လုပ်ငန်းခွင်မှာ Knowledge Transfer လုပ်ခြင်းက ဘာကြောင့်အရေးကြီးတာလဲ?

လုပ်ငန်းခွင်မှာ အဖွဲ့အစည်းဆိုင်ရာ အသိပညာနဲ့ သတင်းအချက်အလက်များ စုဆောင်းထိန်းသိမ်းခြင်းက လုပ်ငန်းခွင်အတွင်း အကောင်းဆုံး ညှိနှိုင်းမှုစနစ်ကို ဖော်ဆောင်ခြင်းပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အဓိကအရေးပါတဲ့ အဖွဲ့ဝင်တစ်ဦးက အလုပ်မှထွက်ခွာသွားတဲ့အခါမှာ သူတို့ရဲ့ အရေးကြီးတဲ့ Knowledge များကို သူတို့နဲ့အတူ မယူသွားမိစေဖို့ အရေးကြီးပါတယ်။ အဲ့ဒီအချက်အလက်ကို အခြေပြုယူပြီး သင့်အဖွဲ့အစည်းမှာ Knowledge Transfer စနစ်တစ်ခုကို လုပ်ဆောင်သင့်ပါတယ်။ ဒီဆောင်းပါးမှာ Knowledge Transfer စနစ်ရဲ့ အကျိုးကျေးဇူးများကို ဆွေးနွေးမှာပဲ ဖြစ်ပါတယ်။

၁။ Knowledge Transfer ဆိုတာဘာလဲ။

Knowledge Transfer ဆိုတာက အဖွဲ့အစည်းတစ်ခုအတွင်း အသိအမှတ်ပြုခြင်း၊ မှတ်တမ်းတင်ခြင်းနဲ့ ဖြန့်ဝေခြင်း စတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ Knowledge Transfer ဆိုတဲ့ဝေါဟာရမှာ လူတစ်ဦးချင်းအကြား၊ ဌာနများအကြား (ဒါမှမဟုတ်) အဖွဲ့အစည်းတစ်ခုလုံးအတွင်း သတင်းအချက်အလက်မျှဝေခြင်းလည်း ပါဝင်ပါတယ်။ Knowledge and Information များကို သီးသန့်ထိန်းသိမ်းထားတဲ့ အရင်းအမြစ်နေရာမှ တိုက်ရိုက်ယူသုံးလို့ ရနိုင်ခြင်း (ဒါမှမဟုတ်) Upload လုပ်လို့ရနိုင်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ရပါမယ်။ Knowledge Transfer မှာ ပါဝင်တဲ့အချက်အလက်များက Internal အဖွဲ့အစည်းအတွင်းမှ ထုတ်ပေးခြင်း (ဒါမှမဟုတ်) အဖွဲ့အစည်းပြင်ပမှ သယ်ဆောင်လာခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။

၂။ လုပ်ငန်းခွင်မှာ အသိပညာလွှဲပြောင်းမှုက ဘာကြောင့်အရေးကြီးတာလဲ။

ဝန်ထမ်းတွေ အ၀င်အထွက်ရှိနေပေမယ့်လည်း သင့်အဖွဲ့အစည်းအတွင်း Knowledge and Information ကို ထိန်းသိမ်းထား နိုင်စေဖို့အတွက် အသိပညာလွှဲပြောင်းခြင်းစနစ်က မရှိမဖြစ်လိုအပ်ပါတယ်။ ကောင်းမွန်ပြီး စနစ်ကျတဲ့ အသိပညာ လွှဲပြောင်းမှုစနစ်က ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အတွေ့အကြုံ၊ Knowledge ကို အဖွဲ့အစည်းရဲ့ အတွေ့အကြုံနဲ့ Knowledge အဖြစ် ပြောင်းလဲယူလာနိုင်စေပါတယ်။ ဒီနည်းလမ်းဖြင့် တစ်စုံတစ်ယောက်က အဖွဲ့ထဲသို့ ဝင်တဲ့အခါတိုင်း (ဒါမှမဟုတ်) ထွက်တဲ့အခါတိုင်းမှာ သူတို့ဟာ သိရှိထားရမယ့် လုပ်ငန်းစဉ်၊ အသိပညာများကို အချိန်ကုန်လူပင်ပန်းခံပြီး ပြန်လည်ရှာဖွေဖို့ မလိုအပ်တော့ပါဘူး။ မိမိတို့လုပ်ငန်းမှာ လုပ်ဆောင်ထားတဲ့ Knowledge Transfer စနစ်ဟာ အရေးကြီးတဲ့ အချက် အလက်များကို ဝန်ထမ်းတိုင်းထံမှ စုဆောင်းပြီး လိုအပ်သလို လွှဲပြောင်းပေးလို့ရနိုင်ကြောင်း သေချာဖို့ လိုအပ်ပါတယ်။

