ပြိုင်ဆိုင်မှုများတဲ့ စီးပွားရေးလောကမှာ မိမိရဲ့ကုမ္ပဏီကို ရေပန်းစားအောင် လုပ်ဆောင်ပေးမယ့်နည်းလမ်းများ

Customer များနဲ့ ခိုင်မာပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ဖန်တီးခြင်းက ယနေ့ခေတ်ပြိုင်ဆိုင်မှုများတဲ့ စီးပွားရေးအခင်းအကျင်းမှာ ထိရောက်တဲ့နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။ Customer များအကြား အသိအမြင်နဲ့ ကျော်ကြားမှုတွေက ကုန်ပစ္စည်း (ဒါမှမဟုတ်) ဝန်ဆောင်မှုတို့ကို ပေးဆောင်ခြင်းသာမဟုတ်ဘဲ သူတို့နဲ့အတူ အတွေ့အကြုံအသစ်တွေကို ဖန်တီးခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီအတွေ့အကြုံကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ရင် Customer များရဲ့ သစ္စာစောင့်သိမှုကို မြှင့်တင်နိုင်ပြီးတော့ ထို Customer များမှတစ်ဆင့် word-of-mouth referrals များကို ရရှိနိုင်ပြီး ကုမ္ပဏီတစ်ခုရဲ့တိုးတက်မှုနဲ့ အောင်မြင်မှုအတွက် ပံ့ပိုးပေးနိုင်ပါတယ်။

(၁) Digital စျေးကွက်ရှာဖွေရေးအေဂျင်စီနဲ့အတူ အလုပ်လုပ်ခြင်း။

Digital စျေးကွက်ရှာဖွေရေးအေဂျင်စီတစ်ခုနဲ့အတူ အလုပ်လုပ်ခြင်းက သင့်လုပ်ငန်းမှာလိုအပ်နေတဲ့ ယှဉ်ပြိုင် နိုင်မှုစွမ်းရည်ကို ပေးစွမ်းနိုင်ပါတယ်။ အဲ့ဒီအေဂျင်စီများက ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို Digital channels များမှတစ်ဆင့် ကြော်ငြာခြင်း၊ သူတို့ရဲ့ ကျွမ်းကျင်မှုများကို အသုံးချခြင်း၊ အွန်လိုင်းကြော်ငြာခြင်း၊ ဆိုရှယ်မီဒီယာ စျေးကွက်ရှာဖွေခြင်းနဲ့ သင့်ရဲ့ Brand ကို Customer များဆီရောက်ရှိနိုင်စွမ်းကို မြှင့်တင်ဖို့ Content ဖန်တီးခြင်း များကို လုပ်ဆောင်ပေးပါတယ်။ သူတို့က Customer များရဲ့အပြုအမူကို နားလည်ဖို့အတွက် ခေတ်မီဆန်းပြားတဲ့ Tools များနဲ့ ခွဲခြမ်းစိတ်ဖြာမှုများကို လုပ်ဆောင်အသုံးပြုပြီး တိကျတဲ့ လူဦးရေစာရင်းများကို ပစ်မှတ်ထားကာ သက်ရောက်မှုအရှိဆုံးဖြစ်တဲ့ campaigns များကို လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် Digital စျေးကွက် ရှာဖွေရေးအေဂျင်စီများက သင့်ရဲ့လုပ်ငန်းအပေါ်မှာ ပြင်ပရှုထောင့်ကနေ ကြည့်ရှုခြင်းဖြစ်တာကြောင့် အမြင် သစ်လွင်မှုများနဲ့ သင်သတိမမူမိနိုင်တဲ့အခွင့်အလမ်းများကို ပေးဆောင်နိုင်စွမ်းရှိပါတယ်။

(၂) Brand-to-Customer Engagement ကို မြှင့်တင်ခြင်း။

Customer များနဲ့ ထိတွေ့ဆက်ဆံခြင်းက ခိုင်မာတဲ့ဆက်ဆံရေးတွေကို တည်ဆောက်ရာမှာ အရေးပါပြီးတော့ Brand-to-Customer Engagement ကို မြှင့်တင်ဖို့အတွက် ထိရောက်တဲ့ဗျူဟာ များစွာရှိပါတယ်။ အဲ့ဒါတွေကတော့ ဆိုရှယ်မီဒီယာ- Twitter၊ Facebook၊ Instagram နဲ့ LinkedIn တို့လို social media channels များမှာ တက်ကြွစွာပါဝင်မှုကို ဖော်ဆောင်ရပါမယ်။ Fresh Content များကို ပုံမှန်တင်ပေးပြီး Customer များနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံဖို့ Comment Section ပါ၀င်တဲ့ ဆွေးနွေးမှုတစ်ခုဖန်တီးဖို့ လုပ်ဆောင်ရပါမယ်။ Online စစ်တမ်းကောက်ယူခြင်းများ - Customers တုံ့ပြန်ချက်များစုဆောင်းရန်နဲ့ သူတို့ရဲ့လိုအပ်ချက်များနဲ့ နှစ်သက်မှုများကို သိရှိနိုင်မယ့် စစ်တမ်းများကို ကောက်ယူရပါမယ်။ Brand-to-Customer Engagement ရဲ့ပန်းတိုင်မှာ two-way conversation ဖန်တီးရမှာကို အမြဲသတိရပါ။ Customers များရဲ့ အကြံပြုချက်များကို တန်ဖိုးထားပြီးသေချာနားထောင်ပါ။ သူတို့က သင့်ရဲ့ Brand အတွက် အကြီးကျယ်ဆုံး ထောက်ခံအားပေးသူများ ဖြစ်လာမှာ ဖြစ်ပါတယ်။

