လုပ်ငန်းခွင်မှာ ဝန်ထမ်းတချို့ အလုပ်တာဝန်မကျေပွန်တဲ့အခါ …

လုပ်ငန်းခွင်တစ်ခုမှာ ဝန်ထမ်းများရဲ့ အလုပ်တာဝန်ကျေပွန်ခြင်းက လုပ်ငန်းအောင်မြင်မှုအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ သို့ပေမဲ့ ဝန်ထမ်းတစ်ဦးချင်းရဲ့ အလုပ်တာဝန် မကျေပွန်ခြင်းဟာ တခြားလူများနဲ့ လုပ်ငန်းတစ်ခုလုံးအပေါ် အမျိုးမျိုးသော သက်ရောက်မှုများလည်း ရှိနေနိုင်ပါတယ်။

🟦 ၁။ အလုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနည်းပါးခြင်း။

တစ်ဦးချင်းရဲ့ တာဝန်အလုပ်ကျေပွန်မှုမရှိခြင်းက အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို လျော့နည်းစေပြီး ဘယ်အလုပ်ကိုမဆို ကောင်းမွန်စွာလုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေမှာပဲဖြစ်ပါတယ်။ နမူနာအနေနဲ့ ဝန်ထမ်းတစ်ဦးချင်းစီက ကိုယ့်တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ဘူးဆိုရင် လုပ်ငန်း တိုးတက်မှုလျော့နည်းလာနိုင်သလို ကုန်ပစ္စည်းစာရင်းပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် စီမံခန့်ခွဲမှုလုပ်ငန်းတွေနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းတိုးတက်မှုကို အောင်မြင်စေဖို့ ဝန်ထမ်းတစ်ဦးချင်းစီက ကိုယ့်တာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ဖို့ များစွာအရေးကြီးပါတယ်။

🟦 ၂။ အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များ မအောင်မြင်ခြင်း။

ဝန်ထမ်းတစ်ဦးရဲ့ အလုပ်မကျေပွန်ခြင်းကြောင့် တခြားဝန်ထမ်းများ အလုပ်မှာ အချိန်ပိုများလုပ်ရခြင်း၊ တာဝန်များ ပိုမိုထမ်းဆောင်ဖို့ လိုအပ်လာပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်များ အချိန်မီမအောင်မြင်နိုင်ခြင်း ဒါမှမဟုတ် ပျက်ကွက်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကြောင့်ပဲ အဖွဲ့အစည်းရဲ့ အမြတ်အစွန်းနဲ့ အလုပ်ထိရောက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

🟦 ၃။ စကားဝိုင်းတွင်း အငြင်းပွားမှုများဖြစ်ခြင်း။

အလုပ်အပေါ် မကျေပွန်တဲ့ဝန်ထမ်းများဟာ အလုပ်အတူတူလုပ်ရတဲ့ အဖွဲ့ဝင်များနဲ့ အငြင်းပွားမှုများ ဖြစ်စေပြီး လုပ်ငန်းပတ်ဝန်းကျင်ကို အဆင်မပြေဖြစ်စေပါတယ်။ ဥပမာအားဖြင့် ဝန်ထမ်းတစ်ဦးဟာ မိမိအလုပ် တာဝန်ကို ပြည့်စုံစွာဆောင်ရွက်ခြင်း မရှိတာကြောင့် တခြားဝန်ထမ်းများမှာ တာဝန်ပိုများလာပြီး အငြင်းပွားမှုများနဲ့ စိတ်တိုမှုများ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုဖြစ်ရခြင်းက လုပ်ငန်းတစ်ခုလုံးအပေါ် အနုတ် လက္ခဏာ သက်ရောက်မှုများ ဖြစ်စေတတ်ပါတယ်။

🟦 ၄။ စီးပွားရေးဆိုင်ရာဆုံးရှုံးမှု

ဝန်ထမ်းများရဲ့ အလုပ်မကျေပွန်ခြင်းဟာ ထုတ်လုပ်မှုနှုန်း ကျဆင်းစေပြီး လုပ်ငန်းရဲ့ အမြတ်အစွန်းကို လျော့ကျစေနိုင်ပါတယ်။ ဥပမာအနေနဲ့ ထုတ်လုပ်မှုလုပ်ငန်းမှာ ဝန်ထမ်းတစ်ဦးချင်းရဲ့ အလုပ်မကျေပွန် ခြင်းကြောင့် ထုတ်လုပ်မှုနှုန်းကျဆင်းကာ လုပ်ငန်းရဲ့ရေရှည်အမြတ်အစွန်းကို ထိခိုက်စေနိုင်ပါတယ်။

