" ကျောင်းသား/သူများ ရဲ့အောင်မြင်မှုအတွက် ကျင့်ဝတ်နဲ့ သဘောထားများရဲ့ အရေးပါမှု "

ကျောင်းသား/သူ တွေဟာ သူတို့ရဲ့ ပညာရေးခရီးကို စတင်လိုက်ပြီဆိုတာနဲ့အမျှ ethics(ကျင့်ဝတ်)၊ attitude(သဘောထား) တို့ရဲ့ အရေးပါပုံကို နားလည်ဖို့ အရေးကြီးပါတယ်။ ဒီကဏ္ဍနှစ်ရပ်ဟာ ကျောင်းသား/သူများရဲ့ နေ့စဉ်ဘဝမှာ အခြေခံကျပြီး ပညာရပ်ဆိုင်ရာနဲ့ ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်မှုတွေ အတွက် သူတို့ရဲ့အောင်မြင်မှုကို ပုံဖော်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ Ethics ကျင့်ဝတ်ဟာ လူတစ်ဦးချင်းစီရဲ့ အပြုအမူနဲ့ ဆုံးဖြတ်ချက်ချခြင်းကို ထိန်းချုပ်တဲ့ ကိုယ်ကျင့် တရားဆိုင်ရာ အခြေခံမူများအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ဒါဟာ လူသားများရဲ့ ကြိုးစားအားထုတ်မှုတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျင့်ဝတ်များက လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေး၊ အဖွဲ့ အစည်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများရဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်များတို့လို ဘဝရဲ့ ရှုထောင့်အမျိုးမျိုးကို ထိန်းကွက်ခြင်းကို ဆိုလိုပါတယ်။ ကျောင်းသား/သူများနဲ့ သက်ဆိုင်တဲ့ ကျင့်ဝတ်သိက္ခာလို့ ဆိုပါက ခိုးယူ လှည့်စားခြင်းများကို ရှောင်ကြဉ်ခြင်း၊ ဆရာများနဲ့ ကျောင်းသားများအပေါ် ရိုးသားလေးစားခြင်း၊ တခြားသူတွေကို ကြင်နာမှု၊ စာနာမှုဖြင့် ဆက်ဆံခြင်း စတဲ့အချက်တွေဟာ ကျင့်ဝတ်သိက္ခာကို လိုက်နာခြင်းမှာ ပါဝင်ပါတယ်။

ကျောင်းသား/သူတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ ကျင့်ဝတ်ဆိုင်ရာ အပြုအမူများရဲ့ အရေးပါမှုကို နားလည်ရမှာဖြစ်ပြီး အဓိကအနေနဲ့ ပညာရေးဆိုင်ရာ အခြေအနေများမှာ ပိုပြီး သိရှိနားလည်ဖို့လိုအပ်ပါတယ်။ ကျင့်ဝတ်များက ကျောင်းသားများကို အောင်မြင်တဲ့ ပညာရေးကြိုးပမ်းမှုတွေမှာ အရေးပါတဲ့ ဒီအရာက မိမိကိုယ်ကိုယ် စည်းကမ်းနဲ့ ချုပ်တည်းမှုကို မွေးမြူဖို့အတွက် ကူညီပေးပါတယ်။ ဒါ့အပြင် ကျင့်ဝတ်က ကျောင်းသားတွေကို တာဝန်သိစိတ်နဲ့ တာဝန်ခံမှု တိုးလာစေဖို့ ကူညီပေး နိုင်ပါတယ်။ ဒါဟာ သူတို့ရဲ့လုပ်ရပ်များကို ပိုင်ဆိုင်မှုအဖြစ် ခံယူဖို့၊ သူတို့ဆုံးဖြတ်ချက်များရဲ့ အကျိုးဆက်တွေကို လက်ခံတတ်ဖို့ သင်ကြားပေးပါတယ်။ အလုပ်စွမ်းဆောင်ရည်နဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးများမှာ တာဝန်ယူမှုနဲ့ တာဝန်ခံမှုတို့ဟာ အရေးကြီးတာကြောင့်မို့ အနာဂတ်အတွက် အရေးပါတဲ့ ကျောင်းသားတွေကို ပြင်ဆင်ပေးတဲ့အခါမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

