Toxic people ကို ရှောင်ရှားနည်းနဲ့ မိမိပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုစက်ဝိုင်းကို မွေးမြူနည်း

အဆိပ်သင့်သူများဟာ သင့်ရဲ့စွမ်းအင်ကို စုပ်ယူနိုင်ပြီး သင့်စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ကာ မိမိကိုယ်ကိုယ် တိုးတက်မှု (Personal growth) ကို ဟန့်တားနိုင်ပါတယ်။ ပြီးပြည့်စုံပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့အတွက် အဆိပ်သင့်သူတွေကို ခွဲခြားသိရှိပြီး ရှောင်ရှားဖို့ အရေးကြီးပါတယ်။ အပြုသဘောဆောင်တဲ့၊ ပံ့ပိုးကူညီသူတွေနဲ့ သင့်ကိုယ်သင် ဝန်းရံထားခြင်းက သင့်ကျန်းမာရေးနဲ့ အောင်မြင်မှုကို သိသိသာသာ အထောက်အကူပြုနိုင်ပါတယ်။ ဒီဆောင်းပါးမှာ ကျွန်ုပ်တို့ဟာ အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူတွေကို သတိပြုဖို့နဲ့ သူတို့ရဲ့အဆိုးမြင်လွှမ်းမိုးမှုမှ ကာကွယ်ဖို၊  ကျန်းမာတဲ့ ပတ်ဝန်းကျင်များကို ဖန်တီးဖို့ ထိရောက်တဲ့ ဗျူဟာများကို ရှာဖွေမှာ ဖြစ်ပါတယ်။

အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူလက္ခဏာများကို သတိပြုပါ။

အဆိပ်သင့်သူတွေကို ရှောင်ကြဉ်ခြင်း ပထမအဆင့်မှာ အဆိပ်သင့်ခြင်းရဲ့ လက္ခဏာများကို နားလည်ဖို့ ဖြစ်ပါတယ်။ အဆိပ်သင့်သူများရဲ့ အဖြစ်များတဲ့ လက္ခဏာများမှာ အဆက်မပြတ် အဆိုးမြင်တတ်ခြင်း၊ ခြယ်လှယ်ခြင်း၊ အလွန်အကျွံ ဒရာမာဆန်ခြင်း၊ အတင်းအဖျင်းပြောခြင်းနဲ့ သူတို့ရဲ့လုပ်ရပ်များအတွက် တာဝန်မယူနိုင်ခြင်းတို့ ပါဝင်တယ်။ သင်က အချိန်တိုင်း ပင်ပန်းနွမ်းနယ်နေခြင်း၊ စိတ်ပူပန်နေခြင်း ဒါမှမဟုတ် စိတ်ဓာတ်ကျနေခြင်းတို့ ဖြစ်နေပါက အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူရဲ့ လက္ခဏာများ ဖြစ်နိုင်ပါတယ်။

အပြန်အလှန်တုံ့ပြန်မှုကို ကန့်သတ်ပါ။

အဆိပ်သင့်သူများနဲ့ ထိတွေ့မှုနည်းပါးအောင် သူတို့နဲ့ တွေ့ဆုံတဲ့အချိန်ကို ကန့်သတ်ပါ။ သူတို့ဟာ လုပ်ဖော်ကိုင်ဖက်များ ဒါမှမဟုတ် မိသားစုဝင်များဖြစ်ပါက သင်လုံးဝရှောင်လွှဲလို့ မရပါဘူး။ မလိုအပ်တဲ့ ကိုယ်ရေးကိုယ်တာ စကားပြောဆိုမှုများကို ရှောင်ကြဉ်ပါ။ ပရော်ဖက်ရှင်နယ် ဒါမှမဟုတ် မရှိမဖြစ်လိုအပ်တဲ့ အပြန်အလှန် တုံ့ပြန်မှုတွေကို အာရုံစိုက်ပြီး တခြားစကားဝိုင်းများကို အပေါ်ယံမှာထားပါ။

