"လုပ်ငန်းခွင်အတွင်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများရဲ့ အရေးပါမှု"

ဝန်ထမ်းများ ပြဿနာတစ်စုံတစ်ခု ဖြစ်ပေါ်လာပါက စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ကျွမ်းကျင်သူများက ဝန်ထမ်းများရဲ့ အပြုအမူ၊ ကိုယ်ရည်ကိုယ်သွေးများအပေါ် အဓိကမဟုတ်ဘဲ လုပ်ငန်းခွင်မှချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို အကောင်းဆုံး စီမံခန့်ခွဲဖို့ အကြံပြု ပါတယ်။ လုပ်ငန်းခွင်မှသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျစီမံခန့်ခွဲနိုင်ပါက သင့်လုပ်ငန်းဟာ အဖြစ်များတဲ့ ပြသနာများကို ရှောင်ရှားနိုင်ပြီး သင့်အတွက် အကျိုးရှိစေပါတယ်။ အဖွဲ့အစည်း တစ်ခုမှာ စည်းကမ်းလိုက်နာခြင်းရဲ့ အရေးပါမှုကို သင်မကျင့်သုံးပါက အချိန်နှောင်းသွားတဲ့အထိ သိသာထင်ရှား နေမှာမဟုတ်ပါဘူး။ ဒါကြောင့် လုပ်ငန်းခွင်အတွင်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ပါက ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများကို အောက်မှာ ဖော်ပြထားပါတယ်။

အမူအကျင့်ဆိုင်ရာ ပြဿနာများကို တားမြစ်နိုင်ခြင်း။

လုပ်ငန်းခွင်အတွင်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများရဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံးရလဒ်မှာ အမူ အကျင့်ဆိုင်ရာ ပြဿနာများကို တားဆီးခြင်းပဲ ဖြစ်တယ်။ ဝန်ထမ်းများ စည်းကမ်းလိုက်နာခြင်း ရှိမရှိဆိုတာ ပြစ်မှုများနဲ့ အရေးယူမှုများအပေါ် တိုက်ရိုက်အချိုးကျပါတယ်။ အတင်းအဖျင်းပြောဆိုနေတဲ့ ဝန်ထမ်းများဟာ တခြားဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း (ဒါမှမဟုတ်) ရုံးကို လက်နက်များ ယူဆောင်လာခြင်းတို့လို အနှောင့် အယှက်များဖြစ်ပေါ်စေပါက အဲ့ဒီဝန်ထမ်းကို ချက်ချက်အရေးယူရပါမယ်။ မှားယွင်းစွာလုပ်ကိုင်နေတဲ့ (ဒါမှမဟုတ်) အန္တရာယ်ရှိတဲ့ အမူအကျင့်များကို ပြသနေတဲ့ ဝန်ထမ်းတစ်ဦးကို လျစ်လျူရှုထားခြင်းက ကုမ္ပဏီကို ထိခိုက်နစ်နာမှု ဖြစ်စေနိုင်ပါတယ်။ သဘောထားကွဲလွဲနေသူကို လျစ်လျူရှုထားခြင်းက ဝန်ထမ်းများရဲ့ စိတ်ဓာတ်ကိုပါ ကျဆင်းစေနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်များကိုပါ ကျဆင်း သွားစေနိုင်ပါတယ်။

လုပ်ငန်းခွင်ရဲ့ စံနှုန်းများကို လိုက်နာခြင်း။

လုပ်ငန်းခွင်မှသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို တစ်သတ်မတ်တည်းနဲ့ တရားမျှတစွာ ကျင့်သုံးပါက ဝန်ထမ်းများရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပါတယ်။ လုပ်ငန်းခွင်ရှိ စည်းမျဉ်းစည်းကမ်းများ ရှင်းရှင်းလင်းလင်း ရှိတဲ့အခါ ဒါတွေကို တစ်သမတ်တည်း ကျင့်သုံးတဲ့အခါ၊ ဝန်ထမ်းများဟာ သူတို့ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ သိရှိနားလည်နိုင်ပါတယ်။

အဲ့ဒီစည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးပါက စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများကလည်း အနာဂတ်မှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲများကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

