သီချင်းနားထောင်းရင်း စာလေ့လာကြမယ်

လူတော်တော်များများက စာလေ့လာကြတဲ့အခါ စာဆိုမှစာကိုပဲ အာရုံစူးစိုက်လေ့လာတတ်ကြပြီး ဒါဟာလည်း ကောင်းတဲ့အလေ့အကျင့်တစ်ခုအဖြစ် လက်ခံထားကြပါတယ်။ ဒါပေမဲ့ စာမေးပွဲနားနီးလို့ ၊ Assignment နားနီးလို့ ပြန်လည်လေ့လာမှုလုပ်တဲ့အခါမှာတော့ ထင်သလောက်မထိရောက်ကြဘူး။ ဖြစ်တတ်ပါတယ်၊ (ဥပမာ စိတ်မပါတာ၊ ပျင်းတာမျိုးပေါ့။) ဒါဆို ကိုယ့်ရဲ့လေ့လာမှုအချိန်တွေကို ပိုထိရောက်ပြီး အကျိုးရှိအောင် ဘာလုပ်နိုင်မလဲ။ အဖြေကတော့ ငြိမ့်ညောင်းသာယာတဲ့ သီချင်း (Music) တွေနဲ့ စာလေ့လာမှုကို ပေါင်းစပ်ကြည့်ဖို့ပါပဲ။ ဒီနေရာမှာ သိထားသင့်တာက စာလုပ်ရင်းသီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ရှိပေမယ့် မှန်ကန်တဲ့ ဂီတအမျိုးအစားဖြစ်ဖို့တော့ လိုမယ်နော်။ ဂီတဆိုတာက လူတွေကို အာရုံစူးစိုက်နိုင်မှု၊ အာရုံစူးစိုက်မှု၊ အပန်းပြေစေမှု ၊ စိတ်အားထက်သန်မှု၊ မှတ်ဉာဏ်ကို တိုးတက်စေမှုတွေကိုဖြစ်စေပြီး အလုပ်တွေကို ပိုမိုပျော်ရွှင်စေဖို့ ကူညီပေးနိုင်ကြောင်း လေ့လာမှုတွေ ဖော်ပြထားတာတွေလည်း ရှိထားပြီးသားဆိုတော့ အများကြီးတော့ မပြောတော့ပါဘူး။

အခု ကျောင်းမှာ (သို့) ကျောင်းတက် နေတဲ့ကာလမှာ မိဘကဖြစ်ဖြစ်၊ ဆရာကဖြစ်ဖြစ် ကိုယ့်ကို သီချင်းလေးတွေနားထောင်ဖို့ (ဥပမာ Spotify/iTune တို့သုံးဖို့) တိုက်တွန်းဖူးလား၊ အကြံပေးဖူးသလား။ မင်းရော ဒီလိုစာလေ့လာရင်း သီချင်းနားထောင်တတ်တဲ့အကျင့်က ကောင်းကျိုးရှိတယ်ဆိုတာရော သိထားသေးလား။ ဆိုတော့ သီချင်းနားထောင်ရင်း စာလေ့လာတာက ဘယ်လောက်ထိ အကျိုးရှိလဲဆိုတာ စဉ်းစားကြည့်ကြမယ်။ ဂီတသံစဉ်တွေဟာ လေ့လာမှုနဲ့အတူ အာရုံစူးစိုက်မှုကို ကောင်းစေတယ်။ စာလေ့လာရတာ စာလုပ်ရတာဟာ တကယ်တော့ ပင်ပန်းပြီး ငြီးငွေ့စရာကောင်းပါတယ်။ အထူးသဖြင့် ထိုင်းထိုင်း မှိုင်းမှိုင်းနဲ့ စိတ်အားထက်သန်မှုနည်းတဲ့ ဘာသာရပ်တွေအတွက် စာလေ့လာနေရင်း တေးဂီတ ဖွင့်ခြင်းဟာ စာကို ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။ ဒါပေမဲ့ ဒုန်းဒုန်းဒိုင်းဒိုင်း အမျိုးအစား တွေကတော့ စာလုပ်ရင်း မဖွင့်သင့်ဘူး။ ဆိုတော့ ရှည်လျားပြီး ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ သာယာစေတဲ့ တေးသွားတွေကို ရှာပြီး နားထောင်းသင့်တယ်။ သိုပေမဲ့ ဘာသာစကားလေ့လာခြင်းနဲ့ စိတ်ကူးယဉ်ပြီး ဖတ်ရတဲ့ လေ့လာရခြင်းမျိုးတွေအတွက်တော့ ဂီတက အသုံးမဝင်နိုင်ပါဘူး - ဥပမာ စာကိုဖတ်ရင်း စာထဲကအကြောင်းအရာတွေကို စိတ်ကူးယဉ်ပြီး မြင်ယောင်ရတဲ့ ပုံဖော်ရတဲ့ လေ့လာမှုမျိုးတွေမှာပေါ့။ ခံနိုင်ရည်စွမ်းရည် + အာရုံစူးစိုက်မှုဟာ ကောင်းမွန်တဲ့ ပေါင်းစပ်မှုတစ်ခုဆိုပေမယ့် ကိုယ်က စိတ်ပြန့်လွင့်တတ်တဲ့လူလားဆိုတာတော့ သိထားသင့်တယ်။ အလုပ်ကလွဲ၊ စာကလွဲလို့ အရာအားလုံးကို ကိုယ်တိုင်က စဉ်းစားနေတယ်ဆိုရင် ပြဿနာက အာရုံစူးစိုက်မှုမှာဖြစ်နေတာပဲ။ ဆိုတော့ ဒီလိုအခြေ နေမျိုးမှာ ဂီတဟာ ဆေးတစ်ခွက်လိုပါပဲ။ ဒီလို သာယာတဲ့ ဂီတတွေဟာ တခြားသော ဆူညံသံတွေကို ဖယ်ထုတ်ပေးမှုနဲ့ စိတ်ပြန့်လွင့်မှုကို စုစည်းပေးကာ ဦးနှောက်ကို ကြည်လင်လာစေနိုင်ပါတယ်။

