ကောင်းမွန်တဲ့အပြုအမူတွေက ဘဝမှာ ဘာကြောင့်အရေးကြီးသလဲ ?

ကောင်းတဲ့အမူအကျင့်၊ ယဉ်ကျေးသိမ်မွေ့မှုနဲ့ ကျင့်ဝတ်တို့ဟာ ကျန်းမာတဲ့ လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်ရေးမှာ အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။ ဒါတွေဟာ မရှိမဖြစ် လိုအပ်ရုံသာမက၊ ကျွန်ုပ်တို့ အချင်းချင်း အပြန်အလှန် ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ရာမှာလည်း အလွန်အကျိုးရှိပါတယ်။ ကျင့်ဝတ်သိက္ခာမရှိရင် ကမ္ဘာကြီးဟာ ရိုင်းစိုင်းပြီး ဖရိုဖရဲဖြစ်သွားနိုင်ပါတယ်။ ဘဝမှာ ကိုယ်ကျင့်တရားရဲ့ အရေးပါမှုကို လွန်ကဲစွာ မပြောနိုင်ပေမယ့် အစွမ်းထက်ဆုံး အကျိုးကျေးဇူးတချို့ကို ထောက်ပြချင်ပါတယ်။

ယုံကြည်မှုရှိစေခြင်း။

ဘယ်အခြေနေမှာမဆို လုပ်ဆောင်ရမယ့် မှန်ကန်တဲ့အရာတွေကို သတ်မှတ်ထားခြင်းနဲ့ လုပ်ဆောင်ခြင်းဟာ ကျွန်ုပ်တို့အတွက် ယုံကြည်စိတ်ချမှုကို ရရှိပါတယ်။ အခြေခံလူမှုရေးအမူအကျင့်များကို နားလည်လာတဲ့အခါမှာ လိုက်လျောညီထွေပြုမူနည်းကိုသိရှိပြီး သံသယစိတ်ကို သက်သာရာရစေခြင်းနဲ့ မိမိကိုယ်ကိုယ်သိစိတ်တို့ကို အကူအညီ ဖြစ်စေပါတယ်။ စကားမှားပြောခြင်း ဒါမှမဟုတ် မသင့်လျော်တဲ့လုပ်ရပ်ကြောင့် အရှက်ရစေခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အကောင်းဆုံး First impression ကို ဖန်တီးခြင်း။

First impressions က အရေးကြီးပြီး အနာဂါတ်ဆက်ဆံရေးနဲ့ အခွင့်အလမ်းများအတွက် စတင်ကြပါတယ်။ လူသစ်နဲ့တွေ့တဲ့အခါ သူတို့က မိမိအကြောင်း ဘာမှမသိကြပါဘူး။ မိမိရဲ့အပြောအဆိုနဲ့ အမူအရာတို့ အပေါ် အခြေခံပြီး ယူဆချက်များကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

သူတစ်ပါးအတွက် နှလုံးသားကို မွေးမြူခြင်း။

ကိုယ်ကျင့်တရားကောင်းခြင်းရဲ့အရင်းခံမှာ မိမိထက်သူတစ်ပါးအပေါ် ဦးစားပေးစာနာငဲ့ညှာတတ်တဲ့ နှလုံးသားရှိခြင်းပဲ ဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်တတ်တဲ့ အမူအကျင့်များရဲ့ အကျိုးကျေးဇူးများဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို သက်ရောက်မှုရှိစေတာ အထင်ရှားပဲ‌ဖြစ်ပါတယ်။

တစ်ကိုယ်ကောင်းဆန်မှုမှ အကာအကွယ်ပေးခြင်း။

တစ်ကိုယ်ကောင်းဆန်ခြင်းက ဆက်ဆံရေးကို ပျက်စီးစေပြီး ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ဒါတင်မကဘဲ အထီးကျန်မှုကို ဖြစ်စေတယ်။ အမှန်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့သူတွေအနားမှာ ဘယ်သူမှ မနေချင်ကြပါဘူး။