၃။ ပြီးမြောက်ခဲ့တဲ့ Project များမှ ရရှိလာတဲ့ အသိပညာများကို ထိန်းသိမ်းပါ။

ပြီးမြောက်ခဲ့တဲ့ Project တစ်ခုမှ စိတ်ကူးပုံဖော်ခြင်း၊ ရေးဆွဲခြင်းနဲ့ အကောင်အထည်ဖော်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းကနေ အနာဂတ် Project များကို အရှိန်မြှင့်စေဖို့ ကူညီပေးနိုင်တဲ့ သင်ခန်းစာများကို ရရှိနိုင်ပါတယ်။

၄။ ပြီးခဲ့တဲ့သင်ခန်းစာများမှ သင်ယူအသုံးချပါ။

ပြီးခဲ့ပြီးတဲ့ သင်ခန်းစာများမှ သင့်ကို အသိပညာစုဆောင်းရာမှာ ကူညီပေးတဲ့အပြင် Knowledge Transfer Plan တွေက နောက် Project များလုပ်ဆောင်ရတဲ့အခါမှာ လိုအပ်တဲ့ Knowledge and Information အတွက်လည်း ကူညီပေးနိုင်ပါတယ်။

၅။ ဝန်ထမ်းအသစ်များကို လေ့ကျင့်သင်ကြားခြင်းဖြင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပါ။

ဝန်ထမ်းသစ်တစ်ဦးကို အဖွဲ့အစည်းနဲ့ လက်ရှိဝန်ထမ်းများမှ စုပေါင်းပြီး Knowledge and Information ပေးမှသာ အဖွဲ့အစည်းအတွက် အကျိုးခံစားရနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဖြင့် သူတို့ဟာ Team နဲ့ မြန်ဆန်ချောမွေ့စွာ ပေါင်းစပ်နိုင်မှာပဲ ဖြစ်ပါတယ်။

၆။ ဝန်ထမ်းတစ်ဦးကို ဌာနအသစ် (ဒါမှမဟုတ်) ရာထူးတစ်ခုသို့ အမြန်လွှဲပြောင်းပေးခြင်း။

ခန့်အပ်မှုအသစ် (ဒါမှမဟုတ်) ရာထူးတစ်ခုမှ တခြားတစ်ခုသို့ ပြောင်းလာတဲ့ ဝန်ထမ်းတစ်ဦးက ထိန်းသိမ်းထားတဲ့ Knowledge and Information ကို ရယူအသုံးချပြီး မိမိရဲ့တာဝန်သစ်များကို လွယ်ကူလျင်မြန်ဆန်စွာ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ အစားထိုးခန့်အပ်မှုကြောင့် လိုအပ်လာတဲ့ Knowledge and Information များကို ရရှိဖို့အတွက် Knowledge Transfer စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။

၇။ အဖွဲ့အစည်းဆိုင်ရာ အသိပညာများကို တစ်စုတစ်စည်းတည်းထားပါ။

Knowledge Transfer စနစ်ဟာ သူတို့ရဲ့အဖွဲ့အစည်းဆိုင်ရာ Knowledge and Information ကို ဘုံတည်နေရာ တစ်ခုတည်းမှာထားရှိဖို့အတွက် ကူညီပေးပါတယ်။ အဲ့ဒီစနစ်ကိုသာ မလုပ်ဆောင်ထားခဲ့ရင် ပြန့်ကျဲနေတဲ့ သတင်း အချက်အလက်များကို စုစည်းဖို့အတွက် ခက်ခဲလာနိုင်ပြီး Information များဟာ အပြီးတိုင်ဆုံးရှုံးသွားရနိုင်ခြေ များနိုင်ပါတယ်။

၈။ အဖွဲ့အစည်းဆိုင်ရာ သင်ကြားမှု/သင်ယူမှု Culture ကို မြှင့်တင်ပါ။

အသိပညာ လွှဲပြောင်းမှုစနစ်ရဲ့ Knowledge and Information ကို ဝန်ထမ်းအားလုံး အသုံးပြုနိုင်ရုံသာမက ထိန်းသိမ်းထားတဲ့ Knowledge များက ဝန်ထမ်းတိုင်းအတွက် အလုပ်ခွင်နဲ့ လိုက်လျောညီထွေ ပိုပြီးဖြစ်စေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

Knowledge Transfer အစီအစဉ်ကို ဘယ်လိုတွေ ရေးဆွဲကြမလဲ။

၁။ မရှိမဖြစ်လိုအပ်တဲ့ Knowledge ရှိတဲ့သူများကို ခွဲခြားသတ်မှတ်ပါ။

၂။ အရေးကြီးတဲ့ Knowledge များကို အမိအရ ဖမ်းယူဖို့ကြိုးစားပါ။

၃။ Knowledge ကို သိမ်းဆည်းပြီး ဖြန့်ဝေမှုပြုလုပ်ပါ။

၄။ သိမ်းဆည်းထားတဲ့ Knowledge များကို အသုံးပြုပါ။

၅။ Knowledge များကို ဖန်တီးပြီး စုဆောင်းမှု ပြုလုပ်ပါ။

Indeed.com/career-advice website မှ Why Knowledge Transfer Is Important at Work ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းပဲ ဖြစ်ပါတယ်။

Daw Zin Lin Htet

BE (Civil-MGTU),

M.Sc (Construction Project Mgt), Heriot-Watt University