Professional တစ်‌ယောက်ဖြစ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ ?

စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ Professionalism ဆိုသည်မှာ မိမိတို့ရဲ့ပြုမူနေထိုင်ပုံနဲ့ အဲ့ဒီအပြုအမူအနေအထိုင်တို့ကို ကိုယ်စားပြုခြင်းကို ရည်ညွှန်းပါတယ်။ Professional ပုံစံနဲ့ ပြုမူနေထိုင်တတ်ဖို့ သင်ယူခြင်းက လုပ်ငန်းအားလုံးမှာ အဓိကကျတဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာ Professional ရဲ့ ဆိုလိုရင်း၊ Professional ပီသခြင်းရဲ့ အကျိုးကျေးဇူးများနဲ့ ပြုမူနေထိုင်သင့်ပုံတွေကို ဆွေးနွေးထားပါတယ်။

Professional ပီသမှုဆိုတာ ဘာကိုဆိုလိုတာလဲ။

လူကြီးလူကောင်းဆန်တဲ့အပြုအမူဆိုတာက ထောက်ထားစာနာမှု၊ တရားနည်းလမ်းကျမှုနဲ့ အလေးနက်ထားစူးစိုက်မှုတို့ပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ Professional ဆိုင်ရာ သတ်မှတ်တဲ့အဆင့်များက လုပ်ငန်းတစ်ခုနဲ့တစ်ခု ကွဲပြားပေမယ့်လည်း သင့်အလုပ်ရှင်ရဲ့ Professional အမူအကျင့်လို့ ယူဆရတဲ့အရာတွေကိုတော့ ခိုင်မာစွာနားလည်ထားဖို့ အရေးကြီးပါတယ်။

Professional ပီသမှုက ဘာကြောင့် အရေးကြီးတာလဲ?

ကုမ္ပဏီတစ်ခုစီတိုင်းက မတူညီတဲ့ကိုယ်ပိုင်အပြုအမူစံနှုန်းများကို သတ်မှတ်ကြပေမယ့်လည်း သင့်ရဲ့ရှိရင်းစွဲ Professional ဆန်တဲ့သဘောထားက မှန်ကန်ဖြောင့်မတ်ပြီး ယုံကြည်စိတ်ချရတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။ အလုပ်ရှင်များနဲ့ လုပ်ဖော် ကိုင်ဖက်များက ယဉ်ကျေးသိမ်မွေ့ပြီး စာနာနားလည်ပေးတတ်တဲ့သူများနဲ့ အတူတကွ အလုပ်လုပ်ရမှာကို နှစ်သက်ကြ ပါတယ်။ ဒါကြောင့် လုပ်ငန်းရဲ့ စံနှုန်းများနဲ့ကိုက်ညီတဲ့ Professional အမူအကျင့်ကို ပြသဖို့က အလွန်ပင်အရေးကြီးလှပါတယ်။ သင်က ယုံကြည်စိတ်ချရသူတစ်ဦးအဖြစ် လူသိများလာတဲ့အခါမှာ ကြီးမားတဲ့တာဝန်များနဲ့ အလုပ်အကိုင်အခွင့်အလမ်း များစွာကို ပေးအပ်ခံရနိုင်ခြေပိုများပါတယ်။

Professional တစ်ယောက်ရဲ့စရိုက်လက္ခဏာများ

၁။ ထူးချွန်စွာ ဆက်သွယ်ပြောဆိုနိုင်သူ

နားလည်မှုလွဲမှားခြင်းက စွမ်းဆောင်ရည်များကို ဆုံးရှုံးရဖို့ဖြစ်လာနိုင်ပါတယ်၊၊ ဒါကြောင့် တခြားသူများနဲ့ ဆက်သွယ်ရာမှာ ရှင်းရှင်းလင်းလင်း ပြောဆိုဆက်ဆံနိုင်ဖို့ အရေးကြီးပါတယ်။ Professional တစ်ယောက်က ရှင်းရှင်းလင်းလင်းနဲ့ မြင်သာအောင်ပြောဖို့ အမြဲတမ်း ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။