Attitude ကတော့ သီးခြားအခြေအနေ ဒါမှမဟုတ် အလုပ်တစ်ခုအပေါ် သဘောထား (ဒါမှမဟုတ်) စိတ် သဘောထားကို ရည်ညွှန်းပါတယ်။ ကျောင်းသား/သူတွေအတွက်၊ အပြုသဘောဆောင်တဲ့ သဘောထားက သင်ယူမှုအပေါ် စိတ်အားထက်သန်မှုနဲ့ သူတို့ရဲ့ ပညာရေးရည်မှန်းချက်များအောင်မြင်ဖို့ ကြိုးစားအားထုတ်မှုတို့ ပါဝင်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိခြင်း၊ စူးစမ်းလိုစိတ်ရှိပြီး လိုအပ်တဲ့အခါ အကူအညီရှာလိုစိတ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် စိတ်သဘောထားက ပညာရေးအောင်မြင်မှုအတွက် အရေးပါတဲ့အခန်းကဏ္ဍမှ တစ်ခုလည်း ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်သဘောထားက ကျောင်းသားများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး ရုံသာမက သူတို့ရဲ့ဖြစ်တည်မှုအတွက် ကောင်းမွန်တဲ့ ကောင်းကျိုးရလဒ်များကိုလည်း ရရှိနိုင်ပါတယ်။ အပြု သဘောဆောင်တဲ့သဘောထားများက ပိုမိုကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေး၊ မိမိ ကိယ်ကိုယ် တန်ဖိုးထားမှု၊ ရွယ်တူများနဲ့ဖြစ်ဖြစ်၊ လမ်းညွှန်ပေးသူများနဲ့ဖြစ်ဖြစ် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတို့နဲ့ပဲ ဆက်စပ် နေပါတယ်။

သူတို့က အခက်အခဲများကို ရင်ဆိုင်ရပေမယ့်လည်း စိတ်ရှည်ပြီး အကောင်းမြင်မှုကို ဆက်လက် ထိန်းထားနိုင်ခြေ ပိုများပါတယ်။ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းက ကျောင်းတွင်သာမက လက်တွေ့ဘဝမှာပါ သင် ဘယ်လောက်ကောင်းမွန်စွာ လုပ်ဆောင် နိုင်တယ်ဆိုတာကို ဆုံးဖြတ်တဲ့အချက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင်နဲ့ သင့်အနာဂတ်အတွက် အလွန်အရေးကြီးပါတဲ့ ကောင်းမွန်တဲ့ကျင့်ဝတ်ရဲ့ လက္ခဏာငါးခုကို အောက်မှာ ဖော်ြပထားပါတယ်။

1. ကျောင်းတက်ချိန်နဲ့ အချိန်မှန်ခြင်း- ကျောင်းမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ် အချိန်မီပြင်ဆင်ပြီး လုပ်ဆောင်ပါက အလုပ်အများစုကို ပြီးမြောက်အောင်မြင်စေပါတယ်။ သင်နောက်ကျတဲ့အခါမှာ သင်က သင့်ရဲ့ အကောင်းဆုံး အလုပ်ကိုလုပ်ဆောင်ဖို့ အမှန်တကယ် အဆင်သင့်မဖြစ်နိုင်ခြင်းကို ဖော်ပြနေပါတယ်။ ဒါကြောင့် အတန်းချိန်တွေ ကို ကောင်းစွာတက်ရောက်ခြင်းနဲ့ အချိန်မှန်ခြင်းက အလုပ်ကျင့်ဝတ်ကောင်းတစ်ခုဖြစ်ပြီး အရေးကြီးတဲ့ အပိုင်းလည်းဖြစ်ပါတယ်။

