖြတ်လမ်း သီးသန့်မရှိပါဘူး။ ဒါပေမဲ့ ငွေကြေးဆိုင်ရာ အောင်မြင်မှုမှာတော့ စစ်မှန်ပြီး စနစ်ကျမှန်ကန်တဲ့ နည်းဗျူဟာများ ရှိဖို့ လိုအပ်ပါတယ်။

လိုအပ်တဲ့ နည်းဗျူဟာ တချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

၁။ ကိန်းဂဏန်းတွေကို သိဖို့လိုအပ်ပါတယ်။

စီးပွားရေးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲတတ်မှုက စွန့်ဦးတီထွင်သူတစ်ဦးအတွက်...Read More


စွန့်ဦးတီထွင်သူနဲ့ လုပ်ငန်းစတင်သူများအတွက် ဘဏ္ဍာရေးအရင်းအမြစ်များ

နိဒါန်း

မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သူနဲ့ စွန့်ဦးတီထွင်လုပ်ငန်းများဟာ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးတိုးတက်မှုကို လက်ခံတဲ့ ပတ်ဝန်းကျင်မှာ ထွန်းကားလျက်ရှိပါတယ်။ သို့ပေမယ့်လည်း လုံလောက်တဲ့ ရန်ပုံငွေရရှိခြင်းက အဆိုပါလုပ်ငန်းများရဲ့ အောင်မြင်မှုနဲ့ ရေရှည်တည်တံ့မှုအတွက် အရေးကြီးလှပါတယ်။  ဒီဆောင်းပါးက မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ လုပ်ငန်းစတင်လုပ်ကိုင်သူများအတွက် ရရှိနိုင်တဲ့ ငွေကြေးအရင်း အမြစ်များကို စူးစမ်းလေ့လာပြီး သူတို့ရဲ့ ကြီးထွားမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့ ရည်ရွယ်ပါတယ်။   

Personal Savings (Bootstrapping)

မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်သူအများစုဟာ ကိုယ်ပိုင်စုဆောင်းငွေ ဒါမှမဟုတ် Bootstrapping ကို အားကိုးခြင်းနဲ့ သူတို့ရဲ့ Startup ခရီးကို စတင်ကြပါတယ်။ ဒီကိုယ်ပိုင်ငွေကြေးထောက်ပံ့မှုနည်းလမ်းရဲ့ အားသာချက်မှာ တည်ထောင်သူများအတွက် ‌ငွေအရင်းအမြစ် အကန့်အသတ်ရှိပေမယ့်လည်း သူတို့ရဲ့လုပ်ငန်းများအပေါ် အပြည့်အဝထိန်းချုပ်နိုင်ခြင်း...Read More


" Profit is not always the point "

TED Talk Review ဒီတစ်ခေါက်မှာ မျှဝေသွားချင်တဲ့ ခေါင်းစဉ်ကတော့ TED Talk discussion မှာ FMCG(Fast moving consumer goods) လို့ခေါ်တဲ့ လူသုံးကုန်စားသောက်ကုန်တွေကို အများဆုံးထုတ်လုပ်ရောင်းချပြီးတော့ ကမ္ဘာမှာဆပ်ပြာထုတ်လုပ်မှုမှာ နံပါတ်တစ် ဗြိတိသျှ multinational ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unilever ရဲ့ Global Chief Operating Officer အိန္ဒိယလူမျိုး Harish Manwani တင်ပြဆွေးနွေးခဲ့တဲ့ “ Profit is not always the point“ ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်ကမ္ဘာမှာတော့ စီးပွားရေးလုပ်ငန်းစုတော်တော်များများဟာ အကျိုးအမြတ် ရရှိရေးဆိုတဲ့ ကဏ္ဍကိုဦးစားပေးရုံတင်မကဘဲ Corporate Social Responsibility (CSR)...Read More


" The Richest Man in Babylon "

The Richest Man in Babylon ကို 1926 ခုနှစ်မှာ George Samuel Clason က ရေးသားခဲ့ပါတယ်။ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်ကျော်က Babylonia မှာ Financially wise ဖြစ်တဲ့သူတွေရဲ့ ဥပမာတွေ၊ Advice တွေနဲ့ သူတို့ရဲ့ Financial wisdom တွေကို စုစည်းရေးထားတာပါ။ ဒီ Classic စာအုပ်လေးကတော့ Timeless classic လို့ပြောရတဲ့ထိ ယနေ့ထိတိုင် အသုံးဝင်နေတုန်းပါပဲ။ကျွန်တော်တို့တွေဟာ ကိုယ်ရတဲ့ မုန့်ဖိုးတွေ၊ လစာတွေ ဘယ်လိုကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံရတတ် ပါတယ်။ ဟိုဟာ ဒီဟာ အကုန်လိုချင်၊ Discount ချလို့လို...Read More


"ဝင်ငွေတိုးစေဖို့"

