"AI ဖြင့် သုတေသနရေးသားခြင်း အနုပညာ"
ယနေ့ခေတ်ရဲ့ နယ်ပယ်ကဏ္ဍအစုံမှာ Artificial Intelligence (AI) နည်းပညာကို တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ သုတေသီများ၊ ပညာရှင်များနဲ့ ကျောင်းသားများက သူတို့ရဲ့ အရေးအသားတွေကို ချောမွေ့စေဖို့၊ အချိန်ကုန်သက်သာဖို့နဲ့ အရည်အသွေးမြင့် ပညာရပ်ဆိုင်ရာကိစ္စများကို ပြုလုပ်နိုင်ဖို့အတွက် အထူးပြု AI Tools များဆီသို့ ချဉ်းကပ်လာ ကြပါတယ်။ ဒီ AI Tools တွေဟာ ယနေ့ သုတေသန ရေးသားခြင်းကို Research Title စဉ်းစားခြင်းမှ Publication လုပ်တဲ့အထိ များစွာအကူညီပေးနိုင်ပါတယ်။ AI Tools တွေ များစွာပေါ်လာကြတော့ လူအများစုက အရည်အသွေးမြင့်တဲ့ သုတေသနများ ရေးသားနိုင်ဖို့ မှန်ကန်ကောင်းမွန်တဲ့ ဘယ်လို AI Tools တွေကို ရွေးချယ်အသုံးပြုရမလဲ မဆုံးဖြတ်နိုင်ကြတော့ပါဘူး။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ သုတေသနအတွက် စိတ်ချစွာအသုံးပြုနိုင်တဲ့ AI Powerful Tools တွေအကြောင်း ပြောပြပေးချင်ပါတယ်။ သက်ဆိုင်ရာ Website Links များနဲ့ အသုံးပြုပုံ (YouTube Tutorial Video) တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။
1. AI-Powered Writing Assistants
Grammarly နဲ့ ProWritingAid လိုမျိုး AI စနစ်သုံး Writing Assistants တွေက Grammar, Punctuation, Style နဲ့ Readability errors များအတွက် စာသားများကို ပိုင်းခြားစိတ်ဖြာဖို့ အဆင့်မြင့် အယ်လဂိုရီသမ် (Algorithms) များကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ဝါကျပြန်လည်ဖွဲ့စည်းပုံနဲ့ ဝေါဟာရမြှင့်တင်ရေးများအတွက်လည်း အကြံပြုချက်များပေးတဲ့အတွက် ကိုယ့်ရဲ့အရေးအသားကို အမြင့်ဆုံး စံနှုန်းများနဲ့ ကိုက်ညီအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။
Website Link: Grammarly: https://www.grammarly.com/
How to use Grammarly: https://www.youtube.com/watch?v=AUejmYbxKtA...
2. Citation and Reference Generators
တိကျတဲ့ကိုးကားချက်များနဲ့ အကိုးအကားများကို ဖန်တီးခြင်းဟာ ပညာရပ်ဆိုင်ရာအရေး အသားများရဲ့ အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပေမယ့်လည်း အချိန်ကုန်ပြီး အမှားအယွင်း ဖြစ်နိုင်ပါတယ်။ အခုမှစပြီး Assignments တို့ Research papers တို့ကို ရေးရမယ့်သူတွေအတွက်တော့ ပညာရပ်ဆိုင်ရာ အရေးအသားတွေမှာ Citation နဲ့ Reference ပြုလုပ်ရခြင်းက တကယ်ခက်ခဲစေနိုင်ပါတယ်။ အခုဆိုရင် Zotero၊ Mendeley စတဲ့ AI နည်းပညာသုံး Citation and Reference Generators များက ပညာရေးဆိုင်ရာ အရင်းအမြစ်များမှ ကိုးကားချက် အချက်အလက်များကို ရယူပြီး သင့်စိတ်ကြိုက် APA၊ MLA ဒါမှမဟုတ် Chicago Format ပုံစံအမျိုးမျိုးဖြင့် Citation and References များကို အလိုအလျောက် ဖန်တီးပေးနိုင်ပါတယ်။ ဒီ Citation Generators တွေက Assignments တိုင်းအတွက် တိကျတဲ့ Bibliographies နဲ့ ကိုးကားမှု စာရင်းများကို သေချာစေပြီး သုတေသီများရဲ့ အဖိုးတန်အချိန်ကို အချိန်ကုန်သက်သာစေပါတယ်။
Website Link: Zotero: https://www.zotero.org/
How to use Zotero:https://www.youtube.com/watch?v=ZTPoSqC1g4g...
3. Research Idea Generation Tools
ဆန်းသစ်တီထွင်တဲ့ သုတေသနအကြံဉာဏ်များ ထုတ်ပေးနိုင်ဖို့က သုတေသီတွေအတွက် မကြာခဏ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ Iris.ai နဲ့ Scholarcy ကဲ့သို့ AI Tools များက အသိပညာ ကွာဟချက်များနဲ့ ပေါ်ပေါက်လာတဲ့ ခေတ်ရေစီးကြောင်းများကို ခွဲခြားသိမြင်နိုင်ပြီး သုတေသီများအား သုတေသနလမ်းကြောင်းသစ်များ ရှာဖွေဖို့နဲ့ သူတို့ရဲ့နယ်ပယ်များမှာ ပိုမိုထိရောက်စွာ ပါဝင်ကူညီဖို့ သုတေသီ များကို လှုံ့ဆော်ပေးနိုင်ပါတယ်။
Website Link: Iris.ai: https://iris.ai/
How to use Iris.ai: https://www.youtube.com/watch?v=rHRF05wsywg...