၂။ အချင်းချင်းလေးစားမှုရှိတဲ့သူ

Professional တစ်ယောက်အတွက် တခြားသူတွေကို အလေးနက်ထားဖို့နဲ့ လေးလေးစားစားဆက်ဆံတတ်ဖို့က မရှိမဖြစ် လိုအပ်ပါတယ်။ တခြားသူတွေကို ကဲ့ရဲ့ခြင်း (ဒါမှမဟုတ်) အော်ဟစ်ခြင်းတို့လို မနှစ်မြို့ဖွယ် အပြန်အလှန်တုံ့ပြန်မှုများကို ရှောင်ရှားပြီး ရင့်ကျက်တည်ငြိမ်ပြီး လူကြီးလူကောင်းဆန်စွာနဲ့ သင် Professional ဖြစ်ကြောင်းကို ပြသလိုက်ပါ။

၃။ ကျင့်ဝတ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့သူ

နယ်ပယ်တိုင်းမှာ ထူးချွန်ဖို့မလိုအပ်ပေမယ့်လည်း သင်ရွေးချယ်ထားတဲ့ နယ်ပယ်မှာတော့ အရည်အချင်းပြည့်မီသူတစ်ဦး ဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။ သင့်အရည်အချင်း မလျော့စေဖို့အတွက် တခြားသူတွေကို မကြာခဏ ချန်ထားခဲ့ခြင်းတွေက သင့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာ Professional ဂုဏ်သိက္ခာများကို ထိခိုက်စေနိုင်ပါတယ်။

၄။ အသင်းအဖွဲ့ထဲမှာအားကိုးရတဲ့သူ

သင်က အရေးတကြီး အခြေအနေတွေမှာတောင် အားကိုးလို့ရကြောင်း သက်သေပြနိုင်ပါက တခြားသူတွေက သင့်ကို အသင်းအဖွဲ့ရဲ့ Professional အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ကြပါလိမ့်မယ်။ ဒါကြောင့် သင်ကတာဝန်တစ်ခု ရယူဆောင်ရွက်တဲ့အခါမျိုးမှာ ကတိပေးသဘောတူထားတဲ့ သတ်မှတ်ရက်အတွင်း အချိန်မီ ပြုလုပ်နိုင်ဖို့အရေးကြီးပါတယ်။

၅။ ရိုးသားပွင့်လင်းတဲ့သူ

ပွင့်လင်းရိုးသားခြင်းက Professional ဆန်တဲ့ဂုဏ်သတင်းကို အားကောင်းစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့မကျေနပ်ချက်တွေကို တခြားသူတွေထံ မျှဝေမယ့်အစား တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်းက Professional သဘောထားတစ်ခုပဲ ဖြစ်ပါတယ်။

၆။ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့သူ

Professional ဆန်တဲ့သူတစ်ဦးက ကြိုတင်မခန့်မှန်းထားနိုင်တဲ့ အခြေအနေမျိုးမှာတောင် သူတို့ရဲ့ Professional သဘောသဘာဝကို ထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။ ပြောင်းလဲနေတဲ့ အခြေအနေတွေကို လိုက်လျောညီထွေဖြစ်အောင် နေခြင်းက သင့်ရဲ့ Professional ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ပါတယ်။

၇။ Professional ပီသကြောင်း ဘယ်လိုပြမလဲ?