🟦 ၅။ ဝန်ထမ်းများ စိတ်ဓာတ်ကျခြင်း။

အလုပ်တာဝန်မကျေပွန်သောဝန်ထမ်းများနဲ့အတူ အလုပ်လုပ်ရတဲ့ တခြားဝန်ထမ်းများဟာ စိတ်ဓာတ်ကျပြီး အလုပ်အပေါ်ထားရှိတဲ့ သဘောထားများ ဆိုးရွားလာစေပါတယ်။ ဥပမာ - စက်ရုံတစ်ခုမှာ ဝန်ထမ်းတစ်ဦးက သူ့တာဝန်ကို မကျေပွန်ခြင်းကြောင့် တခြားဝန်ထမ်းတွေက အလုပ်တွေ အများကြီး ပိုထမ်းဆောင်လာရတယ်။ ဒီအခြေအနေက တခြားဝန်ထမ်းတွေကို စိတ်ဓာတ်ကျပြီး အလုပ်သဘောထား ဆိုးလာစေတယ်။ ဒီလိုစိတ်ဓာတ်ကျခြင်းနဲ့ အလုပ်အပေါ်ထားရှိတဲ့ သဘောထားများဆိုးလာခြင်းက လုပ်ငန်းရဲ့ ထိရောက်မှုနဲ့ အမြတ်အစွန်းကို ထိခိုက်စေပါတယ်။

🟦 ၆။ ဝန်ထမ်းလျော့နည်းမှု

တစ်ဦးချင်းအလုပ်ကျေပွန်မှုမရှိခြင်းကြောင့် ဝန်ထမ်းများအဖွဲ့မှ ထွက်ခွာသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ ရုံးတစ်ရုံးမှာ ဝန်ထမ်းတစ်ဦးက သူ့အလုပ်ကို မကျေပွန်ခြင်းကြောင့် တခြားဝန်ထမ်းတွေက အလုပ်တွေ အများကြီးလုပ်ရလာတယ်။ ဒီအခြေအနေက တခြားဝန်ထမ်းတွေ စိတ်မကျေမနပ်ဖြစ်စေပြီး အလုပ်ထွက်သွား တတ်ကြတယ်။ နောက်ဆက်တွဲအနေနဲ့ လုပ်ငန်းဟာ ဝန်ထမ်းတွေအရမ်းလိုအပ်လာပြီး အလုပ်ပြတ်လပ်မှု တွေလည်း ရှိလာနိုင်ပါတယ်။

လုပ်ငန်းခွင်မှာ မကျေနပ်မှုများဟာ လုပ်ငန်းကိုထိခိုက်စေနိုင်ပြီး ကုန်ထုတ်စွမ်းအား ကျဆင်းခြင်း၊ ဝန်ထမ်းများစိတ်ဓာတ်ကျခြင်း၊ အငြင်းပွားမှုများနဲ့ ဝန်ထမ်းများ အလုပ်ထွက်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အတွက် စီမံခန့်ခွဲမှုအဖွဲ့ဟာ ဝန်ထမ်းများရဲ့ အလုပ်ကျေပွန်မှုကို မြှင့်တင်ဖို့ လိုအပ်တဲ့အကူအညီများပေးဖို့ အရေးကြီး ပါတယ်။ ဒါကြောင့် ဝန်ထမ်းများရဲ့ အလုပ်ကျေပွန်မှုကို ကောင်းမွန်စေဖို့ သင်တန်းများပေးခြင်း၊ အလုပ် လုပ်ဖော်များရဲ့ ပံ့ပိုးကူညီမှု၊ အဖွဲ့တွင်းပူးပေါင်းဆောင်ရွက်မှုအားကောင်းစေဖို့နဲ့ ဝန်ထမ်းများ အချိန်နဲ့တစ်ပြေးညီ တိုးတက်စေဖို့ ဖော်ဆောင်ခြင်း စတဲ့နည်းလမ်းတွေကို ကျင့်သုံးပေးဖို့လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။

Reference:

Armstrong, M. (2017). Armstrong's Handbook of Human Resource Management Practice. 14th ed. London: Kogan Page.

Daw Thwe Thwe Aye

B.Com , M.Com (MEUE)

Meiktila University of Economics