ဝင်ငွေဆိုတာ အလုပ်လုပ်နေသူတွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဝင်ငွေဆိုတာ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့၊ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို အားဖြည့်ပေးတဲ့ အားဆေးတစ်ခွက်ပါပဲ။ လူတစ်ယောက်က သူရဲ့ဝင်ငွေပေါ်မှာမူတည်ပြီးတော့လည်း ယုံကြည်မှုတွေ ပိုရှိလာနိုင်ပါတယ်။ အောင်မြင်တဲ့သူတွေ ပိုပိုအောင်မြင်လာကြတာတွေ၊ ချမ်းသာတဲ့သူတွေ ပိုပိုချမ်းသာလာရတာလည်း ဒီအချက်တွေကြောင့်ပါပဲ။ လူဟာ ကိုယ်လုပ်နိုင်တဲ့အရာတစ်ခုကို အောင်အောင်မြင်မြင်လုပ်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ယုံကြည်မှုက ပိုတိုး လာပါတယ်။ ကျွန်တော်တို့က ဝင်ငွေတိုးတက်လာတာကြောင့် မိမိကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဝင်ငွေတိုးစေဖို့လည်း လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကိုလည်း လုပ်ဆောင်တတ်ဖို့ လိုပါသေးတယ်။

(၁) သင့်ဝါသနာကို စီးပွားရေးအဖြစ်ပြောင်းပါ။

ကျွန်တော်တို့တွေက ကျွန်တော်တို့ဝါသနာပါတာကို လုပ်နေရရင် ပျော်ရွှင်နေတတ်တယ်။ မမောတမ်း၊ မနားတမ်း လုပ်ဆောင်နေကြတယ်။ ဒါကြောင့်ပဲ...Read More


" ငွေကြေးစီမံခန့်ခွဲဖို့အတွက် နည်းလမ်းကောင်းများ "

လူတွေရဲ့နေ့စဥ်ဘဝမှာ မရှိမဖြစ်ထိတွေ့သုံးစွဲနေရတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ်လိုအပ်တဲ့ အရာတွေ၊ ကိုယ်လိုချင်တဲ့ အရာတွေဝယ်ဖို့အတွက် သုံးစွဲရတဲ့ငွေကြေးပဲ ဖြစ်ပါတယ်။ ကိုယ့်လက်ထဲမှာရှိတဲ့ ငွေကြေးကို ဘယ်နေရာမှာ ဘယ်လိုအကျိုးရှိရှိ သုံးစွဲမလဲဆိုတာကလည်း အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုးနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုနဲ့ ကြုံနေရချိန်မှာ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်သောကမရစေဖို့နဲ့ ငွေကြေးကို စီမံခန့်ခွဲဖို့အတွက် ဘယ်သူမဆို လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကောင်းများ ရှိပါတယ်။ ဒါကြောင့် ငွေကြေးကို ထိရောက်စွာ စီမံခန့်ခွဲဖို့နဲ့ အနာဂတ်အတွက် ငွေကြေးစုဆောင်းဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ သင့်အတွက် ငွေရနိုင်တဲ့ ရင်းမြစ်များကိုအကဲဖြတ်ပါ။

သင့်ရဲ့ ငွေကြေးအ‌ခြေအနေကို သင်မသိမချင်း သင့်ရဲ့ ငွေကြေးပိုင်းဆိုင်ရာကို စီမံခန့်ခွဲလို့မရပါဘူး။ ဒါကြောင့် လတစ်လကုန်သွားတဲ့အခါ သင့်မှာ ရလာနိုင်တဲ့ ငွေပမာဏများအားလုံးကို...Read More


အလှကုန် ပစ္စည်းရောင်းချမှုတွေရဲ့စျေးကွက်ကို ဦးဆောင်နေတဲ့ Sephora

Beauty product တွေကို ဝယ်ဖို့ ရှာနေတဲ့သူတွေဆိုရင် Sephora ကို မသိတဲ့သူ မရှိသလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။ သူ့ရဲ့ Unique ဖြစ်တဲ့ brand color နဲ့ ရောင်းချတဲ့ အလှကုန်ပစ္စည်းတွေ၊ နှစ်စဉ် seasonal promotion တွေက အလှအပကြိုက်တဲ့သူအများစုကို ဆွဲဆောင်နိုင်တယ်ဆိုတာ အသေအချာပါပဲ။ Sephora ရဲ့ တည်ထောင်သူကတော့ Dominique Mandonnaud ဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ ပြင်သစ်နိုင်ငံ လီမိုးစ်မြို့မှာ ရေမွှေးဆိုင် အသေးလေးကနေ Sephora ကို စတင်ခဲ့တာဖြစ်ပါတယ်။ယနေ့အချိန်မှာဆိုရင် တစ်ကမ္ဘာလုံးမှာ တစ်ကိုယ်ရည်သုံးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်း လုပ်ငန်း ဈေးကွက်ရဲ့ Industry leader အနေနဲ့ ကိုင်လှုပ်နိုင်စွမ်းရှိတဲ့အထိ Sephora...Read More


