" AI ရဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအပေါ် သက်ရောက်မှုနဲ့ လူသားများအပေါ် အကျိုးပြုမှု"

ကုန်ထုတ်စွမ်းအားကို တိုးမြင့်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို မြှင့်တင်ပေးနိုင်တဲ့ နည်းပညာတော်လှန်ရေးရဲ့ အစွန်းတစ်ဖက်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ AI က အလုပ်အကိုင်များကို အစားထိုးနိုင်ပြီး မညီမျှမှုများကို ဖြစ်စေပါတယ်။ AI ရဲ့ လျင်မြန်စွာ တိုးတက်မှုဟာ ကမ္ဘာကြီးကို အံအားသင့်စေခဲ့ပြီး စိတ်လှုပ်ရှားမှုနဲ့ စိတ်ပူပန်မှု နှစ်ခုစလုံးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ လတ်တလော အနေအထားမှာ အဖြစ်အသင့်ဆုံးအရာက လူသားများအကျိုးအတွက် AI ရဲ့ ကြီးမားတဲ့ အလားအလာကို ဘေးကင်းစွာ အသုံးချနိုင်ဖို့အတွက် မူဝါဒများချမှတ်ရန် လိုအပ်ပါမယ်။

"လုပ်ငန်းသဘောသဘာဝကိုပြန်လည်ပုံဖော်ခြင်း"

လေ့လာဆန်းစစ်မှုတစ်ခုမှာ IMF ဝန်ထမ်းများဟာ ကမ္ဘာ့အလုပ်သမားဈေးကွက်အပေါ် AI ရဲ့ အလားအလာကို လေ့လာခဲ့ကြပါတယ်။ လေ့လာတွေ့ရှိမှုများမှာ (၁) AI က လူသားရဲ့လုပ်ဆောင်မှုကို ဖြည့်စွက်နိုင်ဖွယ်ရှိခြင်း (complement) နဲ့ (၂) AI ဖြင့် အလုပ်များ အစားထိုးခံရနိုင်ခြေ (replacement) များကို ခန့်မှန်းတွေ့ရှိထားပါတယ်။ တွေ့ရှိချက်မှာ အံ့အားသင့်ဖွယ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်များရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးက AI နဲ့ ထိတွေ့လျက်ရှိပါတယ်။ အလိုအလျောက်စနစ် (Automation) နဲ့ သတင်းအချက်အလက် နည်းပညာ (IT) များဟာ သမားရိုးကျလုပ်ငန်းများအပေါ် အကျိုးသက်ရောက်လေ့ရှိပေမယ့်လည်း AI ရဲ့ထူးခြားစေတဲ့အချက်မှာ ကျွမ်းကျင်မှု လိုတဲ့အလုပ် (High-Skilled Jobs) များမှာ အသုံးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ခေတ်ရှေ့ပြေးတဲ့ စီးပွားရေးလုပ်ငန်းများဟာ AI ရဲ့ လွှမ်းမိုးမှု အန္တရာယ်များနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တစ်ဖက်မှာလည်း စတင်ခါစဈေးကွက်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများကြောင့် AI ရဲ့ အခန်းကဏ္ဍ ပိုမိုမြင့်မားလာစေပါတယ်။

ခေတ်ရှေ့ပြေးတဲ့စီးပွားရေးလုပ်ငန်းများရဲ့ အလုပ်အကိုင် ၆၀ ရာခိုင်နှုန်းခန့်က AI ကြောင့် ထိခိုက်နိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့် တွေ့ရှိထားတဲ့ အချက်အလက်များအရ အလုပ်အကိုင်များရဲ့ ထက်ဝက်ခန့်ဟာ AI ပေါင်းစပ်မှုမှ အကျိုးဖြစ်ထွန်းနိုင်ပြီး ကုန်ထုတ်စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ တခြားတစ်ဖက်မှာလည်း AI Applications များဟာ လက်ရှိအချိန်မှာ လူသားများလုပ်ဆောင်နေတဲ့ အဓိကအလုပ်များကို အစားထိုးနိုင်ပါတယ်။ ဒါ့အပြင် AI App များက လုပ်သားလိုအပ်ချက်ကိုလျှော့ချနိုင်ပြီး လစာနည်းပါးမှုနဲ့ အလုပ်အကိုင်ရှားပါးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိုးရွားဆုံးအနေနဲ့ တချို့သောအလုပ်အကိုင်များ ပျောက်ကွယ်သွားနိုင်ပါတယ်။ စတင်နေတဲ့ဈေးကွက်များနဲ့ ဝင်ငွေနည်းနိုင်ငံများမှာ AI နှင့်ထိတွေ့မှုဟာ ၄၀ ရာခိုင်နှုန်းနဲ့ ၂၆ ရာခိုင်နှုန်း အသီးသီးရှိမယ်လို့ ခန့်မှန်းရရှိပါတယ်။ ဒီတွေ့ရှိချက်များက ဖွံ့ဖြိုးဆဲနိုင်ငံများမှာ AI မှ အနှောင့်အယှက်အနည်းငယ်သာ ကြုံတွေ့ရမယ်လို့ဆိုပါတယ်။