ဒီကတစ်ဆင့် အာရုံစူးစိုက်မှုကို အထောက်အကူဖြစ်စေပါတယ်။ အမြဲတမ်း ဂီတနဲ့ပဲ သုံးနေလို့လည်း မဖြစ်ဘူးဆိုတာ သတိထားပါ။ နားနဲ့စိတ်ကိုလည်း အနားပေးသင့်တဲ့အချိန်မျိုးတွေလည်း ရှိနေ ပါသေးတယ်။ ဂီတ တချို့ဟာ Academic Performance အပေါ် သက်ရောက်မှုရှိစေတယ်။ ဂီတဟာ အာရုံ စူးစိုက်နိုင်မှုရဖို့ ဦးနှောက်ကို ရွေ့လျားစေတဲ့ စွမ်းရည်မျိုးကို ဖြစ်စေပါတယ်တဲ့။ Standford University မှ လေ့လာမှုတစ်ခုမှာ ဂီတနားထောင်ရင်း ဆိတ်ဆိတ်နေချိန်အတွင်းမှာတောင် ဦးနှောက်ပုံရိပ်တွေဟာ ရွေ့လျားလုပ်ရှားနေတယ်ဆိုတာကို ဖော်ပြခဲ့ဖူးပါတယ်။ အဖြေကတော့ ဂီတဟာ ဦးနှောက်ကို အဖြစ် အပျက်များကို ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးပြီး ဒါဟာ အရေးပါအရာရောက်တဲ့ အရာတွေနဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စွာ ပုံဖော်နိုင်စေနိုင်ပါတယ်။ တေးဂီတကို နားထောင်နေစဉ်မှာ နှလုံးခုန်နှုန်းဟာ ရစ်သမ်စည်းချက်တွေနဲ့ အချိန်ကိုက်လှု ပ်ရှားတတ်ပါတယ်။ ဒါကြောင့်လည်း ပုံမှန်စိတ်ဖိစီးမှုခံစားရတတ်တဲ့သူတွေကို ဖိစီးမှုကြောင့် သူတို့နှလုံးခုန်နှုန်းမြန်တာ တက်တာဖြစ်တတ်တဲ့အခါ ဂီတသီချင်းတွေကို နားထောင်ရင်း စိတ်ငြိမ်အောင် လုပ်လေ့ရှိတတ်ကြပါတယ်။ (ဂန္ထဝင်တေးဂီတတွေဟာ ဒီအတွက် လူကြိုက်များကြတာပဲလေ)။

ဆိုတော့ စာမေးပွဲ ဒါမှမဟုတ် Assignment မစမီ နှလုံးခုန်မြန်ပြီး ချွေးစေးတွေနဲ့ ထူပူနေတဲ့အခါ စိတ်လှုပ်ရှားနေတဲ့အခါ စိတ်ငြိမ်စေတဲ့ တေးဂီတကို ရွေးဖွင့်ပါ၊ ဆက်တိုက် အသက်ရှုခြင်းကို အာရုံစိုက်ပြီး မျက်လုံးမှိတ်ထားပါ။ ဒီနည်းက နှလုံးခုန်နှုန်းကို နှေးကွေးစေကာ စိတ်တည်ငြိမ်မှု အခြေအနေကို လှုံ့ဆော်ပေးနိုင်တယ်လေ။ ဒီတော့ စာလေ့လာနေရင်း သီချင်းနားထောင်တာဟာ ကောင်းတဲ့အလေ့ကျင့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ အသံအနှောင့်ယှက်ကို လုံးဝမခံနိုင်တဲ့သူတွေကတော့ အကြံမပေးလိုပါဘူး။ ဒါဆိုရင်တော့ ဖုန်းစက်ပိတ်ပြီးသာ ဝေးဝေးထားလိုက်တာ အကောင်းဆုံးပါပဲ။ ဘာပဲပြောပြော ဂီတနားထောင် တတ်တာကတော့ စိတ်ကြည်လည်စေပြီး စာလုပ်ဖို့အတွက်တော့ Motivation ဖြစ်ဖြစ် အကြည် ဓာတ်လေးဖြစ်ဖြစ်တော့ရရှိစေဖို့ အခြေနေလေးတော့ ဖြစ်လာနိုင်ပါတယ်။

Musicgateway.com မှ Annika ရဲ့ How to benefits of listening to music while studying ဆောင်းပါးမှ ကောက်နှုတ်ရေးသားထားပါတယ်။

 

U Zin Lwin Thant

B.Act,M.Act (MUE)