လုပ်ငန်းခွင်မှာ သင်ယူနိုင်တဲ့ ဘဝသင်ခန်းစာ (၇) ခု

အသက်မွေးဝမ်းကြောင်းလုပ်ငန်းတိုင်းက ပုံမှန်ဝင်ငွေ၊ အကျိုးခံစားခွင့်တွေနဲ့ လုပ်ငန်းခွင်အတွေ့အကြုံစတာတွေထက် အတွေ့အကြုံများစွာ ပိုပြီးပေးစွမ်းနိုင်ပါတယ်။ လူတော်တော်များများဟာ လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့  ဝသင်ခန်းစာတွေကို သင်ယူကြပါတယ်။ထိုသင်ခန်းစာများကိုသင်ယူလိုစိတ်ရှိပြီးပွင့်လင်းမြင်သာမှုရှိခြင်းကလူမှုရေးဆိုင်ရာနှင့်အသက်မွေးဝမ်းကြောင်းတိုးတက်မှုအတွက် သော့ချက်ဖြစ်လာနိုင်ပါတယ်။

ဘဝသင်ခန်းစာဆိုတာ ဘာလဲ။

ဘဝသင်ခန်းစာဆိုသည်မှာ ဘ၀နဲ့ သက်ဆိုင်တဲ့အသုံးဝင်တဲ့ သဘောတရားအသစ်များ ဒါမှမဟုတ် အသုံးဝင်တဲ့ အသိပညာများကို သင်ယူနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကိစ္စတစ်ခုကို "လွယ်ကူသော" နည်းလမ်းနဲ့ လုပ်ဆောင်တဲ့ အခါမှာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတတ်တာတွေ ရှိနိုင်ပါတယ်။ တကယ်လို့ "ပိုမိုခက်ခဲ ကြိုးစားရသော"နည်းလမ်းနဲ့ လုပ်ဆောင်ခဲ့မယ်ဆိုရင် ရလဒ်များက ပိုမိုကျေနပ်ဖွယ်ဖြစ်တာကိုလည်း တွေ့ရနိုင်ပါတယ်။ အဲ့ဒီဥပမာကို ကြည့်ခြင်းအားဖြင့် "လွယ်ကူနေတဲ့အရာများက အမြဲတမ်းအတွက်တော့ ကောင်းမနေဘူး" ဆိုတာကို တွေ့မြင်ရပါတယ်။ ဘဝသင်ခန်းစာများကို ပွင့်လင်းမြင်သာမှုရှိခြင်းက အသက်မွေးဝမ်းကြောင်းဘဝနဲ့ ကိုယ်ရေးကိုယ်တာ ဘဝနှစ်ခုစလုံးမှာ ပိုမိုအောင်မြင်လာစေဖို့ ကူညီပေးနိုင်ပြီး ရင့်ကျက်သူတစ်ဦးအဖြစ် တိုးတက်လာဖို့ အတွက်လိုအပ်တဲ့ အထောက်အပံ့ကောင်းများကို ပံ့ပိုးပေး နိုင်ပါတယ်။။

လုပ်ငန်းခွင်မှာ သင်ယူနိုင်တဲ့ အရေးကြီးတဲ့ ဘဝသင်ခန်းစာ ၇ ခု

ဘဝသင်ခန်းစာများက သင်ယူဖို့ ခက်ခဲနိုင်ပြီးတော့ သူတို့ကိုလက်ခံခြင်းနဲ့ ပြောင်းလဲခြင်းတို့ လိုအပ်ပါတယ်။ အလုပ်ကနေ သင်ယူရတဲ့ဘဝသင်ခန်းစာတွေက ကျွန်ုပ်တို့ရဲ့ပရော်ဖက်ရှင်နယ်ဘဝကို တိုးတက်စေရုံသာမက ကိုယ်ရေးကိုယ်တာ တွေမှာလည်း သုံးချနိုင်ပါတယ်။ အထိရောက်ဆုံး ဘဝသင်ခန်းစာများက စာဖတ်ခြင်း ဒါမှမဟုတ် ပြောပြခြင်းတွေထက် အတွေ့အကြုံမှတစ်ဆင့်သင်ယူခြင်း ဖြစ်ပါတယ်။ ပထမဆုံးအလုပ် ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု လုပ်နေတာပဲဖြစ်ဖြစ်၊ ဘ၀ခရီးလမ်းတစ်လျှောက်မှာ သင်ယူခဲ့ရတဲ့ ဘဝသင်ခန်းစာတစ်ခုစီတိုင်းဟာ အလွန်အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။။

