ပညာရေးဆိုင်ရာ AI Tools များ

နည်းပညာတိုးတက်မှုဟာ ပညာရေးမှာ ဆန်းသစ်တီထွင်မှုကို တွန်းအားပေးခဲ့ပါတယ်။ ပညာရေးမှာ AI ဟာ များပြားလှတဲ့ အချက်အလက်များစွာကို စီမံဆောင်ရွက်ပေးနိုင်ပြီး လူသားကဲ့သို့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်များကို တုပနိုင်ပါတယ်။ AI အသုံးပြုပြီး ပညာရေးဆိုင်ရာ Tools များဟာ ကျောင်းသားများအတွက် ပုဂ္ဂိုလ်ရေးဆန်ပြီး အသုံးပြုနိုင်တဲ့ ဆွဲဆောင်မှုရှိသော အကြောင်းအရာများကို ပံ့ပိုးပေးခြင်းဖြင့် သင်ယူမှုအတွေ့အကြုံကို မြှင့်တင်ပေးပါတယ်။

AI အသုံးပြုပညာရေးဆိုင်ရာ Tools တချို့မှ သက်ရောက်မှုများမှာ

Virtual ကျူရှင်ဆရာများ

Virtual ကျူရှင်ဆရာများက ကျောင်းသားများနဲ့ စကားစမြည်ပြောဆိုဖို့ NLP နဲ့ ML အယ်လ်ဂိုရီသမ်များကို အသုံးပြုတဲ့ အသိဉာဏ်ရှိစနစ်များ ဖြစ်ပါတယ်။ ၎င်းတို့ဟာ စိတ်ကြိုက်သင်ယူမှုအတွေ့အကြုံများကို ပေးဆောင်ပါတယ်။ Virtual ကျူရှင်ဆရာများက ကျောင်းသားတစ်ဦးချင်းစီရဲ့ သင်ယူမှုနှုန်း၊ စတိုင်လ်နဲ့ နှစ်သက်မှုများကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ပြီး သင်ယူမှုလုပ်ငန်းစဉ်ကို ပိုမိုဆွဲဆောင်မှုနဲ့ ထိရောက်မှုရှိစေပါတယ်။

အသိဉာဏ်ရှိတဲ့ အကြောင်းအရာ အကြံပြုချက်များ

ဉာဏ်ရည်ရှိတဲ့အကြံပြုချက် Tools များဟာ သင်ကြားရေးဆိုင်ရာအကြောင်းအရာများကို ကျောင်းသားများအား အကြံပြုဖို့အတွက် ဒေတာခွဲခြမ်းစိတ်ဖြာမှုနဲ့ အယ်လ်ဂိုရီသမ်များကို အသုံးချပါတယ်။ အကြံပြုချက်များက ကျောင်းသား တို့ရဲ့ သင်ယူမှုပုံစံများ၊ စိတ်ဝင်စားမှုများနဲ့ တိုးတက်မှုအပေါ် အခြေခံထားပါတယ်။ သင့်လျော်တဲ့ အရင်းအမြစ်များကို ရှာဖွေရာမှာ ကျောင်းသားများအတွက် အချိန်ကုန်သက်သာစေပြီး မတူကွဲပြားတဲ့အမြင်များကို ဖော်ထုတ်ပေးပါတယ်။

 အလိုအလျောက်အကဲဖြတ်စနစ်များ

            သမားရိုးကျအကဲဖြတ်ခြင်းနည်းလမ်းများက အချိန်ကုန်နိုင်ပြီး အချိန်နဲ့တစ်ပြေးညီ တုံ့ပြန်နိုင်ခြင်းမရှိပါ။ AI စနစ်သုံး အလိုအလျောက်အကဲဖြတ်မှုစနစ်များဟာ ကျောင်းသားများရဲ့ စွမ်းဆောင်ရည်ကို အချိန်နဲ့တစ်ပြေးညီ အကဲဖြတ်ဖို့ အယ်လ်ဂိုရီသမ်များကို အသုံးပြုပြီး ဖြေရှင်းဖို့ ရည်ရွယ်ပါတယ်။ ၎င်းဟာ အသိပညာကွာဟချက်များကို ဖော်ထုတ်ပေးပြီး ကျောင်းသားများရဲ့ ခေါင်းစဉ်တစ်ခုကို နားလည်မှု တိုးတက်စေဖို့အတွက် တုံ့ပြန်ချက်များကို ပံ့ပိုးပေးပါတယ်။

