"ကော်ဖီရဲ့သမိုင်းကြောင်းနဲ့ Fun Facts များ"

ကော်ဖီက ကမ္ဘာပေါ်မှာ Popular အဖြစ်ဆုံး Drink တစ်ခုထဲအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ကော်ဖီခွက်ရေပေါင်းဘီလီယံနဲ့ချီပြီး သောက်သုံးနေကြတယ်။ ကော်ဖီက ကျွန်မတို့ရဲ့နေ့စဥ်ဘဝထဲမှာ ကြီးမားတဲ့ တစ်စိတ်တစ်ဒေသအဖြစ် နေရာယူထားတဲ့အရာဆိုလည်း မမှားပါဘူး။

ကော်ဖီရဲ့သမိုင်းကြောင်းကို အကျဥ်းချုံး လေ့လာကြည့်ကြမယ်။

လူသိများတဲ့ ပုံပြင်ဆန်ဆန် ကော်ဖီရဲ့မူလအစက အေဒီ ၈၀၀ ဝန်းကျင် အီသီယိုးပီးယား Kaffa ပြည်နယ်ကနေ စတင်ခဲ့တယ်လို့ဆိုကြတယ်။ အဲ့ဒီက Kaldi အမည်ရှိတဲ့ ဆိတ်ကျောင်းသားက သူရဲ့ဆိတ်တွေက အပင်တစ်ပင်မှ အသီးတွေစားပြီး ညအထိတောင် မမောနိုင်၊ မပန်းနိုင် ခုန်ပေါက်ပြေးလွှားနေနိုင်တာကို သတိထားမိခဲ့တယ်။ အဲ့ဒါနဲ့ သူကိုယ်တိုင်စားကြည့်လိုက်တော့ စိတ်တွေနိုးကြားတက်ကြွလာတာကို ခံစားခဲ့ရလို့ ဘုန်းတော်ကြီးဆီကို အဲ့ဒီအသီးတွေယူသွားခဲ့တယ်။ အဲ့ဒီမှာ ဘုန်းတော်ကြီးက ဒီအသီးက နတ်ဆိုးရဲ့လုပ်ရပ်ဖြစ်မယ်လို့ ယူဆပြီး မီးပုံထဲကို အဲဒီအသီးတွေ ပစ်ထည့်ခဲ့တယ်။ မီးပုံထဲကနေ လှပပြီး မွှေးပျံ့တဲ့ရနံ့ထွက်လာတဲ့အခါမှာတော့ အသီးတွေကို မြန်မြန်ပြန်ယူပြီး ဖိချေကာ ကရားထဲကိုရေပူနဲ့အတူရောထည့်ပြီး သောက်သုံးခဲ့ကြတဲ့အခါမှာတော့ ညပိုင်းအချိန် ဝတ်ပြုဆုတောင်းရာမှာ နိုးကြားဖို့ အထောက်အပံ့ပေးနိုင်တာကို သိရှိခဲ့ကြတယ်။

နောက်ထပ်လူသိများတဲ့ ကော်ဖီတွေ့ရှိမှုရာဇဝင်ကတော့ ယီမင်နိုင်ငံသား Sufi ဆိုသူက အီသီယိုး ပီးယားကို ခရီးသွားစဥ်လမ်းမှာ အပင်တစ်ပင်ကအသီးကို ငှက်ကလေးတွေစားပြီး နိုးကြားတက်ကြွနေတာကို တွေ့လိုက်ရတယ်။ ခရီးလည်းပန်းနေချိန်ဖြစ်တော့ အဲ့ဒီအသီးတွေကိုစားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူကိုယ်တိုင်လည်း နိုးကြားတက်ကြွပြီး ခွန်အားတွေပြန်ပြည့်လာသလို ခံစားခဲ့ရတယ်။ လူအများစုယုံကြည်ထားကြတာက ကော်ဖီစေ့တွေကို အီသီယိုးပီးယားကနေ ယီမင်နိုင်ငံဆီကို တင်ပို့ခဲ့ကြပြီး ၁၅ ရာစုမှာ ယီမင်ကုန်သည်တွေက ကော်ဖီပင်တွေကို သူတို့နေရပ်ကိုယူလာပြီး စတင်စိုက်ပျိုး ခဲ့ကြပြီး ၁၆ ရာစုမှာ ပါရှား၊ အီဂျစ်၊ ဆီးရီးယားနဲ့ တူရကီတို့မှာပါ ပျံ့နှံ့လာခဲ့တယ်။

