အလုပ်လုပ်ရင်း လေ့လာနေသူတွေအတွက် အကြံပြုချက် (၅) ချက်

ယနေ့ခေတ်မှာဆိုရင် လူအများစုဟာ အလုပ်လုပ်နေရင်း လေ့လာမှုများကို လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။ ဒီလိုမျိုး အလုပ်လုပ်ရင်း လေ့လာမှု လုပ်ဆောင်ရာမှာ  သူတို့ရဲ့ လေ့လာမှုတွေကို အချိန်မီ ပြီးဆုံးအောင် လုပ်ဆောင်နိုင်ဖို့လည်း  လိုအပ်လှပါတယ်။ ဒါဟာ သင်တို့လုပ်နေတဲ့ အလုပ်ကို အချိန်မီ ပြီးစီးအောင်လုပ်နိုင်ဖို့နဲ့ လေ့လာသင်ကြားမှု (၂) ခုကြားမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်ကိစ္စကို ဘယ်လိုဦးစားပေးလုပ်မလဲဆိုတဲ့ ဦးစားပေးမှုနဲ့ ထိရောက်တဲ့စီစဉ်မှု လိုအပ်ပါတယ်။ ယခု ရေးသား ထားတဲ့ အကြောင်းအရာတွေဟာ အလုပ်များနေတဲ့ သင့်ကို သင်ရဲ့လုပ်ငန်းကိစ္စများကို စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေဖို့ အလုပ်လုပ်နေစဉ် လေ့လာခြင်းအတွက် ထိပ်တန်းအကြံပြုချက် (၅) ချက်ကို ပြောပြ ထားတာ ဖြစ်ပါတယ်။

 

1. အချိန်ဇယားတစ်ခုဖန်တီးပါ။

အချိန်စီမံခန့်ခွဲမှုနဲ့ပတ်သက်လာရင် ကြိုတင်စီစဥ်မှု (Planning) က အရေးကြီးပါတယ်။ အချိန်ဇယားတစ်ခု ဖန်တီးခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့နဲ့  သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အခါ သင့်ရဲ့အလုပ်၊ လေ့လာမှုနဲ့ ဘဝကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ လေ့လာမှု စတင်တဲ့အချိန်ကစလို့ စာမေးပွဲများ၊ Assignment တင်ရမယ့် ရက်များအားလုံးကို  သင့်ဒိုင်ယာရီမှာ သေချာစွာ မှတ်သားထားဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ အလုပ်တာဝန်များနဲ့  သင်တက်ရောက်ဖို့ လိုအပ်တဲ့အတန်းများအပါအဝင် အပတ်တိုင်း အချိန်ဇယားတစ်ခုကို ဖန်တီးထားဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် တာဝန်တွေကို နောက်ဆုံးမိနစ်အထိ မထားခဲ့ပါနဲ့။ အဲ့ဒီလို လုပ်ခြင်းဟာ မလိုအပ်တဲ့စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေမှာဖြစ်ပြီး သင့်အဆင့်များသာမက အလုပ်များမှာပါ ထိရောက်စွာ လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုပါ သက်ရောက်မှုရှိစေမှာ မလွှဲဧကန်ပါပဲ။

2. သင့်အလုပ်ရှင်နဲ့ ဆက်သွယ်ပါ။

ကောင်းမွန်တဲ့ အလုပ်ရှင်တွေဟာ ပညာရေးကတစ်ဆင့် သူတို့ရဲ့ပုဂ္ဂိုလ်ရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုလိုလားတဲ့သူတွေကို ပံ့ပိုးပေး‌လေ့ရှိပါတယ်။ သင့်အလုပ်ရှင်ကို သင်ဟာ သင်တန်းတစ်ခုကို တက်ရောက်နေပြီဆိုတဲ့အကြောင်း ပြောပြထားသင့်ပါတယ်။ ဒါဟာ စာမေးပွဲနဲ့ တခြားအရေးကြီးတဲ့ ပရောဂျက်များ နီးကပ်လာချိန်မှာ သင့်အတွက် လိုက်လျောညီထွေမှုရှိတဲ့ အလုပ်ချိန်ကို တောင်းဆိုရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ ဒါဟာ တကယ်လိုအပ်နေတဲ့အရာကို အာရုံစိုက်နိုင်ဖို့နဲ့ သင့်မှာ အချိန်များစွာ ရှိနေစေဖို့အတွက် ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုဖြစ်ပါတယ်။

