သင့်ကို ပို​တော်တဲ့သူ ဖြစ်​စေမယ့် အ​​လေ့အကျင့်​ကောင်း (၇) ချက်

သင့်ဟာ တစ်ရက်ထက်တစ်ရက် ပိုပြီး ​တော်​အောင်ကြိုးစား​နေတဲ့သူ​ တစ်​ယောက်လား? တကယ်လို့ သင်က ပို​​တော်တဲ့သူတစ်​ယောက် ဖြစ်ချင်တယ်ဆိုရင်​တော့ ဒီ​ဆောင်းပါးမှာ ​ပြော​ပြ​ပေးမယ့် အ​​လေ့အကျင့်​ကောင်း​တွေက သင့်အတွက်ပါပဲ။

 () ​မြော်အမြင်ရှိစွာ ကြိုတင်ပြင်ဆင်ပါ။

သင့်ဘဝအတွက် တာဝန်ရှိသူဟာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါ​ကြောင့် သင်ဟာ အ​မြော်အမြင်ကြီးစွာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ကြိုတင်ပြင်ဆင်မှု ရှိတဲ့သူများဟာ မိမိကိုယ်ကိုယ် တာဝန်ယူနိုင်သူများလည်း ဖြစ်ပါတယ်။ သူတို့ဟာ ဖြစ်ပျက်လာတဲ့ အ​ခြေအ​နေ၊ ဖြစ်ရပ်နဲ့ အပြုအမူ​တွေအ​ပေါ်ကို ဘယ်​တော့မှ အပြစ်တင်​လေ့မရှိကြပါဘူး။ သူတို့ဟာ သူတို့လုပ်သင့်တဲ့ အပြုအမူ​တွေကို ​ကောင်း​ကောင်းနားလည် ကြပါတယ်။ အမြဲတမ်း ငါလုပ်နိုင်တယ်။ ငါလုပ်မယ်။ ငါသ​ဘောကျတယ်ဆိုတာမျိုးကိုပဲ သုံးနှုန်း​လေ့ ရှိကြပါတယ်။  ဒီလိုမဟုတ်ဘဲ ကြိုတင်ပြင်ဆင်​လေ့မရှိသူ​တွေဟာ ပြင်ပအ​ခြေအ​နေများရဲ့ လွှမ်းမိုးမှုကို ခံရ​လေ့ရှိပါတယ်။ ဥပမာ ရာသီဥတု သာယာတဲ့အချိန်မှာ သူတို့ရဲ့ စိတ်ခံစားမှုဟာ အဆင်​ပြေတယ်။ ရာသီဥတု မသာယာတဲ့အခါ သူတို့ရဲ့ စိတ်​နေ သ​ဘောထားနဲ့ လုပ်ငန်း​စွမ်း​ဆောင်ရည်အ​ပေါ်မှာ ထိခိုက်မှုရှိ​စေနိုင်ပါတယ်။ အဲ့ဒီအခါမှာ သူတို့ဟာ ရာသီဥတုကို အပြစ်တင်​လေ့ ရှိကြပါတယ်။ သူတို့ဟာ ​အော် လုပ်ရဦးမှာပါလား စသဖြင့် ငြီးငြူ​လေ့ရှိကြပါတယ်။

() အဆုံးသတ်ရလဒ်ကို အရင်​တွေး​ခေါ် ပြီး အစပြုပါ။

ဒီအ​လေ့အကျင့်က​တော့ စိတ်ကူးစိတ်သန်း (imagination) နဲ့ဆိုင်ပါတယ်။ လက်ရှိပစ္စုပ္ပန်ကာလမှာ မျက်လုံးနဲ့မမြင်နိုင်တဲ့ အရာ​တွေကို ကြိုတင်​​မျှော်မှန်းထားပါ။ စိတ်ကူးနဲ့အရင်ပုံ​ဖော်ပါ၊ ပြီးရင် အ​ကောင် အထည်​ဖော်ပါဆိုတဲ့ ဥပ​ဒေသကို ဆိုလိုတာပါ။ ဒီအ​လေ့အကျင့် နံပါတ် (၂)ကို အ​ကောင်အထည်​ဖော်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက​တော့ သင့်ရဲ့ဘဝနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ရည်မှန်းချက်ကို အရင်ဆုံး​သတ်မှတ် ထားဖို့ပဲ ဖြစ်ပါတယ်။ သင်ဟာ ဘဝမှာ ဖြစ်ချင်တာ​တွေ လုပ်သင့်တာ​တွေကိုသာ ဦးစား​ပေးပြီး အာရုံစိုက် ထားမယ်ဆိုရင် ဒါဟာ ​အောင်မြင်ဖို့အတွက် လမ်းစတစ်ခုပဲ ဖြစ်ပါတယ်။

() အ​ရေးကြီးတာ အရင်လုပ်ပါ။

ဒီအ​လေ့အကျင့်ဟာ အချိန်ကို စီမံနိုင်ရုံသာမက ဘဝနဲ့ ပတ်သက်ပြီးလည်း ​ကောင်း​ကောင်းစီမံခန့်ခွဲနိုင်​စေမှာ ဖြစ်ပါတယ်။  ဒါဆို ကျွန်မတို့ဘဝမှာ ဘယ်အရာ​တွေက အ​ရေးကြီးဆုံးလဲ ?

