Louis Vuitton အောင်မြင်ရခြင်းရဲ့ အကြောင်းရင်းများ

“ထုတ်ကုန်တွေကို စက်ရုံမှာ ထုတ်လုပ်ကြပေမယ့် အမှတ်တံဆိပ်တစ်ခုကိုတော့ နှလုံးသားထဲမှာ စွဲမြဲသွားအောင်ဖန်တီးကြပါတယ်။” (Walter Landor)

Louis Vuitton ဟာ Walter Landor ပြောခဲ့တဲ့ ဆောင်ပုဒ်ရဲ့ အကောင်းဆုံး ဥပမာများထဲမှ တစ်ခုဖြစ်ပါတယ်။ Louis Vuitton က သူတို့ရဲ့ဖောက်သည်တွေကို ဆွဲဆောင်မှုရှိတဲ့ ထုတ်ကုန်များကိုထုတ်လုပ်ပြီး မဟာဗျူဟာ နည်းလမ်းများကိုအသုံးပြုကာ စျေးကွက်မှာ နေရာအခိုင်အမာရရှိဖို့ တည်ဆောက်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက်ကြောင့် Louis Vuitton ရဲ့အောင်မြင်မှုက တိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူး။ Louis Vuitton ကို ၁၈၅၄ ခုနှစ်တွင်စတင်ခဲ့ပြီး Louis Vuitton ရဲ့ အဓိကဖောက်သည်များကတော့ Upper Class အလွှာများ ဖြစ်ကြပါတယ်။ Louis Vuitton ရဲ့လုပ်ငန်းဟာ တဖြည်းဖြည်းကြီးထွားလာပြီး ဖက်ရှင်လောကမှာ အထင်ကရ နာမည်တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ Louis Vuitton ကို အောင်မြင်တဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ခဲ့ပုံကို အောက်မှာဖော်ပြထားပါတယ်။

၁။ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဇိမ်ခံပစ္စည်း

Louis Vuitton က သူတို့ရဲ့ အရည်အသွေးကောင်းမွန်တဲ့ ဒီဇိုင်းများနဲ့ အဆင့်မြင့်လက်မှုပညာဖြင့် ပေါင်းစပ်ကာ ဇိမ်ခံပစ္စည်းအဖြစ် လျင်မြန်စွာ ထုတ်လုပ်လာနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ Louis Vuitton က အိတ်၊ အဝတ်အစား (ဒါမှမဟုတ်) အသုံးအဆောင်အမှတ်တံဆိပ်တစ်ခုသာမက ဇိမ်ခံပစ္စည်းများရဲ့ ပုံရိပ်တစ်ခု အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာ့ဖက်ရှင်မြို့တော်အဖြစ် ကာလကြာရှည်စွာ သတ်မှတ်ခံထားရတဲ့ Paris မှ ဆင်းသက်လာခြင်းဖြစ်ပြီး Louis Vuitton ရဲ့ထုတ်ကုန်များက ပြင်သစ်လူနေမှုပုံစံကို ထူးထူးခြားခြား ထင်ဟပ်ပေါ်လွင်စေပါတယ်။ Louis Vuitton ရဲ့ထုတ်ကုန်များကို အဓိကတာ၀န်ယူပြီး လုပ်ဆောင်ပေးနေတဲ့ ဒီဇိုင်နာများဟာ အရည်အသွေးပြည့်မီတဲ့ ထုတ်ကုန်များကို လုပ်ဆောင်နိုင်တာကြောင့် လူမှုအသိုင်း အ၀ိုင်းကြားလေးစားခံရပြီး လူသိပိုများလာပါတယ်။ Louis Vuitton ရဲ့ ထုတ်ကုန်များကို ပိုင်ဆိုင်ရရှိရေးမှာ လူတိုင်းအတွက် အထူးအခွင့်အရေးဖြစ်ပါတယ်။

