" ပညာရေးနဲ့ ကျင့်ဝတ်များ- ပညာရေးဆိုင်ရာ ဖြောင့်မတ်ခြင်းကို မြှင့်တင်ဖို့ မဟာဗျူဟာများ "

ပညာရေးဆိုင်ရာ ဖြောင့်မတ်ခြင်း (Academic Integrity) ကိုဘယ်လိုမြှင့်တင်မလဲ။

ပညာရေးဆိုင်ရာ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့အတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားများနဲ့ မိဘများဟာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။အထောက်အကူဖြစ်စေတဲ့ သင်ယူမှုပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ အချိန်လိုအပ်ပါတယ်။

မျှဝေခြင်းကို ထူထောင်ခြင်းနဲ့ မျှော်မှန်းချက်များကို ရှင်းလင်းစွာတင်ပြခြင်းဟာ ဦးစားပေးဖြစ်သင့်ပါတယ်။ဆရာများဟာ သင်ရိုးညွှန်းတမ်းကို ပျော်ရွှင်ဖွယ်ရာများနဲ့အတူ သင်ကြားမှုကို အမြင့်ဆုံးနဲ့ ဖိအားအနည်းဖြစ်စေဖို့ ဒီဇိုင်းဆွဲရပါမယ်။

 

"ကျောင်းသားများရဲ့ စာတမ်းများမှာ Plagiarism ကို ရှောင်ရှားဖို့အတွက် နည်းလမ်းများ"

သင်ကြားရေးဆရာများဟာ သူတို့ရဲ့ ကျောင်းသားများကို ကိုယ်ပိုင်မူရင်းအကြောင်းအရာ ရေးသားဖို့ တိုက်တွန်း သင့်ပါတယ်။ ကျောင်းသားတိုင်းမှာ သူတို့ရဲ့ အရေးအသားပုံစံနဲ့ တွေးခေါ်နိုင်စွမ်းရှိပါတယ်။ ကျောင်းသားများဟာ အဆင်သင့်လုပ်ထားတဲ့ အရင်းမြစ်များမှ ခိုးယူပါက၊ အင်တာနက်ပေါ်မှာ ရနိုင်တဲ့ Site များနဲ့ ကိုးကားချက် အရေအတွက်ဟာ အကန့်အသတ်ရှိတာကြောင့် သူတို့ရဲ့ အဖြေများဟာ ဆင်တူနိုင်ပါတယ်။ ကျောင်းသားများဟာ ဂျာနယ်ဆောင်းပါးတစ်ပုဒ်ရေးဖို့ အွန်လိုင်းပေါ်မှာ ခိုးကူးမှုစစ်ဆေးခြင်း (online plagiarism checker) ကို အသုံးပြုရပါမယ်။ ဒီ Tools များဟာ စာရေးခြင်းအလုပ်ကို လွယ်ကူစေတယ်။

ခိုးကူးမှုဆန့်ကျင်ရေးနည်းပညာများအကူအညီနဲ့ သီးခြားဆောင်းပါးတစ်ပုဒ်ကို ဖန်တီးနိုင်ပါတယ်။ သို့ပေမဲ့၊ ကျောင်းသားများဟာ သက်ဆိုင်ရာနေရာများမှာ ကိုးကားချက်များကို အသုံးပြုခြင်းဖြင့် သူတို့ရဲ့ အရေးအသားကို ကြွယ်ဝစေနိုင်ပါတယ်။ အရင်းအမြစ်များကို ဘယ်လိုကိုးကားရမယ်ကို သိဖို့အရေးကြီးပြီး အဲ့ဒီအတွက် ကိုးကားမှုပုံစံများကို ကြည့်ရှုပြီး စာရေးသူပါ၀င်ဖို့ လိုအပ်ပါတယ်။

"ခိုးယူခြင်းမှ ရှောင်ကြဉ်ဖို့ နည်းလမ်းတချို့"

ကိုးကားချက် (Citation) အပြင် ကျောင်းသားများဟာ စကားရပ်များ (Paraphrasing) နဲ့ အကိုးအကား (Reference) များကို အသုံးပြုနိုင်ပါတယ်။ ဒါထက် ခိုးကူးခြင်းကို ရှောင်ရှားဖို့ စံပြနည်းလမ်းမှာ တစ်စုံတစ်ဦးရဲ့ပုံစံနဲ့ ရေးသားခြင်းဖြစ်ပါတယ်။ ကိုးကားထားတဲ့ အကြောင်းအရာများအတွက် ရည်ညွှန်းချက်ဟာ မဖြစ်မနေလိုအပ်ပါတယ်။ ခိုးယူမှုဆိုင်ရာ တရားဥပဒေစွဲချက်များမှ ကင်းလွတ်ခွင့်များဟာ သင့်လျော်တဲ့ အကိုးအကားများ၊ အကြောင်းအရာဇယား၊ အသိအမှတ်ပြုမှုများနဲ့ အတ္ထုပ္ပတ္တိများ ဖြစ်ပါတယ်။ ကျောင်းသားများဟာ သူတို့ရဲ့ အရေးအသားများမှာ ဒီအရာအားလုံးကို ထည့်သွင်းဖို့ သတိထားသင့်ပါတယ်။

ဖြောင့်မတ်ခြင်း မြှင့်တင်ဖို့ ပညာရှင်တို့ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

ပညာရေးမှာ ဖြောင့်မတ်ခြင်း မြှင့်တင်ဖို့ အရေးကြီးပါတယ်။ ပညာရှင်များဟာ သီးခြားနည်းလမ်းများကို လိုက်နာခြင်းဖြင့် ခိုးယူမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။