() အပြန်အလှန်အကျိုးရှိ​စေဖို့ စဥ်းစားပါ။

ကျွန်မတို့ဘဝမှာ တခြားသူ​တွေနဲ့ နှိုင်းယှဥ်စဥ်းစားပြီး ပြိုင်ဆိုင်ဖို့ပဲ သင်ကြားခဲ့ရတာ များပါတယ်။ ကျွန်မတို့ စဥ်းစားကြတာက တခြားသူ​တွေ ရှုံးနိမ့်တဲ့အချိန်မှာ ကျွန်မတို့နိုင်တယ်လို့ စဥ်းစား​လေ့ရှိကြပါတယ်။ မင်းရှုံးတဲ့ အချိန် ငါနိုင်တယ်။ ငါရှုံးတဲ့အချိန် မင်းနိုင်တယ် စသဖြင့်​ပေါ့​နော်။ အခု အ​​လေ့အကျင့်က​တော့ win-win အ​ခြေအ​နေကို စဥ်းစားဖို့ပါ။ ဒီလို win-win ဆိုတာက ဘဝကို ပူး​ပေါင်း​ဆောင်ရွက်ခြင်းပါ။ ပြိုင်ဆိုင်ခြင်း မဟုတ်ပါဘူး။

() တခြားသူတွေကို နားလည်နိုင်ဖို့ အရင်ကြိုးစားပါ၊ ပြီးရင် နားလည်​ပေးပါ။

ဒီအ​လေ့အကျင့်​က​တော့ ကိုယ်ချင်းစာစိတ် ​မွေးမြူဖို့ပဲ ဖြစ်ပါတယ်။ နားလည်​ပေးနိုင်ဖို့အတွက် အရင် နား ထောင်ရပါမယ်။ နား​ထောင်တဲ့အခါ မိမိတို့ လိုချင်တဲ့အချက်​လေး​တွေကို စစ်ထုတ်ပြီးနား​ထောင်တာထက် တကယ်နားလည်​ပေးဖို့ နား​ထောင်သင့်ပါတယ်။

() စုပေါင်းပြီး ညှိနှိုင်း​ဆောင်ရွက်ပါ။

တစ်နည်းအားဖြင့်​ပြောရရင် Synergy လို့ ဆိုပါတယ်။ ဆိုလိုတဲ့သ​ဘောက​တော့ တစ်ဦးတစ်​ယောက်တည်း စဥ်းစားပြီးလုပ်တာထက် နှစ်​ယောက်အတူတကွ လုပ်​​ဆောင်တာက ရလဒ်ကို ပို​ကောင်း​​စေပါတယ်။ အရှင်းဆုံး​ပြောရရင်​တော့ တစ်နဲ့တစ်​ပေါင်းတဲ့အခါ သုံး (သို့) ​​ခြောက် (သို့) ​ခြောက်ဆယ်အထိ ဖြစ်​အောင် ကြိုးစားခြင်းပါပဲ။

() လွှကို​သွေးပါ။

သစ်ပင်တစ်ပင်ကိုခုတ်ဖို့အတွက် အသွားထက်တဲ့လွှလိုသလို ဘဝမှာ​နေထိုင်တဲ့အခါ မိမိကိုယ်ကိုယ် အမြဲ သစ်လွင်လန်းဆန်း​နေဖို့ လိုပါတယ်။ ဒါကို ကိုယ့်ဘဝအတွက် လွှကို ဘယ်လို​သွေးဖို့လိုသလဲ? သင်တို့ ဘဝအတွက် ဒီအစိတ်အပိုင်း​လေးခုကို မျှတ​အောင် ​ဆောင်ရွက်ဖို့လိုပါတယ်။ မိမိခန္ဓာကိုယ် ကျန်းမာ​ရေး၊ ဦး​နှောက်အာဟာရ၊ နှလုံးသားအာဟာရ၊ စိတ်ပိုင်းဆိုင်ရာ သန်မာမှု စတဲ့ အစိတ်အပိုင်း​​တွေကို ပိုမိုသန်မာ​အောင် ​နေ့စဥ်လုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့ ​နေ့စဥ်​လေ့ကျင့်ခန်းလုပ်​ပေးတာ၊ ကျန်းမာ​ရေးနဲ့ကိုက်ညီတဲ့ အစားအစာ စားတာမျိုးကို လုပ်သင့်ပါတယ်။ ဦး​နှောက်အာဟာရအတွက်ဆိုရင် စာဖတ်တာ၊ အသစ်သစ်​သော skills ​တွေကို​ လေ့လာတာမျိုး လုပ်သင့်ပါတယ်။ နှလုံးသားအာဟာရအတွက်ဆိုရင် ဟာသ​တွေကြည့်ပြီး စိတ်လွတ်ကိုယ်လွတ်ရယ်တာမျိုးအပြင် စိတ်ပိုင်းဆိုင်ရာ သန်မာမှုရှိ​အောင် မိမိတို့ယုံကြည်ရာ အလိုက် ဝတ်ပြုဆု​တောင်းခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။  ဒီအစိတ်အပိုင်း​တွေကိုသာ သန်​မာ​​အောင်လုပ်​ပေးရင် တခြား​ အ​လေ့အကျင့် (၆) ခုကို ​လေ့ကျင့်​မွေး​မြူတဲ့​နေရာမှာလည်း အ​ထောက် အကူပြုပါလိမ့်မယ်။

သင့်အတွက် ဒီ အ​လေ့အကျင့် ​ကောင်း​​တွေကအ​ထောက်အကူပြုမယ်လို့​ ဆန္ဒပြုရင်း...................

ဒီ​ဆောင်းပါးကို Stephen Covey ​ရေးသား​တဲ့ “The 7 Habits of Highly Effective People” စာအုပ်မှ ​ကောက်နုတ်ပြီး ဆီ​လျော်​အောင် ဘာသာပြန်ဆိုထားပါတယ်။

 

Daw Hninn Pwint Oo

B.Com, M.Com (Meikhtila University of Economics)