၂။ တမူထူးခြားတဲ့အိတ်

Louis Vuitton က ခရီးဆောင်အိတ်လုပ်ငန်းကိုလည်းစတင်ခဲ့ပြီး မကြာမီမှာ သူတို့ထုတ်ထားတဲ့ အိတ်များဖြင့် ခရီးသွားခြင်းများကို ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။ Quatrefoils ဖြင့် အလှဆင်ထားတဲ့ ချောကလက် အညိုရောင် သားရေကင်းဗတ်စကို quatrefoils နဲ့ LV monogram ဟာ ဇိမ်ခံပစ္စည်းသင်္ကေတအဖြစ် ချက်ချင်း သိနိုင်ပါတယ်။ သို့ပေမဲ့ စျေးကွက်ထဲမှာ အတုအယောင် အများအပြားရှိနိုင်တာကြောင့် အများစုမှာ အတုအယောင်များဖြစ်ကြတာကိုလည်း သတိပြုသင့်ပါတယ်။ အတုထုတ်လုပ်သူများက စျေးကွက်ကို လွှမ်းမိုးဖို့ကြိုးစားပေမယ့်လည်း အစစ်ရဲ့ကွဲပြားမှုကို အလွယ်တကူ ခွဲခြားနိုင်ပါတယ်။ အမျိုးသမီးများ လက်ကိုင်အိတ်တွေကိုရှာဖွေတဲ့အခါ သာမန်လက်ကိုင်အိတ်တွေနဲ့ မတူညီတဲ့ဒီဇိုင်းတွေကို ရှာဖွေလေ့ ရှိပါတယ်။ အိတ်များ အမြောက်အမြားထုတ်လုပ်ခြင်းကို တုံ့ပြန်ဖို့အတွက် Louis Vuitton က Limited Edition ဖြစ်တဲ့ သီးသန့်စီးရီးများကိုလည်း မိတ်ဆက်ပေးခဲ့ပြီး ၀ယ်ယူသူများအနေနဲ့ စျေးကွက်မှာ ဆင်တူအိတ်များ အလွန်နည်းပါးကြောင်း စိတ်ချယုံကြည်နိုင်မှာ ဖြစ်ပါတယ်။

၃။ အိတ်သီးသန့်မဟုတ်ဘဲ တခြားအသုံးအဆောင်ပစ္စည်းများပါ ထုတ်လုပ်ခြင်း။

Louis Vuitton ဟာ လက်ကိုင်အိတ်များသာမက ဖိနပ်၊ နာရီများ၊ သားရေပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ ရေမွှေးများ၊ နေကာမျက်မှန်များနဲ့ အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်ပြီး စျေးကွက်ထဲမှာ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ တချို့ ထုတ်ကုန်များဟာ Louis Vuitton Loafers၊ Louis Vuitton Belts၊ Louis Vuitton Jackets၊ Louis Vuitton Sneakers၊ Louis Vuitton နေကာမျက်မှန်များ၊ Louis Vuitton နာရီများ၊ Louis Vuitton Charms နဲ့ Louis Vuitton Necklaces တို့ဖြစ်ပါတယ်။ Louis Vuitton ရဲ့ အမှတ်တံဆိပ်ပါတဲ့ ဆက်စပ်ပစ္စည်းများဟာ အဆင့်အတန်းရှိခြင်း၊ အရည်အသွေးကောင်းမွန်မှုများက စျေးကွက်ကို အလွယ်တကူ လွှမ်းမိုးထားနိုင်ပါတယ်။ ဇိမ်ခံအမှတ်တံဆိပ်များဟာ ဖက်ရှင်ကျပြီး အထူးဖန်တီးထားတဲ့ အရည်အသွေးမြင့် သားရေပစ္စည်းများဖြင့် ထုတ်လုပ်ထားတာကြောင့် Louis Vuitton ရဲ့ ထုတ်ကုန်ပစ္စည်း များကို သူတို့ရဲ့ ဆိုင်များမှာသာ သီးသန့်ရရှိနိုင်ပါတယ်။

