"နည်းပညာနယ်ပယ်မှ CEO များ မျှဝေခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွက် ထိပ်တန်း AI Trends များ"

Techopedia မှ ၂၀၂၄ ခုနှစ်မှာ AI ဟာ အဖွဲ့အစည်းများကို ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာကို သိရှိဖို့ နည်းပညာလုပ်ငန်းရှိ ထိပ်တန်း CEO တချို့ကို မေးမြန်ခဲ့ပါတယ်။ တိုးတက်လာတဲ့ ဗီဒီယိုမျိုးဆက်မှသည် cloud လုံခြုံရေးနဲ့ AI မှထုတ်လုပ်တဲ့ malware များ မြင့်တက်လာသည်အထိဖြစ်ပြီး လာမယ့် (၁၂) လဟာ အလွန်စိတ်ဝင်စားစရာ အချိန်များ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်တစ်ခုတည်းမှာပဲ GPT-4၊ GPT-4V၊ Google Bard၊ PaLM 2၊ Google Gemini တို့နဲ့အတူ မျိုးဆက်သစ် AI အတွက် ကြီးမားတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ နေ့စဉ်အလုပ်များကို အလိုအလျောက်လုပ်ဆောင်ပေးမယ့် လျင်မြန်တဲ့ ကိရိယာများအဖြစ် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ CEO တို့ရဲ့မှတ်ချက်များကို အတိုချုံးပြီး အောက်မှာဖော်ပြပေးထားပါတယ်။

AI-Fueled Malware များ မြင့်တက်လာခြင်း။

ဥာဏ်ရည်တု (AI) ဟာ သူပစ်မှတ်ထားရမယ့်ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာပြီး လိုက်လျောညီထွေ အသွင် ပြောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ပိုမိုများပြားတဲ့ တိုက်ခိုက်မှုပုံစံများကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ လူတို့ရေးသားပေးထားတဲ့ ကုဒ် (Program Code) တစ်ခုထက်၊ AI မှာရှိတဲ့ သင်ယူခြင်းဆိုင်ရာဖြစ်တဲ့ ပတ်ဝန်းကျင် ပြောင်းလဲမှုများအပေါ်အခြေခံပြီး အားနည်းချက်များကို ရှာဖွေနိုင်တဲ့ စူးစမ်းလေ့လာမှုများကို ကျွန်ုပ်တို့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

Passkey အသုံးပြုမှုများ တိုးလာမယ်။

စားသုံးသူများ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းအများအပြားမှ သဘောပေါက်ခြင်းမရှိတဲ့ AI တိုးတက်မှုရဲ့ အမှောင်ဘက်ခြမ်းတစ်ခု ရှိပါတယ်။ ဆိုက်ဘာရာဇ၀တ်ကောင်များဟာ ယခုအခါ WormGPT ကဲ့သို့သော မျိုးဆက်သစ် AI ရဲ့စွမ်းအားကို အသုံးချခြင်းဖြင့် သူတို့ရဲ့ဖြားယောင်းတိုက်ခိုက်မှုများ ရှိလာနေပါတယ်။ မကြာခဏဆိုသလို လူတို့ယုံကြည် လာအောင် ပုံစံအမျိုးမျိုးနဲ့ ခေတ်မီစွာပြုလုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ၂၀၂၄ ထဲကို ဝင်ရောက်လာတာနဲ့အမျှ ဒီခြိမ်းခြောက်မှုဟာ အရွယ်အစားနဲ့အတိုင်းအတာတစ်ခုအထိ ကြီးထွားလာမှာပဲ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ငွေကြေးများများ သုံးစွဲကာပြုလုပ်ထားတဲ့ အန္တရာယ်များသော ဆိုက်ဘာတိုက်ခိုက်မှုများမှာ လုံခြုံမှုနဲ့ အတုယူမှုခံနိုင်ရည်အားနည်းတဲ့ လက်ရှိအသုံးပြုနေသည့် (Password) စကားဝှက်များထက် Passkey များက ပိုမိုလုံခြုံစေပါတယ်။

AI မော်ဒယ်များသို့ အကာအကွယ်များ ထည့်သွင်းခြင်း။

ဒေတာအကျိုးခံစားခွင့်၊ ကုန်ထုတ်စွမ်းအားနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့အတွက် ၂၀၂၄ ခုနှစ်မှာ AI ကို အဖွဲ့အစည်းများက ဆက်လက်ကျင့်သုံးနေတာကြောင့် စိုးရိမ်မှုများရှိနေပြီး လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ဖော်ထုတ်ဖို့ ယန္တရားတစ်ခုလည်း ရှိနေပါတယ်။

LLMs များက Cloud လုံခြုံရေးကို ပြန်လည်ပုံဖော်မယ်။

၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ Generative AI (Gen AI) နဲ့ Large Language Models (LLM) တို့ရဲ့ ဆင့်ကဲ ပြောင်းလဲမှုက ၂၀၂၄ မှာ ဆိုက်ဘာလုံခြုံရေးကို ပြန်လည်သတ်မှတ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ လုံခြုံရေး ထိရောက်စွာမြှင့်တင်ဖို့နဲ့ cloud လုံခြုံရေးမှာ လူအင်အားကို လျှော့ချဖို့ ရှိနေပါတယ်။ ဥပမာတစ်ခုမှာ LLMs မှ ခိုင်မာတဲ့ ထောက်လှမ်းရေးကိရိယာများ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ GenAI ဟာ ဆိုက်ဘာတိုက်ခိုက်မှုများအတွက် ကာကွယ်ရေး ယန္တရားရဲ့ ဆန်းသစ်တဲ့ဗျူဟာများကို လိုအပ်ပြီး သွက်လက်စွာတုံ့ပြန်နိုင်တဲ့ လုံခြုံရေးဘောင်များဖန်တီးမှုကို ကျွန်ုပ်တို့တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ဒေတာလုံခြုံမှု 'အန္တရာယ်လျှော့ချရေး' တိုးတက်ပြောင်းလဲလာမယ်။

