“အလုပ်ကြိုးစားခြင်းနောက်ကွယ်က စိတ်ပညာ”
အလုပ်ကြိုးစားလုပ်ခြင်းဆိုတာ အလုပ်များပြီးမြောက်စေဖို့ တစ်စိုက်မတ်မတ်လုပ်နိုင်စွမ်းတဲ့ အနုပညာ တစ်ရပ်ပါပဲ။ ဇွဲလုံ့လအားကောင်းစွာ စွဲစွဲလမ်းလမ်း လုပ်လေ့ရှိတဲ့ အလေ့အထလို့လည်း သတ်မှတ် နိုင်ပါတယ်။ မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာသိမြင်မှု၊ စိတ်အားထက်သန်မှုဆိုင်ရာ အချက်များဟာ အဲ့ဒီ အလေ့အထကို လွှမ်းမိုးမှုရှိပါတယ်။ အလုပ်ကြိုးစားမှုရဲ့ နောက်ကွယ်က အနှစ်သာရကို ပေးစွမ်းနိုင်တဲ့ စိတ်ပညာဆိုင်ရာ သီအိုရီအမျိုးမျိုးရှိပါတယ်။ စိတ်ပညာသုတေသနမှာ အလုပ်ကြိုးစားအားထုတ်မှုနဲ့ စပ်လျဉ်းတဲ့ အကြောင်းအရာများကို လေ့လာကြည့်ရအောင်။
ပင်ကိုယ်စေ့ဆော်မှုနဲ့ ပြင်ပပိုင်းစေ့ဆော်မှု- တချို့သူများဟာ သူတို့ရဲ့ တစ်ကိုယ်ရေတိုးတက်မှုအတွက် လှုံ့ဆော်ပေးနိုင်တဲ့ အကြောင်းအရာများ (ဥပမာ ဗဟုသုတ ရရှိစေဖို့ စာဖတ်ခြင်း) ကဲ့သို့ တန်ဖိုးတက်စေတဲ့ အကြောင်းရင်းတွေကြောင့် အလုပ်ကြိုးစားတဲ့လုပ်ငန်းစဉ်မှာ သူတို့ရဲ့ ပင်ကိုယ်စိတ်အားထက်သန်မှုကို တွေ့နိုင်ပါတယ်။ ရည်မှန်းချက်တစ်ခုအောင်မြင်ဖို့ (ဒါမှမဟုတ်) ကျွမ်းကျင်မှုတစ်ခုရရှိဖို့ တွန်းအားပေး ခြင်းဟာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲများကြားမှာ ဆက်လက်ကြိုးစားလုပ်ဆောင်ဖို့ သူတို့ကို တွန်းအားဖြစ်စေပါတယ်။
ပြင်ပစိတ်အားထက်သန်မှုဆိုတာ လူတစ်ဦးချင်းစီရဲ့ အသိအမှတ်ပြုခံရမှု၊ ငွေကြေး၊ ကျော်ကြားမှု၊ တခြားသူများထံမှ ယုံကြည်စိတ်ချခြင်းခံရမှု စတဲ့ ဆုလာဘ်များနဲ့ လွှမ်းခြုံနေပြီး ပြင်ပအချက်များမှတစ်ဆင့် လူတစ်ဦးချင်းစီကို စိတ်အားထက်သန်မှု ဖြစ်စေပါတယ်။ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရရှိခြင်း၊ ဆုတစ်ခုရရှိခြင်း စတဲ့ အခြေအနေမျိုးမှာ ပါဝင်ပတ်သက်ခွင့် ရရှိခြင်းဖြင့်လည်း စိတ်အားထက်သန်မှု၊ အလုပ်ကြိုးစား လုပ်ဆောင်လိုမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ ဆုလာဘ်များဟာ ပိုမိုကြိုးစားလုပ်ဆောင်ဖို့ မက်လုံးတစ်ခုလို ဖြစ်စေပြီး သူတို့လုပ်ဆောင်တဲ့အလုပ် ဒါမှမဟုတ် နယ်ပယ်မှာ ပိုမိုအားစိုက်ထုတ်ခြင်းကို ဖြစ်စေပါတယ်။