(၃)User-Generated Content နဲ့ လွှမ်းမိုးနိုင်အောင်လုပ်ဆောင်ခြင်း။

User ဖန်တီးထားတဲ့ Content (UGC) များက သင့်လုပ်ငန်းအတွက် လူကြိုက်များမှုကို သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်ပြီးအစွမ်းထက်တဲ့ tool ဖြစ်ပါတယ်။ UGC ဆိုသည်မှာ ကုမ္ပဏီကိုယ်တိုင်က လုပ်ဆောင်တာ မဟုတ်ဘဲ သုံးစွဲသူများကဖန်တီးထားတဲ့ ရုပ်ပုံများ၊ ဗီဒီယိုများ၊ စာသားများနဲ့ သုံးသပ်ချက်များကဲ့သို့ပုံစံများကို ရည်ညွှန်းတာဖြစ်ပါတယ်။ အဲ့ဒီအရာများက အခြေခံအားဖြင့်တော့ digital word-of-mouth ဖြစ်ပြီး သမားရိုးကျ ကြော်ငြာများထက် ပိုမိုယုံကြည်စိတ်ချရတယ်လို့ customer များက ထင်မြင်မိကြပါတယ်။ သင့်ရဲ့ product များကို အသုံးပြုပြီး ဓာတ်ပုံ၊ ဗီဒီယိုများမျှဝေခြင်း၊ သူတို့ရဲ့အတွေ့အကြုံများအကြောင်း သုံးသပ်ချက် ရေးခြင်းစတဲ့ User များကို ဖိတ်ခေါ်တဲ့ Campaigns များ ဒါမှမဟုတ် ပြိုင်ပွဲများကို လုပ်ဆောင်သင့်ပါတယ်။ UGC ကို သင့်ရဲ့စျေးကွက်ရှာဖွေရေးဗျူဟာမှာ ပေါင်းစည်းခြင်းဖြင့် Customers နဲ့ Product ကို ချိတ်ဆက်နိုင်မှုတိုး လာစေပြီး သင့်ရဲ့ Audience နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ပါတယ်။

(၄) Influencers များနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ခြင်း။

Influencers များရဲ့ နေ့စဥ်အကြောင်းအရာများကို စောင့်ကြည့်အားပေးနေတဲ့ Followers များရှိတာကြောင့် မိမိတို့ရဲ့ Brand ကို ရေပန်းစားလာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာနိုင် ပါတယ်။ သြဇာလွှမ်းမိုးနိုင်သူများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တစ်ခုမှ တစ်ဆင့် သင့်လုပ်ငန်းကို မြှင့်တင်နိုင်ပြီး Influencers များနဲ့ ပါဝင်ပတ်သက်နေတဲ့ ပရိသတ်များထံ မိမိရဲ့ Brand အကြောင်း ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင်ရွေးချယ်တဲ့ Influencers အမျိုးအစားကို သတိထား ရွေးချယ်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ Brand တန်ဖိုးများနဲ့ ကိုက်ညီပြီး သင့်ရဲ့ target လူဦးရေစာရင်းနဲ့ ထပ်တူထပ်မျှရှိတဲ့ သူကိုရွေးရပါမယ်။ Micro-influencer များနဲ့ဆက်သွယ်ခြင်းက သင့်ထုတ်ကုန် (ဒါမှမဟုတ်) ဝန်ဆောင်မှုကို စျေးကွက်ချဲ့ထွင်ဖို့အတွက် ကုန်ကျစရိတ်သက်သာတဲ့နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

(၅) E-commerce Platform ကို အာရုံစိုက်ခြင်း။

သင့်လုပ်ငန်းမှာ ထုတ်ကုန်များ ရောင်းချပါက e-commerce Platform တစ်ခု တည်ဆောက်ဖို့ စဉ်းစားပါ။ E-commerce ဆိုသည်မှာ သုံးစွဲသူများအား သင့်ရဲ့ထုတ်ကုန်များကို Online မှာ ရှာဖွေကြည့်ရှုဝယ်ယူနိုင်စေပြီး Customer များ အဆင်ပြေစေရေးနဲ့ ရောင်းအားကိုလည်း မြှင့်တင်စေပါတယ်။ သင့်မှာ Digital E-commerce Platform ရှိနေခြင်းက သင့် Brand အတွက် တိုးချဲ့မှုတစ်ခုဖြစ်ကြောင်း သတိရပါ။

