ဒီဂျစ်တယ်ခေတ်မှာ အသုံးပြုသူများရဲ့အာရုံစိုက်မှုကို Short Video Content များဖြင့် ဖမ်းစားလာခြင်း

Short ဗီဒီယိုများရဲ့ အစွမ်းကို လျစ်လျူရှုထားလို့မရပါဘူး။ TikTok၊ Instagram Reels နဲ့ YouTube Shorts စတဲ့ Platform များက Brands ပစ္စည်းများအတွက် သူတို့ရဲ့ audience များနဲ့ချိတ်ဆက်ပေးနိုင်ပုံကို ပြောင်းလဲပစ်နိုင်စွမ်း အခုချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။ ဒီ Platform များက Brand များကို သူတို့ပစ်မှတ်ထားတဲ့စျေးကွက်ကိုရရှိနိုင်ဖို့နဲ့ အာရုံစိုက်မှုကိုဖမ်းစားကာ အထင်ကြီးမှုကို ချန်ထားရစ်ဖို့အတွက် စွဲမက်ဖွယ်ကောင်းတဲ့ နည်းလမ်းကိုလည်း ပေးပါတယ်။

ဒါက ခဏတာလမ်းကြောင်းတစ်ခုတော့ မဟုတ်ပါဘူး။ လိုရင်းတိုရှင်းပြီးဆွဲဆောင်မှုရှိတဲ့ Short Content များရဲ့ ထိရောက်မှုတို့က Consumer behaviours (သုံးစွဲသူများရဲ့အမူအကျင့်) များကို ပြောင်းလဲနိုင်ခြင်းအတွက် ခိုင်မာတဲ့ သက်သေတစ်ခုဖြစ်လာပါတယ်။ Gary Vaynerchuk aka GaryVee ဟာဆိုရင် ဥပမာကောင်းတစ်ခု ဖြစ်ပါတယ်။ သူကလုပ်ငန်းအကြံဉာဏ်များ၊ စျေးကွက်ရှာဖွေရေးဗျူဟာများနဲ့ လှုံ့ဆော်မှုဆိုင်ရာ အကြောင်းအရာများကို မျှဝေဖို့အတွက် ဇာတ်လမ်းတိုများကို အသုံးပြုပါတယ်။ သူရဲ့ရိုးရှင်းပြီး ထိုးထွင်းလုပ်ဆောင်နိုင်တဲ့ သိမြင်မှုများက မျက်မှောက်ခေတ်ကမ္ဘာမှာ ဦးဆောင်နေတဲ့ စွန့်ဦးတီထွင်သူများနဲ့ စျေးကွက်ရှာဖွေသူများအကြားမှာ လူသိများလာခဲ့ပါတယ်။

🟥Short-Form ဗီဒီယို Platform များ ထွန်းကားလာခြင်း။

TikTok၊ Instagram Reels နဲ့ YouTube Shorts တို့က မျက်မှောက်ခေတ်စျေးကွက်ရှာဖွေရေးနယ်ပယ်တွေမှာ ရှေ့ပြေးနေတဲ့သူများဖြစ်လာခဲ့ပါတယ်။ TikTok က သူ့ရဲ့Viral အကဗီဒီယိုများနဲ့ Challenges များကြောင့် လူသိများလာပြီး ပညာရေးဆိုင်ရာ အချက်အလက်များသာမက Brands ကြော်ငြာခြင်းအထိပါ တီထွင်ဖန်တီးမှုဆိုင်ရာ အကြောင်းအရာအမျိုးအစားအားလုံးအတွက် အချက်အချာတစ်ခုအဖြစ် တိုးချဲ့လာခဲ့ပါတယ်။ Instagram Reels နဲ့ YouTube Shorts တို့က အသုံးပြုသူများထံသို့ Brand များရဲ့အကြောင်းကို အတိုချုပ်ပြီး စွဲမက်ဖွယ်ဗီဒီယိုများအဖြစ် ဖော်ပြနိုင်ဖို့အတွက် Platform သဖွယ် ပံ့ပိုးပေးထားပါတယ်။

🟥Brand များက ဘာလို့ Short-Form ဗီဒီယိုကို မျက်ကွယ်ပြုလို့မရနိုင်တာလဲ ?

Brand များအတွက် Short Form Video ပုံစံဆီသို့ ကူးပြောင်းခြင်းက ပရိသတ်များကို ဆွဲဆောင်မှုရှိရှိ တိုက်ရိုက် ချိတ်ဆက်နိုင်ဖို့အတွက် အကောင်းဆုံးသောအခွင့်အရေးကို ပေးဆောင်နိုင်ပါတယ်။ Short video platform များက creative storytelling နဲ့ ထုတ်ကုန်များ (သို့) ဝန်ဆောင်မှုများကို စက္ကန့်အနည်းငယ်အတွင်း မှာပြသခြင်းဖြင့် အရေးပါတဲ့အစိတ်အပိုင်းများအားလုံးနီးပါးလောက်ကို သုံးစွဲဖို့အလားအလာရှိသော သူများထံသို့ ရောက်ရှိစေနိုင်ပါတယ်။ Comment များ၊ Share များနဲ့ like များကဲ့သို့ အင်္ဂါရပ်များပါရှိတဲ့ Platform များရဲ့ အပြန်အလှန်အကျိုးသက်ရောက်မှု သဘောသဘာဝက Brands များအား သူတို့ရဲ့အကြောင်းအရာအောင်မြင်မှုကို လျင်မြန်စွာတိုင်းတာနိုင်ပြီးတော့ ဗျူဟာများကို လိုက်လျောညီထွေဖြစ်အောင် ချက်ချင်းလုပ်ဆောင်ဖို့အတွက်လည်း ပံ့ပိုးပေးနိုင်ပါသေးတယ်။