လုပ်ငန်းတွေကို Next Level တစ်ခုဆီ မြှင့်တင်ပေးနိုင်ခဲ့တဲ့  Marketing Campaign များ

Marketing ဟာ လုပ်ငန်းတွေ လူသိများဖို့၊ ရောင်းအားတက်လာဖို့ ဆောင်ရွက်ပေးရုံတင်မကဘဲ လုပ်ငန်းရဲ့ Valueတွေ၊ Cultureတွေကို ကွက်ကွက်ကွင်းကွင်း ပြသပေးနိုင်တဲ့ Brand image ကို တည်ဆောက်နိုင်ဖို့အတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အခု ဖော်ပြသွားမယ့် အကြောင်းအရာတွေကတော့ လုပ်ငန်းရဲ့ Brand Image တောက်ပြောင်လာအောင်၊ ပိုမိုခိုင်မာလာအောင် တည်ဆောက်ပြောင်းလဲပေးနိုင်ခဲ့ကြတဲ့ Marketing Campaign တွေ၊ Slogan တွေ အကြောင်းပဲ ဖြစ်ပါတယ်။

1.Apple ရဲ့ “Think Different”

Apple ကုမ္ပဏီဟာ 1997ခုနှစ် မတိုင်ခင် အားလုံးရဲ့ အမြင်မှာ ကွန်ပျူတာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု အနေနဲ့ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့...Read More


ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ စျေးကွက်ကို ထိုးဖောက်နေတဲ့ Dyson

အခုတလော ရေပန်းစားနေတဲ့ Dyson အမှတ်တံဆိပ် Air Wrap (hair dryer) တွေကိုတွေ့တော့ အဲ့ဒီအမှတ်တံဆိပ်ရဲ့ အကြောင်းလေးကို လေ့လာဖြစ်ခဲ့ပါတယ်။ Dyson အမှတ်တံဆိပ်ကို တည်ထောင် သူကတော့ ဗြိတိန်နိုင်ငံက တီထွင်သူ James Dyson ပဲဖြစ်ပါတယ်။ သူတို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ ပေါ့ပါးပြီး ကျစ်လျစ်တဲ့ ဖုန်စုပ်စက်ပဲ ဖြစ်ပါတယ်။ တီထွင်စမ်းသစ်မှုကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တဲ့အလျောက် ၁၉၇၈ ခုနှစ်မှာ တခြား ထုတ်ကုန်များနဲ့မတူဘဲ တစ်မူ ထူးခြားတဲ့ နည်းပညာကို အသုံးပြုနိုင်ဖို့ စတင်စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။

သာမန် ဖုန်စုပ်စက်တစ်ခုကို ကြည့်ရင် အမှိုက်အိတ်လိုမျိုး စုပ်ထားတဲ့အမှုန်တွေအတွက် အိတ်တစ်ခု ပါဝင်တာတွေ့ရမှာဖြစ်ပြီး မော်တာရဲ့ အလုပ်လုပ်နိုင်စွမ်းကလည်း သိပ်ကောင်းတာကို မတွေ့ရပါဘူး။...Read More


Marketing ရဲ့ Dark Side

Marketing ဟာ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်ကို အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ Marketingရဲ့ အဓိကရည်ရွယ်ချက်ဟာ target ထားထားတဲ့ customer တွေနဲ့ ဆက်သွယ်ဖို့၊ မိမိရဲ့ product ဒါမှမဟုတ် serviceရဲ့ information ကို အသေးစိတ်ပေးသိဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ တချို့ လုပ်ငန်းတွေဟာ အမြတ်ထွက်ဖို့ တစ်ခုတည်းအတွက်နဲ့ ကျင့်ဝတ်နဲ့မညီတဲ့ ချဉ်းကပ်မှုမျိုးတွေ လုပ်ဆောင်ခဲ့ပြီး consumer တွေကို ထိခိုက်စေတာမျိုးတွေပါ ဖြစ်လာစေခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ Marketing ရဲ့ Dark Side အကြောင်းကို တချို့လုပ်ငန်းတွေ သုံးခဲ့ကြတဲ့နည်းလမ်းတွေနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ အချက်အလက်လိမ်လည်ဖော်ပြမှုများ

လုပ်ငန်းတွေဟာ မိမိရဲ့ productကို consumer...Read More


" ကမ္ဘာကျော် McDonald's ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုကို လေ့လာခြင်း "

McDonald's ဆိုတာ အားလုံးသိတဲ့ ကမ္ဘာကျော် စားသောက်ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ McDonald's ရဲ့ နာမည်ကြီးရတဲ့ အကြောင်းအရင်းများထဲက တစ်ချက်ကတော့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့က လုပ်ငန်းကို ဘယ်လို လည်ပတ်နေတာလဲ?