• ဆရာများဟာ ပညာရေးဆိုင်ရာ ကျင့်ဝတ်မူများနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်များကို ကျောင်းသားများကို ရှင်းပြရပါမယ်။

• ပညာရှင်များဟာ assignment ခေါင်းစဉ်များကို သေသေချာချာရွေးချယ်ရပါမယ်။ ကျောင်းသားများဟာ သူတို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှု၊ ယုတ္တိတန်တဲ့စွမ်းရည်နဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်မှုတို့ကို အသုံးချပြီး ခေါင်းစဉ်များကို သီးသန့်ဖြစ်စေသင့်ပါတယ်။

• သင်ယူခြင်းဟာ စိတ်လှုပ်ရှားစရာကောင်းပြီး ငြီးငွေ့မှုမဖြစ်သင့်ပါ။

• ဆရာများဟာ သူတို့ရဲ့ ကျောင်းသားများကို အချိန်စီမံခန့်ခွဲမှု သင်ကြားပေးရပါမယ်။

• ကျောင်းသားတော်တော်များများဟာ စာရေးရမှာ ကြောက်တတ်ကြပါတယ်။ အတန်းထဲမှာ ပုံမှန်လေ့ကျင့်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။

• ပညာရှင်များဟာ ကိုးကားချက်များ၊ ဂုဏ်ရည်များနဲ့ အကိုးအကားများကို သင်ကြားရမှာ ဖြစ်ပါတယ်။

• Meta-learning ဟာ ကျောင်းသားများ သင်ယူခဲ့ရာများကို အကျဉ်းချုပ်ဖော်ပြဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

• အားလုံးထဲမှာ အရေးကြီးဆုံးကတော့ ခိုးကူးမှုကို ဘယ်လိုရှာဖွေရမလဲဆိုတာ သိဖို့ပဲဖြစ်ပါတယ်။ Artificial Intelligence နဲ့ Machine Learning ထွန်းကားလာတာနဲ့အမျှ ဒါဟာ ဘယ်အကြောင်းအရာမှမဆို ခိုးကူးခြင်းကို ရှာဖွေတွေ့ရှိဖို့ ပိုမိုလွယ်ကူလာပါတယ်။ Copyleaks ကဲ့သို့ ခိုးကူးမှု စစ်ဆေးခြင်း Tool များဟာ ခိုးယူထားတဲ့ အပိုင်းများရဲ့ ရာခိုင်နှုန်းကို ပြသပါတယ်။ ခိုးကူးမှုရဲ့ အရင်းအမြစ်များကိုလည်း ပြပေးပါတယ်။ ကျောင်းသားဟာ ဒီအကြောင်းကိုသိတာနဲ့ သူ့ရဲ့ခိုးယူထားတဲ့အပိုင်းကို တည်းဖြတ်နိုင်ပြီး သူ့ရဲ့အကြောင်းအရာကို သီးခြားဖြစ်အောင် ပြုလုပ်နိုင်ပါတယ်၊ ဒါဟာ သူ့အတွက် ရမှတ်ကောင်းကောင်းများကို ရယူနိုင်မှာ ဖြစ်ပါတယ်။

• ခိုးကူးဝါဒကို ရင်ဆိုင်ခြင်းဟာ ခိုးကူးမှုကို ရှောင်ရှားဖို့ တခြားနည်းလမ်းဖြစ်ပါတယ်။ ကျောင်းသားများဟာ သူတို့ရဲ့အကြီးတန်းမှ မိတ်ဆွေများ၊ လမ်းညွှန်ဆရာများ ဒါမှမဟုတ် သုတေသနလမ်းညွှန်များထံမှ သင့်လျော်တဲ့ လုပ်ဆောင်ချက်များကို သင်ယူနိုင်ပါတယ်။

• လိမ်လည်လှည့်ဖြားမှုရှိပါက ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ခံရပါမယ်။

• ရိုးသားတဲ့ စိတ်သဘောထားကို မြှင့်တင်ခြင်းဟာ ပညာရေးဖြောင့်မတ်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

• အကဲဖြတ်ခြင်း လုပ်ငန်းစဉ်မှာ ပါမောက္ခများ ပူးပေါင်းဆောင်ရွက်ရပါမယ်။

• ဆရာမများဟာ စာမေးပွဲမဖြေမီ ကျောင်းသားများကို ပြတ်သားတဲ့ အယူအဆနဲ့ သင်ကြားရေးပစ္စည်းများကို ကောင်းမွန်စွာ အသုံပြုနိုင်စေရန် ကူညီဖို့ မပျက်ကွက်သင့်ပါဘူး။

• စာမေးပွဲ အခန်းစောင့်များဟာ ကျောင်းသားတစ်ဦးမှ ခိုးယူဖို့အခွင့်အရေးမရရှိစေရေးအတွက် သူတို့ရဲ့ တာဝန်များကို ဂရုတစိုက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

• အပြုသဘောဆောင်တဲ့ သင်ယူမှုပတ်ဝန်းကျင်ဟာ ပညာရေးဆိုင်ရာ ခိုင်မာမှုကို တည်ဆောက်ဖို့နဲ့ ကျောင်းသားများကို ကျင့်ဝတ်သိက္ခာရှိရှိ ပြုမူဖို့အတွက် အားပေးကူညီနိုင်ခြင်းပဲ ဖြစ်ပါတယ်။

 

July 22, 2021 Copyleaks.com website မှာ ဖော်ပြခဲ့တဲ့ Education & Ethics: Strategies to Promote Academic Integrity ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားပါတယ်။

 

https://copyleaks.com/.../education-ethics-strategies-to...

 

Dr. Thel Seint Aye

B.C.Sc, CU (MDY)

B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY)

Ph.D (IT), (U.C.S.M)