AI က နိုင်ငံတွေမှာ ၀င်ငွေနဲ့ ချမ်းသာကြွယ်ဝမှုမျှခြေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ AI ကို အသုံးချနိုင်တဲ့ အလုပ်သမားများက သူတို့ရဲ့ အလုပ်စွမ်းအားနဲ့ လုပ်ခများ တိုးမြင့်လာနိုင်ပြီး အသုံးမချနိုင်တဲ့ အလုပ်သမားများက သူတို့ရဲ့ အလုပ်စွမ်းအားနဲ့ လစာလုပ်ခများပါ လျော့နည်းဆုံးရှုံးပါမယ်။ AI ဟာ အတွေ့အကြုံနည်းတဲ့ အလုပ်သမားများကို သူတို့ရဲ့ ကုန်ထုတ်စွမ်းအားကို ပိုမိုလျင်မြန်စွာ မြှင့်တင်ဖို့ ကူညီပေးနိုင်ကြောင်း သုတေသနများက ဖော်ပြပါတယ်။ ငယ်ရွယ်တဲ့ အလုပ်သမားများဟာ AI နဲ့ပတ်သက်တဲ့ အခွင့်အလမ်းများကို အသုံးချဖို့ ပိုမိုလွယ်ကူကြောင်း တွေ့ရှိပေမယ့်လည်း အသက်အရွယ်ကြီးတဲ့ လုပ်သားများကတော့ လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်ရနိုင်ပါတယ်။

"AI နဲ့ဝင်ငွေ"

AI ရဲ့ အလုပ်သမားများကို ဖြည့်ဆည်းပေးမယ့် အတိုင်းအတာပေါ်မှာ များစွာမူတည်ပြီး သူတို့ရဲ့ဝင်ငွေအပေါ် သက်ရောက်မှုရှိပါတယ်။ AI က ဝင်ငွေပိုများတဲ့ အလုပ်သမားများကို သိသိသာသာ ဖြည့်ဆည်းပေးမယ်ဆိုပါက သူတို့ရဲ့ ၀င်ငွေအချိုးအစား မမျှမတ တိုးပွားလာနိုင်ပါတယ်။ ဒါ့အပြင် AI ကို လက်ခံကျင့်သုံးတဲ့ ကုမ္ပဏီများမှ ကုန်ထုတ်စွမ်းအားများ တိုးမြင့်လာကာ အကျိုးအမြတ်အရင်းအနှီးများ ပြန်လည်ရရှိလာမှာပဲ ဖြစ်ပါတယ်။

"အားလုံးပါဝင်တဲ့ AIကမ္ဘာ"

AI မှ ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများမှာ မူဝါဒချမှတ်သူများ လုပ်ဆောင်ဖို့ လိုအပ်ချက်များကို မီးမောင်းထိုးပြ နေပါတယ်။ နိုင်ငံများကို မှန်ကန်တဲ့မူဝါဒများဖန်တီးရာမှာ ကူညီဖို့အတွက် IMF က AI ရဲ့ကြိုတင်ပြင်ဆင်မှုညွှန်းကိန်းကို တီထွင်ခဲ့ပါတယ်။ အညွှန်းကိန်းကို အသုံးပြုပြီး IMF ဝန်ထမ်းများဟာ နိုင်ငံပေါင်း ၁၂၅ နိုင်ငံရဲ့ အဆင်သင့်ဖြစ်မှုကို အကဲဖြတ်ခဲ့ပါတယ်။ အဆင့်မြင့်ပြီးချမ်းသာတဲ့ စီးပွားရေးများရှိသည့်နိုင်ငံများက ဝင်ငွေနည်းတဲ့ နိုင်ငံများထက် AI အသုံးပြုဖို့အတွက် ပိုမိုကောင်းမွန်စွာ အဆင်သင့်ဖြစ်နိုင်တယ်ဆိုတာကို တွေ့ရပေမယ့်လည်း နိုင်ငံများကြားမှာ ကွဲပြားမှုများစွာရှိနေပါတယ်။ ခိုင်မာတဲ့ ရလဒ်များအပေါ် အခြေခံပြီး စင်ကာပူ၊ အမေရိကန်နဲ့ ဒိန်းမတ်တို့ဟာ အညွှန်းကိန်းမှာ အမြင့်ဆုံးရမှတ်များ ရှိခဲ့ပါတယ်။ AI ခေတ်ရောက်လာတာဖြစ်တဲ့အတွက် ကျွန်ုပ်တို့တွေရဲ့ လုပ်နိုင်စွမ်းဟာ ယခင်ထက် ပိုမိုတိကျသေချာလာစေပါတယ်။

Kristalina Georgieva ရဲ့ ၂၀၂၄ မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ကောက်နှုတ်တင်ပြထားပါတယ်။

Reference: https://www.imf.org/.../ai-will-transform-the-global...

Dr. Thel Seint Aye

B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY),Ph.D (IT), (U.C.S.M)