Generative AI နည်းပညာများအသုံးပြုမှု မြင့်တက်လာတာနဲ့အညီ ဒေတာလုံခြုံရေးဆိုင်ရာ 'အန္တရာယ်လျှော့ချရေး' ကလည်း လာမယ့်နှစ်အနည်းငယ်အတွင်း ပြောင်းလဲတိုးတက်လာမှာ ဖြစ်ပါတယ်။ မကြာသေးမီ အချိန်အထိ အဖွဲ့အစည်းများဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုများအတွက် အန္တရာယ်အနည်းဆုံးဖြစ်ကြောင်း သေချာစေဖို့ ဒေတာ သိမ်းဆည်းခြင်းနဲ့ ဖျက်ခြင်းမူဝါဒများကို အကောင်အထည်ဖော်ခဲ့ပါတယ်။ GenAI စွမ်းရည်များဟာ အဖွဲ့အစည်းများအတွက် ပိုမိုကျယ်ပြန့်လာပြီး သူတို့လေ့ကျင့်သင်ယူမှုနဲ့ စွမ်းရည်အသစ်များကို စမ်းသပ်ဖို့အတွက် ဒေတာကို ဖြစ်နိုင်သမျှကြာရှည်စွာ ထိန်းထားဖို့ ပိုမိုလှုံ့ဆော်ပေးလာမှာပဲဖြစ်တယ်။

AI ရဲ့ ဆုံးဖြတ်ချက်ချခြင်းအပေါ် ယုံကြည်မှု ယိုယွင်းခြင်း။

လျင်မြန်စွာ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာဆိုင်ရာ အခင်းအကျင်းမှာ cloud ဝန်ဆောင်မှုများကို အသုံးပြုခြင်းနဲ့ ဥာဏ်ရည်တု (AI) အကောင်အထည်ဖော်မှုမှာ လက်ရှိအရှိန်အဟုန်နဲ့ ပြိုင်ဆိုင်မှုများမှာ သိသိသာသာ သတိထားစရာ ဖြစ်လာပါတယ်။ AI ရဲ့ လျင်မြန်တဲ့ပေါင်းစည်းမှုဟာ လုပ်ငန်းလည်ပတ်မှုရဲ့ကဏ္ဍများမှာ အသွင်ကူးပြောင်းနေတာဟာ ငြင်းနိုင်ဖွယ် မရှိပေမယ့်လည်း ကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်စွမ်းနဲ့ လုပ်ငန်းထိန်းချုပ်မှုမရှိခြင်းကြောင့် သတိပေးခြင်းများ တိုးလာပါတယ်။ ထိန်းချုပ်မှုမလုံလောက်ခြင်းကြောင့် ပထမ-လုံခြုံရေး ချိုးဖောက်မှုအန္တရာယ် မြင့်မားလာပြီး ဒုတိယ- AI ရဲ့ ဆုံးဖြတ်ချက် ချရာမှာ ကျင့်ဝတ်ဆိုင်ရာ ဂယက်ရိုက်ခတ်မှုနဲ့ ပွင့်လင်းမြင်သာမှုတို့ကို မေးခွန်းထုတ်လာတာကြောင့် သက်ဆိုင်သူများမှ ယုံကြည်မှု ပျက်ပြားသွားနိုင်ပါတယ်။

Developer တွေက ပိုပြီး ထိရောက်မှုရှိပါလိမ့်မယ်။

၂၀၂၄ ခုနှစ်မှာ ခေါင်းဆောင်မှုများအတွက် စဉ်းစားရမယ့်အချက်က တစ်ဖက်မှာ CISOS နဲ့ IT ခေါင်းဆောင်များက AI ကို ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်ကုဒ် (Program Code) အတွင်းသို့ ဘယ်လိုလုံလုံခြုံခြုံသုံးစွဲရမယ်ဆိုတာကို စဉ်းစားနိုင်ဖို့ လိုအပ်ပါတယ်။ တခြားတစ်ဖက်မှာ အာကာသအတွင်းရှိ Application Security ရောင်းချသူများက သူတို့ရဲ့ ပရိုဂရမ်များမှာ မျိုးဆက်သစ် AI ကို ဘယ်လိုအသုံးချနိုင်စေမယ်ဆိုတာကို စဉ်းစားနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုအသုံးချခြင်းအားဖြင့် ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်စေဖို့နဲ့ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်နိုင်စေဖို့ လုံခြုံရေးမူဝါဒထုတ်ခြင်း၊ ပုံစံများနဲ့ ကွဲလွဲချက်များကိုဖော်ထုတ်ခြင်း၊ အားနည်းချက်များကိုပိုမိုမြန်ဆန်စွာရှာဖွေခြင်း၊ ဦးစားပေးလုပ်ဆောင်ခြင်းနဲ့ တုံ့ပြန်မှု လုပ်ငန်းစဉ်ကဲ့သို့သော လုံခြုံရေးရလဒ်များကို အရှိန်မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

Tim Keary, Technology Specialist ရဲ့ December, 2023 မှာ ရေးသားထားတဲ့ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားပါတယ်။

Reference: https://www.techopedia.com/top-ai-trends

Dr. Thel Seint Aye

B.C.Sc, CU (MDY) , B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY) ,Ph.D (IT), (U.C.S.M)