ပန်းတိုင်များသတ်မှတ်ခြင်း- ကြိုးစားအားထုတ်မှုဟာ လူတစ်ဦးချင်းစီရဲ့ ဘဝရည်မှန်းချက် များ၊ ရည်ရွယ်ချက်များနဲ့ ဆက်စပ်နေပါတယ်။ လူတစ်ဦးချင်းစီဟာ သူတို့ရဲ့ဘဝမှာ ဘယ်အရာကို လိုချင်တယ်၊ ဘယ်လိုပုံစံနဲ့ လိုချင်တယ်ဆိုတာကို သိလာတဲ့အခါမှာ အလုပ်တွေကို တစ်စိုက်မတ်မတ်နဲ့ စူးစူးစိုက်စိုက် ပြီးမြောက်ဖို့ တွန်းအားပေးလုပ်ဆောင်လေ့ ရှိကြပါတယ်။ ရည်မှန်းချက်တစ်ခု ချမှတ်ရာမှာ တိကျတဲ့၊ တိုင်းတာနိုင်တဲ့၊ အောင်မြင်နိုင်တဲ့၊ လက်တွေ့ဆန်တဲ့၊ အချိန်ကန့်သတ်ခြင်းပါရှိတဲ့ (SMART) ဖြစ်တဲ့ သတ်မှတ်ချက်များဟာ ပိုမိုကောင်းမွန်တဲ့ရလဒ်များကို ပေးစွမ်းနိုင်တယ်လို့ ယူဆကြပါတယ်။ ပန်းတိုင်ကို သတ်မှတ်နေသူနဲ့ တိုးတက်မှုကို အကဲဖြတ်နေသူ (ဥပမာ ဝန်ထမ်း၊ နည်းပြ) တစ်ယောက်အတွက် အပြုသဘောဆောင်တဲ့ စိတ်ပညာအရ၊ ပန်းတိုင်တစ်ခုဖန်တီးခြင်းနဲ့ လမ်းကြောင်းများ ဖန်တီးခြင်းဟာ မျှော်လင့်ချက်ကို ပျိုးထောင်ပေးတဲ့ လမ်းပြမြေပုံတစ်ခုဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီကို ကြိုးပမ်းခြင်းဟာ ရှင်းလင်းပြတ်သားပြီး တိကျတဲ့ လမ်းကြောင်းနဲ့ ဦးတည်ချက်ကို ပေးစွမ်းနိုင်ပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ဓာတ် ကြီးပွားရေ စိတ်ထားရှိသူဟာ သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ စွမ်းရည်များကို ကြိုးစားအားထုတ်မှု၊ သင်ယူမှုနဲ့ ဇွဲလုံ့လတို့မှ ဖွံ့ဖြိုးလာနိုင်တယ်လို့ ယုံကြည်ကြ ပါတယ်။ ကြီးပွားရေးစိတ်ထားတစ်ခုဟာ အမှားများပြုလုပ်ပြီး သူတို့ထံမှသင်ယူဖို့၊ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ဇွဲရှိဖို့ အပြုသဘောဆောင်တဲ့ဝေဖန်ချက်များနဲ့ တုံ့ပြန်ချက်များကို လက်ခံနိုင်စေကာ တခြားသူများရဲ့ အောင်မြင်မှုအတွက် လှုံ့ဆော်မှုရှာဖွေဖို့ စတဲ့ စိန်ခေါ်မှုများကို လက်ခံယုံကြည်စေပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ပုံသေစိတ်ထားရှိတဲ့လူတစ်ဦးဟာ စိန်ခေါ်မှုများကိုရှောင်ရှားဖို့၊ အလွယ်တကူအရှုံးပေးခြင်း၊ တခြားသူများရဲ့ အောင်မြင်မှုကို ခြိမ်းခြောက်မှုအနေနဲ့ခံစားရခြင်း၊ ဘယ်အားစိုက်ထုတ်မှုမှမရှိဘဲ အလိုလို တိုးတက်လိုစိတ်တို့နဲ့ ပြည့်နှက်ကာ သူတို့ရဲ့ ဖွံ့ဖြိုးမှုများကို ကန့်သတ်ထားလေ့ရှိပါတယ်။
ဒီဆောင်းပါးကို Psychologes Magazine မှာ ရေးသားထားတဲ့ “The Psychology Behind Hard Work” မှ ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။
References
Magazine, P. (2023, August 27). The Psychology Behind Hard Work. Retrieved from Psychologes Magazine: https://www.psychologs.com/the-psychology-behind-hard-work/?amp=1
Daw Hninn Pwint Oo
B.Com, M.Com (Meikhtila University of Economics)