အသေးစားစီးပွားရေးလုပ်ငန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ပြဿနာများနဲ့ဖြေရှင်းနည်းများ

လူငယ်တွေတော်တော်များများက Small Business Owner တစ်ယောက်ဖြစ်ဖို့ စိတ်ကူးရှိကြပါတယ်။ Small Business က ကိုယ်တိုင်လွတ်လပ်စွာလုပ်ကိုင်နိုင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်းနဲ့ ဖန်တီးနိုင်စွမ်း ရှိရင်ရှိသလို အောင်မြင်မှုရစေနိုင်ပါတယ်။ ဒါပေမဲ့ Small Business တွေမှာ သင့်တော်တဲ့စနစ်တွေကို လက်ရှိ စီးပွားရေးလောကမှာ အံဝင်ဂွင်ကျဖြစ်အောင်မလုပ်နိုင်ရင် ရေရှည်ရပ်တည်ဖို့ခက်ခဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Small Business Owner တွေရင်ဆိုင်ရလေ့ရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ဖြေရှင်းဖို့နည်းလမ်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

၁။ ဝန်ထမ်းခေါ်ယူစုဆောင်းခြင်း

၂၀၂၃ ခုနှစ် စစ်တမ်းကောက်ယူမှုအရ လိုအပ်တဲ့အရည်အချင်းနဲ့ကိုက်ညီတဲ့ ဝန်ထမ်းတွေကို ခေါ်ယူစုဆောင်းရေး က အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ မှာတော့ Small Business Owner တွေအနေနဲ့ ဝန်ထမ်းခေါ်ယူခန့်အပ်ရေးကို ပိုပြီးဦးစားပေးလာတဲ့အတွက် အရည်အချင်းကိုက်ညီတဲ့ ဝန်ထမ်းရှားပါးမှုကို 16% အထိ လျော့ကျသွားတယ်လို့ ဖော်ပြထားပါတယ်။ ဖြေရှင်းဖို့နည်းလမ်းအနေနဲ့ လုပ်ခလစာတိုးပြီး အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကို အချိန်ယူခန့်အပ်စုဆောင်းပါ။ ဝန်ထမ်းတွေကို appreciate လုပ်ပါ။ ဝန်ထမ်းတွေက သူတို့ကို တန်ဖိုးထားပြီး အသိအမှတ်ပြုတာကို နှစ်သက်ကြတဲ့အတွက် လုပ်ငန်း‌အပေါ်မှာ သစ္စာရှိလာပြီး productivity ကောင်းလာပါတယ်။

၂။ ငွေကြေးဖောင်းပွမှု

ငွေကြေးဖောင်းပွမှုက ၂၀၂၃ ခုနှစ် စစ်တမ်းတွေထဲမှာ Small Business Owner တွေကြုံတွေရတဲ့ ဒုတိယစိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ United States မှာ မေလ ၂၀၂၁ မှ မေလ ၂၀၂၂ ခုနှစ်အတွင်း Consumer Price Index အနေနဲ့ 8.6% မြင့်လာတာကိုတွေ့ရပါတယ်။ ငွေကြေးဖောင်းပွမှုများလာတာနဲ့အမျှ ကုန်ပစ္စည်းတန်ဖိုးတွေနဲ့ ဝန်ဆောင်မှု တန်ဖိုးတွေ အရင်ကထက် မြင့်တက်လာပြီး Small Business Owner တွေအနေနဲ့ စီးပွားပျက်ကပ်စိုက်မှာကိုပါ စိုးရိမ်ကြတာကို တွေ့ရပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် Small Business တွေအကုန်လုံးကိုမထိခိုက်ပေမယ့် တချို့လုပ်ငန်းငယ်တွေအတွက်တော့ ဆုံးရှုံးမှုတွေများပါတယ်။

ဖြေရှင်းဖို့နည်းလမ်းအနေနဲ့ Franchise လုပ်ငန်းကိုဦးစားပေးစဉ်းစားပြီး လုပ်ငန်း expense တွေကိုလျှော့ပါ။ ၂၀၂၃ ခုနှစ်မှာ လုပ်ငန်းအသစ်တွေရဲ့ 35% က Franchise စနစ်ကိုကျင့်သုံးထားပြီး ဒီစနစ်က ယနေ့ခေတ်မှာ အောင်မြင်လာတာကိုမြင်တွေ့ရပါတယ်။ ထိရောက်တဲ့ Business Model ရှိတဲ့အတွက် Small Business Owner တွေအတွက် အခက်အခဲတွေကို လျော့နည်းစေပါတယ်။ Small Business အများစုအတွက် ငွေကြေး ဖောင်းပွမှုက ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပြီး expense တွေကိုလျှော့ချခြင်းက အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ Service contracts၊ supplier costs အစရှိတာတွေကို သေချာစစ်ဆေးပြီး ဈေးအသက်သာဆုံး ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပါ။

