ငွေကြေးတစ်ခုတည်းနဲ့ သစ္စာစောင့်သိမှုကို တည်ဆောက်ဖို့ မလုံလောက်နိုင်ပါ။

ယနေ့ခေတ် စီးပွားရေးပတ်ဝန်းကျင်မှာ ဝန်ထမ်းများအတွက် ငွေထက်ပိုပြီး အရေးကြီးလာတဲ့အချက်များ ရှိလာကြပါတယ်။ အလုပ်သမားအစီရင်ခံစာများအရ “ငွေကသစ္စာစောင့်သိမှုကို ဝယ်ယူလို့မရ” ဟူသော အချက်မှာ ဝန်ထမ်းများက သင့်လျော်တဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု၊ အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု၊ ပရော်ဖက်ရှင်နယ်လမ်းကြောင်း တိုးတက်မှုတို့ကို အာရုံစိုက်လာကြောင်း ဖော်ပြထားပါတယ်။ လုပ်ငန်းအတွက် ပညာရေးနဲ့ တိုးတက်မှုအခွင့်အလမ်းများက လစာနဲ့အကျိုးခံစားခွင့်များထက် အရေးပါလာတာကို တွေ့ရပါတယ်။

လုပ်ခလစာက အရေးကြီးပေမယ့်လည်း လူတစ်ဦးရဲ့ ဝန်ထမ်းအတွေ့အကြုံကို တိုးတက်စေဖို့နဲ့ ပျော်ရွှင်စေဖို့ လစာပိုပေးခြင်းတစ်ခုတည်းနဲ့ လုံလောက်မည်မဟုတ်ပါ။ ဝန်ထမ်းများက သူတို့ရဲ့အလုပ်ကို တန်ဖိုးထား ခံစားရခြင်းနဲ့ တိုးတက်မှုအတွက် အခွင့်အလမ်းများ ရရှိခြင်းကို ပိုပြီးတန်ဖိုးထားကြပါတယ်။ ခေါင်းဆောင်များက ဝန်ထမ်းများရဲ့ ရှေ့ဆက်ဖြစ်နိုင်ခြေအလားအလာများ၊ အခွင့်အလမ်းများကို ကူညီရှာဖွေကာ ကြိုးစားမှုကို အမှန်တကယ် တန်ဖိုးထားပေးခြင်းဖြင့် သစ္စာစောင့်သိမှုနဲ့ စိတ်အားထက်သန်မှုကို ဖော်ဆောင်နိုင်ပါတယ်။

One-Size-Fits-All Career Path ကို လက်လွှတ်လိုက်ပါ။

ယနေ့ခေတ် အောင်မြင်နေတဲ့ ပရောဖယ်ရှင်နယ်ဆန်တဲ့ အဖွဲ့အစည်းများမှာ သမားရိုးကျလမ်းကြောင်းများ၊ တန်းတူသတ်မှတ်ချက်များကို ဆက်လက်အသုံးမပြုကြတော့ပါ။ လက်ရှိခေတ်သစ် အလုပ်အကိုင်ပတ်ဝန်းကျင်များမှာ လူတစ်ဦးချင်းစီရဲ့ ဆန္ဒများ၊ အရည်အချင်းနဲ့ အတွေ့အကြုံများကို အခြေခံထားပြီး ရည်မှန်းချက်နဲ့ ချိတ်ဆက်မှုရှိတဲ့လမ်းကြောင်းအသစ်များ ရှာဖွေဖို့အတွက် စိတ်အားထက်သန်လာကြပြီဖြစ်ပါတယ်။ လမ်းညွှန်ပေးတဲ့ အခွင့်အလမ်းများ၊ အကူအညီပံ့ပိုးမှုများဖြင့် ဝန်ထမ်းများက လုပ်ငန်းခွင်မှာ ပိုမိုတက်ကြွ လှုပ်ရှားကာ တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လစ်လပ်လာတဲ့ရာထူးများနဲ့ ရာထူးတိုးမှုများအတွက် လိုက်လျောညီထွေတဲ့ သင်ယူမှုများဖြင့် အချိန်မီအဆင့်မြှင့်တင်ကာ တိုးတက်စေမယ့် အခွင့်အလမ်းများ ရှိနေပါတယ်။

