2030 မှာ AI ဟာ အလုပ်အကိုင်တွေ ဘယ်လောက်ထိ အစားထိုးနိုင်ပြီလဲ?

Artificial Intelligence (AI) က အချိန်ပြည့်အလုပ်ပေါင်း သန်း ၃၀၀ ကို အစားထိုးနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံမှုဘဏ် Goldman Sachs ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နောက်ဆုံးမှာ တစ်ကမ္ဘာလုံးကထုတ်လုပ်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများရဲ့ စုစုပေါင်းတန်ဖိုးကို ၇% တိုးမြင့်လာနိုင်ပါတယ်။ အမေရိကန်နဲ့ ဥရောပရှိအလုပ်အကိုင်များရဲ့ သုံးပုံနှစ်ပုံဟာ "AI အလိုအလျောက်စနစ်နှင့် လုပ်ဆောင်နေသည်" လို့ခန့်မှန်းထားပြီး အလုပ်အကိုင်အားလုံးရဲ့ လေးပုံတစ်ပုံ ခန့်ဟာ AI မှ လုံးလုံးလျားလျား လုပ်ဆောင်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

အလိုလျောက်စနစ်ဖြင့် လုပ်ဆောင်နိုင်တဲ့ အလုပ်များ

၁။ ဝယ်သူကို ဝန်ဆောင်မှုပေးခြင်း

လူသားဝန်ထမ်းများနဲ့ ဝန်ဆောင်မှုပေးခြင်းအများစုဟာ ဖုန်းဖြင့် အပြန်အလှန်ဆက်သွယ်မှု မပြုလုပ်တော့ပါဘူး။ ဝယ်သူများရဲ့ မေးမြန်းချက်များနဲ့ ပြဿနာအများစုက ထပ်နေပြီဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုရာမှာ မြင့်မားတဲ့ စိတ်ခံစားမှု ဒါမှမဟုတ် လူမှုအသိဉာဏ်များ မလိုအပ်ပါဘူး။ ဒါကြောင့် မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းများအတွက် အလိုအလျောက်တုံ့ပြန်မှုများပေးဖို့ AI ကို အသုံးပြုနိုင်ပါတယ်။

၂။ Receptionists

ယခုအခါ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီအများစုဟာ သူတို့ရဲ့ reception မှာ စက်ရုပ်များကို အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှုများကိုပင် AI မှ စီမံခန့်ခွဲလျက် ရှိပါတယ်။ ဥပမာ AimeReception က ဧည့်သည်များ၊ ဝယ်သူများနဲ့ မြင်နိုင်၊ နားထောင်နိုင်၊ နားလည်နိုင်ကာ စကားပြောနိုင်မှုရှိပါတယ်။

၃။ စာရင်းကိုင်များ/စာရင်းထိန်းများ

ကုမ္ပဏီများစွာဟာ သူတို့ရဲ့စာရင်းရေးသွင်းခြင်းဆိုင်ရာအတွက် အလိုအလျောက်စနစ်နဲ့ AI ကို အသုံးပြုနေပြီဖြစ်ပါတယ်။ AI စနစ်သုံး စာရင်းရေးသွင်းခြင်းဝန်ဆောင်မှုများက cloud-based ဝန်ဆောင်မှုများအဖြစ်ရရှိနိုင်ကာ ပြောင်းလွယ်ပြင်လွယ်တဲ့ လုံခြုံရေးကို ပေးဆောင်နိုင်ပါတယ်။ AI algorithms ကိုအသုံးပြုခြင်းဖြင့် ဒေတာများကို စုဆောင်း၊ သိမ်းဆည်းထားပြီး မှန်ကန်စွာပိုင်းခြားစိတ်ဖြာကြောင်း သေချာစေမှာဖြစ်ပါတယ်။ AI စာရင်းကိုင်ဝန်ဆောင်မှုကို အသုံးပြုခြင်းဟာ ဝန်ထမ်း တစ်ဦးကို လစာပေးဆောင်ခြင်းထက် ကုန်ကျစရိတ်သက်သာပါတယ်။

၄။ အရောင်းဝန်ထမ်းများ

ကော်ပိုရေးရှင်းများဟာ ကြော်ငြာနဲ့ လက်လီလုပ်ငန်းများအတွက် အရောင်းဝန်ထမ်းတွေကို လိုအပ်တာတွေက ကုန်ဆုံးသွားခဲ့ပါပြီ။ ကြော်ငြာခြင်းဟာ ဝက်ဘ်နှင့် ဆိုရှယ်မီဒီယာများဆီ ကူးပြောင်းသွားပြီပဲ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှာ ထည့်သွင်းထားတဲ့ ပစ်မှတ်ထားစျေးကွက်ရှာဖွေနိုင်မှုစွမ်းရည်များက ကြော်ငြာရှင်များကို မတူညီတဲ့ပရိသတ် အမျိုးအစားများအတွက် စိတ်ကြိုက်အကြောင်းအရာဖန်တီးနိုင်စေပါတယ်။

