ခေါင်းဆောင်မှုနဲ့ ကြီးကြပ်မှုကြား ကွာခြားချက်များ

ခေါင်းဆောင်မှုနဲ့ ကြီးကြပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု အယူအဆများဟာ တူညီမှုများပေမယ့်လည်း အနည်းငယ် ကွဲပြားမှုတွေတော့ ရှိနေပါတယ်။ ယေဘုယျအားဖြင့် ကြီးကြပ်သူတစ်ယောက်က ဝန်ထမ်းများကို နည်းလမ်းများစွာနဲ့ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်မှုစွမ်းဆောင်ရည်ကောင်းများ ရှိတတ်ပါတယ်။ မန်နေဂျာများဟာ ကောင်းမွန်တဲ့ ခေါင်းဆောင်မှု စွမ်းဆောင်ရည်နဲ့ ထိရောက်တဲ့ ကြီးကြပ်မှု စွမ်းဆောင်ရည်များစွာ ရှိတတ်ပါတယ်။

ခေါင်းဆောင်မှုနဲ့ ကြီးကြပ်မှုကြား ကွာခြားချက်များကို အနည်းငယ်ပြောပြလိုပါတယ်။

၁။ လုပ်ရိုးလုပ်စဉ်

ခေါင်းဆောင်မှုဆိုသည်မှာ ယေဘုယျအားဖြင့် စီမံခန့်ခွဲမှုမှာ တရားဝင်နဲ့ တရားမဝင် အစိတ်အပိုင်း များပါရှိတဲ့ စည်းမျဉ်းများ ရှိတတ်ပါတယ်။ တချို့ခေါင်းဆောင်များက အမှုဆောင်အရာရှိချုပ်၊ ဌာနမန်နေဂျာ၊ စတိုးဆိုင်မန်နေဂျာ၊ ခရိုင်မန်နေဂျာတို့လို တရားဝင်စီမံခန့်ခွဲမှု အခန်းကဏ္ဍများ ရှိတတ်ပါတယ်။ သို့ပေမဲ့လည်း တချို့ခေါင်းဆောင်များဟာ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းများ မှတစ်ဆင့် ပေါ်ထွက်လာတတ်ပါတယ်။ သူတို့ဟာ တရားဝင်ဦးဆောင်ဖို့အတွက် ရာထူးခန့်အပ်ခြင်း မခံရပေမယ့်လည်း တခြားသူများအတွက် စံနမူနာဖြစ်စေပြီး အလုပ်လုပ်ရာမှာလည်း တက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကိုလည်း ပေးတတ်ပါတယ်။ ကြီးကြပ်မှုဆိုသည်မှာ လက်အောက်ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်အပေါ် အမြဲစောင့်ကြည့်ပြီး လိုအပ်တဲ့လမ်းညွှန်ချက်များကို ပံ့ပိုးပေးတဲ့ သီးခြားအလုပ်လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ပုံမှန်အားဖြင့် စီမံခန့်ခွဲမှု အခန်းကဏ္ဍမှာ အရေးပါတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာပါတယ်။

၂။ နောက်လိုက်များရဲ့ အခန်းကဏ္ဍ

ကြီးကြပ်ရေးမှူးများဟာ အလုပ်အခြေအနေပေါ်မူတည်ပြီး လမ်းညွှန်ချက်များကို လိုက်နာဖို့ သူတို့ဟာ တခြားဝန်ထမ်းများထက် တာဝန်လည်းပိုရှိသလို အခွင့်အာဏာလည်း ပိုမိုရှိတတ်ကြ ပါတယ်။ ခေါင်းဆောင်ကောင်းများဟာ တရားဝင်ခေါင်းဆောင်မှု ပေးအပ်ခံထားရခြင်း မရှိပေမယ့် လည်း သူတို့ရဲ့အမြင်နဲ့ ဦးတည်ချက်များကို လိုက်လျှောက်နိုင်ဖို့ လူမြောက်မြားစွာကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ကြီးကြပ်ရေးမှူးများက သူတို့ရဲ့ ဝန်ထမ်းများအပေါ်မှာ ရာထူးအာဏာ ရှိပေမယ့်လည်း သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ စွမ်းဆောင်ရည်အမြင့်မားဆုံးရရှိဖို့ သူတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေးများပေါ်မှာ များစွာမူတည်ပါတယ်။

