အောင်မြင်မှုများရရှိဖို့ ကျွန်ုပ်တို့ရဲ့တစ်နေ့တာကို ဘယ်လိုစီမံခန့်ခွဲကြမလဲ?

အောင်မြင်မှုလမ်းကြောင်းပေါ်မှာ စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ သင့်ရဲ့တစ်နေ့တာအချိန်ဇယားမှာ အလုပ်နဲ့ပတ်သက်တာရယ်၊ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်တာရယ် ဟန်ချက်ညီအောင် ထည့်သွင်းစဉ်းစားပြီးလုပ်ဆောင်ဖို့ ပဲဖြစ်ပါတယ်။

သင့်ရဲ့အချိန်ဇယားကို စီစဉ်ခန့်ခွဲ့ခြင်းက လုပ်ငန်းခွင်တွင်း ပိုမိုတက်ကြွစွာ လုပ်ဆောင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အဲ့လိုပြုလုပ်ခြင်းက အနာဂတ်အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ပိုမိုထိရောက်တဲ့အစီအစဉ်များ ချမှတ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ယခုဆောင်းပါးမှာ သင့်ရဲ့တစ်နေ့တာကို စီမံခန့်ခွဲဖို့ ဘာကြောင့်အရေးကြီးသလဲဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သင့်ရဲ့တစ်နေ့တာကို စီစဉ်ခန့်ခွဲဖို့ ဘာကြောင့်အရေးကြီးတာလဲ?

လုပ်ငန်းခွင်မှာ အချိန်ကို အကျိုးရှိရှိလုပ်ဆောင်နိုင်စေဖို့အတွက် သင့်တစ်နေ့တာလုံးကို အာရုံစူးစိုက်ဖို့ အရေးကြီးပါတယ်။ စွမ်းရည်များ တိုးတက်ဖို့အတွက် အချိန်တစ်ခုယူရကြောင်း မှတ်သားထားဖို့လည်း ထပ်တူထပ်မျှ အရေးကြီးပါတယ်။ ဒါကြောင့် သင့်ရဲ့ကြိုးပမ်းမှုရလဒ်များကို ခံစားဖို့အချိန်အနည်းငယ်ကြာနေခဲ့ရင်လည်း စိတ်ဓာတ်မကျပါနဲ့။ အသီးအပွင့်တွေကို တိုက်ရိုက် မခံစားရသေးရင်တောင် အောက်ပါဖော်ပြထားတဲ့အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါတယ်။

  • Productivity တိုးလာစေခြင်း။
  • အချိန်စီမံခန့်ခွဲမှုကောင်းမွန်လာခြင်း။
  • စိတ်ဖိစီးမှုအဆင့်ကို လျှော့ချနိုင်လာခြင်း။
  • အာရုံစူးစိုက်မှု ပိုကောင်းလာခြင်း။

သင့်ရဲ့တစ်နေ့တာကို ဘယ်လိုစီစဉ်ကြမလဲ။

သင့်တစ်နေ့တာကို ပိုမိုထိရောက်စွာ စတင်စီစဉ်နိုင်ဖို့အတွက် အောက်ပါအဆင့်များကို လိုက်နာကျင့်သုံးဖို့လိုပါတယ်။

၁။သင့်ရဲ့တစ်နေ့တာကို အစီအစဉ်ဆွဲပါ။

သင့်ရဲ့တစ်နေ့တာမတိုင်မီ ညမှာစဉ်းစားခြင်းနဲ့ စတင်လိုက်ပါ။ အစီအစဥ်ဆွဲထားတဲ့အတိုင်း လိုက်နာခြင်းက သင့်ရဲ့ အချိန်တွေကို အရေးကြီးဆုံးအလုပ်များမှာသာ အာရုံစိုက်နေစေဖို့ အထောက်အကူပြုစေနိုင်ပါတယ်။

၂။ကိုယ်ရေးကိုယ်တာတိုးတက်မှုများအတွက် အချိန်ကိုပါ ထည့်သွင်းစဉ်းစားပါ။

လုပ်ငန်းခွင်မှာ အောင်မြင်မှုရရှိဖို့အတွက် လုပ်ဆောင်ဖို့ရပ်တန့်မနေပါနဲ့။ ဒါက သင့်ရဲ့ဘဝမှာ ပင်ကိုယ်စွမ်းရည်သာမက တခြားကျွမ်းကျင်မှုတွေကိုပါ တိုးတက်စေဖို့၊ အာရုံစူးစိုက်ဖို့ အချိန်ပေးလုပ်ဆောင်ခြင်းတွေ ပါဝင်ပါတယ်။ သင့်ရဲ့နေ့စဥ်ဘဝမှာ ဝါသနာ၊ အကျင့် စတာတွေ တိုးတက်စေဖို့အတွက် အချိန်ကိုလည်း ထည့်သွင်းစဥ်းစားရပါမယ်။ ဒီလိုစဥ်းစားခြင်းက သင့်ရဲ့ ဝါသနာအလေ့အကျင့်ကောင်းများ တိုးတက်စေခြင်းမှတစ်ဆင့် ပိုမိုအကျိုးဖြစ်ထွန်းလာစေမှုကို ဖြစ်လာနိုင်ပါတယ်။