Personal Motivation ကို ပုံဖော်ပါ။

ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲများမှာ ဝန်ထမ်းများကို "သင်ဘာလိုချင်သလဲ" ဟူသောမေးခွန်းကို စဉ်းစားခိုင်းပြီး သူတို့ရဲ့ စိတ်ထဲက အလိုဆန္ဒများကို သိရှိစေနိုင်တဲ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်လေ့ရှိပါတယ်။ လူတစ်ဦးရဲ့ စိတ်အားထက်သန်မှုကို စူးစမ်းနိုင်ဖို့ ငွေကြေးဖြစ်စေ၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း ဒါမှမဟုတ် မိသားစုလိုအပ်ချက်များဖြစ်စေ အမျိုးမျိုးသောနည်းလမ်းများဖြင့် သူတို့ရဲ့ အာရုံစိုက်မှုကို တိုင်းတာကြပါတယ်။ ဒီလိုလုပ်ဆောင်မှုက လူတစ်ဦးရဲ့ဘဝအဆင့်အတန်းပေါ်မူတည်ပြီး မတူညီတဲ့ လှုံ့ဆော်မှုများ ဖြစ်တတ်ပါတယ်။ ဝန်ထမ်းတွေဆီက ဆွေးနွေးပြောဆိုလာတဲ့အရာတွေကို အဖြေမှန်၊ အဖြေမှား မရှိဘဲ သူတို့ရဲ့တန်ဖိုးထားတဲ့အရာများကို ရိုးရိုးစင်းစင်းတွေ့ရခြင်း ဖြစ်ပါတယ်။

လုပ်သက်များတဲ့ ဝန်ထမ်းများက တစ်ခါတလေ သူတို့ရဲ့ ကိုယ်ပိုင်ဦးစားပေးချက်များထက် တခြားသူများရဲ့ အကျိုးစီးပွားအတွက် ဦးစားပေးဆုံးဖြတ်တတ်ကြပါတယ်။ ခေါင်းဆောင်များက ဝန်ထမ်းများရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်အားထက်သန်မှုများကိုနားလည်ကာ သူတို့ရဲ့အရည်အချင်းများကို ကောင်းစွာအသုံးချနိုင်စေဖို့အတွက် ပံ့ပိုးပေးသင့်ပါတယ်။ ဝန်ထမ်းများကို တန်ဖိုးထားမှုခံစားရစေဖို့နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို လုပ်ဆောင်နိုင် တယ်လို့ ယုံကြည်စေဖို့အတွက် ခွန်အားပေးခြင်းက ခေါင်းဆောင်များအတွက် အဓိကကျပါတယ်။

အကျဉ်းချုပ်အားဖြင့် ယနေ့ခေတ်စီးပွားရေးကဏ္ဍမှာ ငွေကြေးကအရေးကြီးပေမယ့်လည်း ဝန်ထမ်းများကို ငွေကြေးမက်လုံးတစ်ခုတည်းနဲ့ ချုပ်ကိုင်ထားလို့ မရနိုင်တော့ပါ။ အဲ့ဒီအစား ယဉ်ကျေးမှု၊ အသက်မွေး ဝမ်းကြောင်း တိုးတက်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုများကို ခေါင်းဆောင်များက ရည်မှန်းပြီးဒ တိုးတက်မှုအတွက် အခွင့်အလမ်းများ ပေးသင့်ပါတယ်။

forbes.com မှ Leaders, Money Doesn’t Build Loyalty (Career Growth Does) ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ?

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt), Heriot-Watt University