လုပ်ငန်းခွင်မှာ သင်ယူနိုင်တဲ့ ဘဝသင်ခန်းစာတချို့ကို ဆွေးနွေးဖော်ပြထားပါတယ်။

၁။ တုံ့ဆိုင်းမနေဘဲ အမြဲကြိုးစားပါ။

ရှောင်လွှဲလို့မရတဲ့ အလုပ်တစ်ခုအတွက် တုံ့ဆိုင်းနေခြင်းက မိမိတို့အလုပ်ကို ထိခိုက်စေနိုင်ပါတယ်။ အခြေအနေတစ်ခုမှာ တုံ့ဆိုင်းနေခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ အလုပ်ကနေ သင်ယူနိုင်တဲ့ တန်ဖိုးရှိလှတဲ့ ဘဝသင်ခန်းစာ တစ်ခုကတော့ အမြဲသင်ယူဖို့ကြိုးစားပြီး တုံ့ဆိုင်းနေတဲ့အချိန်တွေမှာတောင် ဆက်လက်ကြိုးစားနေသူတွေဟာ အောင်မြင် သူတွေပဲ ဖြစ်ပါတယ်။ လူတစ်ယောက်အနေနဲ့ မိမိကိုယ်ကိုယ် အမြဲတမ်း သင်ယူပြီး ပိုကောင်းအောင် နေသင့်ပါတယ်။ မိမိကိုယ်ကိုယ် အောင်မြင်ပြီးပြီလို့ ယူဆတာကြောင့် လူသားတစ်ဦး (ဒါမှမဟုတ်) ဝန်ထမ်းတစ်ဦးအနေနဲ့ တိုးတက်ဖို့ ကြိုးစားခြင်းကို ရပ်လိုက်သင့်တယ်လို့မဆိုလိုပါဘူး။ တုံ့ဆိုင်းခြင်းကို တိုက်ဖျက်ဖို့ အသစ်ဆန်းများကို ကြိုးစားတဲ့အခါမှာ အမှားများ ဒါမှမဟုတ် စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်ပါတယ်။ အမှားတစ်ခုစီကို သင်ယူခွင့်တစ်ခုအဖြစ် ရှုမြင်ဖို့နဲ့ ကျွမ်းကျင်သူများပင် အမှားလုပ်မိကြောင်း မှတ်သားထားဖို့ အရေးကြီးပါတယ်။ ပင်ပန်းနွမ်းနယ်မှုကို ဘယ်လိုတိုက်ဖျက်ရမလဲ ဆိုတာကတော့ ကျွန်ုပ်တို့အပေါ်မှာပဲ မူတည်နေပါတယ်။ အဓိကသော့ချက်မှာ မိမိရဲ့ အလုပ်စွမ်းဆောင်ရည်နဲ့ ကိုယ်ရေး ကိုယ်တာတိုးတက်မှုတို့ကို အမြဲမပြတ် ဆောင်ရွက်နေဖို့ ဖြစ်ပါတယ်။ အလုပ်မှာရော ဘဝမှာပါ ပင်ပန်းကြီးစွာ အားထုတ်ခြင်းက မိမိတို့ရဲ့နေ့ရက်တွေဟာ ပိုမိုပျော်ရွှင်လာမှာဖြစ်ပြီး တစ်ခုချင်းစီတိုင်းက အရေးပါလာပါလိမ့်မယ်။

၂။ တခြားသူများနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းကို ဦးစားပေးလုပ်ဆောင်ပါ။

လုပ်ငန်းခွင်မှာ သင်ယူနိုင်တဲ့ အရေးကြီးတဲ့ နောက်ထပ်သင်ခန်းစာကတော့ တခြားသူတွေနဲ့ ဆက်ဆံရေးက ဘယ်လောက် အရေးကြီးသလဲဆိုတာပဲ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်နဲ့ပဲဖြစ်စေ တခြားသူတစ်ဦးတစ်ယောက်နဲ့ တည်ဆောက်ထားတဲ့ဆက်ဆံရေးတစ်ခုစီတိုင်းဟာ ကိုယ်တိုင်တည်ဆောက်နေတဲ့ အရာများအတွက်ပံ့ပိုးကူညီမှုတစ်ခုအနေဖြင့်ထောက်ပံ့ပေးနိုင်ပါတယ်။ တစ်ဦးတည်းလုပ်ကိုင်ခြင်းဖြင့် ဖန်တီးနိုင်မှုများစွာ ရှိပေမယ့်လည်း သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ကွန်ရက်တစ်ခုဖန်တီးပြီး လုပ်ဆောင်တဲ့အခါမှာ အကြီးမားဆုံး အောင်မြင်မှုများက မကြာခဏထွက်ပေါ်လာတတ်ပါတယ်။