ပထမဆုံး Coffee House ကတော့ ၁၄၇၅ ခုနစ် အခု အီစတန်ဘူလ် လို့သိကြတဲ့ ကွန်စတန်တီ နိုပယ်မြို့မှာ စတင်ခဲ့တယ်။ ကော်ဖီကို တစ်နေ့တာလုပ်ရိုးလုပ်စဥ် တစ်စိတ်တစ်ပိုင်းအဖြစ် သောက်သုံးခဲ့ကြသလို ဧည့်သည်ကို ဧည့်ဝတ်ကျေပွန်မှုပြသရာမှာလည်း မရှိမဖြစ်‌တဲ့အရာတစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်အခါတုန်းက အိမ်အပြင်ရောက်နေလျှင် လူတွေက ကော်ဖီသောက်ဖို့ Coffee House ကိုသွားရုံမက စကားဖောင်ဖွဲ့ပြောဖို့၊ သရုပ်‌ဖော်ဖျော်ဖြေမှုကြည့်ဖို့၊ Chess ကစားဖို့၊ အတင်းအဖျင်းပြောဖို့၊ သတင်းအချက်အလက်တွေရယူဖို့နဲ့ ဖလှယ်ဖို့ Coffee House က ဗဟိုအချက်အချာကျနေရာတစ်ခု ဖြစ်ခဲ့တယ်။

၁၇ ရာစုမှာ ကော်ဖီက Europe ကိုရောက်ရှိခဲ့ပြီး ဥရောပတိုက်တစ်ခွင်ကျော်ကြားလာခဲ့တယ်။ ဥရောပရှိကော်ဖီသမိုင်းကြောင်းက Ottoman Empire ကနေ အီတလီကိုတင်သွင်းရာမှ စတင်ခဲ့တယ်။ ဗင်းနစ် ကုန်သည်တွေရဲ့ အားထုတ်မှုနဲ့ ဥရောပတစ်ခွင် ကော်ဖီကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာခဲ့ပြီး ဥရောပတွင် ပထမဆုံး Coffee House ကို ၁၆၄၅ က ဗင်းနစ်မြို့မှာ ဖွင့်လှစ်ခဲ့တယ်။ အများအားဖြင့် ချမ်းသာတဲ့အသိုင်းအဝိုင်းက လူတွေအတွက် ကော်ဖီသောက်သုံးခြင်းက ကြီးကျယ်မြင့်မြတ်တဲ့ စားသုံးကုန် ဖြစ်လာခဲ့တယ်။

Dutch East India Company နဲ့ British East India Company မှတစ်ဆင့် အင်္ဂလန်မှာလည်း ကော်ဖီက ကျော်ကြားပျံ့နှံ့လာခဲ့တယ်။ အင်္ဂလန်မှာ ပထမဆုံး Coffee House ကို ၁၆၅၁ က အောက်စဖို့ဒ်တွင် ဖွင့်လှစ်ခဲ့ပြီး လန်ဒန်မှာ နောက်ထပ် ထပ်မံဖွင့်လှစ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက Coffee House တွေက အမျိုးသားများအတွက်သာဖြစ်ပြီး စီးပွားရေးကိစ္စများ၊ သတင်းများဆွေး‌နွေးခြင်းနဲ့အတူ မိတ်ဖွဲ့ခြင်း ပြုလုပ်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းအများအပြားနဲ့ အကြံဉာဏ်များ စတင်ခဲ့တဲ့ နေရာလို့ ပြောစမှတ်ပြုခဲ့ကြတယ်။

ပြင်သစ်၊ ပဲရစ်မြို့မှာတော့ ၁၆၆၉ ခုနှစ်က Ottoman Empire ရဲ့ သံအမတ်ဖြစ်သူ Suleyman Aga မှ ပြင်သစ်ဘုရင် King Louis XIV လက်ထက် ကော်ဖီအိတ်များကို “မှော်ဆန်သောသောက်စရာ” ဆိုပြီး တင်စားကာ ယူဆောင်လာခဲ့ရာမှ စတင်ခဲ့တယ်။ ၁၆၇၁ မှာ Pascal လို့အမည်ရှိတဲ့သူက Fair Of St.-Germain ဆိုတဲ့ ‌‌စျေးပွဲတော်မှာ Coffee-Drinking Booth လေးဖွင့်လှစ်ရာကစတင်ပြီး Coffee House တွေ ပြင်သစ်မှာ ပေါ်ပေါက်ခဲ့တယ်။ နောက်ထပ် နှစ်ပေါင်း ၃၀ အကြာမှာတော့ ကော်ဖီက သြစတီးယား၊ ဂျာမနီ၊ စပိန်နဲ့ တခြားသော ဥရောပတစ်ခွင်မှာပါ ယဥ်ကျေးမှုတစ်ခုပြယုဂ်အနေနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။

ကော်ဖီစိုက်ပျိုးဖို့ သင့်တော်တဲ့ရာသီဥတုရှိတဲ့ အမေရိကအလယ်ပိုင်းမှာ ကော်ဖီကိုစတင်စိုက်ပျိုးခဲ့ပြီး ၁၇၂၆ မှာ ပထမဆုံးကော်ဖီရိတ်သိမ်းခဲ့တယ်။ လက်တင်အမေရိကနိုင်ငံတွေက ကော်ဖီစိုက်ပျိုးဖို့ကောင်းမွန်တဲ့ အခြေအနေများဖြစ်သည့် နေရောင်ခြည်နဲ့ မိုးရွာသွန်းမှု သမမျှတမှု၊ စိုစွတ်ပြီး အပူချိန်မြင့်မားမှု၊ မြေဆီ သြဇာကြွယ်ဝမှု စတာတွေ ပိုင်ဆိုင်ထားတာကြောင့် ၁၈ ရာစုအလယ်လောက်မှာ လက်တင်အမေရိကနိုင်ငံများက ကော်ဖီထုတ်လုပ်မှုမှာ ထိပ်တန်းထုတ်လုပ်သူများ ဖြစ်လာကြတယ်။

