"5 steps to fix any problem at work"

ဒီတစ်ခေါက် မျှဝေပေးမယ့် TED Talk discussion  ကတော့ Anne Morris တင်ပြဆွေးနွေးခဲ့တဲ့  "5 steps to fix any problem at work"  အလုပ်ခွင်မှာဖြစ်ပေါ်တဲ့ ဘယ်လိုပြဿနာကိုမဆို ဖြေရှင်းနိုင်မယ့် အဆင့် (၅) ဆင့်ပဲ ဖြစ်ပါတယ်။Anne Morris ဟာဆိုရင် နာမည်ကြီးလုပ်ငန်းတွေအတွက် အကြံပေးခြင်း၊ နည်းပြခြင်း ၀န်ဆောင်မှုတွေကို လုပ်ကိုင်ပေးနေတဲ့ The Leadership Consortium (TLC) ရဲ့ Executive Founder တစ်ဦးလည်းဖြစ်သလို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလတစ်လျှောက်မှာလည်း  စွန့်ဦးတီထွင်သူများ (Entrepreneurs) ကုမ္ပဏီများနဲ့ အစိုးရတွေအတွက် Strategy, Leadership၊ Organizational change စတာတွေကိုကျင့်သုံးနိုင်စေဖို့ နည်းပြအဖြစ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

 ကနဦးအနေနဲ့ Anne က "Leadership is a practice of imperfect human beings leading imperfect humans" ခေါင်းဆောင်မှုဆိုတာ မပြည့်စုံသေးတဲ့လူသားတွေက မပြည့်စုံသေးတဲ့လူသားတွေကို ဦးဆောင်တဲ့ဖြစ်စဉ် တစ်ခုပါပဲလို့ အစချီပါတယ်။ Anne က "ကျွန်မသိတဲ့ အင်မတန်အောင်မြင်တဲ့ခေါင်း‌ဆောင်တွေဟာဆိုရင် ပြဿနာတွေကို အရှိန်နှုန်း အပြည့်နဲ့ လျင်လျင်မြန်မြန်ဖြေရှင်းကြသလို တစ်ဖက်မှာလည်း အောင်မြင်၊ မမြင်ဆိုတာရယ်၊ customer၊ ၀န်ထမ်းနဲ့ shareholders တွေ အဆင်ပြေမှုရှိ၊မရှိရယ်ကို တာ၀န်ယူ၊ တာ၀န်ခံမှု ရှိကြပါတယ်။ မြန်မြန် လှုပ်ရှားပြီး မြန်မြန်ပြင်ကြပါတယ်။ ဆက်လက်ပြီး Anneက " ဒီနေ့မှာ ကျွန်မက ပျက်စီးနေတဲ့ကုမ္ပဏီ culture အတွက်ဖြစ်ဖြစ်၊ ပြဿနာတွေကြုံနေရတဲ့ မိတ်ဆွေဆက်ဆံရေးအတွက်ဖြစ်ဖြစ်၊ ပြဿနာမျိုးစုံကို ပြင်ဆင်နိုင်မယ့်နည်းကတော့ ကျွန်မအနေနဲ့ လူကြီးမင်းတို့ကို စိတ်ကူးနဲ့ ရက်သတ္တပတ် တစ်ပတ်ကို စိတ်ထဲဖန်တီးစေချင်ပါတယ်။ ကျွန်မဘက်ကနေ အဲဒီတစ်ပတ်စာ Monday, Tuesday, Wednesday အလိုက် လုပ်ဖို့ agenda တွေ ပေးသွားမယ်။ ပြီးတာနဲ့ အားလုံးအိမ်ပြန်သွားတဲ့အခါ စမ်းသပ်ပြီး ဘယ်လောက် progress ရှိ၊ မရှိကို သုံးသပ်စေချင်ပါတယ်" လို့ ပြောရင်း အဆင့် (၅) ဆင့်ကို စတင်ရှင်းပြပါတယ်။

ပထမအဆုံးအဆင့်- Monday မှာ ကိုယ့်ရဲ့ ပြဿနာအစစ်ကဘာလဲဆိုတာကို သိအောင်လုပ်ပါ။ ပြဿနာကိုလည်း ငါ့၀န်ထမ်းတွေကအလုပ်မလုပ်ဘူး‌ဆိုတာထက် ငါ့၀န်ထမ်းတွေက အလုပ်မလုပ်တာ ဘာများမှားနေလို့လဲဆိုတာမျိုး တွေးပါ။ ပြီးတာနဲ့ ပြဿနာမှာ အဓိကကျတယ်လို့ ကိုယ်ယူဆရသူတွေနဲ့ တိုက်ရိုက်စကားပြောပါ။ ပြောတဲ့အခါမှာလည်း ပုံမှန်ကုမ္ပဏီမှာ ပြောနေကြမဟုတ်တာမျိုးကို မေးပါ၊ ပြောပါ။ အဲ့လိုမေးတဲ့အခါ ပြဿနာရဲ့တည်ဆောက်ပုံကို ပိုပြီးသိလာမှာဖြစ်သလို တစ်ခါတစ်ရံမှာ ကိုယ်ကပြဿနာရဲ့ အစဖြစ်နေတာကိုလည်း သိကောင်းသိရနိုင်ပါတယ်။