၃။ ကောင်းမွန်တဲ့ဘက်ခြမ်းကိုကြည့်ဖို့လည်း မမေ့ပါနဲ့။

နေ့စဥ်တိုင်းဟာ အကောင်းဆုံးနေ့မဟုတ်သလို တချို့သောနေ့များက စိန်ခေါ်မှုများစွာ ရှိနိုင်ပါတယ်။ အဆိုးမြင်ခြင်းထက် အကောင်းဘက်ကို အာရုံစိုက်ခြင်းက အခြေအနေကိုတစ်မျိူးပြောင်းစေနိုင်ပါတယ်။ အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်နေနိုင်တာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဘဝသင်ခန်းစာတစ်ခုပါပဲ။ မိမိရဲ့အမြင်ကို ပိုမိုတိုးတက်စေပြီး သေးငယ်တဲ့ အရာတွေက မိမိတို့အပေါ် သက်ရောက်မှုနည်းလေလေ၊ အသက်မွေး၀မ်းကြောင်းဘဝနဲ့ ကိုယ်ရေးကိုယ်တာ ဘဝနှစ်ခုလုံးမှ စိန်ခေါ်မှုတွေကို ကောင်းကောင်းကိုင်တွယ်နိုင်လေလေပါပဲ။ ရလဒ်အနေနဲ့ မိမိက ဘယ်လိုအခြေအနေမျိုးမှာမဆို ပျော်ရွှင်မှုကို ပိုမိုခံစားရပါလိမ့်မယ်။

၄။ မိမိရဲ့ အားသာချက်တွေကို ပိုမိုတိုးတက်လာအောင် အသုံးချဖို့ အာရုံစိုက်ပါ။

မိမိဘာလုပ်ရတာကို နှစ်သက်ပါသလဲ? မိမိအမှန်တကယ် တတ်မြောက်ထားတဲ့အရာကို ရှာဖွေခြင်းအပြင် အဲ့ဒီနယ်ပယ်များကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမယ်ဆိုတာကို ရှာဖွေခြင်းက အလုပ်မှာသင်ယူနိုင်တဲ့ အရေးကြီးတဲ့ သင်ခန်းစာ တစ်ခု ဖြစ်ပါတယ်။ မိမိအသက်မွေးဝမ်းကြောင်းမှာ၊ ဘယ်နေရာတွေမှာ ထူးချွန်လဲဆိုတာကို ဆုံးဖြတ်ခြင်းက အလုပ်တစ်ခုရှိခြင်းရဲ့ အကျိုးအရှိဆုံး လက်ဆောင်တစ်ခုဖြစ်ပါတယ်။ အလုပ်ခွင်ပြင်ပမှာ မသင်ယူနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

၅။ အလုပ်ကိုပြီးဆုံးသည်အထိ လုပ်ဆောင်ပါ။

အလုပ်စလုပ်တဲ့အခါ မိမိတို့လေ့လာနိုင်တဲ့ ပထမဆုံးသင်ခန်းစာတွေထဲက တစ်ခုကတော့ အချိန်ဆွဲခြင်းပဲ ဖြစ်ပါတယ်။ အချိန်ဆွဲခြင်းက လုပ်ငန်းခွင်တွင်း ဂယက်ရိုက်ခတ်မှုများစွာဖြစ်နိုင်ပြီး အလုပ်နောက်ကျစေခြင်း စတဲ့ စိန်ခေါ်မှုများ ဖြစ်ပေါ်စေနိုင်ပါတယ် ။အလုပ်ပြီးတဲ့အထိ တစ်စိုက်မတ်မတ်လုပ်ဆောင်ခြင်းက အခက်အခဲများကို တားဆီးနိုင်ပြီး မိမိတို့ရဲ့ Productivity နဲ့ အောင်မြင်မှုကို တိုးမြင့်စေနိုင်တဲ့ တန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတစ်ခုဖြစ်ပါတယ်။ ရုံးမှာဖြစ်စေ၊ ကိုယ်ရေး ကိုယ်တာ ဖွံ့ဖြိုးတိုးတက်မှုအတွက်ဖြစ်စေ အလုပ်ပြီးမြောက်တဲ့အထိ လုပ်ဆောင်နိုင်ဖို့အတွက် အချိန်ဆွဲဖို့ တိုက်တွန်းနေမှု များကို တွန်းလှန်နိုင်လေလေ၊ ပိုမိုလွယ်ကူလာလေလေ ဖြစ်ပါတယ်။