McDonald's ဟာ လုပ်ငန်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများ ဝယ်ယူခြင်းကစလို့ နောက်ဆုံး စားသုံးသူလက်ထဲရောက်တဲ့အထိ တောက်လျှောက်ကို သေချာစွာစီမံခန့်ခွဲမှု လုပ်ထားတာဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုရဲ့ အဓိကကျတဲ့ နယ်ပယ် (၁၀) နေရာနဲ့သက်ဆိုင်တဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များကို သေချာစွာသတ်မှတ်အကောင်အထည်ဖော်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်(၁၀)ချက်ကို ဆောင်ရွက်တဲ့နေရာမှာလည်း McDonald's ဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် တတ်နိုင်သမျှ နည်းပါးပြီး အမြင့်ဆုံးကုန်ထုတ်စွမ်းအားရရှိအောင် ရည်ရွယ်ပြီး...Read More


" Gap Inc အဝတ်အထည်လုပ်ငန်းစုရဲ့ စီမံခန့်ခွဲမှုမဟာဗျူဟာများ "

အမေရိကန်အခြေစိုက် အဝတ်အထည်လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Gap အမှတ်တံဆိပ်ကတော့ ချီနိုပိတ်သားနဲ့ ချုပ်လုပ်ထားတဲ့ စတိုင်ဘောင်းဘီတွေ၊ ချည်သားအေးအေးလေးနဲ့ ချုပ်လုပ်ထားတဲ့ ဗြောင်တီရှပ်တွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီး ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ဒီဇိုင်းတွေကို ဦးစားပေးထုတ်လုပ်ပေမယ့် တစ်နှစ်ထက်တစ်နှစ် မတူညီတဲ့ ဖက်ရှင် ရေစီးကြောင်းပေါ်မှာ လူငယ်တွေကို ဆွဲဆောင်နိုင်မယ့် ဒီဇိုင်းတွေကိုလည်း ဖန်တီးနေတာဖြစ်ပါတယ်။

Gap ကုန်အမှတ်တံဆိပ် စတင်ဖြစ်ပေါ်လာတာကတော့ လူငယ်အကြိုက် ဂျင်းဘောင်းဘီတွေရောင်းချတဲ့ ဆိုင်လေးကို ဆန်ဖရန်စစ္စကိုမြို့မှာ ဖွင့်လှစ်ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ Gap ရဲ့ တည်ထောင်သူ ဒေါ်နယ်ဖစ်ရှာ (Donald Fisher) က သူဝယ်ယူခဲ့တဲ့ Levi’s အမှတ်တံဆိပ်ဘောင်းဘီက တစ်လက်မကျော် လောက်တိုနေပြီး အတိုင်းမှာ ကိုက်ညီမှုမရှိတာကြောင့် ကုန်တိုက်မှာ သွားရောက်လဲလှယ်ရာကနေ...Read More


"ကမ္ဘာ့အကြီးဆုံး Franchise လုပ်ငန်း (၅) ခု အကြောင်း"

အောင်မြင်တဲ့ Franchise Model နဲ့လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေနဲ့အတူ Franchise လုပ်ငန်းများဟာ ကမ္ဘာ့စီးပွားရေးလောကမှာ အဓိကအ‌ရေးပါတဲ့လုပ်ငန်းများ ဖြစ်လာပါတယ်။ Franchise လုပ်ငန်းဆိုတာကတော့ ကုမ္ပဏီတစ်ခု (Franchisor) မှ လုပ်ငန်းလုပ်ကိုင်လိုတဲ့ တစ်ဦးတစ်ယောက် (Franchisee) ကို ကုမ္ပဏီရဲ့အမည် အသုံးပြုပြီး သီးခြားနယ်ပယ်တစ်ခုမှာ အဲ့ဒီကုမ္ပဏီရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ငန်း လိုင်စင်ပေးပြီး လုပ်ကိုင်စေခြင်းပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံး Franchise လုပ်ငန်းက ဘယ်လုပ်ငန်းဖြစ်မလဲ? ဆက်ပြီးကြည့်ကြည့် ရအောင်။ McDonald’s လုပ်ငန်းကတော့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ စားသောက်ဆိုင်ပေါင်း ၃၅၀၀၀ ဖြင့် Franchise လောကရဲ့ ခေါင်းဆောင်နေရာမှာ ရှိနေပါတယ်။...Read More


" Apple ရဲ့ စျေးကွက်ရှာဖွေရေးဗျူဟာနောက်ကွယ်မှ လျှို့ဝှက်ချက် "

Apple Inc. ဟာ လူသုံးအီလက်ထရွန်းနစ်နဲ့ ကွန်ပျူတာစက်မှုလုပ်ငန်းတွေမှာ ဆန်းသစ်တီထွင်မှုများ နဲ့အတူ အောင်မြင်မှုရရှိနေတဲ့ ကမ္ဘာကျော်နာမည်ကြီး တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ Apple က စျေးကွက် ရှာဖွေရေးဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အရေးအပါဆုံးကဏ္ဍများထဲမှ တစ်ခုဖြစ်ကြောင်း နားလည်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် Apple က စီးပွားရေးနယ်ပယ်မှာ အကြီးကျယ်ဆုံး စျေးကွက်ရှာဖွေသူများထဲမှ တစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ Apple က သူ့ရဲ့စျေးကွက်ချဲ့ထွင်မှု လုပ်ငန်းစဉ်တွေကို စိန်ခေါ်မှုအသစ်များမှ ရှောင်ရှားဖို့ အမြဲတစေ ခြေလှမ်းအသစ်များ လှမ်းကာလုပ်ဆောင်လျက်ရှိပါတယ်။

