အသေးစားလုပ်ငန်းပိုင်ရှင်များအတွက် ကန့်သတ်မှုရှိတဲ့ ငွေကြေးနဲ့ အရင်းအနှီးများ အခြေအနေမှာ ထုတ်ကုန်စွမ်းအားကို ဘယ်လိုမြှင့်တင်ကြမလဲ ?

ယခုလို လျင်မြန်စွာ တိုးတက်နေတဲ့ကမ္ဘာမှာ လုပ်ငန်းများရဲ့ ထုတ်ကုန်စွမ်းအား မြှင့်တင်ဖို့အတွက် ဆောင်ရွက်ခြင်းမှာ လုပ်ငန်းအောင်မြင်မှုအတွက် လိုအပ်တဲ့အရာပဲ ဖြစ်ပါတယ်။ ထိရောက်တဲ့ အချိန်ခွဲဝေမှုနဲ့ မဟာဗျူဟာကျနည်းလမ်းတွေကို တိုးတက်လာတဲ့ နည်းပညာများနဲ့ ပေါင်းစပ်အသုံးပြုပြီး လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် အောက်ဖော်ပြပါနည်းလမ်းများက လုပ်ငန်းအတွက် အထောက်အပံ့ကောင်းများဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းများက  လက်ရှိအသုံးပြုနေပြီး အသေးစားလုပ်ငန်း ပိုင်ရှင်များရဲ့ ထုတ်ကုန်စွမ်းအားနဲ့ ရည်မှန်းချက်များကို အောင်မြင်စေဖို့ ကျွမ်းကျင်သူများကိုယ်တိုင်ကပင် အကြံပေးထားတဲ့ နည်းလမ်းများဖြစ်ပါတယ်။

(၁) လုပ်ငန်းတာဝန်တွေကို ဦးစားပေးပါ။

အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ဦးစားပေးလုပ်ကိုင်သင့်ပါတယ်။ တိကျရှင်းလင်းပြီး ဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်များ ချမှတ်ခြင်း၊ လုပ်ငန်းတာဝန်ကြီးများကို လွယ်ကူစွာကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် သေးငယ်တဲ့ တာဝန်များအဖြစ်ကို ပြောင်းလဲခြင်းနဲ့ သင့်တော်တဲ့ အဖွဲ့ဝင်တွေကို လုပ်ငန်းတာဝန်များခွဲဝေပေးခြင်းဖြင့် အလုပ်တာဝန်များကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါတယ်။

(၂) လူအစားထိုး လုပ်ငန်းများ

လုပ်ငန်း ထိထိရောက်ရောက်နဲ့ လည်ပတ်နိုင်ပြီး တွက်ခြေကိုက်တဲ့ လုပ်ငန်းစနစ်ဖြစ်စေဖို့ Software များနဲ့ တခြား ကိရိယာများမှာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ အောက်ဖော်ပြပါ  လုပ်ငန်းများကို အချိန်နဲ့ လူအင်အား သက်သာစေဖို့ Software များသုံးပြီး အလိုအလျောက် လုပ်ကိုင်ပြီး ရပါတယ်။

Accounting and financial tasks - QuickBooks ဒါမှမဟုတ် Xeno ကဲ့သို့ Software များက လုပ်ငန်းများရဲ့ Accounting နဲ့ Bookkeeping လုပ်ငန်းများကို အလိုလျောက်လုပ်ကိုင်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။

Payroll and benefits administration - Gusto ဒါမှမဟုတ် ADP စတဲ့ Payroll software များက Payroll processing, Tax fillings and benefits administration များကို အလိုလျောက်လုပ်ကိုင်နိုင်ဖို့ ကူညီခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များရဲ့ အချိန်နဲ့ စာရင်းပိုင်းဆိုင်ရာ အမှားဖြစ်နိုင်မှု အန္တရာယ်မှ လျှော့ချပေးနိုင်ပါတယ်။

Data entry - Zapier ဒါမှမဟုတ် IFTTT ကဲ့သို့ ပရိုဂရမ်များက တခြား မတူညီတဲ့ application များ၊ ဝန်ဆောင်မှုများနဲ့ ချိတ်ဆက်ပြီး အလိုအလျောက် ဒေတာများသွင်းပေးနိုင်ပါတယ်။ အဲ့ဒီလိုပြုလုပ်ခြင်းအားဖြင့် လုပ်ငန်းများရဲ့ ဒေတာများကို တခြားစနစ်များထဲသို့ အလိုအလျောက် ကူးပြောင်းနိုင်ပါတယ်။

Scheduling - Calendly ဒါမှမဟုတ် Doodle စတဲ့ Tool တွေက လုပ်ငန်းရဲ့ ဖောက်သည်နဲ့ ဝန်ထမ်းများအကြား တွေ့ဆုံမှုအစီအစဉ်များနဲ့ အစည်းအဝေးများကို ပြန်လည်ဆက်သွယ်အကြောင်းကြားစရာမလိုဘဲ Online ကနေပဲ အလိုအလျောက်စီစဉ်နိုင်ပါတယ်။

Content creation - Hootsuite ဒါမှမဟုတ် Buffer စတဲ့ ပရိုဂရမ်များက လုပ်ငန်းရဲ့ ဆိုရှယ်မီဒီယာ Content ဖန်တီးမှု၊ အစီအစဉ်ချမှုနဲ့ ပတ်သက်ပြီး အလိုလျောက် Post များ တင်ပေးနိုင်တာကြောင့် တခြားသောလုပ်ငန်းများကို အာရုံစိုက်နိုင်ပါတယ်။