Facebook၊ Instagram၊ Twitter နဲ့ YouTube ကဲ့သို့သော Platform များက လူမှုပတ်၀န်းကျင်တွေမှာ ဆက်လက်လွှမ်းမိုးထားတာကြောင့် Brands များအတွက် Short ဗီဒီယိုများဖြင့်စျေးကွက်ရှာဖွေခြင်းကိုမြှင့်တင်ဖို့နဲ့ Audience များနဲ့ ဆက်သွယ်မှုရရှိစေရန်တို့အတွက် ရည်ရွယ်ရာမှာအရေးကြီးပါတယ်။ ဆိုရှယ်မီဒီယာ Platform တစ်ခုစီတိုင်းက ဗီဒီယို tools (ရွေးချယ်စရာများ) များကို ပေးဆောင်နိုင်ကြပြီး အဆိုပါ tools များကို အသုံးမပြုပါက Brand များကို မြင်နိုင်စွမ်း၊ ပရိသတ်ပါဝင်မှုနှင့် ပြောင်းလဲမှုနှုန်းတွေမှာ သိသိသာသာ သက်ရောက်မှုရှိနိုင်ပါတယ်။ Sprout Social မှ 2023 ဆိုရှယ်မီဒီယာဗီဒီယိုစာရင်းဇယားများ စုစည်းမှုမှတ်တမ်းတွင် Facebook- အသံ (သို့) စကားသံများ ပေါင်းစပ်ထားတဲ့ Facebook Stories များရဲ့ ၈၀ ရာခိုင်နှုန်းသည် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖြစ်ပေါ်စေပါတယ်။ Facebook အသုံးပြုသူများရဲ့ ၆၂ ရာခိုင်နှုန်းက Brand (သို့) Product တစ်ခုကို Stories တွင် မြင်ပြီးနောက် စိတ်ဝင်စားမှုနှုန်း မြင့်တတ်လာပါတယ်။

• Instagram - Instagram အသုံးပြုသူ ၉၁% က Platform ပေါ်တွင် အပတ်စဉ် ဗီဒီယိုများကို ကြည့်ရှုကြပြီး ၄၃ ရာခိုင်နှုန်း က Instagram Stories များကို အခြားအကြောင်းအရာများထက် ပိုမိုနှစ်သက်ကြပါတယ်။ ခန့်မှန်းခြေ ၂၆ စက္ကန့်ကြာတဲ့ ဗီဒီယိုများက ကျစ်လျစ်သော အကြောင်းအရာများဖြင့် ဆွဲဆောင်မှုရှိသည်ဟု သုံးစွဲသူများထံမှ မှတ်ချက်ကောင်းများကို ရရှိထားပါတယ်။

YouTube- ရှာဖွေရေးမှာ ဒုတိယအကြီးဆုံး ဖြစ်တဲ့ YouTube က Brand များကို မြင်နိုင်စွမ်းနှင့် အပြင် Products ရှာဖွေတွေ့ရှိမှုတွင် အရေးကြီးသောအခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

Consumers ၇၄ ရာခိုင်နှုန်း လောက်က YouTube ကို အသုံးပြုကြပြီး သုံးစွဲသူများက ထုတ်ကုန်တစ်ခုကို YouTube ဗီဒီယိုတစ်ခုတွင် ကြည့်ရှုပြီးနောက် ဝယ်ယူဖို့အလားအလာ နှစ်ဆပိုများလာပါတယ်။ ထို Platform တွင် Brand များကို သူတို့ရဲ့ထူးခြားပြီး တန်ဖိုးရှိတဲ့အနှစ်သာရများကို ပြသဖို့တော့ အရေးကြီးပါတယ်။

စျေးကွက်ရှာဖွေရေးအောင်မြင်ဖို့အတွက် Short ဗီဒီယိုများကို အသုံးချရာတွင်

၁။ သင့် Audience အကြောင်း သေချာနားလည်ရပါမယ်။

၂။ယုံကြည်မှုတည်ဆောက်ရန်အတွက် စစ်မှန်တဲ့ အကြောင်းအရာအဖြစ်အပျက်များကို အသုံးချပြီး ဖြစ်ရပ်မှန် ဇာတ်လမ်းများကို ဖော်ပြရပါမယ်။- သင့် Brand နဲ့ ဇာတ်လမ်းများက လိုက်လျောညီထွေရှိရပါမယ်။

၃။စစ်မှန်တဲ့ စိတ်ခံစားမှုများကို ပြသခြင်းများနဲ့ လက်ရှိခေတ်ရေစီးကြောင်းများကိုဆက်စပ်ရပါမယ်။

၄။ကောင်းမွန်သော ထုတ်လုပ်မှုအရည်အသွေးကို သေချာစေရုံသာမက စစ်မှန်မှုကို ဦးစားပေးရပါမယ်။

မျက်မှောက်ခေတ်လောကမှာ လူသားတို့နေ့စဥ်အသုံးပြုနေတဲ့ Platform များထဲတွင် Short Video Content ရဲ့ လွှမ်းမိုးမှုက အရေးကြီးသောအခန်းကဏ္ဍမှာပါဝင်နေပါတယ်။ ခေတ်နှင့်အညီ Brand များကို ကြော်ငြာနိုင်ဖို့ဆိုရင် Short Video Content များအသုံးပြုခြင်းက ရွေးချယ်စရာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေမှာအသေအချာပဲဖြစ်ပါတယ်။

forbes.com website မှ Short-Form Video Content: Capturing Attention In The Digital Age ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://www.forbes.com/.../short-form-video-content.../

Daw Zin Lin Htet

BE (Civil-MGTU) M.Sc (Construction Project Mgt), Heriot-Watt University