Apple Inc. ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်လာကာ 2023 ခုနှစ်မှာ အမှတ်တံဆိပ်တန်ဖိုး ခန့်မှန်းခြေ $880.5 ဘီလီယံရှိကြောင်း တွေ့ရပါတယ်။...Read More


ပြိုင်ဆိုင်မှုများတဲ့ စီးပွားရေးလောကမှာ မိမိရဲ့ကုမ္ပဏီကို ရေပန်းစားအောင် လုပ်ဆောင်ပေးမယ့်နည်းလမ်းများ

Customer များနဲ့ ခိုင်မာပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ဖန်တီးခြင်းက ယနေ့ခေတ်ပြိုင်ဆိုင်မှုများတဲ့ စီးပွားရေးအခင်းအကျင်းမှာ ထိရောက်တဲ့နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။ Customer များအကြား အသိအမြင်နဲ့ ကျော်ကြားမှုတွေက ကုန်ပစ္စည်း (ဒါမှမဟုတ်) ဝန်ဆောင်မှုတို့ကို ပေးဆောင်ခြင်းသာမဟုတ်ဘဲ သူတို့နဲ့အတူ အတွေ့အကြုံအသစ်တွေကို ဖန်တီးခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီအတွေ့အကြုံကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ရင် Customer များရဲ့ သစ္စာစောင့်သိမှုကို မြှင့်တင်နိုင်ပြီးတော့ ထို Customer များမှတစ်ဆင့် word-of-mouth referrals များကို ရရှိနိုင်ပြီး ကုမ္ပဏီတစ်ခုရဲ့တိုးတက်မှုနဲ့ အောင်မြင်မှုအတွက် ပံ့ပိုးပေးနိုင်ပါတယ်။

(၁) Digital စျေးကွက်ရှာဖွေရေးအေဂျင်စီနဲ့အတူ အလုပ်လုပ်ခြင်း။

Digital စျေးကွက်ရှာဖွေရေးအေဂျင်စီတစ်ခုနဲ့အတူ အလုပ်လုပ်ခြင်းက သင့်လုပ်ငန်းမှာလိုအပ်နေတဲ့ ယှဉ်ပြိုင် နိုင်မှုစွမ်းရည်ကို ပေးစွမ်းနိုင်ပါတယ်။ အဲ့ဒီအေဂျင်စီများက ထုတ်ကုန်များနဲ့...Read More


Uniqlo နဲ့ KAWS တို့ရဲ့ တစ်ဖန်ပြန်လည် ပူးပေါင်းဖန်တီးမှု

နာမည်ကျော်ဖက်ရှင် အမှတ်တံဆိပ်ဖြစ်တဲ့ Uniqlo နဲ့ နယူးယောက်အခြေစိုက် အနုပညာရှင်နဲ့ ဒီဇိုင်နာ ကော့စ်တို့ လက်တွဲကာ သီးသန့် collection ထုတ်လုပ်မှုဟာ အရမ်းကိုအောင်မြင်ခဲ့ပြီး လူငယ် လူရွယ်တွေကြားမှာလည်း ရေပန်းစားခဲ့ပါတယ်။Uniqlo x KAWS ကော့စ် လက်တွဲပြီး ထုတ်လုပ်တာက ၂၀၂၃ ခုနှစ်မှာဆိုရင် ဒုတိယအကြိမ်မြောက် ပြန်လည်ထုတ်လုပ်တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း ပူးပေါင်းလုပ်ဆောင်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ရောင်းအား ၂.၃ ဘီလီယံဒေါ်လာ ရရှိခဲ့ပါတယ်။ ဒီ co-branding collaboration က ဘာကြောင့် တမူထူးခြားပြီး အောင်မြင်ခဲ့လဲဆိုတော့ သူတို့ရဲ့ အချိတ်အဆက်မိတဲ့ Online, offline ဈေးကွက် မဟာဗျူဟာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာကြော်ငြာများ၊ influencer တွေနဲ့...Read More


အာရှမှာ စီးပွားရေးလုပ်ဖို့ စဉ်းစားရင်...

