ခိုင်မာတဲ့အလုပ်ကျင့်ဝတ်ကို ဘယ်လိုတည်ဆောက်မလဲ ?

ခိုင်မာတဲ့အလုပ်ကျင့်ဝတ်ဟာ မြှင့်တင်ဖို့လိုအပ်တဲ့ အရာတစ်ခုဖြစ်သလို စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့ရှာဖွေရမယ့်အရာနဲ့ ပါ၀င်တဲ့အဆင့်တွေကို သိတဲ့အခါ အဲ့ဒီပန်းတိုင်ဟာ လက်လှမ်းမီနိုင်မှာပဲ ဖြစ်တယ်။

 ၁။ ရှင်းလင်းတဲ့ ရည်မှန်းချက်ပန်းတိုင်များ သတ်မှတ်ပါ။

            ခိုင်မာတဲ့အလုပ်ကျင့်ဝတ်ရရှိဖို့ အရေးကြီးဆုံးခြေလှမ်းများထဲမှတစ်ခုမှာ တိကျတဲ့၊ တိုင်းတာနိုင်တဲ့ ပန်းတိုင်များ ချမှတ်ဖို့ဖြစ်ပါတယ်။ ဥပမာ-အချိန်မှန်မှု၊ အလုပ်အရည်အသွေးနဲ့ တခြားအရာများ၊ အဲ့ဒီလိုသတ်မှတ်ထားခြင်းက အာရုံစိုက်ဖို့ ပိုမိုလွယ်ကူပြီး လမ်းကြောင်းမှန်ပေါ်မှာ ရှိနေစေဖို့ ကူညီပေးပါတယ်။ ဒီပန်းတိုင်များဟာ "မိမိတာဝန်ချိန်တိုင်း (၅) မိနစ် စောရောက်တယ်" ဒါမှမဟုတ် "ကျွန်ုပ်ရဲ့လုပ်စရာစာရင်းမှာ အလုပ် (၃) ခုကို ပြီးအောင်လုပ်ပါမယ်" စတဲ့ ရိုးရှင်းပြီး သတ်မှတ်ချက်တွေမှာ ရှုပ်ထွေးနေဖို့ မလိုပါဘူး။ အထူးသဖြင့် ဒီရိုးရှင်းတဲ့၊ ရေတိုပန်းတိုင်တွေဟာ ကျွန်ုပ်တို့ကို စိတ်အား တက်ကြွစေဖို့ အကူညီပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် တာဝန်ခံပါ။

မိမိစွမ်းဆောင်ရည်ကို အရယူပါ။ ပြင်ပတခြားအကြောင်းရာတွေကို အပြစ်တင်ဖို့ စဥ်းစားနေပေမယ့် တာဝန်ခံမှု အပြည့်နဲ့ လေ့ကျင့်ခြင်းက မိမိမှာတာဝန်ရှိတယ်ဆိုတာကို ပြသပါတယ်။ ကိုယ်တိုင်တာဝန်ခံမှုကို လေ့ကျင့်တဲ့အခါ၊ ပိုမိုမြင့်မားတဲ့ ကိုယ်ရေးကိုယ်တာ စံနှုန်းများအတွက် ကြိုးစားနေချိန်မှာ စည်းကမ်းကို သင်ယူရမှာဖြစ်ပါတယ်။ ပန်းတိုင် မရောက်ရင် ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ။ မိမိရဲ့တိုးတက်မှုကိုခြေရာခံပြီး နိုင်ပွဲတွေကို ဂုဏ်ပြုဖို့က မိမိရဲ့တာဝန်ပါ။ မိမိကိုယ်တိုင်ရဲ့ အကောင်းဆုံးဗားရှင်းဖြစ်ဖို့ မိမိအပေါ်မှာပဲ မူတည်ပါတယ်။

၃။ အချိန်စီမံခန့်ခွဲမှုကို အာရုံစိုက်ပါ။

အချိန်စီမံခန့်ခွဲမှုစွမ်းရည်ကို အလေးထားခြင်းက မိမိရဲ့လုပ်နိုင်စွမ်းအားကို မြှင့်တင်ဖို့နဲ့ အချိန်ဆွဲခြင်းရဲ့ ဆိုးရွားတဲ့အကျိုးဆက်များကို ရှောင်ရှားနိုင်စေပါတယ်။ ပြက္ခဒိန်များ၊ လုပ်စရာစာရင်းများနဲ့ အကောင်းဆုံး အချိန်ဇယားဆွဲခြင်းတို့လို အရာတွေကို အသုံးပြုခြင်းဖြင့် ပရောဂျက်ကြီးများကို အာရုံစိုက်နိုင်ပြီး မိမိရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါမယ်။ အချိန်စီမံခန့်ခွဲမှုကို လုပ်ဆောင်နေစဉ် လက်ရှိအချိန်ကို ဘယ်လိုသုံးစွဲတယဆိုတာကို ပိုင်းခြားစိတ်ဖြာပြီး အနှောင့်အယှက်များကို ဖယ်ရှားပါ။ မိမိနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အလေ့အကျင့်ကောင်းတွေကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။

၄။ ရှင်းလင်းစွာပြောဆိုပါ။

မိမိအပေါ် သက်ရောက်နေတဲ့ စိန်ခေါ်မှုများကို ရှေ့တန်းတင်ပါ။ မိမိရဲ့ မန်နေဂျာကို ကိုယ့်ရဲ့တိုးတက်မှုအကြောင်း အသိပေးခြင်းဖြစ်ပါတယ်။ ရှင်းလင်းစွာပြောဆိုခြင်းက ကျွန်ုပ်တို့ အံ့အားသင့်စရာများကို နည်းပါးစေပါတယ်။ ရလဒ်အနေနဲ့ သင်နဲ့ သင်ရဲ့သူဌေးကြားမှာ ယုံကြည်မှုကို မြှင့်တင်ပေးပါလိမ့်မယ်။

၅. သင့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြုပ်နှံခြင်း။

အကျင့်စာရိတ္တကောင်းများ ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ မိမိအရင်က ပြုလုပ်ခဲ့အရာတွေကို သင်ယူပြီး တည်ဆောက်ဖို့ အခွင့်အလမ်းတွေ အမြဲရှိနေမှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး မိမိရဲ့အရည်အချင်းများကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကိုယ်တိုင်အပ်နှံပါ။ သင်တန်းလိုမျိုး အခွင့်အလမ်း များကို ပုံမှန်ရယူပါ။ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနဲ့ ကွန်ဖရင့်များမှာ ပါဝင်ခြင်းဖြင့် မိမိရဲ့ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ မိမိရဲ့တိုးတက်မှုအတွက် ကတိကဝတ်ကိုပြသခြင်းဖြင့် ရှေ့လာမယ့် စိန်ခေါ်မှုများအတွက် အမြဲအဆင်သင့်ရှိနေမှာဖြစ်ပါတယ်။

Colin Baker ရဲ့ 25 October, 2023 မှာ ရေးသားခဲ့တဲ့ The Importance of a Strong Work Ethic and 5 Ways to Improve Yours ဆောင်းပါးမှ ကောက်နှုတ်တင်ပြထားပါတယ်။

Reference: https://leaders.com/articles/personal-growth/work-ethic/

 

Dr. Thel Seint Aye 

B.C.Sc, CU (MDY),B.C.Sc (Hons), CU (MDY),

M.C.Sc, CU (MDY),Ph.D (IT), (U.C.S.M)