Patagonia ရဲ့ Circular Economy Model နဲ့ အောင်မြင်မှုများ

Patagonia က Circular Economy မော်ဒယ်ကို ခေတ်မီစွာကျင့်သုံးတဲ့ အမေရိကန်နိုင်ငံမှ နာမည်ကြီး အဝတ်အထည်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ Yvon Chouinard က တည်ထောင်ခဲ့ပြီး အားကစားဝတ်စုံတွေ နဲ့ ငါးဖမ်းခြင်း၊ တောင်တက်ခြင်း၊ ရွက်လွှင့်ခြင်း၊ စက်ဘီးစီးခြင်းစတဲ့ Outdoor activities တွေအတွက် သက်သောင့်သက်သာဖြစ်ပြီး စွမ်းဆောင်ရည်ပိုကောင်းစေတဲ့အဝတ်အထည်တွေကို အဓိက ထုတ်လုပ်ပေးလျက်ရှိတယ်။ Patagonia က သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချဖို့အတွက် အလွန်ကောင်းမွန်တဲ့ အတွေးအခေါ်တွေနဲ့ နည်းလမ်းတွေကို အသုံးပြုလျက်ရှိပါတယ်။

Patagonia ရဲ့ Circular Economy လုပ်ငန်းစဉ်များ

1. Worn Wear Program

Patagonia ရဲ့ Worn Wear Program က အသုံးပြုပြီး (Used) Patagonia အဝတ်အထည်တွေကို ပြန်လည်ရောင်းချခြင်း၊ လဲလှယ်ခြင်းနဲ့ ပြန်လည်အသုံးချခြင်းတွေကို လုပ်ဆောင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်က ဖောက်သည်တွေကို အဝတ်အထည်အသစ်တွေ ဝယ်ဖို့မလိုအပ်စေဘဲ ပိုမိုသက်သာစွာ ဝယ်ယူအသုံးပြုနိုင်စေဖို့ပါပဲ။ ဥပမာအားဖြင့် သင့်ရဲ့အဝတ်အစားအဟောင်းတွေကို Worn Wear Program ထံပြန်လည်ပေးပြီး သန့်စင်ထားတဲ့ အဝတ်အစားအသစ်များကို လိုသလောက် ဝယ်ယူနိုင်ပါတယ်။

2. Recycled Materials

Patagonia က သူ့ရဲ့ထုတ်ကုန်အများစုကို ပြန်လည်အသုံးပြုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပါတယ်။ Polyester, Cotton, Down နဲ့ Wool တို့ကို ပြန်လည်အသုံးပြုပစ္စည်းတွေနဲ့ ပြန်လည်ထုတ်လုပ်ပြီး အရည်အသွေးမြင့် အဝတ်အထည်တွေအဖြစ် ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ဥပမာအားဖြင့် Patagonia ရဲ့ Recycled Polyester Jackets တွေကို ပလတ်စတစ်ပုလင်းအဟောင်းမှ ပြန်လည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

3. Fair Trade Certified

Patagonia က Fair Trade-အသိအမှတ်ပြု ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ လက်တွဲလုပ်ကိုင်လျက်ရှိပါတယ်။ အဲ့ဒီလို မျှတတဲ့လုပ်ခလစာ၊ ဘေးကင်းတဲ့ လုပ်ငန်းခွင်အခြေအနေများ၊ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှု၊ ပွင့်လင်းမြင်သာမှု၊ ရပ်ရွာလူထုစွမ်းဆောင်နိုင်မှုနဲ့ စဉ်ဆက်မပြတ် တိုးတက်မှုအပေါ် အလေးထားတဲ့လုပ်ငန်းတွေမှ ထုတ်လုပ်ထားတဲ့အဝတ်အထည်များကို ရောင်းချခြင်းဖြင့် အလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ကောင်းမွန် စေပြီး လုပ်ငန်းခွင်ထဲမှာ သက်သောင့်သက်သာရှိစေဖို့ ကူညီပေးပါတယ်။ ဥပမာအားဖြင့် Patagonia အနေနဲ့ Fair Trade Certified ကော်ဖီလုပ်ငန်းများမှ ထုတ်လုပ်တဲ့ ကော်ဖီပစ္စည်းများကို အသုံးပြုပြီး အထည်အလိပ်များကို ပြန်လည် ထုတ်လုပ်ခြင်းက သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြုတဲ့အပြင် လူမှုစီးပွားရေးအဆင့်များမှာလည်း တိုးတက်မှုများ ဖြစ်စေပါတယ်။