အာရှဟာ စီးပွားရေးကြီးထွားမှုနဲ့ အခွင့်အလမ်းဗဟိုတစ်ခုအနေနဲ့ တော်တော်စောစောကတည်းက အသိအမှတ် ပြုထားကြပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ၎င်းတို့ရဲ့ စျေးကွက်ရှာဖွေတာ၊ ချဲ့ထွင်တာတွေကို အာရှမှာလုပ်နေကြပါတယ်။‌ ဒါပေမဲ့ ဒီအာရှစျေးကွက်ဟာ တိုးတက်မှုအခွင့်ရေးများစွာရှိသလို စိန်ခေါ်မှုတွေလည်း အများကြီးရှိပါတယ်။ ဒီတော့ ကိုယ်က အာရှစျေးကွက်ကို၀င်ရောက်ပြီး အခြေချ လုပ်ကိုင်မယ်ဆိုရင်တော့ ကြုံလာရမယ့် စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို သိထားဖို့လိုအပ်ပါတယ်။

၁။ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ ဘာသာစကားအမျိုးမျိုး

အာရှဟာ မယုံနိုင်လောက်အောင်ကို ကွဲပြားခြားနားမှုတွေ များစွာရှိပါတယ်။ ကုလသမဂ္ဂအဆိုအရ နိုင်ငံပေါင်း ၄၈ နိုင်ငံပါဝင်ပြီး သီးခြားယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေနဲ့ ဘာသာစကားတွေ အမြောက်အမြားရှိနေသလို တစ်နိုင်ငံချင်းစီရဲ့ နိုင်ငံတွင်းမှာလည်း အလွန်ကိုကွဲပြားခြားနားနေကြပါတယ်။ ဒီလိုမတူညီတဲ့ ယဥ်ကျေးမှုတွေနဲ့ ဘာသာစကားတွေဟာ စျေးကွက်ရှာဖွေရာမှာ စိန်ခေါ်မှုဖြစ်နေပါတယ်။ လုပ်ငန်းတွေကလည်း...Read More


လုပ်ငန်းစတင်တည်ထောင်သူတိုင်း သိထားသင့်တဲ့ Startup ဆိုင်ရာ အသုံးအနှုန်း (၁၀) ခု

ဘာသာစကားဆိုတာက ဆက်သွယ်မှုအတွက်ပဲ အရေးပါတာမဟုတ်ပါဘူး။ အသုံးအနှုန်းတွေက သင့်ရဲ့ စိတ်ပိုင်း ဆိုင်ရာနမူနာပုံစံများနဲ့ အယူအဆများကို တည်ဆောက်ဖို့အတွက် သင့်ကိုပိုပြီး Startups အကြောင်းကို တွေးတောနိုင်အောင်၊ ပြဿနာများကို သေချာစွာသိရှိနိုင်အောင်နဲ့ ထိုအရာများကို ပိုပြီးသေချာစွာ ဖြေရှင်း နိုင်အောင် ကူညီပေးနိုင်တဲ့အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် အဲ့ဒီဘာသာ စကားကိုပြောဆိုခြင်းက သင့်ကိုပိုပြီး အောင်မြင်နိုင်စေပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါအသုံးအနှုန်း (၁၀) ခုကို သင်သိထားဖို့ လိုအပ်ပါတယ်။

၁။ Pre-Seed, Seed, and Growth Stages

အဲ့ဒီအဆင့်တွေက Startup’s Lifecycle တစ်ခုရဲ့ မတူညီတဲ့ ပြောင်းလဲတိုးတက်မှုကို ကိုယ်စားပြုပါတယ်။ အဆင့်တစ်ခုချင်းဆီတိုင်းဟာ သတ်မှတ်ထားတဲ့ ရန်ပုံငွေ လိုအပ်ချက်များ၊ မှတ်တိုင်များနဲ့...Read More


၂၀၂၄ မှာ စတင်လုပ်ကိုင်သင့်တဲ့ အွန်လိုင်းစီးပွား‌ရေးလုပ်ငန်း (၅) ခု

မကြာသေးမီနှစ်များအတွင်း စီးပွားရေးလောကမှာ E-commerce လုပ်ငန်းများဟာ အရမ်းကို ဖွံ့ဖြိုးတိုးတက်လာပါတယ်။ ကမ္ဘာလုံးဆိုင်ရာ Retail ရောင်းချမှုဟာ ၂၀၂၁ ခုနှစ်မှာ ၁၉ ရာခိုင်နှုန်းနီးပါးရှိပြီး ၂၀၂၆ မှာ ၂၅ ရာခိုင်နှုန်းရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ E-business ဒါမှမဟုတ် E-commerce လုပ်ငန်းလို့ လူသိများတဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခုဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့လူတွေကို ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများ ပေးဆောင်နိုင်ဖို့အတွက် Digital Platforms များကို အသုံးပြုပါတယ်။ အဲ့ဒီထဲမှာ E-commerce Website မှ ရုပ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းများကို ရောင်းချခြင်း၊ ဒစ်ဂျစ်တယ် ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုများပေးခြင်း၊ ဝင်ငွေရရှိစေတဲ့ Blog တစ်ခုလုပ်ဆောင်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် အကြံဉာဏ်‌ပေးခြင်းတို့ ပါဝင်ပါတယ်။ သမားရိုးကျ...Read More