4. Plagiarism Checkers
Academic Integrity စောင့်ထိန်းခြင်းက သုတေသနရေးသားခြင်းမှာ အရေးကြီးဆုံးဖြစ်ပြီး ခိုးယူမှု ရှာဖွေခြင်းကလည်း မူရင်းဖြစ်ကြောင်း သေချာစေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ Turnitin နဲ့ Copyscape ကဲ့သို့ AI စနစ်သုံး ကိရိယာများဟာ သုတေသီများကို မူရင်းမဟုတ်တဲ့ စာသားများရဲ့ သာဓကများကို ရှာဖွေဖော်ထုတ်ဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် သုတေသီများအား မရည်ရွယ်ဘဲ ခိုးကူးခြင်းမှရှောင်ရှားဖို့၊ ပညာရေးနဲ့ ပညာသင်ဆုဆိုင်ရာ ကျင့်ဝတ်စံနှုန်းများကို ထိန်းကျောင်းဖို့ ကူညီပေးပါတယ်။
Website Link: Turnitin: https://www.turnitin.com/
How to use Turnitin https://youtu.be/4m-Wr2ebHPU
Turnitin free id and key for 2024: https://youtu.be/XiFNpvjXg1M
5. Automated Proofreading Tools
ဘယ်လောက် စေ့စပ်သေချာတဲ့ သုတေသီတွေဖြစ်ပါစေ သူတို့ရဲ့ အရေးအသားတွေမှာ အမှားများ ပါနိုင်ပါတယ်။ Hemingway Editor နဲ့ Scribbr တို့လို AI-driven proofreading tools များက သဒ္ဒါအမှားများ၊ အဆင်မပြေသောစကားစုများနဲ့ စာများမှာ တည်ဆောက်ပုံမညီမှုများကို ရှာဖွေတွေ့ရှိနိုင်ပြီး သုတေသီများ အတွက် စာကြောင်းရှင်းလင်းပြတ်သားမှု၊ ဖတ်ရှုရလွယ်မှုနဲ့ ပေါင်းစပ်မှုအပေါ် အဖိုးတန်တဲ့ တုံ့ပြန်ချက်များကို ပံ့ပိုးပေးပါတယ်။
Website Link: Hemingway Editor: http://www.hemingwayapp.com/
How to use Hemingway Editor: https://youtu.be/5QoCCDM-4-k
6. Data Analysis and Visualization Platforms
စာရင်းအင်းများ၊ စီးပွားရေးနဲ့ လူမှုရေးသိပ္ပံများကဲ့သို့ ဒေတာခွဲခြမ်းစိတ်ဖြာမှုအပေါ် ကြီးကြီးမားမား မှီခိုနေရတဲ့ နယ်ပယ်များအတွက် Tableau နဲ့ IBM Watson Analytics ကဲ့သို့ AI စနစ်သုံး ဒေတာခွဲခြမ်း စိတ်ဖြာမှု Platform များဟာ များစွာအရေးပါပါတယ်။ ဒီ Platform တွေက အဆင့်မြင့် အယ်ဂိုရီသမ်တွေကို သုံးထားတဲ့အတွက် ရေပန်းစားမှု (Trends) တွေနဲ့ ထိုးထွင်းသိမြင်မှုတွေကို ဖော်ထုတ်ဖို့၊ ပညာရေးစာပေတွေရဲ့ အကျိုးသက်ရောက်မှုကို တိုးမြှင့်ပေးနိုင်ပြီး သက်သေအထောက်အထားအခြေပြု သုတေသနများ (Evidence-Based Researches) ကို လွယ်ကူစေပါတယ်။
Website Link: Tableau: https://www.tableau.com/
How to use Tableau: https://youtu.be/6xv1KvCMF1Q
သုတေသနရေးရာမှာ AI ပေါင်းစပ်အသုံးပြုလာနိုင်ခြင်းက သုတေသနရဲ့ ရှင်းလင်းပြတ်သားမှု၊ တိကျမှန်ကန်မှု၊ စိတ်ကူးစိတ်သန်းနဲ့ အချက်အလက်ဆန်းစစ်မှုတို့ကို သိသိသာသာ တိုးတက်စေခဲ့ပါတယ်။ AI နည်းပညာများ တိုးတက်လာတာနဲ့အမျှ၊ သုတေသနရေးသားခြင်းအတွက် မယုံနိုင်လောက်အောင် အလား အလာများ ပေါ်လာစေပြီး ပညာရှင်များအတွက်လည်း အသိပညာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းများကို ချဲ့ထွင် နိုင်စေဖို့ များစွာပံ့ပိုးပေးပါတယ်။
Reference: Ai writing tools: Definition, uses & implications (no date) Scribbr. Available at: https://www.scribbr.com/category/ai-tools/ (Accessed: 26 February 2024).
Daw Thwe Thwe Aye
B.Com , M.Com (MEUE)
Meiktila University of Economics