အဖိုးတန်အမှားများ (သို့) ပိုမိုကောင်းမွန်ဖို့အတွက်တွန်းအားဖြစ်စေမှုများ

အခုဆောင်းပါးမှာ ဆရာ၊ ဆရာမတွေက သူတို့ဘဝမှာ အကြီးမားဆုံးအမှားများပြုလုပ်ခဲ့ဖူးပြီး ဘယ်လိုသင်ခန်းစာ တွေရခဲ့တယ်ဆိုတာတွေ မျှဝေပေးထားခြင်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။

Caddo Parish public schools မှာ မူလတန်းသိပ္ပံသင်ကြားရေးအထူးပြုပညာရှင် “K. Renae Pullen” ဆိုသူမှ အသက်မွေးဝမ်းကျောင်းဘဝတစ်လျှောက်လုံးမှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် တွေကနေ ‌အောင်မြင်တဲ့ရလဒ်များသာရခဲ့တယ်လို့ ပြောချင်ပေမယ့်လည်း အဲ့လိုမပြောနိုင်ဘဲ professional ခရီးလမ်းကြောင်းမှာ အမှားတွေ ပြုလုပ်ခဲ့တယ်။ Career အစောပိုင်းကာလမှာ လုပ်ဆောင်ချက် ကောင်းတွေကြောင့် လုပ်ဖော်ကိုင်ဖက်နဲ့ အထက်အရာရှိတွေရဲ့ ချီးမွမ်းမှုခံခဲ့ရတယ်။

ဒါပေမဲ့ ကောင်းမွန်တဲ့လုပ်ငန်းစဥ်နဲ့ ကျောင်းသားတွေအပေါ် အနုတ်လက္ခဏာသက်ရောက်နိုင်တဲ့ teaching habit မျိုးကို မသိမသာ ပျိုးထောင်ထားမိခဲ့တယ်။ ကျောင်းသားတွေအောင်မြင်ဖို့အတွက် သင်ကြားပေးမှုမှာ သူတို့အတွက် gap ရှိနိုင်လောက်တာကို လိုက်ရှာပြီး အဲ့ gap ကိုအခြေခံပြီး ဘာသာရပ်အပေါ်နားလည်မှုနဲ့ ကျွမ်းကျင်မှုတည်ဆောက်ပေးမယ်ဆိုတဲ့ အယူအဆနဲ့လုပ်ဆောင်ခဲ့တယ်။ သူတို့မသိတာ၊ မလုပ်နိုင်တာဆိုတဲ့ အားနည်းတဲ့အပိုင်းကိုအာရုံစိုက်ပြီး သူတို့အပေါ် Deficit mindset နဲ့ကြည့်ရှုခဲ့လို့ ရည်ရွယ်ချက်ပြည့်ဝတဲ့ learning goals တွေ၊ မြင့်မားတဲ့မျှော်မှန်းချက် စတာတွေချမှတ်ရာမှာ အခက်အခဲတွေရှိခဲ့ပြီး ထင်သလောက် အလုပ်မဖြစ်ခဲ့ဘူး။ ပြီးတော့ အဲ့လိုအတွေးမျိုးက ကျောင်းသားတွေအပေါ် မထားသင့်တဲ့အတွေးမျိုးဆိုတာ နားလည်လာခဲ့တယ်။ ကျောင်းသားတွေရဲ့ ထူးချွန်တဲ့အပိုင်းနဲ့ အားသာချက်တွေကိုအခြေပြုပြီး သူတို့အောင်မြင်ဖို့ကို ဦးတည်တဲ့ mindset မျိုးကို ပြောင်းလဲခဲ့တယ်။ ဘာသာရပ်အပေါ်နားလည်မှုကို နည်းအမျိုးမျိုးနဲ့ ဖော်ပြခွင့်ပေးခဲ့တဲ့အတွက် ကျောင်းသားတွေဟာ ခက်ခဲတဲ့အရာတွေအပေါ် စိန်ခေါ်နိုင်တဲ့ယုံကြည်မှု ပိုတိုးလာခဲ့တယ်။ ဒါကြောင့် ကျွန်မဘက်က သင်ကြားရေးလမ်းစဥ်နဲ့ ကျောင်းသားတွေရဲ့လုပ်နိုင်စွမ်း ချိတ်ဆက်မှုပိုရှိလာခဲ့တယ်။