၃။လမ်းညွှန်မှုများအတွက် Tool များကို အသုံးပြုဖို့ စဉ်းစားဆောင်ရွက်ပါ။

သင့်ရဲ့တစ်နေ့တာမှာ အချိန်ဇယားကျပ်တာတွေဖြစ်လာခဲ့ရင် အချိန်ကို သေချာစီမံခန့်ခွဲနိုင်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သင့်ကို Productivity၊ အချိန်စီမံခန့်ခွဲမှုနဲ့ နေ့စဉ်အချိန်ဇယားဆွဲခြင်းတို့လို အလေ့အထတွေကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်တဲ့ အရင်းအမြစ် များစွာရှိနေပါတယ်။ အဲ့လိုကူညီပေးနိုင်တဲ့ ကိရိယာများကို မှန်ကန်စွာအသုံးပြုခြင်းဖြင့် သင့်တစ်နေ့တာကို အကောင်းဆုံးအောင်မြင်မှုရရှိဖို့ ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာကို ရှာဖွေသိရှိ လာတဲ့အခါ အလုပ်လုပ်ရာမှာ “Work Smart” ဖြစ်ဖို့ အထောက်အကူပြုပေးပါတယ်။

သင့်ရဲ့တစ်နေ့တာကို စနစ်တကျနေဖို့ ကူညီပေးမယ့် အကြံပြုချက်အချို့

အရာရာတိုင်းကိုစီမံခန့်ခွဲပါ။

သင့်ရဲ့ဘဝမှာအလုပ်ရှုပ်နေတာတွေနဲ့ပဲ အချိန်တွေကုန်ဆုံးနေခဲ့မယ်ဆိုရင် သင့်ရဲ့အရေးကြီးတဲ့အရာတွေ လုပ်ဆောင်ဖို့ အတွက် အလွယ်တကူ ပျက်ပြယ်သွားစေမှာဖြစ်ပါတယ်။ အဲ့ဒီလိုအချိန်တွေ ကုန်ဆုံးနေမယ့်အစား သင့်ရဲ့တစ်နေ့တာ လုပ်ရိုးလုပ်စဥ် အချိန်ဇယားမှာ မိသားစုနဲ့ အရေးကြီးတဲ့အရာတွေအတွက် အချိန်သီးသန့်ထည့်သွင်း စဥ်းစားပေးဖို့ လိုပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ခြင်းဖြင့် သင့်ရဲ့အလုပ်နဲ့ဘဝဟာ ဟန်ချက်ညီလာပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ယုံကြည်ချက် ပိုမိုရရှိလာမှာဖြစ်ပါတယ်။

လက်တွေ့ကျတဲ့ ပန်းတိုင်များချမှတ်ပါ။

အလုပ်မှာရော အိမ်မှာပါ ကျွန်ုပ်တို့အတွက် ရည်မှန်းချက်တွေ ချမှတ်ထားဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ သင်သိနေပေမယ့် တစ်ခါတလေ ရေရှည်ရည်မှန်းချက်တွေ လုပ်ဆောင်တဲ့အခါမှာ ပြီးမြောက်အောင်မြင်နိုင်မယ့် အဆင့်တွေကို မြင်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ သင်ချမှတ်ထားတဲ့ ရေရှည်ရည်မှန်းချက်က လက်တွေ့မကျဘူးလို့ ခံစားလာရရင် အဲ့ဒီ ရည်မှန်းချက်ကြီးကြီးကို သင်နေ့စဉ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်လောက်တဲ့အတိုင်းအတာ အပိုင်းအစများအဖြစ် ခွဲထုတ်ကြည့်လိုက်ပါ။ သင့်ရဲ့ရေရှည်ရည်မှန်းချက်တွေကို အပိုင်းအသီးသီးနဲ့ ခွဲခြားသတ်မှတ်လိုက်တဲ့အခါမှာ အပိုင်းတစ်ပိုင်းစီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပြီး ရည်မှန်းချက်ကို ပြည့်မီလာမှာဖြစ်ပါတယ်။