လုပ်ငန်းများက နိုင်ငံတကာပွဲတော်တွေမှာ လုပ်ဆောင်တဲ့ စျေးကွက်နည်းဗျူဟာများ

နာမည်ကြီး လုပ်ငန်းတော်တော်များများဟာ သူတို့ Brand Image ပိုတက်လာစေဖို့၊ ဝယ်သူတွေနဲ့ ပိုမိုချိတ်ဆက်မှုရှိစေဖို့အတွက်နဲ့ ရောင်းအားပိုမိုမြင့်မားလာဖို့အတွက် ပွဲတော်တွေမှာ သူတို့ရဲ့ စျေးကွက် နည်းဗျူဟာများစွာကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အကောင်အထည်ဖော်ကြလေ့ရှိပါတယ်။ ပွဲတော်တွေမှာ ပြိုင်ဘက်လုပ်ငန်းတွေနဲ့ မတူညီတဲ့ စျေးကွက်နည်းဗျူဟာများကို အသုံးပြုခြင်း အားဖြင့် ကိုယ့် customer ရဲ့ စိတ်ဝင်စားမှုတွေကို ပွဲတော်နဲ့တွဲလျက် လုပ်ငန်းတွေက ရရှိစေမှာ ဖြစ်ပါတယ်။ လုပ်ငန်းများစွာထဲက သိသာထင်ရှားတဲ့ တချို့ လုပ်ငန်းတွေရဲ့ ပွဲတော်များနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်မှုများကို တင်ပြလိုက်ပါတယ်။

Coca Cola ဟာ သူ့ရဲ့ Marketing Campaign များကို လူကြိုက်များတဲ့ Coachella တို့ Bonnaro တို့ Music...Read More


" စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ PESTLE Analysis "

PESTLE Analysis ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် လုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ ပြင်ပက တွန်းအားပေးနေတဲ့အရာတွေကို ဖော်ထုတ်ပေးတဲ့ Tool တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် PESTLE Analysis ဟာ လုပ်ငန်းတစ်ခုရဲ့ ပြင်ပမှာရှိနေတဲ့စိန်ခေါ်မှုတွေကို လေ့လာတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ပြင်ပစိန်ခေါ်မှုတွေ ကတော့ နိုင်ငံရေး (Political)၊ စီးပွားရေး (Economical)၊ လူမှုရေး (Social) ၊ နည်းပညာ (Technological) ၊ ဥပဒေ (Legal) နဲ့ သဘာဝပတ်ဝန်းကျင် (Environmental) တို့ပဲ ဖြစ်ပါတယ်။ PESTLE ကတော့ ဒီအချက် (၆) ချက်အတွက် အတိုကောက်ရေးထားခြင်းပဲ ဖြစ်ပါတယ်။ PESTLE Analysis ဟာလုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့...Read More


"သင့်လုပ်ငန်းကြော်ငြာအတွက် သိသာစွာ အကျိုးပြုတဲ့ 3D Animation Billboard"

ကမ္ဘာမှာရှိတဲ့ လုပ်ငန်းအများစုဟာ မိမိတို့ရဲ့ ကုန်ပစ္စည်းကြော်ငြာဖို့ လူသိများဖို့အတွက် Media Channel တွေ မျိုးစုံကို အသုံးပြုနေကြပါတယ်။ ၂၁ ရာစုမှာဆိုရင် ကြော်ငြာ media မျိုးစုံထဲကမှ Social Media မျိုးစုံကိုလည်း အသုံးပြုနေကြပါတယ်။ ခုနောက်ဆုံးမှာတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာ ခေတ်စားလာတဲ့ 3D Animation Billboard တွေဟာ ပုံမှန်ကြော်ငြာ Billboard များထက် ပိုမိုစိတ်ဝင်စားစေပြီး လမ်းတစ်လျှောက် သွားလာနေတဲ့သူများကို ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ ရိုးရိုး Billboard တစ်ခုအနေနဲ့မဟုတ်ဘဲ သက်ဝင်လှုပ်ရှားမှုများ၊ သဘာဝနဲ့ပိုမိုနီးစပ်မှုများကြောင့် ပရိသတ်အများစုရဲ့ အာရုံစိုက်မှုများကို ပိုမိုဖမ်းစားစေပါတယ်။

ဒါ့အပြင် ကျွန်မတို့တစ်တွေဟာ 3D billboard ရဲ့ ထူးခြားတဲ့ ဖန်တီးမှုများကြောင့် အဲ့ဒီကြော်ငြာကို...Read More