၅။ သုတေသနနဲ့ခွဲခြမ်းစိတ်ဖြာ

ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနဲ့ သုတေသနနယ်ပယ်များမှာ လုပ်ငန်းစဉ်ချောမွေ့စေဖို့ လူသားအကူအညီမပါဘဲ ဉာဏ်ရည်တုကို အသုံးပြုကာ ဒေတာအသစ်များကို ဖော်ထုတ်ခြင်းများဖြစ်ပါတယ်။ ခေတ်မီကွန်ပျူတာများရဲ့ လုပ်ဆောင်နိုင်စွမ်းက ဒေတာများကို အမျိုးအစားခွဲခြင်း၊ အပိုပေါင်းထည့်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ထိရောက်စွာ လုပ်ဆောင်စေနိုင်ပါတယ်။ Artificial Intelligence (AI) တိုးတက်လာတာနဲ့အမျှ ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနဲ့ သုတေသနလုပ်ငန်းများမှာ လူသားတို့ ပါဝင်လုပ်ဆောင်ဖို့ မလိုအပ်တော့ပါဘူး။

၆။ ဂိုဒေါင်အလုပ်

အွန်လိုင်းမှရောင်းချခြင်းက တဖြည်းဖြည်းကြီးထွားလာတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ပစ္စည်းပို့ဆောင်မှုအတွက် ထရပ်ကားများ ပေါ်သို့ အမှာစာများထိရောက်စွာရရှိစေတဲ့ လုပ်ငန်းစဉ်များအတွက် အလိုအလျောက်စနစ်များ လိုအပ်မှုရှိလာပါတယ်။ အလိုအလျောက်စနစ်နဲ့ AI အသုံးပြုခြင်းက ကုန်စည်များနေရာချထားရှိခြင်း၊ ဝန်ထမ်းများနဲ့ တိုက်ရိုက်ချိတ်ဆက်ခြင်းတို့ကို လွယ်ကူစွာ လုပ်ကိုင်နိုင်စေမှာဖြစ်ပါတယ်။ အနာဂတ်ပို့ဆောင်မှုစွမ်းရည်ကို တိုးမြှင့်ဖို့အတွက် ပစ္စည်းများရွေးချယ်ထုတ် ယူခြင်းနဲ့ ပို့ဆောင်ခြင်းတို့ကိုပင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၇။ အာမခံပေးရေး

အာမခံလျှောက်ထားသူများအပေါ် အကဲဖြတ်မှုများပြုလုပ်တဲ့အခါ၊ အရေးကြီးဆုံးအလုပ်မှာ ရရှိနိုင်တဲ့အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာပြီး ဖော်မြူလာ

ဒါမှမဟုတ် ဖွဲ့စည်းပုံများအဖြစ် အသုံးချခြင်းဖြစ်ပါတယ်။ အလိုအလျောက်စနစ်က ဒီတာဝန်တွေကို လွယ်ကူစွာပြီးမြောက်နိုင်ပြီး ပိုမိုရှုပ်ထွေးတဲ့တာဝန်များကို ထမ်းဆောင်နိုင်ဖို့ ဆက်လက်လုပ်ဆောင် နေပါတယ်။ ဒါက ကုမ္ပဏီတစ်ခုရဲ့ စာရေးဝန်ထမ်း လိုအပ်ချက်ကို လျှော့ချနိုင်ပါတယ်။

၈။ လက်လီ

စတိုးဆိုင်များမှာ ကိုယ်တိုင်ငွေရှင်းတဲ့နေရာများက အလိုအလျောက်လုပ်ဆောင်ခြင်းရဲ့ ဥပမာတစ်ခုဖြစ်ပြီး ကုန်စုံဆိုင်များနဲ့ ဆိုင်ကြီးများမှာ ထင်ရှားကျော်ကြားလာပါတယ်။ ဝယ်ယူသူများကို သူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းများကို scan ဖတ်ခွင့်ပြုခြင်းက ခိုးယူမှုဖြစ်စဉ်များကို တိုးမြင့်စေနိုင်ပေမယ့်လည်း ကုမ္ပဏီဟာ ဝန်ထမ်းများလိုအပ်မှုကို လျှော့ချခြင်းဖြင့် ကုန်ကျစရိတ်ပိုမို သက်သာစေပါတယ်။

Reference: https://www.nexford.edu/insights/how-will-ai-affect-jobs

Dr. Thel Seint Aye

B.C.Sc, CU (MDY)

B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY)

Ph.D (IT), (U.C.S.M)