ဘာကြောင့် Independent Person ဖြစ်သင့်လဲ ?

လူမှုဆက်ဆံရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ထောက်ပံ့မှုလိုအပ်တဲ့ အချိန်အတွက် လူတွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ မိသားစု မိတ်ဆွေတွေနဲ့ ဒီဆက်သွယ်မှုတွေက အရေးကြီးပေမယ့် မှီခိုမှုကင်းဖို့အတွက် သင်ယူဖို့ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ တခြားသူများကို မှီခို အားထားခြင်းက အထောက်အကူပြုနိုင်တဲ့အချိန် ရှိမှာဖြစ်ပေမယ့်လည်း တခြားသူတွေအပေါ် အလွန် အားကိုး အားထားခြင်းက ရေရှည်မှာ သင့်ကို ထိခိုက်စေနိုင်ပါတယ်။ မှီခိုမှုကင်းစွာနေထိုင်ဖို့ အရေးကြီးရတဲ့ အကြောင်းရင်း တချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပေးခြင်း။

Independent people တွေဟာ သူတို့ဘဝကို ထိခိုက်စေနိုင်တဲ့ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုပြီးယုံကြည်စိတ်ချမှု ရှိတတ်ကြပါတယ်။ အဓိက သူတို့ဟာ တခြားသူတစ်ဦးထံမှ ထောက်ပံ့မှု ဒါမှမဟုတ် ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေတာမျိုးမလုပ်ဘဲ ဆောင်ရွက်ဖို့ရှိတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ ပိုပြီး အသင့်ရှိကြတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Independent people တွေဟာ အဘယ်အရာကိုမဆို အသစ်အဆန်းများ လေ့လာစူးစမ်းချင်စိတ် ရှိကြပါတယ်။ ဒါကြောင့် သူတို့က dependent people တွေထက် အတွေ့အကြုံပိုရှိလာနိုင်ပါတယ်။ သူတို့ကိုယ်တိုင် လုပ်ဆောင်နိုင်တယ်ဆိုတာကို သိရှိထားခြင်းက ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်စိတ်ချစေပါတယ်။ Entrepreneurs များအတွက် ယုံကြည်စိတ်ချမှုက ပိုပြီး ကြီးမားတဲ့ စွန့်စားမှုများနဲ့ အောင်မြင်နိုင်တဲ့လမ်းကြောင်းများကို ယူဆောင်သွားဖို့ စိတ်ကို ပွင့်လာစေပြီး နောက်ဆုံးမှာ အောင်မြင်မှုကို ရရှိနိုင်ပါတယ်။

၂။ တခြားသူတွေကို အားကိုးအားထားမှု လျော့နည်းခြင်း။

Dependent mindset ရှိသူတွေဟာ တခြားတွေကို အလွန်အားကိုးတတ်ကြပါတယ်။ သူတို့ကိုယ်တိုင် အတွက် ရွေးချယ်မှုများကို ကိုယ်တိုင်မလုပ်နိုင်တဲ့အတွက် ဒါမှမဟုတ် တစ်စုံတစ်ယောက်မရှိဘဲ သူတို့ရဲ့ဘဝမှာ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကြောက်ကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Independent people တွေကတော့ တခြားသူရဲ့ အကူအညီရဖို့ မမျှော်လင့်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးကြပါတယ်။

၃။စိတ်ဖိစီးမှုကို လျော့နည်းစေပြီး ပျော်ရွှင်မှုကို မြှင့်တင်ပေးခြင်း။

တခြားသူများအပေါ် မှီခိုအားထားခြင်းမရှိဘဲ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို အတတ်နိုင်ဆုံး အသုံးချ နိုင်ပြီး ခက်ခဲတဲ့ဘဝအခြေအနေများကို ကျော်လွှားနိုင်ခြင်းက သင့်ကို စိတ်ကျေနပ်မှုပေး‌စေပါတယ်။ ဆင်းရဲ ခက်ခဲမှုနဲ့ စိတ်ပျက်အားလျော့မှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။

၄။ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်း။

ဘာကြောင့်လဲဆိုတော့ သင့်ဆုံးဖြတ်ချက်တွေကြောင့် အမှန်တကယ် ထိခိုက်ခံရမယ့်တစ်ဦးတည်းသော ပုဂ္ဂိုလ်က သင်ဖြစ်နေလို့ပါပဲ ။ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ငွေကြေးထောက်ပံ့မှုအတွက် တခြားသူတွေအပေါ် မှီခိုအားထားရခြင်းက သင့်လျော်တဲ့ ဆုံးဖြတ်ချက်များချဖို့ ခက်ခဲစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆုံးဖြတ်ချက်များချနေစဉ် တခြားသူတွေကို စဉ်းစားဆင်ခြင်ခြင်းက အကြံကောင်းတစ်ခုဖြစ်ပေမယ့်လည်း တခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာစိုးပြီး ရွေးချယ်မှုပြုလုပ်ရမှာ ကြောက်ရွံ့ခြင်းက သင့်ကို အကြီးအကျယ် တွန့်ဆုတ်စေနိုင်ပါတယ်။

၅။ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားမှု တိုးလားခြင်း။

အမှီခိုကင်းမှုက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ ငွေရေးကြေးရေး၊ လူမှုရေး၊ အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စများမှာ မှီခိုမှုကင်းစွာ အောင်မြင်ခြင်းက ပြီးမြောက်တဲ့ အောင်မြင်မှုကို ခံစားရစေပြီး နောက်ဆုံးမှာ သင်ကိုယ်တိုင် အဆင့်သတ်မှတ်ပုံနဲ့ တခြားသူများရဲ့ ရှုမြင်ပုံတို့ကို ပြောင်းလဲစေ နိုင်ပါတယ်။ မှီခိုမှုကင်းကင်းနဲ့ ရလာတဲ့အောင်မြင်မှုအပေါ် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုက စိတ်ကျေနပ်မှုကို ပေးစေနိုင်ပါတယ်။

ဒါကြောင့် တခြားသူတွေနဲ့ ဆက်ဆံရေးတွေက အရေးကြီးပါတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့လည်း လိုပါအပ်တယ်။

ဒီဆောင်းပါးကို Joel Brown (Founder of Addicted2Success.com), Author at Addicted 2 Successရေးသားထားတဲ့ 8 Important Reasons Why You Should Be More Independent ခေါင်းစဉ်မှ အချက် ၅ ချက်ကို ဒေါ်နှင်းနုအောင်မှဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)