Boston Dynamic မှ ထုတ်လုပ်တဲ့ SPOT ROBOT အကြောင်း

ယနေ့ခေတ် လုပ်ငန်းခွင်များနဲ့ စက်ရုံများမှာ employee များနေရာ အစားထိုးဖို့ အတူ တွဲဖက်ပြီးလုပ်‌ဆောင်ဖို့ Robot များကို လက်တွေ့လုပ်ငန်းခွင်များမှာ ပေါင်းစပ်ပြီး တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ အဲ့လိုပေါင်းစပ်အသုံးပြုခြင်းက ဝန်ထမ်းများအတွက် လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရတဲ့ အန္တရာယ်များကို လျှော့ချနိုင်ပြီး productivity ကိုလည်း တိုးမြင့်လာနိုင်ပါတယ်။ 2020 နောက်ပိုင်းမှာလည်း AI နည်းပညာဟာ တစ်ဟုန်ထိုး တိုးတက်လာရုံတင်မကဘဲ လက်တွေ့မှာလည်း တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ ယခုမိတ်ဆက်ပေးမယ့် အကြောင်းကတော့ “Spot Robot” ဖြစ်ပါတယ်။ ‘’Spot robot’’ ကို American Robotics Company တွေထဲက တစ်ခုဖြစ်တဲ့ “Boston Dynamics” မှ 2016 ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး 2019 မှာ စျေးကွက်ထဲ ရောင်းချဖို့အတွက် ထုတ်ဝေခဲ့ပါတယ်။ Boston Dynamics ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက Robot development များစွာကို လုပ်‌ဆောင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ နည်းပညာများတိုးတက်လာတာနဲ့အမျှ ပိုပြီး intelligent ဖြစ်တဲ့ Robot များကို တီထွင်ထုတ်လုပ်မှုများ ပြုလုပ်လာပါတယ်။

Spot ကို ခြေလေးချောင်းပါတဲ့ flexible mobile robot စက်ရုပ်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။ Spot Robot ရဲ့ အလေးချိန်ဟာ 25 kgs နဲ့ အမြင့်မှာ 83 cm ရှိပါတယ်။ သူ့ရဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ တစ်စက္ကန့်မှာ 1.6 မီတာဖြစ်ပြီး ပြန်လည်လဲလှယ်နိုင်တဲ့ Battery ပါရှိကာ Minutes 90 ကြာအောင် လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Spot ကို tablet မှာ သုံးတဲ့ android application နဲ့ ထိန်းချုပ်နိုင်ပါတယ်။ Spot System မှာ Robot ထိန်းချုပ်မှုကို လွယ်ကူစေဖို့အတွက် physical ခလုတ်များပါရှိတဲ့ Android Game Tablet တစ်ခု ပါဝင်ပါတယ်။ Spot classic version ကို indoor, outdoor operation လုပ်ငန်းများမှာ လုပ်ဆောင်ဖို့နဲ့ ကြမ်းတမ်းတဲ့ မျက်နှာပြင်များမှာ သွားလာဖို့အတွက် ညှိနှိုင်းလုပ်ဆောင်နိုင်ဖို့ ကူညီပေးတဲ့ အာရုံခံကိရိယာဦးခေါင်း ပါရှိပါတယ်။ ဒါ့အပြင် Spot မှာ လှုပ်ရှားမှုများ ပြုလုပ်နိုင်တဲ့ Spot Arm အတွက် bumper buttons တစ်ခုနဲ့ အပို physical joystick တစ်ခုတို့ ပူးတွဲပါရှိပါတယ်။ အဲဒီ device များနဲ့ Spot ကို မောင်းနှင်ပြီး အသုံးပြုနိုင်ပါတယ်။ Intuitive Tablet Application နဲ့ တပ်ဆင်ထားတဲ့ Stereo Camera များကို အသုံးပြုပြီး Spot ကို ထိန်းချုပ်နိုင်ပါတယ်။ အဝေးထိန်းခလုတ်နဲ့ အာရုံခံခြင်း စစ်ဆေးရှာဖွေခြင်းများအတွက်လည်း အသုံးပြုကြပါသေးတယ်။