Technology Trainer/Instructor ဖြစ်သူ “Kayla Towner” ဆိုသူက “ကျွန်မ (၅) တန်းကျောင်းသားတွေကို စာသင်ပေးရတုန်းက စာသင်ခန်းထဲမှာ နည်းပညာအသုံးပြုသင်ရတာကို တအားနှစ်သက်ခဲ့တယ်။ အဲ့ဒါနဲ့ ကျောင်းသားတွေကို Microsoft Teams၊ Microsoft OneNote Class Notebook စတာတွေနဲ့ နောက်ဆုံးပေါ်နည်းပညာတွေအသုံးချပြီး သင်ကြားပေးခဲ့တာမှာ သူတို့လည်းအရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့ကြတာပေါ့။”

“ဒါပေမဲ့ ကလေးတွေဟာ နည်းပညာမှာပဲနစ်မြောနေပြီး သင်ကြားရတဲ့စာတွေအပေါ်အာရုံမရှိဖြစ်လာခဲ့တယ်။ သင်ကြားရတဲ့အကြောင်းအရာနဲ့ သင်ကြားနည်းက အဓိက‌ရှေ့ပြေးများဖြစ်ကာ နည်းပညာကတော့ အဲ့ဒီအရာတွေကိုတိုးမြှင့်စေတဲ့အရာဖြစ်တာကို သတိပြုမိလာတယ်။ အဲ့ဒါနဲ့ ကျွန်မသင်ကြားမှုပုံစံကို ပြင်ဆင်ပြောင်းလဲခဲ့ရတယ်။”

“ကျွန်မအတွက် နောက်တစ်ခုက ဆရာ၊ဆရာမတွေက စိတ်အရမ်းရှည်ကြတယ်ဆိုတာ အတိုင်းအတာ တစ်ခုထိတော့ မှန်ကန်တဲ့အချက်ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ဘဝကို ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုကောင်းတွေနဲ့ ပြည့်နှက်နေတဲ့နေ့ရက်တွေရှိသလို တစ်ခါတလေ ခက်ခဲတဲ့ concept တွေ၊ unit တွေသင်ပေးနေချိန် ကျောင်းသားတွေက အာရုံမစိုက်တာမျိုး၊ ကြောင်တောင်တောင်ဖြစ်နေတာမျိုး၊ သင်ကြားတဲ့စာနဲ့မဆိုင်တာတွေလုပ်နေတာမျိုးတွေမြင်လိုက်ရချိန်မှာ ကျွန်မအတွက်စိတ်မကောင်းဖြစ်စေတဲ့ ခံစားချက်တွေလွှမ်းမိုးလာပြီး မသင့်လျော်တဲ့တုံ့ပြန်မှုမျိုးပြုလုပ်မိတယ်။ အဲ့ဒါကို ကလေးတွေရဲ့မျက်နှာကနေ မြင်တွေ့လိုက်ရတယ်။ အဲ့ဒီအတွေ့အကြုံကနေ ဆရာ၊ဆရာမတွေလည်း လူသားတွေမို့လို့ ကလေးတွေအပါအဝင် အရာရာကိုမထိန်းချုပ်နိုင်ဘူးဆိုတာ သိရှိနားလည်ခဲ့တယ်။ စာသင်ခန်းတွင်း ဘာတွေလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောပြထားပြီး စိတ်တည်ငြိမ်အောင် ကိုယ့်ကိုယ်ကိုယ်လေ့ကျင့်ရင်း ကျောင်းသားတွေအတွက် positive role model တစ်ယောက်အဖြစ် နေထိုင်ဖို့အရေးကြီးတယ်။”