တစ်ပတ်လည်စီးပွားရေးစနစ် (Circular Economy) အတွက် ဒီဂျစ်တယ်ထုတ်ကုန်လက်မှတ်

၂၀၂၇ မှ စတင်ကာ ဥရောပသမဂ္ဂ (EU) မှာ အမျိုးမျိုးသော ထုတ်ကုန်များဟာ ဒီဂျစ်တယ်ထုတ်ကုန် လက်မှတ် (Digital Product Passport - DPP) ရှိရမှာ ဖြစ်ပါတယ်။ အဲ့ဒီလက်မှတ်မှာ အဓိကအားဖြင့် ပါဝင်ပစ္စည်း (ဒါမှမဟုတ်) အစိတ်အပိုင်းများရဲ့ မူလဒေသဆိုင်ရာ အချက်အလက်များနဲ့အတူ ဘယ်ပစ္စည်းက ဘယ်လောက်အတိုင်းအတာထိ ပြန်လည်သုံးစွဲနိုင်သလဲဆိုတာမျိုးတွေပါ ပါဝင်မှာဖြစ်ပါတယ်။ TU Delft မှ သိပ္ပံပညာရှင် Jolien Ubacht ဟာ ကုမ္ပဏီတွေအနေနဲ့ အဲ့ဒီဒေတာများကို ဘယ်မှာရရှိနိုင်မလဲ၊ လက်မှတ်ထဲမှာ ဘယ်လိုထည့်သွင်းနိုင်မလဲဆိုတာတွေကို သုတေသနပြုနေပါတယ်။ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ များပြားပြီး လုပ်ရတာအဆင်မပြေတာမျိုးတွေ ပါဝင်ပေမယ့်လည်း ကုမ္ပဏီများနဲ့ အသုံးပြုသူများအနေဖြင့် ပစ္စည်းများကို ပိုမိုပြန်လည်အသုံးပြုနိုင်ရေးအတွက် အခွင့်အလမ်းများ...Read More


Supply Chain ကဏ္ဍမှာ Internet of Things (IoT) ရဲ့ အသုံးဝင်ပုံ

Internet of Things (IoT) ဟာ အာရုံခံကိရိယာများ၊ ဆော့ဖ်ဝဲလ်များနဲ့ တခြားနည်းပညာများဖြင့် ပေါင်းစပ် ဖွဲ့စည်းထားတဲ့စက်ပစ္စည်းများရဲ့ အပြန်အလှန်ချိတ်ဆက်ထားတဲ့ ကွန်ရက်တစ်ခုဖြစ်ပြီး အင်တာနက်ပေါ်ရှိ တခြားစက်ပစ္စည်းတွေရဲ့ စနစ်များနဲ့ ဒေတာအချက်အလက်များ ဖလှယ်ဖို့အတွက် အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။ Supply Chain စီမံခန့်ခွဲမှုနယ်ပယ်မှာ IoT က လုပ်ငန်းခွင်အတွင်း အသွင်ပြောင်းလဲနိုင်စွမ်း၊ လုပ်ငန်းခွင်ထိရောက်မှု နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချဖို့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ နေရာအပိုင်းအားလုံးမှာ ထင်သာမြင်သာရှိနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ နည်းပညာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ထောက်ပံ့ရေးကွင်းဆက်တွေမှာ IoT ရဲ့ အမျိုးမျိုးအသုံးချမှုများနဲ့ အကျိုးကျေးဇူးများကို တင်ပြသွားပါမယ်။

Supply Chain ထောက်ပံ့ရေးကွင်းဆက်က ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကိုထုတ်လုပ်ခြင်းကနေ ပို့ဆောင်ပေးခြင်းအထိ...Read More


အသေးစားစီးပွားရေးလုပ်ငန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ပြဿနာများနဲ့ဖြေရှင်းနည်းများ

လူငယ်တွေတော်တော်များများက Small Business Owner တစ်ယောက်ဖြစ်ဖို့ စိတ်ကူးရှိကြပါတယ်။ Small Business က ကိုယ်တိုင်လွတ်လပ်စွာလုပ်ကိုင်နိုင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်းနဲ့ ဖန်တီးနိုင်စွမ်း ရှိရင်ရှိသလို အောင်မြင်မှုရစေနိုင်ပါတယ်။ ဒါပေမဲ့ Small Business တွေမှာ သင့်တော်တဲ့စနစ်တွေကို လက်ရှိ စီးပွားရေးလောကမှာ အံဝင်ဂွင်ကျဖြစ်အောင်မလုပ်နိုင်ရင် ရေရှည်ရပ်တည်ဖို့ခက်ခဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Small Business Owner တွေရင်ဆိုင်ရလေ့ရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ဖြေရှင်းဖို့နည်းလမ်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

၁။ ဝန်ထမ်းခေါ်ယူစုဆောင်းခြင်း

၂၀၂၃ ခုနှစ် စစ်တမ်းကောက်ယူမှုအရ လိုအပ်တဲ့အရည်အချင်းနဲ့ကိုက်ညီတဲ့ ဝန်ထမ်းတွေကို ခေါ်ယူစုဆောင်းရေး က အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ မှာတော့ Small Business Owner တွေအနေနဲ့ ဝန်ထမ်းခေါ်ယူခန့်အပ်ရေးကို...Read More


အထွေထွေစီမံခန့်ခွဲမှုပညာရပ်များ လေ့လာလိုသူတိုင်း အတွက် SFUx Certificate in Essentials of Management အတန်းသစ် နိုဝင်ဘာလ(၇)ရက်နေ့ အတန်းစမည်။

Website Address: https://sfux.strategyfirst.edu.mm

ဖုန်းနံပါတ်: 09400088050~4 သို့ ဆက်သွယ်နိုင်ပါသည်။