၃။ လုပ်ပိုင်ခွင့်အာဏာ

ခေါင်းဆောင်များနဲ့ ကြီးကြပ်ရေးမှူးနှစ်ဦးစလုံးက သူတို့ကိုပေးအပ်ထားတဲ့ အလုပ်တာဝန်များမှ တစ်ဆင့် လုပ်ပိုင်အခွင့်အာဏာ များစွာရှိနိုင်ပါတယ်။ သို့ပေမဲ့ တရားဝင်ခန့်အပ်ထားခြင်းမခံရတဲ့ ခေါင်းဆောင်များဟာ သြဇာကြီးမားတဲ့ ရာထူးမရှိပေမယ့်လည်း တခြားသူများကို လွှမ်းမိုးနိုင်တဲ့ ပါဝါရှိနိုင်သလို သူတို့ဟာ လုပ်ငန်းခွင်ရှိ ဝန်ထမ်းတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများ ကိုလည်းဖြစ်စေနိုင်ပါတယ်။ ခေါင်းဆောင်မှု စွမ်းဆောင်ရည်ပြည့်ဝတဲ့ ကြီးကြပ်ရေးမှူးများဟာ ဝန်ထမ်းတွေကို သြဇာလွှမ်းမိုးနိုင်ဖို့ ယေဘုယျအားဖြင့် လုပ်ပိုင်ခွင့်အာဏာကို အခြေခံအုတ်မြစ် အဖြစ် အသုံးပြုကြပါတယ်။ အရည်အသွေးမပြည့်ဝတဲ့၊ ခေါင်းဆောင်မှု စွမ်းဆောင်ရည် မရှိတဲ့ ကြီးကြပ်ရေးမှူးများဟာ လူတွေကို လွှမ်းမိုးနိုင်ဖို့အတွက် သူတို့ရဲ့ ရာထူးအာဏာကို အားကိုး ရပါတယ်။

၄။ လမ်းညွှန်ပေးခြင်း။

ခေါင်းဆောင်မှုဆိုသည်မှာ သင်၊ ဝန်ထမ်းများ (ဒါမှမဟုတ်) အဖွဲ့အစည်းကို အကျိုးပြုတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ တခြားသူတွေကို လှုံ့ဆော်ပေးခြင်းပဲ ဖြစ်ပါတယ်။ ကြီးကြပ်မှုဆိုသည်မှာ ကြီးကြပ်ရေးမှူးနဲ့ ဝန်ထမ်းများ အပြန်အလှန်မှီခိုမှု၊ အကျိုးရှိစေမယ့် သင်ကြားရေးဆိုင်ရာ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိတတ်ပါတယ်။ ခေါင်းဆောင်များဟာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်အတွက် အမြဲတမ်း ကြီးကြပ်ဖို့ တာဝန်မရှိပါဘူး။ ကြီးကြပ်ရေးမှူးများဟာ အဓိပ္ပာယ်ဖွင့်ဆိုချက်အားဖြင့် လက်အောက်ငယ်သားများရှိကြပြီး သူတို့ကို ရည်မှန်းချက်များ ချမှတ်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နောက်ဆုံးမှာ အဲ့ဒီပန်းတိုင်များကို အောင်မြင်စေဖို့အတွက် ကူညီပေးရမယ့် တာဝန်များရှိပါတယ်။

Neil Kokemuller ၏   ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာ ပြန်ဆိုထားပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS

MBA ( Assumption University, Thailand)