Ph.D. ကျောင်းသားတစ်ဖြစ်လဲ Treadwell Elementary ကျောင်းဆရာဖြစ်တဲ့ “Neven Holland” ဆိုသူက “ကျွန်တော့်ရဲ့အမှားကတော့ စာသင်ကြားတဲ့အခါ အရာရာတိုင်းမှာ ဆန်းသစ်တီထွင်မှုတွေပြုလုပ်ချင်တာပဲ ဖြစ်တယ်။ ကျွန်တော့်ဆီမှာ အကြံတွေ၊ အနာဂတ်အမြင်တွေအများကြီးရှိပြီး အဲ့ဒါတွေကိုရှင်းလင်းအောင်နဲ့ တစ်ခုနဲ့တစ်ခု မရောထွေးအောင် စာသင်ခန်းထဲမှာ ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ အရမ်းကိုမှခက်ခဲပြီး စိန်ခေါ်မှုများတာကို တွေ့ခဲ့ရတယ်။ ဘာလို့ဆို လုပ်ချင်တာတွေများပြီး ကျောင်းသားတွေ အတွက် ထိရောက်တဲ့သင်ကြားမှုပိုင်းမှာ အားနည်းလာတယ်လို့ မြင်လာတယ်။ ကိုယ့်ကျောင်းသားတွေ အကြောင်းနဲ့ ကိုယ်သင်ရမယ့်စာကို ကောင်းကောင်းကြီးနားလည်ဖို့က ပထမဆုံးဖြစ်တယ်ဆိုတာ သဘော‌ပေါက်ခဲ့တယ်။ သင်ကြားရေးမှာ များပြားလှတဲ့နည်းလမ်းတွေနဲ့ အိုင်ဒီယာအသစ်တွေထက် ကျောင်းသားတွေရဲ့ outcome ကောင်းဖို့မှာ နည်းလမ်း နှစ်ခု၊သုံးခုကို ပြီးပြည့်စုံနေအောင် ပြင်ဆင်ခြင်းက ပိုကောင်းတယ် ဆိုတာသိလာတယ်။”

မရည်ရွယ်ဘဲ အမှားများပြုလုပ်ခြင်းဟာ မရပ်တန့်နိုင်တဲ့ လုပ်ဆောင်မှုတစ်ခုအဖြစ် ရှိနေနိုင်ပေမယ့် ကံကောင်းစွာနဲ့ အဲ့ဒီအမှားတွေကနေ ဆက်လက်သင်ယူနိုင်တဲ့ အခွင့်အ‌ရေးရှိနေသေးတယ်။ ပြီးတော့ တစ်ဖက်မှာ ကျွန်မတို့က စာသင်ကြားပေးရသလို တစ်ဖက်ကလည်း ကလေးများဆီမှ ပြန်လည်သင်ယူမှုပြုလုပ်ရကာ နှစ်ဦးနှစ်ဖက်သင်ကြားမှု ပတ်ဝန်းကျင်ပြုလုပ်နေကြရပါတယ်။ ဆရာ၊ ဆရာမများနဲ့ ကျောင်းသားများဟာ ပြီးပြည့်စုံတဲ့သူများ မဟုတ်သော်လည်း အမြဲကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်လက်သင်ယူလေ့လာမှု ပြုလုပ်နေကြမယ့် ကြိုးစားနေကြသူများအဖြစ် အမြဲရှိနေမှာ ဖြစ်ပါတယ်။

edweek.orgမှ The Biggest Mistakes Teachers Have Made and What They’ve Learned From Them ဆောင်းပါးမှ အချို့ကို ထုတ်နုတ်ကာအကျဥ်းချုပ်ပြီး သင့်တော်သလို ဘာသာပြန်ထားပါတယ်။

Reference

Ferlazzo, L., 2023. The Biggest Mistakes Teachers Have Made and What They’ve Learned From Them. [Online] Available at: https://www.edweek.org/.../opinion-the-biggest.../2023/12 [Accessed 24 April 2024]

Daw Myint Zu Phyo

BBM, (NMDC)

MBA, (YUE)