(၆) ပွဲများနဲ့ ပြိုင်ပွဲများကို လက်ခံကျင်းပခြင်း။

ပွဲများနဲ့ပြိုင်ပွဲများကို လက်ခံကျင်းပခြင်းက သင့်ကုမ္ပဏီကို သုံးစွဲသူများကြား ပိုမိုရေပန်းစားလာစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြိုင်ပွဲများက အထူးသဖြင့် ဆိုရှယ်မီဒီယာ Platform များမှာ သုံးစွဲသူများနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ပြိုင်ပွဲများမှာ အနိုင်ရရှိသူများကို လျှော့စျေးများ၊ ဘောင်ချာများ (ဒါမှမဟုတ်) အထူးဆုများ ဆုချီးမြှင့်ခြင်း၊ ဓာတ်ပုံ၊ ဗီဒီယိုပြိုင်ပွဲတွေလို ရိုးရှင်းတဲ့ဖန်တီးမှုပြိုင်ပွဲများလည်း ဖြစ်နိုင်ပါတယ်။ ပွဲများနဲ့ ပြိုင်ပွဲများမှာ ကျယ်ပြန့်တဲ့ ပရိသတ်များထံမှ ပူးပေါင်းပါဝင်မှုကို အားပေးပြီး သင့် Brand ကို သုံးစွဲသူများအကြား ပိုမိုရေပန်းစားလာစေနိုင်ပါတယ်။ ပွဲများနဲ့ ပြိုင်ပွဲများလုပ်ဆောင်အောင်မြင်မှုက သင်စီစဉ်တဲ့ လှုပ်ရှားမှုများရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ထူးခြားမှုအပေါ် မူတည် ပါတယ်။ ဘောင်အပြင်ဘက်ကနေ တီထွင်ဖန်တီးစဉ်းစားပြီး ပစ်မှတ်ထားတဲ့ Audience တွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်တဲ့ ထူးခြားတဲ့ စိတ်ကူးစိတ်သန်းများကို ဖန်တီးပါ။ အဲ့ဒီဗျူဟာများက သင့်လုပ်ငန်းကို ထင်ရှားပေါ်လွင် စေဖို့နဲ့ Customers များအကြား ရေပန်းစားမှုကို တိုးပွားစေဖို့ ကူညီပေးပါလိမ့်မယ်။

အဲ့ဒီနည်းဗျူဟာများကို လိုက်နာခြင်းဖြင့် သင့်လုပ်ငန်းကို သုံးစွဲသူများအကြား ပိုမိုရေပန်းစားလာစေဖို့ ကူညီပေးနိုင်ပါတယ်။ အောင်မြင်မှုရဲ့သော့ချက်က ညီညွတ်ခြင်းပဲဖြစ်ပါတယ်၊ သင့်ရဲ့စျေးကွက်ရှာဖွေရေး ကြိုးပမ်းအားထုတ်မှုအားလုံးက သင့် Brand တန်ဖိုးများနဲ့ ကိုက်ညီကြောင်းသေချာစေဖို့ လိုအပ်ပါတယ်။ ဗျူဟာများရဲ့ စွမ်းဆောင်ရည်ကို ခြေရာခံပြီး သင့်ရဲ့စျေးကွက်ရှာဖွေရေးကြိုးပမ်းမှုများရဲ့ အောင်မြင်မှုကို တိုင်းတာဖို့အတွက် ခွဲခြမ်းစိတ်ဖြာမှု Tool များကိုလည်း အသုံးပြုဖို့မမေ့ပါနဲ့။ အဲ့ဒီ Tool များက ဗျူဟာများကို ချိန်ညှိဖို့ ကူညီပေးနိုင်ပြီး တစ်ခုစီတိုင်းမှ သင်အကောင်းဆုံးလုပ်ဆောင်နေကြောင်း သေချာစေမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ချဉ်းကပ်မှုဖြင့် သင်ကစျေးကွက်မှာခိုင်မာတဲ့တည်ရှိမှုကို ထူထောင်တည်ဆောက်နိုင်ပြီး သင့်ကုမ္ပဏီကို သုံးစွဲသူများအကြား ပိုမိုရေပန်းစားလာစေမှာ ဖြစ်ပါတယ်။

Movia.media website မှ Make-company-popular-customers-strategies ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://movia.media/.../make-company-popular-customers.../

Daw Zin Lin Htet

BE (Civil-MGTU), M.Sc (Construction Project Mgt), Heriot-Watt University