၄။ ဒီဇိုင်းသီးသန့်ရှိခြင်းနဲ့ အလှတရားတို့ကို ဟန်ချက်ညီစေခြင်း။

အဆင့်အတန်းရှိတဲ့ ဇိမ်ခံအမှတ်တံဆိပ်ဟာ ကျက်သရေရှိအောင်လုပ်ဆောင်နိုင်သလို ဟန်ချက်ညီအောင် လည်း စီမံခန့်ခွဲနိုင်ပါတယ်။ ဇိမ်ခံအမှတ်တံဆိပ်က ထူးခြားပြီး စတိုင်လ်ကျတဲ့ထုတ်ကုန်များ ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံးကျွမ်းကျင်သူများနဲ့ အရည်အချင်းရှိသူများကို ငှားရမ်းကြပါတယ်။ အရည်အသွေးမြင့်တဲ့ ထုတ်ကုန်များကို ထုတ်လုပ်ခြင်းက သူတို့လုပ်ငန်းအတွက် အရေးကြီးပါတယ်။ အရည်အသွေးရှိခြင်းက ဇိမ်ခံဈေးကွက်မှာ အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်ဖို့ ကူညီပေးလိမ့်ရှိပါတယ်။ Louis Vuitton ရဲ့ အောင်မြင်မှုအတွက် နောက်ထပ်လျှို့ဝှက်ချက်မှာ သူတို့ထုတ်ကုန်များရဲ့ Limited Edition ကြောင့်ဖြစ်ပါတယ်။ ၀ယ်ယူသုံးစွဲသူများက Limited Edition ကို သိတဲ့အခါ၊ သူတို့ထုတ်ကုန်ကို ချက်ချင်းဝယ်ယူဖို့ တွန်းအားဖြစ်စေပါတယ်။ Limited Edition ဆိုသည်မှာ ထူးခြားတယ်လို့ မဆိုလိုနိုင်သလို ၎င်းတို့ကိုအစုလိုက် အပြုံလိုက်ထုတ်လုပ်မှုလည်း မဟုတ်ပါဘူး။ ၀ယ်ယူသူများဟာ ဇိမ်ခံပစ္စည်းများကို ပိုင်ဆိုင်နိုင်ဖို့အတွက် ငွေကြေးအနည်းငယ်ကို သုံးချင်လိုစိတ်ရှိရပါမယ်။ ဇိမ်ခံအမှတ်တံဆိပ်များဟာ သူတို့ရဲ့ အခြေခံဖော်မြူလာကို မပြောင်းလဲသေးပေမယ့်လည်း စျေးကွက်ထဲမှာ အောင်မြင်မှုကိုထိန်းထားနိုင်သလို ဖောက်သည်များကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ ဇိမ်ခံပစ္စည်းများစွာထဲမှ Louis Vuitton က အဆင့်အတန်း၊ စတိုင်နဲ့ ဆန်းသစ်တီထွင်မှုတို့ကို ပေါင်းစပ်ထားတာကြောင့် စျေးကွက်ထဲမှာ အောင်မြင်နေလျက်ရှိပါတယ်။ Louis Vuitto ဟာ စျေးကွက်ထဲမှာ နေရာအခိုင်အမာတစ်ခု ရရှိ နေတာကြောင့် တခြားအမှတ်တံဆိပ်များအတွက် ယှဉ်ပြိုင်ဖို့ ခက်ခဲစေနိုင်ပါတယ်။ Louis Vuitton ကို ပိုင်ဆိုင်ရခြင်းက လူနေမှုပုံစံကိုပြောင်းလဲသွားစေနိုင်သလို ၀ယ်ယူသူများကိုလည်း ကျက်သရေရှိစေပြီး ကမ္ဘာသစ်ဆီသို့ ခေါ်ဆောင်သွားသလိုမျိုး ခံစားစေမှာပဲ ဖြစ်ပါတယ်။

Swati Talwar ရဲ့ 4 Reasons Why Louis Vuitton Is So Successful ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာ ပြန်ဆိုထားပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS

MBA ( Assumption University, Thailand)