" The Richest Man in Babylon "

The Richest Man in Babylon ကို 1926 ခုနှစ်မှာ George Samuel Clason က ရေးသားခဲ့ပါတယ်။ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်ကျော်က Babylonia မှာ Financially wise ဖြစ်တဲ့သူတွေရဲ့ ဥပမာတွေ၊ Advice တွေနဲ့ သူတို့ရဲ့ Financial wisdom တွေကို စုစည်းရေးထားတာပါ။ ဒီ Classic စာအုပ်လေးကတော့ Timeless classic လို့ပြောရတဲ့ထိ ယနေ့ထိတိုင် အသုံးဝင်နေတုန်းပါပဲ။ကျွန်တော်တို့တွေဟာ ကိုယ်ရတဲ့ မုန့်ဖိုးတွေ၊ လစာတွေ ဘယ်လိုကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံရတတ် ပါတယ်။ ဟိုဟာ ဒီဟာ အကုန်လိုချင်၊ Discount ချလို့လို ချင်တာနဲ့ နောက်ဆုံးမှာ အကြွေးတွေတင်တဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ ဒီစာအုပ်လေးကတော့ ငွေကြေးကိုစီမံခန့်ခွဲနိုင်၊ ငွေတွေတိုးပွားလာပြီး ပိုများလာအောင် ဘယ်လိုလုပ်ရမလဲ အဓိကပြောပေးထားပါတယ်။

ဥပမာတွေကိုတော့ Arkad ဆိုတဲ့ Babylonian fictional character ပေးတဲ့ Financial သင်ခန်းစာတွေဖြစ်တဲ့ The seven cures နဲ့ The five laws of gold ဆိုပြီး Short story လေးတွေနဲ့ ဖော်ပြထားပါတယ်။

'' The seven cures ''

1. ဝင်ငွေရလာတိုင်း အဲ့ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို မိမိအတွက်ထားပါ။ ဒီ Advice ဟာ ဒီစာအုပ်ရဲ့ Key advice ပါ။

2. ကိုယ့်ဝင်ငွေထက် ပိုမသုံးမိပါစေနဲ့။ Needs တွေကို ပိုဦးစားပေးပါ။

3. စုထားတဲ့ငွေတွေကို တစ်ဆင့်ပြန် Invest လုပ်ပါ။

4. ကိုယ့်ရဲ့ငွေတွေကို အဆုံးရှုံးမခံပါနဲ့။ မလိုအပ်တဲ့ Risk တွေမယူပါနဲ့။

5. ကိုယ့်ရဲ့ Home နဲ့ Expenditure တွေကိုပါ လိုလာတဲ့အခါ Invest လုပ်ပါ။

6. မိမိနဲ့ မိမိ မိသားစုကို Financial hardship ကနေ ကာကွယ်ပါ။

7. Professional တွေဆီက အကြံတောင်းခံတာဖြစ်စေ၊ စာပေဖတ်ရှုလေ့လာရင်းဖြစ်စေ မိမိရဲ့ Earning Abilityတွေကို တက်အောင်လုပ်ပါ။

 

''The five laws of gold''

1. Financial trapဖြစ်တဲ့ Debtတွေကိုရှောင်ပါ။

2. ရေရှည်အသုံးတည့်တာပဲ Investပါ။ အမြန် မချမ်းသာချင်ပါနဲ့။

3. တစ်ခုထက်ပိုပြီး Invest လုပ်ပါ။ Diversified ဖြစ်လေ ကောင်းလေပါ။

4. ကိုယ့်ရဲ့ Revenue တွေကို ထပ် Invest လုပ်ပါ။ ''Let your money make more money''

5. Future use အတွက် ပိုက်ဆံအရင်ဖယ်ထားပြီးမှသာ ကျန်တဲ့ပိုက်ဆံတွေကို အသုံးပြုပါ။

 

စာအုပ်ထဲက Key lesson တွေကတော့

1. စောစော စစုထားပါ။ စောစုထားရင် Financial growth အတွက် အချိန်ပိုများပါတယ်။

2. လိုတာထက် ပိုမသုံးပါနဲ့။

3. ပညာသားပါပါ Invest ပြီး ကိုယ့်ရဲ့ Earning power ပိုကောင်းလာအောင် လေ့လာပါ။

 

The Richest Man in Babylon ဟာ ကျွန်တော်တို့ SFU students တွေအပြင် Financial situation တိုးတက်အောင် လုပ်ချင်တဲ့သူတိုင်းအတွက် အလွန်အဖိုးတန်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အပေါ်က Cures တွေ၊ Lawsတွေ၊ Key lessons တွေဟာ Short story လေးတွေနဲ့ တွဲဖတ်ရင် ပိုမြင်သာလာတာကြောင့် ဖတ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

''A part of what you earn is yours to keep. It should not be less than a tenth no matter how little you earn. It can be as much as you can afford.''

''Where determination is, the way can be found.''

 

Min Ye Yint

(BM, Batch-28) -SFU Media Club

Undergraduate Programme