Mindfulness ကို ကျင့်သုံးပါ။

Mindfulness ဆိုတာက လူတစ်ယောက်ရဲ့ အတွေးနဲ့စိတ်ခံစားချက်တွေကို စောင့်ကြည့်လေ့လာတဲ့ အပြုအမူဖြစ်ပါတယ်။ လေ့လာမှုများအရ စောင့်ကြည့်လေ့လာမှုပုံစံက တစ်ဦးချင်းစီရဲ့ အာရုံစူးစိုက်မှုကိုတိုးတက်စေနိုင်ပြီး စိတ်ဖိစီးမှုတွေကို စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေပြီး အတားအဆီးများကို ကျော်လွှားဖို့ ခံနိုင်ရည်အားကိုပါ တိုးမြင့်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ Mindfulness ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်နိုင်ပါတယ်။ ဥပမာ လမ်းလျှောက်ခြင်းကို လေ့ကျင့်တာဖြစ်ဖြစ်၊ အိမ်အလုပ်တွေလုပ်ရင်းနဲ့ အတွေးတွေကို ရှုမှတ်တာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ သင်ဟာ Mindfulness ကို လုပ်ဆောင်ခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။

အချိန်-ခြေရာခံခြင်း Software တွေသုံးပါ။

အချိန်-ခြေရာခံခြင်း software တွေက ၎င်းရဲ့အမည်နာမအတိုင်း သင်မျှော်လင့်ထားသလို အတိအကျ လုပ်ဆောင်ပေးနိုင်ပြီး- အဲ့ဒါက သင့်အချိန်တွေကို ဘယ်လိုထိထိရောက်ရောက် သုံးစွဲနေတာကို ခြေရာခံဖို့ ကူညီပေးပါတယ်။ သင့်အချိန်များရဲ့ အသုံးပြုပုံကို ခြေရာခံလိုက်တဲ့အခါမှာ သင့်အတွက် အကောင်းမွန်ဆုံးဖြစ်အောင် ချိန်ညှိနိုင်မယ့် အလေ့အကျင့်နဲ့ ပုံစံတွေကို အလွယ်တကူ သိနိုင်ပါတယ်။

အသစ်အဆန်းတစ်ခုခုကို လေ့လာပါ။

အသစ်အဆန်းတစ်ခုခုကို သင်ယူခြင်းက သင့်ဦးနှောက်ကို အားကောင်းလာစေနိုင်ပြီး အဖွဲ့အစည်းများမှာလည်း အလေ့အကျင့် ကောင်းတွေကို မွေးမြူအကောင်အထည်ဖော်ဖို့ ပိုမိုလွယ်ကူစေနိုင်ပါတယ်။ သင်ယူလေ့လာဖို့အချိန်ကို မိနစ်အနည်းငယ် ခန့်လောက် စီစဉ်ထားပါက (ဥပမာ-သတင်းအချက်အလက် ဗီဒီယိုကြည့်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်စေမယ့် ဂိမ်းတစ်ခုကစားခြင်း) သင်နေ့စဉ်အောင်မြင်ဖို့ ကြိုးစားနေချိန်မှာ ခွန်အားဖြစ်စေနိုင်ပါတယ်။

ကျန်းမာကြံ့ခိုင်မှုအတွက် အချိန်ပေးပါ။

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေက သင့်ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် အဲ့ဒီနှစ်ခုစလုံးကို သင့်ရဲ့ နေ့စဉ်ပုံမှန်အစီအစဉ်တွေအတိုင်း သေချာစီစဉ်ခန့်ခွဲပါ။ တစ်နေ့ကို မိနစ်အနည်းငယ်ခန့် လေ့ကျင့်ခန်းလုပ်ရုံနဲ့ သင့်ကို ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပြီး စိုးရိမ်သောက ဒါမှမဟုတ် စိတ်ဓာတ်ကျခြင်း စတဲ့ခံစားချက်များကို လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာကြံ့ခိုင်ရေးအတွက် အချိန်တစ်ခုပေးဖို့ခက်နေတယ်ဆိုရင် အလုပ်ခွင်မှာ လှေကားတက်တာ ဒါမှမဟုတ် အလုပ်ကိစ္စလု ပ်တဲ့အခါ သင်နဲ့အဝေးမှာ ကားပါကင်ထိုးတာမျိုးတွေကို လုပ်ဆောင်ပါ။ တကယ်လို့ သင်ဟာ ခွေးပိုင်ရှင် ဒါမှမဟုတ် ကလေးငယ်များရဲ့ မိဘဖြစ်ပါက၊ လမ်းလျှောက်ခြင်း ဒါမှမဟုတ် ပန်းခြံတွင်းကစားနေစဉ် သင်ရဲ့နေ့စဉ် လေ့ကျင့်ခန်းကို လုပ်ဆောင်ခြင်းဖြင့် အလုပ်များစွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။

Indeed.com website မှ How To Organize Your Day To Maximize Success ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

 

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt),

Heriot-Watt University