Professional ပီသကြောင်းကို အမြဲတမ်း လက်ဆုပ်လက်ကိုင်ပြသလို့ မရနိုင်တဲ့အတွက်ကြောင့် လုပ်ငန်းတစ်ခုစီတိုင်းမှာ သင့်လျော်စွာ ပြုမူနေထိုင်ဖို့ အရေးကြီးပါတယ်။ အောက်ဖော်ပြပါ အကြောင်းရာတွေက Profess

ional ကျကျ ပြုမူနေထိုင်ဖို့ သေချာစေမယ့်နည်းလမ်းတချို့ ဖြစ်ပါတယ်။

၈။ ကုမ္ပဏီရဲ့ professional အပြုအမူဆိုင်ရာ စံနှုန်းများနဲ့ ကိုက်ညီအောင်လုပ်ဆောင်ပါ။

Professional ဖြစ်စေတဲ့အပြုအမူတချို့က အလုပ်ကို သင်ဘယ်လိုဆောင်ရွက်သလဲဆိုတာကနေ ဆင်းသက်လာပါတယ်။ Professional အမူအကျင့် ဟုတ်တယ်၊ မဟုတ်ဘူး ဆုံးဖြတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လေးစားဖို့ကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အပြုအမူတွေကို ကြည့်ရှုခြင်းဖြင့် သိနိုင်ပါတယ်။ ဥပမာ ကုမ္ပဏီရဲ့ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်ပြီး မသေချာမှုများရှိပါက မိမိရဲ့အထက်လူကြီး ဝတ်ဆင်ထားတာကို စောင့်ကြည့်နိုင်ပြီး (ဒါမှမဟုတ်) လမ်းညွှန်မှုပေးနိုင်တဲ့ HR အဖွဲ့ဝင်တစ်ယောက်ကို မေးမြန်းနိုင်ပါတယ်။

၉။ Professional တစ်ယောက်ဖြစ်လာအောင် တည်ဆောက်ပါ။

သင်နဲ့တွေ့ဆုံတဲ့အခါ တစ်စုံတစ်ယောက်ရဲ့ ပထမဆုံးသတိပြုမိရမယ့်အရာကတော့ သင့်ကိုလွှမ်းမိုးထားစေမယ့် Professional ပီသတဲ့အပြုအမူ အမြဲရှိနေစေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် နေ့စဉ်ယုံကြည်မှုအပြည့် ရှိနေစေဖို့ သင့်ရဲ့ Professional ဆန်တဲ့ အပြုအမူတွေကို တည်ဆောက်ဖို့ အရေးကြီးပါတယ်။ Client များနဲ့တွေ့ဆုံတဲ့အခါမှာ ကုမ္ပဏီရဲ့ ၀တ်စားဆင်ယင်မှုအတွက် လမ်းညွှန်ချက်များကို နားလည်မှတ်သားပြီး လိုက်နာနိုင်ဖို့အတွက်လည်း အထူးအရေးကြီးပါတယ်။ ဒါကြောင့် ဒီအချက်အလက်တွေကို ကြိုတင်သိရှိထားဖို့အတွက်လည်း လိုအပ်ပါတယ်။

၁၀။ သင့်အပြုအမူများကို အမြဲသတိထားပါ။

Professional ပီသတဲ့အပြုအမူကောင်းတစ်ခု ဖန်တီးခြင်းရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကတော့ သင်ကလုပ်ငန်းခွင်မှာ သတိရှိစွာပြုမူနေထိုင်ကြောင်း ပြသဖို့ပဲဖြစ်ပါတယ်။ တခြားသူများရဲ့ ကိုယ်ပိုင်စည်းမျဥ်းတွေကို သတိထားရပါမယ်။ လုပ်ငန်းခွင်မှာ တင်းမာမှုတွေရှိလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ဖို့ ခဏလောက်တည်ငြိမ်စွာနေပြီး စိတ်ဓာတ်မကျဘဲ နေရပါမယ်။ နေ့စဉ် အလုပ်သွားချိန်၊ သတင်းပို့တဲ့အခါနဲ့ အစည်းအဝေး တက်ရောက်ချိန်များမှာ အမြဲတမ်း အချိန်မှန်နေဖို့လို ပါမယ်။ Supervisors (ဒါမှမဟုတ်) clients တွေထံမတင်ပြမီ သင့်အလုပ်မှာ အမှားအယွင်းများ ရှိ၊မရှိစစ်ဆေးရပါမယ်။ အဲ့လိုလုပ်ဆောင်ခြင်းဖြင့် သင့်အပြုအမူတွေကို အမြဲသတိထားဖို့ လိုပါတယ်။

