Checklist for IGCSE Exam

IGCSE Exam အတွက် လုပ်ဆောင်ရမယ့် Checklist တွေကို ပြောပြပေးချင်ပါတယ်။ အဲ့ဒါလေးတွေကတော့

1. NRC/ Passport/ Student ID

IDတစ်ခုခုပြမှ ၀င်ဖြေလို့ရမှာ ဖြစ်တဲ့အတွက်ကြောင့် လုံး၀ (လုံး၀) မေ့လို့မရပါဘူး။ ပစ္စည်းတွေစထည့်တဲ့အချိန်မှာရော၊ အိမ်ကမထွက်ခင်အချိန်မှာရော ပါ၊မပါ သေချာလေးစစ်ပြီးမှသွားပါ။ NRC/ Passport မရှိတဲ့သူတွေအတွက်ကတော့ ကိုယ်ရဲ့မျက်နှာပုံ, personal information  အနည်းငယ် (Name, DOB, ect.) ပါတဲ့ ကတ်ကိုပြနိုင်ရင် လက်ခံတယ်လို့ပြောပါတယ်။

2. Statement of Entry

ဒါကတော့ exam feeသွင်းပြီးရင် BC ဘက်ကနေ ပို့ပေးတဲ့ file လေးပါ။ personal info တွေနဲ့ ကိုယ့်ရဲ့ candidate number, ဖြေရမယ့် subjects, timetable စတာတွေအကုန်ပါတာကြောင့်မလို့ exam roomထဲမှာ သေချာစစ်တဲ့ documentပါ။ printoutလုပ်သွားဖို့ မမေ့ပါနဲ့နော်!

3. Stationeries

• Pens (dark blue or black)

For Edexcel, only black pens can be used!

• Pencil

• Scientific Calculator

• Geometry set (compass, protractor,...)

• Ruler

• Eraser

⬇️ Caution

• answer sheetတွေကို scan ဖတ်ပြီး စစ်တာဖြစ်တဲ့အတွက်ကြောင့် သုံးတဲ့မှင်အရောင်ဖျော့မနေဖို့လိုပါတယ်။ scanဖတ်တဲ့အခါမှာ ကိုယ့်မှင်ရောင်ကမထင်ရင် disqualify ဖြစ်နိုင်တာကြောင့် black pen နဲ့ဖြေဖို့ ပို recommend ပါတယ်။

• Calculator ကိုသေချာစစ်သွားပါ။ function တွေ အကုန် အဆင်ပြေ၊မပြေ၊ နှိပ်လို့ရ၊မရ သေချာလေး စစ်သွားပါ။

တကယ်လို့ exam room ထဲရောက်မှ တစ်ခုခုဖြစ်လာခဲ့တယ်ဆိုရင်‌လည်း panic မဖြစ်ပါနဲ့။ Invigilator တွေကိုပြောလိုက်ရင် ငှားပေးတာမျိုး လုပ်ပေးတဲ့အတွက်ကြောင့် စိတ်အေးအေးနဲ့ ဂရုတစိုက်ဆက်ဖြေပါ။

•Calculator ယူရမယ့်ဘာသာတွေဆိုရင် အဖုံးချွတ်သွားဖို့ လိုပါတယ်။ ဒါကတော့ exam room ထဲမ၀င်ခင်လည်း စစ်တာကြောင့်မလို့ အများကြီးစိတ်ပူစရာမလိုပါဘူး။

4. Other necessities

• Exam roomထဲမှာ တစ်ခါတလေ အေးတဲ့အတွက်ကြောင့် အပေါ်ထပ်အပါးလေးဖြစ်ဖြစ် ဆောင်သွားသင့်ပါတယ်။

• ရေဘူး၊ ချိုချဉ်ယူသွားလို့ရပါတယ်။ ရေဘူးယူမယ်ဆိုရင်တော့ transparent (သို့) label ခွာပြီးယူသွားဖို့တော့ လိုပါတယ်။

5. Things we can't bring into the exam room

• Electronic Devices

• Watch- digital ဖြစ်ဖြစ် analogue ဖြစ်ဖြစ် လုံး၀ယူလို့မရပါဘူး။ ဖြေနေတုန်း အချိန်ကြည့်ဖို့ကတော့ exam roomထဲမှာ နာရီတွေ ပြပေးထားတာမလို့ don't worry about that!

• Tissue or any unauthorised items

တစ်ခုခုမှားပြီးပါသွားခဲ့တယ်ဆိုရင် invigilator တွေကို အပ်ထားလို့ရတာမလို့ စိတ်မပူပါနဲ့။

တစ်ခုသတိထားရမှာကတော့ exam room ထဲမှာ နောက်ဆုံး hand out လုပ်ဖို့ chance ပေးတဲ့အချိန် အပ်လိုက်ဖို့ပါ။ Exam စပြီဆိုတာနဲ့ အပေါ်ကပစ္စည်းတွေတွေ့ခဲ့မယ်ဆိုရင် report တင်ခံရနိုင်ပါတယ်။

That's all for now~ Good luck with your exams!!

Yadi Pyae Sone Oo @Jewel

IGCSE Batch 1