၆။ ရှုံးနိမ့်ခြင်းရဲ့အစွမ်းကိုယုံကြည်ပါ။

ပရော်ဖက်ရှင်နယ်ပန်းတိုင်ဆီသို့ရောက်ရှိဖို့ လုပ်ဆောင်နေချိန်မှာ စိန်ခေါ်မှုများနဲ့ အမှားများကို မလွဲမသွေ ကြုံတွေ့ ရလိမ့်ပါလိမ့်မယ်။ လုပ်သမျှကိစ္စတိုင်းတော့ အောင်မြင်မှာမဟုတ်ပါဘူး။ အမှားမရှိရင် သင်ယူခွင့်မရှိတော့ပါဘူး။ ကျရှုံးမှုတိုင်းက မိမိတို့အား ပုဂ္ဂိုလ်ရေးအရရော ပညာရှင်ပီသစွာ ဖြစ်လာစေဖို့ အခွင့်အရေးများပေးနိုင်ပါတယ်။ ဘယ်အရာက အလုပ်မဖြစ်ဘူးဆိုတာသိဖို့ထက် ပိုကောင်းတဲ့နည်းလမ်း မရှိတော့ပါဘူး။ ဘဝသင်ခန်းစာမှာ စွန့်စားပြီး အမှားမလုပ်ဘဲနေပါက ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲံ ပထမဆုံးပြဿနာဖြစ်တဲ့ရပ်တန့်ခြင်းကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ကျရှုံးမှုကနေ ရုန်းထွက်ဖို့ဆိုတာ မိမိတို့အပေါ်မှာပဲ မူတည်ပါတယ်။ ကျရှုံးမှုကို တွေ့ကြုံရတဲ့အခြေအနေမှာ ဒီအရာကို စိန်ခေါ်မှုတစ်ခုအဖြစ် မြင်နိုင်ပါတယ် ဒါမဟုတ် နောက်ထပ်ကြိုးစားမှုကို ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်ရမည်ကို သိရှိဖို့ သင်ယူမှု အတွေ့အကြုံတစ်ခုအဖြစ် အသုံးပြုနိုင်ပါသေးတယ်။ ရွေးချယ်မှုက မိမိတို့အပေါ်မှာပဲမူတည်ပါတယ်။

၇။ လူကိုမဟုတ်ဘဲ အခြေအနေကို ဘယ်လိုပြောင်းရမလဲဆိုတာ လေ့လာပါ။

လူတစ်ဦး  (ဒါမှမဟုတ်) လူအုပ်စုကို ပြောင်းလဲဖို့ ကြိုးစားခြင်းထက် အခြေအနေကို ပြောင်းလဲဖို့အတွက် အာရုံစိုက်ရန် သင်ယူခြင်းက အလုပ်မှာ သင်ယူနိုင်တဲ့ အဖိုးတန်သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ ဥပမာ မိမိက မန်နေဂျာတစ်ဦးဖြစ်ပြီး ဝန်ထမ်းများက Productivity ပိုင်းကို အပျက်သဘောဆောင်စေတဲ့ အရာတစ်ခုလုပ်ဆောင်နေပါက ဘာကြောင့်ဆိုတာကို ရှာဖွေဖို့မှာ မိမိတို့အလုပ်ဖြစ်ပါတယ်။ အချိန်ဇယားဆွဲခြင်းမှာ ပြဿနာ ရှိနေသလား ဒါမှမဟုတ် လုပ်ဆောင်ပုံများမှာလည်း ပြဿနာဖြစ်နေသလားဆိုတာ စစ်ဆေးနိုင်ပါတယ်။ လက်ရှိအနေအထားနဲ့  ကိုက်ညီစေဖို့ ဝန်ထမ်းများကို ပြောင်းလဲဖို့ ကြိုးစားမယ့်အစား လက်ရှိအနေအထားကို ကိုယ်တိုင်ကြည့်ရှုပြီး လုပ်ငန်းခွင်အတွင်း အောင်မြင်မှုကို မြှင့်တင်ဖို့ ဘယ်လို ချိန်ညှိနိုင်တယ်ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ အခြေအနေကို ဘယ်လိုတိုးတက်အောင်လုပ်ဆောင်မလဲဆိုတဲ့ တခြားသူတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်သင့်ပါတယ်။ မိမိချစ်ခင်တဲ့လူ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကို ပြောင်းလဲဖို့ ကြိုးစားနေမယ့်အစား အခြေအနေကို အရင်ဆုံးပြောင်းလဲပစ်ဖို့ ကြိုးစားပါ။ လူတစ်ဦးကို ပြောင်းလဲဖို့ ကြိုးစားခြင်းထက် အခြေအနေတစ်ခုမှာ တိုးတက်မှုအတွက် အထောက်အကူဖြစ်စေဖို့ အာရုံစူးစိုက်နိုင်လေလေ၊ အလုပ်နဲ့ ဘဝမှာ အောင်မြင်မှု ပိုများလာလေလေဖြစ်ပါတယ်။

Indeed.com website မှ Life-Lessons-At-Work ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt),Heriot-Watt University