Atomic Habits: An Easy & Proven Way to Build Good Habits & Break Bad Ones

ဒီတစ်ခေါက် Knowledge sharing လုပ်ပေးချင်တာကတော့ ကျောင်းသား၊ ကျောင်းသူတိုင်း ဖတ်ကိုဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ဖြစ်တဲ့ Atomic Habits ဆိုတဲ့ စာအုပ်တစ်အုပ်အကြောင်း ပြောချင်ပါတယ်။ စာအုပ်အမည် အပြည့် အစုံကတော့ Atomic Habits: An Easy & Proven Way to Build Good Habits & Break Bad Ones ဖြစ်ပြီး Author နာမည်ကတော့ James Clear ပါ။စာအုပ်အမည်မှာပြောထားသလိုပဲ အလေ့အကျင့်တွေဆိုတာ Atom အမှုန်လေးတွေလိုပဲ သေးသေးလေးတွေစုပြီး ဖြစ်လာကြောင်းနဲ့ ကိုယ်လိုချင်တဲ့ အလေ့အကျင့်ကောင်းတွေကိုရချင်ရင် ကိုယ်နဲ့အဆင်ပြေသလို သေးသေး လေးတွေကစပြုပြင်ရင် ရနိုင်ကြောင်း သေချာလမ်းညွှန်ပေးထားတဲ့ Self-help စာအုပ်တစ်အုပ်ပါ။

ဒီမှာတော့ စာအုပ်ရဲ့ Review လိုမဟုတ်ဘဲ ဒီစာအုပ်ကပေးတဲ့ အဓိကအရေးကြီးဆုံး သင်ခန်းစာတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီစာအုပ်မှာ ထောက်ပြသွားတဲ့အရေးကြီးဆုံးအချက်တွေကတော့ -

၁။  Habit ဆိုတာဘာလဲ ?

Habit တွေဆိုတာ ကျွန်တော်တို့ နေ့စဉ်ပုံမှန်လုပ်ဖြစ်နေကြ အလုပ်တွေပါ။ Habit တစ်ခု စစလုပ်ချိန်မှာ အခက်အခဲတွေ ကြုံရနိုင်ပေမယ့် ကြာလာတဲ့အခါမှာတော့ တွေးစရာတောင်မလိုတော့ဘဲ Muscle Memory ကဖြစ်ဖြစ် ဦးနှောက်ကနေ စဉ်းစားစရာတောင်မလိုတော့တာပဲဖြစ်ဖြစ် လုပ်ဖြစ်သွားတတ်ကြပါတယ်။

၂။ ဒါဆို Good Habit တစ်ခု ဘယ်လိုလုပ်ကြမလဲ?

ဒီအချက်ကတော့ ဒီစာအုပ်ရဲ့ Key point လို့တောင် ပြောလို့ရပါတယ်။ ဒီလို Distraction တွေ အရမ်းများနေတဲ့ခေတ်ကြီးထဲ ကျွန်တော်တို့ Habit ကောင်းတစ်ခု ပျိုးထောင်ဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီစာအုပ်မှာ James Clear ပြောတဲ့အချက်တွေတိုင်း လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အဲ့လောက် မခက်တော့ပါဘူး။

ပထမဆုံးကတော့ အဲ့ Habit ကိုသိသာအောင် လုပ်ဖို့ပါ။ စာဖတ်ဝါသနာပါလာအောင် လုပ်နေတဲ့အချိန်မျိုးမှာဆိုရင် ကိုယ့်အိပ်ရာမှာဖြစ်ဖြစ်၊ ကိုယ်မြင်သာတဲ့နေရာမျိုးမှာဖြစ်ဖြစ် ဖတ်ချင်တဲ့စာအုပ်တစ်အုပ်ကို ဖတ်ဖြစ်အောင် Reminder အနေနဲ့ထားထားပါ။ အဲ့လိုသိသာတဲ့ Reminder တစ်ခုရှိမှ လုပ်ဖြစ်မှာပါ။

ဒုတိယအချက်ကတော့ Motivation လိုတာပါ။ ကိုယ်မလုပ်ချင်တဲ့ အရာတစ်ခုကို မတက်ကြွဘဲ အတင်းလုပ်ရင် အဆင်မပြေပါဘူး။ (ဥပမာ Assignment တွေလိုပေါ့)။ အဲ့တော့ ကိုယ်လုပ်ချင်ပါတယ်ဆိုတဲ့ Habit ကောင်း တစ်ခုက ကိုယ်တိုင်စိတ်ပါနေဖို့တော့ လိုပါမယ်။ အဲ့အတွက်ကတော့ ဒီ Habit ရဲ့ Benefits တွေကို Youtube ကနေကြည့်တာဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ Content creator တွေရဲ့ Motivation ကိုယူတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