4. Environmental Grants and Activism

Patagonia က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေအတွက် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ တရားဥပဒေအရ အရေးယူဆောင်ရွက်ရာတွင် လိုအပ်မည့် ကုန်ကျစရိတ်များအတွက် ငွေကြေးများ ပံ့ပိုးပေးလျက်ရှိပါတယ်။ ၁၉၈၅ ခုနှစ်ကတည်းက Patagonia က အရောင်းအမြတ်ရဲ့ ၁% ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ထည့်ဝင်ဖို့ ကတိထားရှိပြီး ယနေ့အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၀ သန်းကျော် ပံ့ပိုးပေးခဲ့ပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာရှိ သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သစ်တောထိန်းသိမ်းရေး၊ ရေတောစောင့်ရှောက်ရေး စသည့်လုပ်ငန်းတွေကို ပံ့ပိုးပေးလျက်ရှိပါတယ်။

5. Repair and Reuse

Patagonia က သူ့ရဲ့အဝတ်အထည်တွေကို အချိန်တိုအတွင်း ပြန်လည်ပြုပြင်ပေးခြင်း၊ အသုံးပြုပြီးသား အဝတ်အထည်များကို အသစ်တင်ရောင်းချခြင်းတွေကို လုပ်ဆောင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျှော့ချပြီး အဝတ်အထည်တွေရဲ့ အသုံးပြုနိုင်တဲ့သက်တမ်းတိုးစေဖို့ ကြိုးပမ်းပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့ Patagonia jacket နဲ့ shirt ကို ဝန်ဆောင်မှုကောင်တာကို သွားရောက်အပ်နှံပါက လျင်မြန်စွာ ပြုပြင်ပေးပြီး အသစ်လိုအနေအထားအဖြစ် ပြန်လည်ရရှိမှာဖြစ်ပါတယ်။

Patagonia ရဲ့ Circular Economy model နဲ့ အောင်မြင်မှုများက တခြားစီးပွားရေးလုပ်ငန်းများအတွက် စံနမူနာ ဖြစ်ပါတယ်။ Patagonia က သူ့ရဲ့ Worn Wear Program, Recycled Materials အသုံးပြုမှု, Fair Trade Certified ထုတ်လုပ်မှု၊ Environmental Grants and Activism နဲ့ Repair and Reuse အစီအစဉ်များမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်စွာ အကောင်အထည်ဖော်လျက် ရှိပါတယ်။

Patagonia ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အတွေးအခေါ်များနဲ့ လုပ်ငန်းစဉ်များက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အဓိကထားပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ တခြားစီးပွားရေးလုပ်ငန်း တွေကလည်း Patagonia ရဲ့ နည်းလမ်းများကို လေ့လာပြီး ကိုယ်ပိုင်လုပ်ငန်းများမှာ လက်ခံကျင့်သုံးသင့်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ခြင်းက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချပြီး သင့်လုပ်ငန်းအတွက်လည်း ရေရှည်တည်တံ့တဲ့ အောင်မြင်မှုများရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။

ကိုးကား

Patagonia (n.d.) Our Footprint. Available at: https://www.patagonia.com/our-footprint/ (Accessed: 25 June 2024).

Daw Thwe Thwe Aye

B.Com , M.Com (MEUE)

Meiktila University of Economics