(၃) အနှောင့်အယှက်များကို ဖယ်ရှားပါ။

လုပ်ဆောင်ရမယ့်အလုပ်များပေါ်မှာ အာရုံစိုက်ခြင်းဖြင့် အနှောင့်အယှက်များကိုဖယ်ရှားပါ။ ဖုန်း၊ Email နဲ့ ဆိုရှယ်မီဒီယာ အကြောင်းကြားချက်များကို ခဏတာပိတ်ထားပြီး တိတ်ဆိတ်​တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းများ ပြင်ဆင်ကာ နားချိန်များသတ်မှတ်ပြီး အလုပ်အတွက် အချိန်ဇယားနဲ့  ပြုလုပ်ဆောင်ရွက်ပါ။ အလုပ်လုပ်နေချိန်အတွင်မှာလည်း အလုပ်လုပ်နေကြောင်းကို တခြားသူများအား အသိပေးထားပါ။

(၄) နည်းပညာတိုးတက်လာမှု

ယခုဆိုရင် နည်းပညာဟာ လုပ်ငန်းစဉ်တွေကို အလိုလျောက်နဲ့ လုပ်ကိုင်ရာမှာ ပိုမိုကောင်းမွန်အောင် အထောက်အပံ့များ ပေးနိုင်ပါတယ်။

Customer service ကို အလိုလျောက်လုပ်ကိုင်ပေးခြင်း -Chatbots, Zendesk, Freshdesk နဲ့ Intercom စတဲ့ program များက customer services ကို 24/7စနစ်ဖြင့် လုပ်ကိုင်ပေးနိုင်ပါတယ်။

Business intelligence ကိုအသုံးပြုခြင်း -Tableau, Power BI နဲ့ Google Analytics စတဲ့ BI tools တွေက ဝယ်ယူသူတွေရဲ့ဒေတာ insight ကို ထောက်ပံ့ပေးနိုင်တာကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ချရာမှာ ပိုမိုကောင်းမွန်‌အောင် ကူညီပေးနိုင်ပါတယ်။

Cloud computing ဆောင်ရွက်ခြင်း-Amazon Web Services, Google Cloud Platform နဲ့ Microsoft Azure စတဲ့ Cloud computing ဝန်ဆောင်မှုများမှာ ဒေတာများ သိမ်းဆည်းမှုနဲ့ စိစစ်မှုတို့မှာ ပိုမိုတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

Cybersecurity မှာ ရင်းနှီးမြှုပ်နှံပါ- Antivirus software, Firewalls နှင့် Security audits များက လုပ်ငန်းအား Cyber ခြိမ်းခြောက်မှုများမှ ကာကွယ် ပေးနိုင်ပါတယ်။

Artificial intelligence(AI) ဆောင်ရွက်ခြင်း - AI tools စသော IBM Watson, Google AI Platform နှင့် Microsoft Cognitive Services တွေက Customer service ကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်သည့်အပြင် သက်ဆိုင်ရာလုပ်ငန်းများကိုပါ အလိုလျောက်ဆောင်ရွက်ပေးနိုင်ပါတယ်။

(၅) လုပ်ငန်းစဉ်များကို ပြန်လည်အကဲဖြတ်ဆန်းစစ်ပါ။

လုပ်ငန်းစဉ်များကို ပုံမှန်အကဲဖြတ် စစ်ဆေးမှုများပြုလုပ်ခြင်းအားဖြင့် လုပ်ငန်းရဲ့ အခွင့်အလမ်းတိုးတက်မှုများကို သတ်မှတ်နိုင်ရုံသာမက လုပ်ကိုင်နိုင်မှုစွမ်းရည်ကိုလည်း မြှင့်တင်ရာရောက်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ခြင်းက လက်ရှိလုပ်ငန်းလည်ပတ်နေမှုဟာ ထိထိရောက်ရောက်ဖြင့် လုံလောက်မှုရှိ၊မရှိကို ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။

Business Plan -လုပ်ငန်းက ချမှတ်ထားတဲ့ ရည်မှန်းချက်များ သေချာမှုရှိစေဖို့ ပြန်လည်စစ်ဆေးပြီး မွမ်းမံရပါမယ်။

Marketing Strategy - Marketing မဟာဗျူဟာများကို အချိန်ကာလအလိုက် Target Audience ဆီကို ထိထိရောက်ရောက်ဖြင့် ရောက်ရှိခြင်း ရှိ၊မရှိကို ပြန်လည်သုံးသပ်ရပါမယ်။

Financials - ငွေကြေးပိုင်းမှာလည်း လုပ်ငန်းအတွင်းသုံးစွဲမှုကို သင့်မြတ်အောင်လုပ်ဆောင်ပြီး ကုန်ကျစရိတ်များကို လျှော့ချပါ။

Employee performance - ဝန်ထမ်းများတိုးတက်ရေးအတွက် ပုံမှန် Feedback များ ပေးပါ။

Customer satisfaction - ဝယ်ယူသူများ စိတ်ကျေနပ်မှု ရှိစေဖို့အတွက် စောင့်ကြည့်စစ်ဆေးပြီး ပုံမှန်အကဲဖြတ်ပေးပါ။

အထက်ပါအချက်များဟာ အသေးစားလုပ်ငန်းရှင်များကို လုပ်ငန်းမှာ ထုတ်ကုန်စွမ်းအား မြှင့်တင်ဖို့အတွက် အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းများဖြစ်ပြီး လုပ်ငန်းရေရှည်တည်တံ့အောင်မြင်ဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အချက်များပဲ ဖြစ်ပါတယ်။

 

entrepreneur.com မှ Jason Miller (CEO of the Strategic Advisor Board) ရေးသားထားတဲ့ How Small Business Owners Can Maximize Productivity Despite Limited Budgets and Resources ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

 

Daw May Thiri Khit

BA (Russian), YUFL

Diploma in English (YUFL), ADBM, DBM

M.Econ. (International Program)

Chiang Mai University, Thailand