လုပ်ငန်းခွင်ထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆက်သွယ်ရေး အမှားများ (သို့) ပြဿနာများ

ရှုပ်ထွေးလွန်းလှတဲ့ အချိန်ဇယားများနဲ့ အလုပ်များတဲ့ ပရောဖက်ရှင်နယ်ဘဝတွေကြောင့် လုပ်ငန်းခွင်ထဲမှာ ဆက်သွယ်ရေးအမှားများ (သို့မဟုတ်) ပြဿနာများ မကြာခဏ ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။ ဆက်သွယ်ရေး ပြဿနာတွေကို လျင်မြန်စွာဖြေရှင်းခြင်းက အလုပ်လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေခြင်းမှ ကာကွယ်ပေး ပါတယ်။ လုပ်ငန်းခွင်ထဲမှာရှိတဲ့ Level တိုင်းမှာ ဆက်သွယ်ရေးညံ့ဖျင်းမှုများ ဖြစ်ပေါ်တတ်ပါတယ်။ စာတိုများပေးပို့ဖို့အတွက် အကောင်းဆုံး ယန္တရားများကို ရွေးချယ်ခြင်းက လက်ခံသူမှ အကြောင်းအရာတွေကို အပြည့်အဝ နားလည်ကြောင်း သေချာစေပါတယ်။ ယနေ့ခေတ် စီးပွားရေး ပတ်ဝန်းကျင်ဟာ ဆက်သွယ်ရေး အခွင့်အလမ်းများစွာကို ပေးစွမ်းနေပေမယ့်လည်း အချက်အလက်များ မပြည့်စုံခြင်း၊ မှန်ကန်မှုမရှိခြင်း၊ (ဒါမှမဟုတ်) အသုံးမပြုတော့တဲ့အခါမှာ ပြဿနာများ ဖြစ်ပေါ်လာတတ်ပါတယ်။

ခိုင်လုံမှုမရှိတဲ့ ဝေဖန်မှုတွေကို ကိုင်တွယ်ဖြေရှင်းခြင်း

လုပ်ငန်းကျွမ်းကျင်တဲ့ပညာရှင်များဟာ အသစ်သောအကြောင်းအရာတွေကိုတင်ဆက်မှု အမြဲပြုလုပ်ပြီး ဆွေးနွေးပွဲတွေကိုလည်း ပုံမှန်လုပ်ဆောင်ရပါတယ်။ သို့ပေမဲ့ လုပ်ဖော်ကိုင်ဖက်များက စကားစမြည် ပြောဆိုခြင်းမှာ လုံးဝပါဝင်ခြင်းမရှိတဲ့အခါ ဆက်သွယ်ရေးပြတ်တောက်သွားတတ်ပါတယ်။ နောက်ပိုင်းမှာ နားလည်မှုလွဲမှားကာ ခံစားချက်တွေကို ထိခိုက်နာကျင်စေတဲ့ (ဒါမှမဟုတ်) ပိုမိုဆိုးရွားသွားစေမယ့် အရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း လွဲချော်သွားတတ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုများက အဖွဲ့အစည်းအတွက် လိုအပ်သလို အငြင်းအခုံပြုလုပ်ခြင်းဟာ ရေရှည်ပြဿနာများကို ဖြစ်စေတတ်ပါတယ်။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာများကို အာရုံစိုက်ခြင်းက ဝန်ထမ်းများအတွက် ဆက်သွယ်ရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ဝန်ထမ်းများဟာ ပြဿနာများကို လွန်လွန်ကဲကဲ ပြောဆိုခြင်းများကို ရှောင်ကြည်သင့်ပါတယ်။ ဝေဖန်မှုများကို နားလည်နိုင်ခြင်း၊ ပြဿနာအခက်အခဲများကို ဖြေရှင်းဖို့ စိတ်ပါဝင်စားမှုရှိကြောင်းကို ဖော်ပြခြင်းဖြင့် ဝန်ထမ်းများဟာ မှန်ကန်တဲ့အမြင်ကို ရရှိနိုင်ပြီး အခြေအနေ အရပ်ရပ်ကို ဆင်ခြင်တုံတရားနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။

အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းခြင်း

လမ်းညွှန်မှုပေးနိုင်တဲ့ ခေါင်းဆောင်များ ပေါ်ထွက်လာခြင်းမရှိပါက အကျပ်အတည်းအခြေအနေမှာ ဆက်သွယ်ရေး ပြဿနာများ ဖြစ်ပေါ်တတ်ပါတယ်။ လုံလောက်တဲ့ အရေးပေါ်အစီအစဉ်များ စီစဉ်ထားခြင်း မရှိပါက အဲ့ဒီဖြစ်ရပ်တွေကို ရှောင်ရှားနိုင်ပေမယ့်လည်း ၎င်းတို့ ကိစ္စရပ်တွေဖြစ်ပျက်လာတဲ့အခါ အတင်းအဖျင်းပြောခြင်း၊ ကောလဟာလများနဲ့ ဆန့်ကျင်ဖက် ကိစ္စရပ်များဖြစ်ပေါ်လာမှုကို တားဆီးခြင်းဖြင့် လူအများကို တည်ငြိမ်အေးချမ်းစေပါတယ်။ ဥပမာ ဘဏ္ဍရေးအကျပ်အတည်းတစ်ခုအတွင်း၊ ဝန်ထမ်းများ၊ ဖောက်သည်များ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနဲ့ ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံခြင်းက ခေါင်းဆောင်တွေကို ယုံကြည်စိတ်ချမှုရှိစေပြီး အခြေအနေတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဗန်းစကားများအသုံးများခြင်း

စီးပွားရေး ကျွမ်းကျင်ပညာရှင်များဟာ ဆက်သွယ်ရေး အသုံးအနှုန်းများကို အသုံးပြုတဲ့အခါ သူတို့ဟာ တခြားဘာသာစကား (ဒါမှမဟုတ်) ယဉ်ကျေးမှုတွေကို မကြာခဏ အသုံးပြုလေ့မရှိပါဘူး။ ထိုနည်းတူ နည်းပညာဆိုင်ရာ ဝန်ထမ်းများဟာ အီးမေလ်း၊ သတင်းလွှာများ (ဒါမှမဟုတ်) စာရွက်စာတမ်းများကို အလွန်အကျွံ အသုံးပြုခြင်းက စာဖတ်သူတွေအတွက် ပိုမိုခက်ခဲစေပါတယ်။ အဖွဲ့အစည်းရဲ့ အစည်းအဝေးများမှာ ဗန်းစကားများ ပြောဆိုကြတဲ့အခါ အဓိပ္ပယ်ရှိတယ်လို့ထင်မြင်ရပေမယ့်လည်း လူအများက မက်ဆေ့ကို လွဲမှားစွာနားလည်ခြင်း၊ စိတ်ဝင်စားမှုဆုံးရှုံးတဲ့အခါမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ ဆက်သွယ်ရေး လွယ်ကူစေဖို့အတွက် ဗန်းစကားအလွန်အကျွံ အသုံးပြုခြင်းကို ရှောင်ကြည်ပါ။

ငြင်းပယ်ခြင်းတွေကို ကိုင်တွယ်ဖြေရှင်းခြင်း

သတင်းဆိုးများကြုံတွေ့ရတဲ့အခါ လူတွေက ဘာပြောရမလဲဆိုတာကို စိတ်ပူပန်တတ်ကြပါတယ်။ ဒါဟာ ဆက်သွယ်ရာမှာ နှောင့်နှေးမှုတွေကို ဖြစ်စေနိုင်သလို ကိုယ်ပိုင်ပြဿနာများလည်း ဖြစ်ပေါ်စေပါတယ်။ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည်သုံးသပ်ခြင်း၊ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်း၊ ဖျက်သိမ်းထားတဲ့ ပရောဂျက်တွေလို ခက်ခဲတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းခြင်းဟာ စိန်ခေါ်မှုနဲ့ စိတ်ဖိစီးမှုများကို ဖြစ်စေနိုင်ပါတယ်။ အချက်အလက်များနဲ့ အကြောင်းပြချက်များကို အခြေခံပြီး အောင်မြင်တဲ့ စီးပွားရေး ကျွမ်းကျင်ပညာရှင်များဟာ အခြေအနေများကို ရှောင်လွှဲပြီး ဖယ်ထားမယ့်အစား ထိထိရောက်ရောက် ပြောဆိုဆက်ဆံကာ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။

Tara Duggan ရဲ့ Communication Errors or Issues That Can Occur in the Workplace ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာ ပြန်ဆိုထားပါတယ်။

 

U Ah Zer Zar Sar

DBL.LLB.BARS

MBA ( Assumption University, Thailand)