၃။ Capital & Cash Flow နည်းခြင်း

ငွေကြေးဖောင်းပွမှုများလာတာနဲ့အမျှ လုပ်ငန်းသစ်တစ်ခု စတင်ဖို့အတွက် startup cost များလာပါတယ်။ ၂၀၂၃ ခုနှစ်မှာ လုပ်ငန်းအသစ်တွေရဲ့ 27.3% က startup cost အနေနဲ့ $250k ကနေ $500k ကြားမှာရှိနေပြီး ဒုတိယနေရာမှာတော့ 16% သောလုပ်ငန်းသစ်တွေအနေနဲ့ $500k ကနေ $1 million startup cost ရှိပါတယ်။ လုပ်ငန်းသစ်တစ်ခုစတင်ဖို့အတွက် လိုအပ်တဲ့ရင်းနှီးငွေက ယနေ့ခေတ်မှာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လို ဖြစ်လာ နေပါတယ်။ ဖြေရှင်းဖို့နည်းလမ်းအနေနဲ့ တည်ငြိမ်တဲ့ Cash Flow ရအောင် ဦးစားပေးပါ။ တည်ငြိမ်တဲ့ Cash Flow ရှိခြင်းက Small Business တွေအတွက် အရေးကြီးပါတယ်။ Client တွေကို payment စောစောပေးဖို့တိုက်တွန်းခြင်း၊ early payment discount များစီစဉ်ပေးခြင်း၊ amount များများမှာယူပါက စရံငွေတောင်းခံခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ဒီနည်းလမ်းတွေက Small Business တွေအတွက် ငွေကြေးဖောင်းပွမှုကိုပါ ထိန်းချုပ်စေနိုင်ပြီး လုပ်ငန်းကို‌ အဆင်ပြေချောမွေ့စေပါတယ်။

၄။ Supply Chain Issues

ယနေ့ခေတ်မှာ Small Business တွေအတွက် Supply Chain ပြဿနာက နံပါတ် (၄) နေရာမှာ ရပ်တည်နေပါတယ်။ The Global Supply Chain Pressure Index အရ နိုဝင်ဘာ ၂၀၀၈ ခုနှစ်ကနေစပြီး မတ်လ ၂၀၂၃ ခုနှစ်အထိ အနိမ့်ဆုံးအခြေအနေကိုရောက်ရှိခဲ့ပါတယ်။ ဒီလိုမသေချာမှုတွေကြောင့် Supply Chain Team အနေနဲ့ စိန်ခေါ်မှုများစွာ ရင်ဆိုင်ရပါတယ်။ ဖြေရှင်းဖို့နည်းလမ်းအနေနဲ့ အစုလိုက်ဝယ်ယူပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်သင့်ပါတယ်။ ကိုယ့်ရဲ့ လက်ကျန်ပစ္စည်းကိုစစ်ဆေးပါ။ လက်ကျန်ပစ္စည်းနည်းနေပါက ကြိုတင်မှာယူပါ။ အစုလိုက်ဝယ်ယူဖို့နဲ့ အစုလိုက်ဝယ်ယူပါက အပိုလက်ဆောင်ပေးဖို့ Supplier တွေနဲ့ညှိနှိုင်းပါ။ ကိုယ်သုံးနေတဲ့ပစ္စည်းမှာယူလို့ မရတော့ပါက ပြဿနာမဖြစ်အောင် အစားထိုးပစ္စည်း ကြိုတင်စီစဉ်ထားပါ။ ပစ္စည်းမှာယူပြီး အဆင်မပြေပါက ကိုယ့် Website မှာကြေညာခြင်း၊ customer တွေကို email ပို့ခြင်းဖြင့် ကြိုတင်အသိပေးထားပါ။ အချိန်နီးကပ်မှ ပစ္စည်းမရကြောင်း အသိပေးတာမျိုးကို ရှောင်ပါ။

၅။ Marketing and Advertising

ဈေးကွက်ထဲမှာ ဘယ်လိုအခြေအနေပဲရှိနေပါစေ၊ ကိုယ့်ရဲ့ Potential Customer တွေက ကိုယ့် Small Business အဆင်ပြေလားဆိုတာကို သိချင်ကြပါတယ်။ ဒီနေရာမှာ ၂၀၂၃ Small Business Trends Survey အရ Marketing and Advertising က နံပါတ် (၅) နေရာမှာ ရှိနေပါတယ်။ Survey ကောက်ယူမှုအရ Small Business Owner တွေ တော်တော်များများ startup cost ရဲ့ 28% ကို Marketing and Advertising မှာအသုံးပြုကြတာကို တွေ့ရပါတယ်။ ဖြေရှင်းဖို့နည်းလမ်းအနေနဲ့ Marketing and Advertising ကနေတစ်ဆင့် potential customer အသစ်တွေ ပေါ်လာအောင် ဖန်တီးသင့်ပါတယ်။ လုပ်ငန်းရဲ့ အသင်းအဖွဲ့တွေအနေနဲ့ ဒီအရာကို focus ထားသင့်ပြီး creativity ကောင်းအောင်လည်း ပြုလုပ်သင့်ပါတယ်။

Work from home အလုပ်တွေ၊ ဝန်ထမ်းတွေများလာတာနဲ့အမျှ Digital Marketing က ပိုမိုနေရာယူလာပြီး customer တွေကို Facebook, LinkedIn, Instagram အစရှိတဲ့ social media platform တွေကနေတစ်ဆင့် အဆက်သွယ်မပြတ်အောင် ပြုလုပ်ပေးသင့်ပါတယ်။

 

7 Common Small Business Problems and Their Solutions - Guidant (guidantfinancial.com) ဆောင်းပါးကို သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing 

B.C.Sc, (U.C.S.Y) 

B.C.Sc, (Hons) (U.C.S.Y) 

M.C.Sc, (U.C.S.Y)