ဒုတိယအဆင့်- Tuesday မှာတော့ သေချာကောင်းမွန်တဲ့ plan တစ်ခုနဲ့ ပြဿနာကိုဖြေရှင်းဖို့ စမ်းသပ်ကြည့်ပါ။ အကောင်းဆုံး plan ဆိုတာက မရှိတာမလို့ အတတ်နိုင်ဆုံးကောင်းတဲ့ plan တစ်ခုနဲ့အတူ ပြဿနာဖြစ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုဟာလည်း ယုံကြည်မှု‌နည်းခြင်း၊ များခြင်းကြောင့်ဖြစ်လို့ Trust ကို ပြန်လည် တည်ဆောက်ယူပါ။

တတိယအဆင့်- Wednesday မှာတော့ ပြဿနာကိုဖြေရှင်းတဲ့နေရာမှာ အရေးကြီးတဲ့ မိတ်ဆွေများများ ဖွဲ့ဖို့ပါပဲ။ ကြားကြားချင်းတော့ ထူးဆန်းနေလိမ့်မယ်။ ဒါပေမဲ့ မိတ်ဆွေများများဖွဲ့ဖို့ဆိုတာ ကုမ္ပဏီမှာရှိတဲ့ စကားမပြောဖူးတဲ့လူတွေ၊ ကိုယ်နဲ့အမြင်မတူတဲ့လူတွေနဲ့ ပြောကြည့်ဖို့ဖြစ်ပြီး အဲ့လိုပြောတဲ့အခါမှာ ပြဿနာ ဖြေရှင်းဖို့အမြင်အသစ်တွေကို ရရှိမှာဖြစ်ပါတယ်။

စတုတ္ထအဆင့်- Thursday မှာတော့ သင့်မှာ သာယာတဲ့မနက်ခင်းလေးတစ်ခုကိုရရှိပြီး စွမ်းအင်အပြည့်နဲ့ မရပ်တန့်နိုင်တဲ့အထိ ဖြစ်နေမှာပါ။ ဒီနေ့မှာလုပ်ဖို့လိုတာကတော့ ကုမ္ပဏီမှာရှိတဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသစ်တွေကို ဖြစ်ကြောင်းကုန်စင် ပြောကြည့်ပါ။  အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ကာလသုံးပါးကို ပြဿနာနဲ့ ချိတ်ဆက်ပြီးပြောတဲ့အခါမှာ ပြဿနာကိုဖြေရှင်းဖို့ ဘာတွေစွန့်လွှတ်ရနိုင်လဲ၊ ပြီးရင် ဘာ‌ကောင်းကျိုးရမလဲဆိုတဲ့ ပြဿနာရဲ့အလွန် ပြောင်းလဲမှုတစ်ခုကို ရုပ်လုံးပေါ်စေပါလိမ့်မယ်။

ပဉ္စမအဆင့်- Friday မှာတော့ သင့်အနေနဲ့ အကုန်လုပ်လို့ ပြီးလုစဲစဲဖြစ်ပါပြီ။ တစ်ပတ်တာရဲ့ နောက်ဆုံး ဒီလိုနေ့မှာ သင့်အနေနဲ့ အပြီးသတ်အားကုန်ရုန်းတာအဖြစ်နဲ့ အရင်တစ်ပတ်က မပြီးပြတ်သေးတဲ့ ကိစ္စတွေ လုပ်ပြီး မလုပ်ဖြစ်တာတွေကို အရေးကြီးနေပြီလို့မြင်ပြီး ချက်ချင်းလုပ်ပြလိုက်ပါ။ ဒီလိုလုပ်တဲ့အခါ သင့်ကိုလူတွေက ပြဿနာကို အလေးအနက်စဉ်းစားသူအဖြစ် လက်ခံလာပြီး ပြောင်းလဲလာကြမှာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ အခုပဲလုပ်ပါ။ အခုပဲစပါ။ စလိုက်လို့ကြုံရမယ့်အရာတွေကို ဖြစ်လာမှပဲ သင်ယူပါ။

တစ်ပတ်တာပြီးဆုံးတဲ့နောက်မှာတော့ သင့်အနေနဲ့ လုပ်နိုင်ခဲ့ပါပြီ။ ပြဿနာကိုလည်း ရှင်းနိုင်ပြီဖြစ်သလို အတတ်နိုင်ဆုံးပြင်ဆင်ခဲ့တဲ့ plan ဟာလည်း နောင်အခါမှာ အကောင်းဆုံး plan ဖြစ်ဖို့ အလားအလာလည်း ရှိနေပါပြီ။ နိဂုံးချုပ်အနေနဲ့ Anne က  "Find out what happens when you move fast and fix things and decide that the moment that matters most is right now" လို့ ပြောကြားပြီး အဆုံးသတ်လိုက်ပါတော့တယ်။ စာဖတ်သူတို့လည်း ဒီတစ်ပတ်ရဲ့ Ted talk review ကိုဖတ်ပြီး နေ့စဉ်ဘ၀မှာပြဿနာတွေ ကြုံခဲ့ရှိခဲ့မယ်ဆိုရင် ခုပဲချက်ချင်းစလုပ်ကြဖို့တိုက်တွန်းရင်း အသိပညာတိုးပွားစေကြောင်း ဆုမွန်ကောင်းတောင်းကာ ဒီတစ်ပတ်ရဲ့ review ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ရပါတော့တယ်။

https://www.ted.com/talks/anne_morriss_5_steps_to_fix_any_problem_at_work

ပိုင်စိုးမြတ် - SFU Media Club

BM Batch – 28 (Undergraduate Programme)