 ဂိမ်းနဲ့အတူ သင်ယူမှုပလက်ဖောင်းများ

   Gamification က ဂိမ်းဒီဇိုင်းများကိုအသုံးချထားတဲ့ ဂိမ်းမဟုတ်သည့် အကြောင်းအရာများဖြစ်ပါတယ်။ Gamification ဟာ သင်ကြားရေးများမှာ ကျောင်းသားများနဲ့ ထိတွေ့ဆက်ဆံဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်လာ ပါတယ်။ AI စနစ်သုံး ဂိမ်းနဲ့တူတဲ့ သင်ယူမှုပလက်ဖောင်းများဟာ ပုဂ္ဂိုလ်ရေးသီးသန့်စိန်ခေါ်မှုများ၊ ဇာတ်ကောင်များနဲ့ ဆုလက်ဆောင်များ ဖန်တီးဖို့ ဒေတာနဲ့ခွဲခြမ်းစိတ်ဖြာမှုများကို အသုံးပြုပါတယ်။ Gamification က ကျောင်းသားများရဲ့ စွမ်းရည်များတိုးတက်စေပြီး သင်ယူဖို့ လှုံ့ဆော်ပေးပါတယ်။

 Chatbot များ 

  Chatbots များက ကျောင်းသားများနဲ့ အပြန်အလှန်စကားပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ AI စနစ်သုံး ကွန်ပျူတာ ပရိုဂရမ်များဖြစ်ပါတယ်။ ၎င်းဟာ သင်ကြားတဲ့အကြောင်းအရာ၊ Assignment များနဲ့ Deadline များ၊ မေးခွန်းများကို ဖြေဆိုဖို့ NLP ကို အသုံးပြုပါတယ်။ Chatbots များဟာ ဆရာများကို ပိုမိုရှုပ်ထွေးတဲ့မေးခွန်းများ ဖန်တီးပေးနိုင်ပြီး သံသယများကို ရှင်းလင်းစေပါတယ်။ ကျောင်းသားများကလည်း 24/7 အဆင်ပြေပြေအသုံးပြုနိုင်မှုနဲ့ သီးသန့်တုံ့ပြန်မှု တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

 အသိဉာဏ်ရှိတဲ့ကျူရှင်စနစ်များ 

  လိုက်လျောညီထွေရှိတဲ့ သင်ယူမှုပတ်ဝန်းကျင်များကို ဖန်တီးဖို့အတွက် Intelligent tutoring systems (ITS) ဟာ AI၊ သိမြင်မှုဆိုင်ရာ စိတ်ပညာနဲ့ ပညာရေးသီအိုရီတို့ကို ပေါင်းစပ်ထားပါတယ်။ ၎င်းက AI၊ NLP၊ ML နဲ့ Data Mining နည်းပညာများကို ပေါင်းစပ်ထားပြီး စိတ်ကြိုက်သင်ယူမှုကို ပံ့ပိုးပေးပါတယ်။ ITS ဟာ ဒေတာကိုအသုံးပြုပြီး ကျောင်းသားနဲ့ အမေးအဖြေလုပ်ခြင်း၊ Assignment များအတွက် အချိန်ပေးခြင်းနဲ့ အမှားအယွင်းများကဲ့သို့ အပြန်အလှန်တုံ့ပြန်မှုများမှ ကျောင်းသားရဲ့အားသာချက်များနဲ့ အားနည်းချက်များကို ဖော်ထုတ်ပေးနိုင်ပါတယ်။ ကျောင်းသားရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုများကို အကဲဖြတ်ပြီး ပုဂ္ဂိုလ်ရေးဆန်တဲ့ တုံ့ပြန်ချက်များကို ပေးဆောင်နိုင်ပါတယ်။

ဘာသာစကား လုပ်ဆောင်ခြင်း Natural language processing (NLP) powered tools

  NLP ဟာ စကားပြောနဲ့ စာသားအပါအဝင် ဘာသာစကားများဖြင့် လူနဲ့ကွန်ပျူတာကြား အပြန်အလှန်ဆက်သွယ်မှုကို ရိုးရှင်းစေပါတယ်။ NLP-powered Tools များဟာ ကျောင်းသားရဲ့ စာဖြင့်ရေးသားခြင်းနဲ့ စကားပြောတုံ့ပြန်မှုများကို ပိုင်းခြားစိတ်ဖြာပေးပါတယ်။ ဆရာများဟာ စာစီစာကုံးများကို အဆင့်သတ်မှတ်ဖို့နဲ့ ကျောင်းသားများရဲ့ အရေးအသား စွမ်းရည်ကို အလိုအလျောက် ခွဲခြမ်းစိတ်ဖြာဖို့ NLP ကို အသုံးပြုနိုင်ပါတယ်။ NLP ဟာ သဒ္ဒါ၊စာလုံးပေါင်းနဲ့ ဖွဲ့စည်းပုံအပေါ် တုံ့ပြန်နိုင်ပါတယ်။ NLP-powered tools များဟာ မိခင်ဘာသာစကားပြောမဟုတ်သူများကိုလည်း ဘာသာစကား ကျွမ်းကျင်မှုကို တိုးတက်စေဖို့ ကူညီပေးပါတယ်။

Reference: https://www.hp.com/in-en/shop/tech-takes/post/ai-in-education

Dr. Thel Seint Aye 

B.C.Sc, CU (MDY) 

B.C.Sc (Hons), CU (MDY) 

M.C.Sc, CU (MDY)