တတိယကတော့ လွယ်အောင်လုပ်ဖို့ပါ။ ခက်တဲ့အရာတစ်ခုကို ဘယ်သူမှ တော်ရုံမလုပ်ချင်ကြပါဘူး။ ဒီတော့ ဒီ Habit ကို အနည်းဆုံးတော့ စစလုပ်ချင်းမှာ လွယ်ကူအောင်၊ သက်သာအောင်တော့ထားပါ။ ဥပမာ စာအုပ်တွေ ဖတ်ချင်တယ်ဆို တစ်နေ့ မိနစ်နှစ်ဆယ် နာရီဝက်လောက်ကနေ စဖတ်ကြည့်ပြီး တဖြည်းဖြည်းတိုးသွားပါ။

နောက်ဆုံးအချက်ကတော့ အဲ့ Habit လုပ်ရတဲ့အတွက် ရလာမယ့် Reward မျိုးထားပေးပါ။ ဒီအတွက်ကတော့ ကိုယ်တိုင်ဝါသနာပါတဲ့ Habit တစ်ခုလုပ်နေရရင် Intrinsic reward တွေ ရှိပြီးသားမို့ အဆင်ပြေပါတယ်။ အကောင်းဆုံးကတော့ ကိုယ်တိုးတက်လာတဲ့ Progress ကို သေချာလိုက်မှတ်ထားတာပါ။

၃။ Bad Habit ကိုရော ဘယ်လိုပြန်ဖျက်ကြမလဲ ?

ဒီဟာကိုတော့ သေချာပြန်ရေးရင် အရမ်းရှည်သွားနိုင်တာမို့ အပေါ်မှာပြောထားခဲ့တဲ့လေးချက်ကို ပြောင်းပြန် ပြန်လုပ်ပြီး ဖျက်နိုင်ပါတယ်။

i. ဝေးဝေးထားပါ။ မသိသာအောင်ထားပါ။

ii. Demotivate yourself. အဲ့ဒါလုပ်ရင် ရမယ့်ဆိုးကျိုးပဲစဥ်းစားပါ။

iii. လုပ်ရပိုခက်အောင်လုပ်ပါ။ ပိုက်ဆံကိုမစုမိဘဲ သုံးသုံးမိနေရင် အိမ်ကသူတွေဆီ အပ်ထားလိုက်ပါ။ ပြန်တောင်းရခက်တတ်ပါတယ်။

iv. Reward အစား ဖြစ်လာနိုင်တဲ့ Bad consequence တွေပဲစဥ်းစားပါ။ Demotivation နဲ့တူပါမယ်။

၄။ Effort over result

စလုပ်ဖြစ်ပြီဆိုရင် Result တွေကို ကြည့်မယ့်အစား ကိုယ်ပေးတဲ့ Effort ကိုပဲ ကြည့်သင့်ပါတယ်။ ကြာလာလေ ကိုယ့်အတွက်လွယ်ကူလာလေ ဖြစ်လာမှာမို့ပါ။ Result တွေကတော့ ကိုယ်တိုင်သတိမထားမိဘဲနဲ့တောင် ရလာ နိုင်ပါတယ်။

၅။ Motivation is overrated!

Motivation အကြောင်းပြောခဲ့ပေမယ့် ကိုယ်က Motivated ဖြစ်နေတိုင်းလည်း မရပြန်ပါဘူး။ ကိုယ်က စာအရမ်းဖတ်ချင်၊ Assignment တွေ အရမ်းရေးချင်၊ အဲ့လိုဖြစ်နေချိန်မှာ ရာသီဥတု ပူအိုက်နေတာ၊ ပတ်ဝန်းကျင်ရဲ့ ဆူညံသံတချို့ စတဲ့ အကြောင်းတစ်ခုခု ဖြစ်ပေါ်နေတာမျိုးဆိုရင်လည်း လုံးဝအဆင်မပြေပါဘူး။ ပြောချင်တာက Motivation ဘယ်လောက်ကောင်းကောင်း Environment ကမလိုက်ပေးနိုင်ရင် အလုပ်မဖြစ်ပါဘူး။ အဲ့တော့ ကိုယ်လုပ်ဖြစ်မယ့် Habit အတွက် သင့်တော်တဲ့ Environment လိုပါတယ်။ ဒီအချက်တွေကတော့ စာအုပ်မှာဖော်ပြခဲ့တဲ့ Habit ပျိုးထောင်ဖို့၊ ပြန်ဖျက်ဖို့ အရေးကြီးဆုံး အချက်တွေ ဖြစ်ပါတယ်။ ဒီ Knowledge sharing မှာ ဒီလောက်ပဲပြောပြခဲ့ပေမယ့် ကိုယ်တိုင်ဖတ်ကြည့်ရင် အများကြီး ပိုအကျိုးရှိတာမို့ ဒီစာအုပ်ကောင်းလေးကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Min Ye Yint

SFU Media Club (Undergraduate Programme)

(BBM- 28)