အပြန်အလှန် လှုံ့ဆော်ပေးခြင်း။

ကျွန်ုပ်တို့တွေဟာ အပြန်အလှန်တုံ့ပြန်မှုကို မျှော်လင့်ထားတာကြောင့် ကောင်းမွန်တဲ့အမူအကျင့်များကို မကျင့်သုံးပေမယ့်လည်း ဒါဟာ မကြာခဏဆိုသလို အကျိုးကျေးဇူးတစ်ခုဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ တခြားသူတွေ ကျွန်ုပ်တို့ အပေါ် စေတနာထားရင် ကျွန်ုပ်တို့လည်း ပြန်ကောင်းပေးဖို့လွယ်ကူစေပါတယ်။ တခြားသူတွေ ကျွန်ုပ်တို့နဲ့ မျှဝေတဲ့အခါမှာ ကျွန်ုပ်တို့လည်း တခြားသူများနဲ့ မျှဝေလိုစိတ်ပိုများပါတယ်။ ကျွန်ုပ်တို့ဟာ တခြားသူတွေကို ဖြည့်ဆည်းပေးတဲ့အခါ တခြားသူတွေကလည်း တစ်ချိန်ချိန်မှာ ကျွန်ုပ်တို့ကို ပိုပြီးဖြည့်ဆည်းပေးနိုင်ပါတယ်။

ဒါကြောင့် အပြန်အလှန်အပြုအမူဟာ ကျွန်ုပ်တို့အတွက်လှုံ့ဆော်မှုမဟုတ်ပေမယ့်လည်း ဒါဟာ အထူးနှစ်သက်ဖွယ် ကောင်းတဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။

ဘဝအောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ချပေးခြင်း။

ဘဝမှာ အောင်မြင်ဖို့ဆိုတာ အလုပ်ကြိုးစားမှုထက် ပိုလိုအပ်ပါတယ်။ အမူအကျင့်ကောင်းနဲ့ ကြိုးစားအားထုတ်မှုကို တွဲလုပ်တဲ့အခါ ကျွန်ုပ်တို့ဟာ ဘယ်လိုအတားအဆီးကိုမဆို ဖြတ်ကျော်နိုင်တဲ့ တက်ကြွမှုတို့ကို ဖန်တီးနိုင်ပါတယ်။ မှန်ကန်တဲ့ကျင့်ဝတ်ဟာ လေးစားဖွယ်ကောင်းပြီး လူအများက ရိုသေလေးစားမှုလည်း ရှိပါတယ်။ လေးစားမှုဟာ ယုံကြည်မှုကိုဦးတည်ပြီး ယုံကြည်မှုဟာ စီးပွားရေးနဲ့ ပုဂ္ဂိုလ်ရေးအရ ခိုင်မာတဲ့ဆက်ဆံရေးတိုင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

ပေါင်းသင်းဆက်ဆံရေး ပိုကောင်းစေခြင်း။

ဘယ်လိုလူမျိုးနဲ့ သူငယ်ချင်းဖြစ်ချင်တာလဲ။ အတူအလုပ်တွဲလုပ်ချင်ကြသလဲဆိုရင် အများစုအတွက်မှာ ယဉ်ကျေးဖော်ရွေပြီး တခြားသူတွေကို ဂရုထားတတ်တဲ့လူတွေမှာ ဆွဲဆောင်မှုရှိတာဟာ သဘာဝပါပဲ။ ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ သဟဇာတဖြစ်စွာနေထိုင်ခြင်းအတွက် သော့ချက်ဖြစ်ပါတယ်။ လူမှုကျင့်ဝတ်ကတော့ အဲဒီဆက်ဆံရေး များအဖြစ်ကို ပြောင်းလဲနိုင်ပြီး အပြုသဘောဆောင်တဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ အမူအကျင့်ကောင်းဟာ လူမှုအသိုင်းအဝိုင်းတွင်သာမက မိသားစုအတွင်းပါ မရှိမဖြစ်လိုအပ်ပါတယ်။

Jordan Mitchell မှ ဇန်နဝါရီလ၊ ၂၀၂၃ တွင်ရေးသားခဲ့တဲ့ ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

 

Dr. Thel Seint Aye

B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY),Ph.D (IT), (U.C.S.M)