2. ပန်းတိုင်သတ်မှတ်ခြင်း- မင်းရဲ့ပန်းတိုင်တွေကို ပြီးမြောက်အောင်မလုပ်နိုင်ခင်မှာ အဲဒါတွေက ဘာလဲဆိုတာ သိထားဖို့လိုပါတယ်။ အကျင့်စာရိတ္တကောင်းမွန်သူတွေဟာ ရည်မှန်းချက်ပန်းတိုင်ကို ဦးတည်ပြီး သူတို့ မျှော်မှန်း ထားတဲ့ အောင်မြင်မှုဆီကို အရောက်လှမ်းနိုင်ဖို့ ရည်မှန်းချက်ထားပါတယ်။

3. အလုပ်ကြိုးစားခြင်း- အကျင့်စာရိတ္တကောင်းမွန်မှုရဲ့ အခြေခံအုတ်မြစ်မှာ အလွန်ကြိုးစားအားထုတ်မှု ဖြစ် ပါတယ်။ ကျောင်းမှာ သင့်ရဲ့နည်းပြဆရာထံက အပိုအကူအညီရယူပြီး သင့် Assginmentကို ပြီးပြည့်စုံစေဖို့ လုပ်ဆောင်ကာ သင့်ရဲ့တာဝန်တွေကို ကောင်းစွာချိန်ညှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အလုပ်မှာ စောစော ရောက်ချင်တာ ဒါမှမဟုတ် တတ်နိုင်သလောက် အလုပ်ကို နောက်ကျတဲ့အထိ ကောင်းမွန်စွာ လုပ်ဆောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

4.အပြုသဘောဆောင်တဲ့သဘောထား- သင့်ရဲ့အပြုသဘောဆောင်တဲ့သဘောထားက သင့်လုပ်ဖော်ကိုင်ဖက် တွေကို ကူးစက်နိုင်ကာ တခြားဝန်ထမ်းများထံ ပျံ့နှံ့ပြီး ဘယ်အလုပ် ပရောဂျက်မှာမဆို သင့်ကို ကြိုဆိုစေပါတယ်။ အလုပ်တိုင်း-ကြီးကြီးငယ်ငယ်- စိတ်သဘောထားကောင်းနဲ့ ချဉ်းကပ်ခြင်းက သင့်ကိုယ်တိုင်အောင်မြင်ရုံသာမက သင့်ကုမ္ပဏီရဲ့အောင်မြင်မှုအတွက်ပါ အရေးပါကြောင်း ပြသပါတယ်။

5. ပြီးမြောက်အောင်မြင်မှု- သင်ပိုမိုပြီးမြောက်လေလေ သင်က ရှေ့ဆက်တိုးတက်ဖို့အတွက် ရွေးချယ် ခံရသူ ဖြစ်လာနိုင်ခြေ ပိုများလေဖြစ်ပါတယ်။ သင့်ရဲ့ကောင်းမွန်တဲ့အလုပ်ကျင့်ဝတ်ဟာ အသိအမှတ်ပြုခံရခြင်းနဲ့ ဆုချီးမြှင့်ခြင်းခံရဖွယ်တို့ရှိပြီး သင့်အနာဂတ်အောင်မြင်မှုအတွက် တည်ဆောက်မှုတစ်ခု အဖြစ် ဆောင်ရွက်နိုင် ပါတယ်။

နိဂုံးအနေနဲ့ ပညာရေးအောင်မြင်မှုမှ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုအထိ ကျောင်းသားဘဝရဲ့ ကဏ္ဍတိုင်းမှာ ကျင့်ဝတ်နှင့် သဘောထားက အဓိကကျပါတယ်။ ကျောင်းသားများဟာ ကျင့်ဝတ်ဆိုင်ရာ အမူအကျင့်များရဲ့ အရေးပါမှုနဲ့ သူတို့ရဲ့နေ့စဉ်ဘဝမှာ အပြုသဘောဆောင်တဲ့ သဘောထားကို နားလည်ရမှာပဲ ဖြစ်ပါတယ်။

Poter and chestere Institute မှာ ပါရှိတဲ့ Importance of Good Work Ethic in School and Life ဆောင်းပါးကို ဘာသာပြန် ကိုးကားထားခြင်းပဲ ဖြစ်ပါတယ်။

 

Dr. La Wynn Sandi

B.C.Sc, CU (KT)

B.C.Sc (Hons), CU (KT)

M.C.Sc, CU (KT)

Ph.D (IT), (U.C.S.M)