အကောင်းမြင်သူများနဲ့ သင့်ကိုယ်သင် ဝန်းရံပါ။

အပြုသဘောဆောင်တဲ့၊ ပံ့ပိုးကူညီမှု မြှင့်တင်ပေးတဲ့ပုဂ္ဂိုလ်များနဲ့ ဆက်ဆံရေးကို ရှာဖွေပြုစုပျိုးထောင်ပါ။ သင့်တန်ဖိုးများ၊ ပန်းတိုင်များနဲ့ ကိုက်ညီတဲ့ သြဇာစက်ဝိုင်းတစ်ခုကို မွေးမြူခြင်းက သင့်ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်တိုးတက်မှုကို သိသိသာသာ အကျိုးသက်ရောက်စေပါတယ်။ အပြုသဘောဆောင်သူများဟာ သင့်ကို အားပေးမှု၊ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများပေးတတ်ကြပြီး သင့်ရဲ့အောင်မြင်မှုများကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

Self-Care ကို အာရုံစိုက်ပါ။

အဆိပ်သင့်သူများထံမှ မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ မိမိကိုယ်ကိုယ် ဂရုစိုက်မှုနဲ့  သတိရှိမှုတို့ကို ဦးစားပေးပါ။ သင့်ကို ပျော်ရွှင်မှုနဲ့ စိတ်အပန်းဖြေမှုပေးတဲ့ လှုပ်ရှားမှုများမှာ ပါဝင်ပါ။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် အားကောင်းစေဖို့နဲ့ စိန်ခေါ်မှုအခြေအနေများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ဖို့ သတိပဋ္ဌာန်နဲ့ တရားထိုင်ခြင်း တို့ကို ပြုလုပ်ပေးပါ။

ပြတ်သားခိုင်မာတဲ့ ပြောဆိုဆက်ဆံမှုကို လေ့ကျင့်ပါ။

အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူများကို ကိုင်တွယ်ဖြေရှင်းဖို့ ဒါမှမဟုတ် ပတ်ဝန်းကျင်သတ်မှတ်ဖို့ လိုအပ်တဲ့အခါ၊ ပြတ်သားခိုင်မာတဲ့ ပြောဆိုဆက်သွယ်မှုကို အသုံးပြုပါ။ ရန်လိုခြင်း ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်ခြင်းများကို မပြုလုပ်မိပါစေနဲ့။ သင့်မှာ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ကာကွယ်ပိုင်ခွင့်ရှိတာကို သတိရပါ။

အတွေ့အကြုံမှ လေ့လာပါ။

အဆိပ်သင့်သူများနဲ့ အပျက်သဘောဆောင်တဲ့ အတွေ့အကြုံများကို ဆည်းပူးမယ့်အစား သူတို့ကို သင်ယူမှု အခွင့်အလမ်းများအဖြစ် အသုံးပြုပါ။ အဲဒီအဆိပ်သင့်တဲ့သူတွေထံ သင့်ကို ဘယ်အရာက ဆွဲဆောင်နိုင်သလဲ။ သင်လွဲချော်သွားနိုင်တဲ့ သတိပေးလက္ခဏာများနဲ့ အနာဂတ်ဆက်ဆံရေးအတွက် သင်အသုံးချနိုင်တဲ့ သင်ခန်းစာများကို ပြန်လည်သုံးသပ်ပါ။

နိဂုံး

အဆိပ်သင့်သူတွေကို ရှောင်ကြဉ်ခြင်းက ကျန်းမာပြီး အပြုသဘောဆောင်တဲ့ဘဝကို ထိန်းသိမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူများရဲ့ လက္ခဏာများကို အသိအမှတ်ပြုခြင်း၊ အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုများနဲ့ သင့်ပတ်ဝန်းကျင်မှာ သင့်စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာချမ်းသာမှုကို သင်ကာကွယ်နိုင်ပါတယ်။ သင့်ဘ၀မှာ သင်ခွင့်ပြုပေးမယ့်သူကို ရွေးချယ်နိုင်တဲ့ စွမ်းအားရှိတာကို သတိရပါ၊ သင်ရဲ့ပျော်ရွှင်မှုနဲ့ကြီးထွားမှုကို ဦးစားပေးခြင်းက ပြည့်စုံပြီး ပံ့ပိုးကူညီတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ဖို့အတွက် ခြေလှမ်းတစ်ခုဖြစ်ကြောင်း သတိရပါ။

ဒီဆောင်းပါးကို AI team  မှ ရေးသားထားတဲ့ How to Avoid Toxic People and Cultivate a Positive Circle of Influence ဆောင်းပါးကို ဘာသာပြန်ဆိုရေးဖွဲ့ထားပါတယ်။

Daw Hlaing May Win
B.Com , MBA (Meikhtila University of Economics)