"ကော်ဖီရဲ့ Fun Facts များ"

၁။ ဘရားဇီးနိုင်ငံက နံပါတ် ၁ ကော်ဖီထုတ်လုပ်သူဖြစ်ပြီး ဗီယက်နမ်နဲ့ ကိုလံဘီယာက ဒုတိယနဲ့တတိယနေရာ လိုက်တယ်။

၂။ ဖင်လန်နိုင်ငံက ကမ္ဘာပေါ်မှာ ကော်ဖီသောက်သုံးမှု အများဆုံးနိုင်ငံဖြစ်တယ်။ ပျမ်းမျှအားဖြင့် တစ်နှစ်ကို လူတစ်ယောက်က ခွက်ရေပေါင်း ၁၆၈၀ သောက်သုံးတယ်။

၃။ ကော်ဖီက ဘရာဇီးနိုင်ငံကို အိုလံပစ်သွားပြိုင်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ၁၉၃၂ ခုနှစ်မှာ ဘရာဇီးအစိုးရက ပိုက်ဆံမလုံလောက်လို့ သူတို့ရဲ့ကစားသမားတွေကို အိုလံပစ်သွားမပြိုင်နိုင်ချိန်မှာ ‌ကော်ဖီရောင်းချပြီး

ခရီးစဥ်ကို ရန်ပုံငွေနဲ့ ထောက်ပံ့နိုင်ခဲ့တယ်။

၄။ ကော်ဖီက အမြဲတမ်းတော့ သောက်စရာအဖြစ် သောက်သုံးမှာ မဟုတ်ဘူး။ တချို့နေရာတွေမှာ အာဖရိကအရှေ့ပိုင်းက လူမျိုးစုတွေက ကော်ဖီကိုကြိတ်ပြီး တိရစ္ဆာန်အဆီနဲ့ရောနှောကာ စားသုံးကြတယ်။

၅။ သောက်သုံးဖို့ Robusta နဲ့ Arabica ကော်ဖီအမျိုးအစားနှစ်မျိုးကို အသုံးပြုကြတယ်။ Arabica အမျိုး အစားက Acidity နည်းပါးပြီး ပြေပြစ်တဲ့အရသာပေးစွမ်းနိုင်လို့ အသုံးပိုများကြတယ်။ Robusta အမျိုးအစားက Acidity ပိုပြီး ခါးသက်တဲ့အရသာရှိတယ်။

၆) Decaf ဆိုတာက (No Caffeine) Caffeine မပါဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ Caffeine ပမာဏ 0.3% ‌အောက်လျော့နည်းမှသာ Decaf လို့ ပြောနိုင်တယ်။

၇) ကမ္ဘာပေါ်မှာ စျေးအကြီးဆုံးကော်ဖီအမျိုးအစား Kopi Luwak က အင်ဒိုနီးရှားမှာ အစပြုခဲ့ပြီး ကြောင်ကတိုးလေးတွေစားသုံးပြီး စွန့်ပစ်လိုက်တဲ့ ကော်ဖီစေ့ကို သန့်စင်ပြီးမှ ပြန်လည်လှော်ကာ ဖျော်စပ်ရတဲ့ ကော်ဖီဟာ တစ်ပေါင်ကို ဒေါ်လာ ၆၀၀ ကျသင့်တယ်လို့ ဖော်ပြထားပါတယ်။

ကော်ဖီက တစ်ကမ္ဘာလုံးရှိ လူသားတွေအကြား ကြိုက်နှစ်သက်မှုကို တူညီမှုများဖြန့်ကျက်ပေးနိုင်ခဲ့သလို Coffee Industry တစ်ခုအဖြစ် သမိုင်းကြောင်းအစမှ ဒီနေ့အထိ သန်းပေါင်းများစွာသော လူသားများရဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်မှု - ‌‌ကော်ဖီစိုက်တောင်သူများမှစပြီး နောက်ဆုံးသောက်သုံးဖို့ဖျော်စပ်ပေးတဲ့ Baristasများအထိ - ကွင်းဆက်တစ်လျှောက်လုံးကို စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရ သော်လည်းကောင်း ချိတ်ဆက်မှုပေးနိုင်တဲ့ တန်ဖိုးရှိစားသောက်ကုန်တစ်ခုဖြစ်နေဆဲ၊ ဖြစ်လာမြဲရှိနေဦးမှာလို့ ထင်မြင်ယူဆမိပါတယ်။

Nescafe.Comမှ Https://Www.Nescafe.Com/In/Understanding-Coffee/Coffee-History ဆောင်းပါးနဲ့ Https://Www.Nescafe.Com/In/Understanding-Coffee/Coffee-Facts ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားပြီး ဖော်ပြထားခြင်းဖြစ်ပဲပါတယ်။

Daw Myint Zu Phyo

BBM, (NMDC)

MBA, (YUE)