Spot Robot ဟာ စက်မှုလုပ်ငန်းခွင်များအတွင်း စစ်‌ဆေးခြင်းမှအစ ဖျော်ဖြေရေး လုပ်ငန်းများအထိ လုပ်ဆောင်ပေးနိုင်ပါတယ်။ Spot ဟာ အဆောက်အဦ လှေကားမြင့်များတက်ခြင်းနဲ့ ကြမ်းတမ်းတဲ့ မြေပြင်ကို လွယ်ကူစွာ သွားလာနိုင်ပါသေးတယ်။ တချို့နေရာတွေမှာ Spot ကို အိမ်တွင်းသုံးအတွက်လည်း အသုံးပြုကြပါသေးတယ်။ အဲဒီလို အခြေခံစွမ်းရည်များအပြင် Spot ဟာ ဝေးလံခေါင်သီတဲ့ Construction ဆိုက်များနဲ့ လူတွေသွားရခက်တဲ့ နေရာတွေကိုလည်း Remote Control ဖြင့်ထိန်းချုပ်ပြီး လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးခြင်းများ လုပ်ဆောင်ခိုင်းလို့ရပါတယ်။ 2020 Covid-19 ကာလများအတွင်းမှာ လူများသွားရောက် မကြည့်ရှုနိုင်တဲ့ Data center များ၊ စိုက်ပျိုးရေး လုပ်ငန်းကြီးများ၊ ဆေးရုံများမှာ လူနာတွေကို အဖျားတိုင်းခြင်း၊ ဆေးပေးခြင်း လုပ်ငန်းများကိုလည်း ဆေးရုံများမှာ ကျန်းမာရေးဝန်ထမ်းများကိုယ်စား လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါ့အပြင် ရဲဌာနများမှာလည်း အန္တရာယ်ရှိတဲ့ပစ္စည်း ဒါမှမဟုတ် ဖောက်ခွဲရေးပစ္စည်းများ အတွက် သံသယဖြစ်ဖွယ် အထုပ်များနဲ့ ပတ်ဝန်းကျင်များကို စစ်ဆေးဖို့၊ ခြိမ်းခြောက်မှုများကို အဝေးမှ အကဲဖြတ်ဖို့နဲ့ အရေးပေါ်တုံ့ပြန်ရတဲ့ အခြေအနေတွေမှာ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်များကို ရှာဖွေဖို့ Spot Robot ကို အသုံးပြုပါသေးတယ်။ ဒီအချက်တွေကိုကြည့်ပြီး ယခုနောက်ပိုင်းနှစ်တွေမှာလည်း စက်ရုပ်များကို လုပ်ငန်းခွင်များနဲ့ အများပြည်သူဘေးကင်းစေဖို့အတွက် တွင်ကျယ်စွာ အသုံးပြု လာတာကို မြင့်တွေ့လာရပြီ ဖြစ်ပါတယ်။ Meta AI နဲ့ Fundamental AI Research (FAIR) မှ သုတေသီများက စက်ရုပ်များကို အနာဂတ်မှာ လုပ်ငန်းခွင်များနဲ့ နေ့စဥ်လုပ်ငန်းများမှာ တွင်ကျယ်စွာ အသုံးပြုနိုင်ဖို့အတွက် Boston Dynamics' Spot နဲ့ လက်တွဲလုပ်ဆောင်လျက်ရှိပါတယ်။ အဲဒီတီထွင်မှုများနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း များက နည်းပညာများတိုးတက်လာပြီး AI နည်းပညာရဲ့ တိုးတက်ခြင်း အောင်မြင်မှုများကို ထင်ရှားစွာ မြင်ယောင်စေပါတယ်။

နောင်အနာဂတ်များမှာ လူအများနဲ့ တွဲဖက်တဲ့ အလုပ်နေရာတွေသာမကဘဲ အားကစားနဲ့ ပတ်သက်တဲ့နေရာများ၊ တိုက်ခိုက်ရေးနဲ့ ဘောလုံးကစားသမာများ နေရာတွေအထိပါ ဝင်ရောက် အစားထိုး လုပ်ဆောင်နိုင်ဖို့ လက်တွေ့ တီထွင်များလည်း လုပ်နေကြပါသေးတယ်။ Military ရဲ့ Activity တွေမှာပါ ထည့်သွင်းအသုံးပြုနိုင်ဖို့ ကြိုးပမ်းနေမှုများကို Boston Dynamic website မှာ သွားရောက် လေ့လာနိုင်ပါသေးတယ်။

References- www.bostondynamics.com

Daw Ei Mon Soe

ME-IT(TU-Mdy)

MBA (SIU, Thailand)