၁၁။ သင်ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်ပါ။

သင့်ရဲ့ကတိတွေ ဒါမှမဟုတ် တာဝန်ဝတ္တရားတွေကို ကောင်းကောင်းမလုပ်ဆောင်နိုင်ခဲ့ရင် သင့်ရဲ့အလုပ်ကို အချိန်မီ တိတိကျကျပြီးတဲ့အပေါ် မှီခိုနေတဲ့လူတွေအတွက် ကြီးမားတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။ သင်ရဲ့ယုံကြည်စိတ်ချရတဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေ ပိုမိုခိုင်မာလေလေ၊ သင့်လုပ်ဖော်ကိုင်ဖက်များနဲ့ အထက်လူကြီးများက သင့်ကို ယုံကြည်အားထားမှုရရှိလာလေပဲ ဖြစ်ပါတယ်။

၁၂။ သင့်ရဲ့အမှားများအတွက် တာဝန်ယူမှုရှိပါ။

အလုပ်မှာ အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေပေမယ့် အမှားများကြုံလာတဲ့အခါ တာဝန်ယူဖို့အတွက်လည်း အရေးကြီးပါသေးတယ်။ သင်ရဲ့အမှားများကို သင်ကလက်ခံနိုင်ပြီး အမှားများကိုပြင်ဖို့နဲ့ အနာဂတ်မှာ နောက်ထပ် မဖြစ်ပွားစေဖို့အတွက် နည်းလမ်းများကို ပြောဆိုကမ်းလှမ်းခြင်းက သင့်လုပ်ဖော်ကိုင်ဖက်များနဲ့ အထက်လူကြီးများရဲ့ သဘောထားအမြင်များကို ထိန်းသိမ်းဖို့ ကူညီပေးပါလိမ့်မယ်။

၁၃။ လိုအပ်သလို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိဆောင်ရွက်ပါ။

သင့်ရဲ့အသက်မွေးဝမ်းကြောင်းတစ်လျှောက်မှာ အလုပ်ရှင်တွေ ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းအလုပ်တွေတောင် တစ်ဆစ်ချိုးလုံး၀ပြောင်းလဲသွားတာကို ကိုယ်တိုင်တွေ့မြင်နိုင်ပါတယ်။ သင်က ကုမ္ပဏီတစ်ခုမှာ ရှိနေစဉ်အတွင်းပင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတာ၀န်များရဲ့ သဘောသဘာ၀က အပြောင်းအလဲ ဖြစ်နိုင်ပါသေးတယ်။ သင်ကိုယ်တိုင် ပတ်၀န်းကျင် အသစ်တစ်ခုတွေ့တဲ့အခါ သင့်လက်ရှိအမူအကျင့်များကို ပြန်လည်သုံးသပ်ဖို့၊ လက်ရှိအနေထားများနဲ့ ကိုက်ညီမှုရှိ၊မရှိ ဆုံးဖြတ်ဖို့အတွက် အချိန်တစ်ခုယူဖို့ အရေးကြီးပါတယ်။

အလုပ်သဘောသဘာ၀ပြောင်းလဲသွားကာ တချို့အပြုအမူတွေကို လက်ခံနိုင်ဖို့ အခက်အခဲများရှိပါက ကုမ္ပဏီရဲ့ စံသတ်မှတ်ချက်နဲ့ လမ်းညွှန်ချက်များအတိုင်း လိုက်နာနိုင်စေဖို့အတွက် သင်က ပြုပြင်ပြောင်းလဲမှုများပြုလုပ်ဖို့ လိုအပ် ပါတယ်။

Indeed.com website မှ What Does It Mean To Be Professional? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို ထားခြင်းဖြစ်ပါတယ်။

Daw Zin Lin Htet

BE (Civil-MGTU),

M.Sc (Construction Project Mgt),

Heriot-Watt University