တရားစွဲဆိုခြင်းများကို လျှော့ချနိုင်ဖို့ ကူညီပေးခြင်း။

လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု (ဒါမှမဟုတ်) အနှောင့်ယှက်ဖြစ်စေတဲ့ မူဝါဒများကို လိုက်နာဖို့ အသုံးပြုတဲ့အခါ ဝန်ထမ်းတစ်ဦးမှ တရားဥပဒေအရ အရေးယူဖို့ ဆုံးဖြတ်ပါက သင့်ကုမ္ပဏီကို တရားစွဲဆိုခြင်းမှ ရှောင်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ဝန်ထမ်းများအားလုံးကို တန်းတူညီတူဆက်ဆံသင့်ကြောင်း Solidariteist Solidarity အဖွဲ့မှ ပြောကြားခဲ့ပါတယ်။ ဥပမာ သင့်လုပ်ငန်းခွင်မှာ အမျိုးသားကြီးကြပ်ရေးမှူး တစ်ဦးမှ အမျိုးသမီးဝန်ထမ်းအား နှောင့်ယှက်တယ်လို့ သင့်အမျိုးသမီးဝန်ထမ်းတစ်ဦးမှ အခိုင်အမာဆိုပါစို့- သူရဲ့တိုင်ကြားချက်ကို သင်စုံစမ်းဖို့ ပျက်ကွက်ပါက (ဒါမှမဟုတ်) သင်စုံစမ်းပေးပါက သူ့ရဲ့တိုင်ကြားချက်မှ န်ကန်ကြောင်းတွေ့ရှိရပြီး အပြစ်ရှိသူကို လုပ်ငန်းခွင်မှ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အရေးယူမှုများ ပျက်ကွက်ပါက သင့်ကုမ္ပဏီကို တရားစွဲဆိုနိုင်ပါတယ်။ ဒါကြောင့် ခွဲခြားဆက်ဆံခြင်း (ဒါမှမဟုတ်) နှောင့်ယှက်ခြင်းဆိုင်ရာ အရေးဆိုမှုများရှိလာပါက တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးခြင်း၊ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများလုပ်ဆောင်ပါက ငွေကုန်ကြေးကျများတဲ့ တရားစွဲမှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ပိုမိုကြီးမားတဲ့ ပြဿနာများကို ရှောင်ရှားနိုင်ခြင်း။

လုပ်ငန်းခွင်ရှိ စည်းမျဉ်းစည်းကမ်းများကို ရွှေ့ဆိုင်းခြင်း၊ အမှားတစ်ခုခု လုပ်မိခြင်းများဖြစ်ပေါ်လာပါက လျင်မြန်စွာနဲ့ တည်ငြိမ်စွာ စီမံဆောင်ရွက်ခြင်းက ပြဿနာများရဲ့ အမူအကျင့်များကို ဖြေရှင်းဖို့ ပိုမိုလွယ်ကူ စေပါတယ်။ ဝန်ထမ်းများဟာ မသင့်လျော်တဲ့ အပြုအမူများကို ဆက်လက်လုပ်ဆောင်နေပါက စီမံခန့်ခွဲသူဟာ တုံ့ပြန်မှု တစ်စုံတစ်ရာမလုပ်ဆောင်ဘဲ စိတ်ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် မသင့်လျော်တဲ့ အပြုအမူများကို လုပ်ဆောင်နေတဲ့ ဝန်ထမ်းများဟာ ကုမ္ပဏီမှချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲနိုင်ရပါမယ်။ ဒါမှသာ တခြားဝန်ထမ်းများကလည်း အဲ့ဒီဝန်ထမ်းကို ဆုံးမခြင်းမဟုတ်ဘဲ သူတို့ကိုယ်တိုင် သင့်လျော်စွာ ပြုမူနေထိုင်တာကို တွေ့မြင်ရမှာဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း အလားတူ လုပ်ဆောင်နိုင်ပါတယ်။ အမူအကျင့်ဆိုင်ရာ ပြဿနာများကို လျင်မြန်စွာ ပြင်ဆင်ခြင်းက ဒီဆိုးရွားတဲ့ အဖြစ်အပျက်များကို အချိန်မီ တားဆီးပေးနိုင်ပါတယ်။

Chron ရဲ့ How Important Is Discipline to the Workplace? ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာ ပြန်ဆိုထားပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS MBA ( Assumption University, Thailand)