3. သင့်အချိန်ကို အကျိုးရှိရှိအသုံးချပါ။

အလုပ်နဲ့လေ့လာမှုတို့ကို ချိန်ခွင်လျှာညှိဖို့ ကြိုးစားခြင်းဟာ သင့်ဘဝရဲ့  တခြားမြှုပ်နှံထားတဲ့ အရာတွေနဲ့အတူ သင့်အချိန်ကို ကြီးမားတဲ့  ဖိအားဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမဲ့ သင့်အချိန်တွေကို တတ်နိုင်သလောက် ထိရောက်စွာအသုံးချဖို့ သင်ယူခြင်းဖြင့် သင်ဟာ အလုပ်တွေကို ပိုမိုပြီးမြောက်နိုင်ပြီး သင့်အတွက် အချိန်တွေကို အားလပ်စေနိုင်မှာ ဖြစ်ပါတယ်။ အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်မယ့်အစား “အလုပ်တွေကို ဆင့်ပုံခြင်းနည်းလမ်း” (Task Stacking' Method) ကို သုံးကြည့်ပါ။ ဒါဟာ တခြားတစ်ခုကို  အာရုံစူးစိုက်စရာမလိုဘဲ အတူတကွလုပ်ဆောင်နိုင်တဲ့ အလုပ်တွေကို ပေါင်းစပ်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာတစ်ခုပြောရရင် သင်ကားမောင်းနေစဉ် (သို့) လမ်းလျှောက်နေစဥ်မှာ အသံစာအုပ်များ (audio books) ကို နားထောင်နိုင်တယ်။ သင့်မှာ အကျိုးဖြစ်ထွန်းစေတဲ့ အရာတစ်ခု အမြဲရှိနေနိုင်တာကြောင့် သင်ရဲ့ အချိန်အပိုင်းအစများကို မဖြုန်းတီးပါနဲ့။ သင့်ရဲ့အချိန်ကို အဖိုးတန်ပစ္စည်းလို ဆက်ဆံပါ။ လိုအပ်တဲ့အခါ လူတွေကိုငြင်းတတ်ဖို့ သင်ယူပါ။ သင့်အချိန်တွေကို အသုံးပြုရာမှာ  အလေ့အကျင့်ကောင်းတွေအတွက် ကျင့်သုံးခြင်းက သင့်အတွက် တစ်ပတ်ကို နာရီပေါင်းများစွာ အလဟဿဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

4. နည်းပညာကို အခွင့်ကောင်းယူပါ။

နည်းပညာဟာ သင့်အတွက် အစီအစဉ်ရေးဆွဲခြင်းနဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်အောင် ကူညီပေးနိုင်ပါတယ်။ နည်းပညာကို ဆုပ်ကိုင်ထားခြင်းက သင့်ကို အချိန်များစွာ သက်သာစေနိုင်ပါတယ်။ လေ့လာရလွယ်ကူစေဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဆော့ဖ်ဝဲလ်ကိရိယာများနဲ့ အက်ပ်များစွာရှိတာြဖစ်တဲ့အတွက် ဒါတွေကိုအသုံးပြုဖို့ လိုအပ်ပါတယ်။ ဒေတာခွဲခြမ်းစိတ်ဖြာခြင်း၊ မှတ်စုယူခြင်းနဲ့ ကိုးကားခြင်းအတွက် ပရိုဂရမ်များ ပါဝင်ပါတယ်။ MS Word၊ PowerPoint နဲ့ Excel တို့လို ရုံးသုံးဆော့ဖ်ဝဲလ်များကို အသုံးပြုပါ။ သင့်အတွက် မှန်ကန်တဲ့ ကိရိယာများနဲ့ နည်းပညာများဟာ သင်လေ့လာနေတဲ့ သင်တန်းအပေါ်မူတည်မှာ ဖြစ်ပြီးတော့ လေ့လာမှုတချို့ပြုလုပ်ပြီး လိုအပ်ပါက သင့်ဆရာများနဲ့ အတန်းဖော်များကို အကြံပြုချက်တောင်းခံပါ။

5. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အချိန်ပေးပါ။

အလုပ်များတဲ့ အချိန်ဇယားဆွဲတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း အရေးကြီးပါတယ်။ မိမိကိုယ်ကိုယ် ပြုစုစောင့်ရှောက်ခြင်းအတွက် အားထုတ်ခြင်းဟာ သင့်ကျန်းမာရေးကို ကာကွယ်ပေးပြီး သင့်ရဲ့ အလုပ်များတဲ့ အချိန်ဇယားကို တွန်းလှန်ဖို့ အကောင်းဆုံးပုံစံမှာရှိနေတဲ့အပြင် စိတ်ဖိစီးမှုများကိုလျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်လာရင် လေ့ကျင့်ခန်းလုပ်ဖို့၊ အချိန်ပေးဖို့၊ တတ်နိုင်သမျှ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပြီး လုံလောက်အောင် အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ ဒါဟာ သင့်ရဲ့ အလုပ်များတဲ့ အချိန်ဇယားကို ကိုင်တွယ်ဖြေရှင်းဖို့ သင်လိုအပ်တဲ့စွမ်းအင်ကို အမြင့်ဆုံးဖြစ်အောင် ကူညီပေးပါလိမ့်မယ်။ ပုံမှန်အားလပ်ချိန်ယူခြင်းနဲ့ စိတ်အေးချမ်းသာစွာ ခံစားရစေမယ့် လှုပ်ရှားမှုတွေကို အချိန်ဇယားဆွဲခြင်းက သင့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းက လူတိုင်းအတွက် ကွဲပြားနေမှာဖြစ်ပေမယ့်လည်း တချို့ဥပမာများမှာ တရားထိုင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ တီဗီကြည့်ခြင်း၊ ယောဂကျင့်ခြင်း၊ မိသားစုနဲ့ အချိန် ကုန်ဆုံးခြင်း  စတဲ့ ဘာမဆို သင့်အတွက် အဆင်ပြေတဲ့အရာကို လုပ်နိုင်ပါတယ်။

အချိန်ပြည့် (ဒါမှမဟုတ်) အချိန်ပိုင်းအလုပ်တစ်ခုနဲ့တွဲပြီး လေ့လာခြင်းက အချိန်ကို အကျိုးရှိစွာ အသုံးချလိုတဲ့ ဘယ်သူ့အတွက်မဆို လက်ရှိအချိန်တိုခဏအတွင်းမှာ အပင်ပန်းခံရပေမယ့်လည်း ရေရှည်မှာ အဆင်ပြေစေနိုင်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ သင်က အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်တဲ့အတွက် သင့်ဘဝမှာ အောင်မြင်မှု ရစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်က အလုပ်လုပ်ရင်း လေ့လာနေသူတစ်ယောက်ဆိုရင် သင်ကိုယ်တိုင်အတွက် အချိန်ကိုသေချာစေပြီး သင့်အချိန်တွေထဲက စွမ်းဆောင်ရည် အပြည့်ဝဆုံးဖြစ်ရအောင် ကူညီပေးဖို့ ဒီအချက်တွေကို လိုက်နာဖို့ တိုက်တွန်းရင်း ...............................

 

Hninn Pwint Oo

B.Com, M.Com (MEUE)