ဝန်ထမ်း‌တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းခွင်တန်ဖိုးကိုမြှင့်တင်ခြင်း

ဝန်ထမ်းတစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းခွင်တန်ဖိုးကိုမြှင့်တင်ခြင်းက အသက်မွေးဝမ်းကျောင်းပညာကို အရှိန် မြှင့်တင်နိုင်ခြင်း၊ လုပ်ခလစာ ပိုမိုရရှိစေခြင်း၊ ဂုဏ်သတင်းမြင့်မားခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ လက်ရှိစီးပွားရေးခေတ်မှာ မိမိလုပ်သမျှ၊ ပြုမူသမျှအရာတိုင်းက လုပ်ငန်းခွင်တန်ဖိုးကို မြှင့်တင်စေနိုင်ဖို့က အရေးကြီးပါတယ်။

ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်တန်ဖိုးမြှင့်တင်ခြင်းဆိုတာဘာလဲ?

လုပ်ငန်းခွင်မှာ တန်ဖိုးမြှင့်တင်ခြင်းဆိုတာ ကိုယ်လုပ်သမျှ၊ ပြုမူသမျှအရာတိုင်းက company ရဲ့တိုးတက်ရေး အတွက် ဖြစ်သင့်ပါတယ်။ လုပ်ငန်းခွင်တန်ဖိုးတိုးတက်ဖို့အတွက် resource တွေကို efficient ဖြစ်ဖြစ်နဲ့ သက်သာအောင် ဆောင်ရွက်ပေးခြင်း၊ အထက်လူကြီးက ကိုယ့်ကိုတာဝန်မပေးပေမယ့်လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် စတင်လုပ်ဆောင်ပေးခြင်း၊ တိုးတက်ဖို့လိုအပ်နေတဲ့ နယ်ပယ်များကို စဉ်းစားပေးခြင်းတို့ ပါဝင်ပါတယ်။ တန်ဖိုးမြှင့်တင်ရာမှာလည်း မိမိ company ရဲ့ အလိုအပ်ဆုံးအရာနဲ့ ရည်မှန်းချက်တွေကိုသိသင့်ပါတယ်။

- ရေတို ရေရှည် goals တွေကဘာတွေလဲ?

- အဓိကတန်ဖိုးတွေအနေနဲ့ ဘာတွေရှိလဲ?

- ကိုယ့်ခေါင်းဆောင်က ဘယ်အရာကိုတန်ဖိုးထားလဲ?

- ကိုယ့်ရဲ့အလုပ်ရှင်က ဝန်ထမ်းတွေကို ဘယ်လိုမျိုးဖြစ်စေချင်တာလဲ?

- မဖြေရှင်းရသေးတဲ့ ပြဿနာတွေရှိလား?

- တိုးတက်မှုအတွက် စံသတ်မှတ်ချက်ကဘာတွေလဲ? (customer ပိုမိုရရှိရေး၊ ရောင်းအားပိုမိုတိုးတက်ရေး၊ အမြတ်ပိုမို ရ‌ရှိရေး)

ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီမေးခွန်းတွေရဲ့ အဖြေတွေကိုသိသင့်ပါတယ်။ ဒီ‌အဖြေတွေကိုသိရုံနဲ့တင် ကိုယ့် လုပ်ငန်းခွင်တန်ဖိုးကို တိုးတက်စေပြီး ကိုယ်တိုင်ဦးဆောင်လိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီအဖြေတွေအပေါ် မူတည်ပြီး ကိုယ့် company တိုးတက်ရေးအတွက် ကိုယ့်အရည်အချင်းတွေနဲ့ အထောက်အကူဖြစ်အောင် ကြိုးစားသင့်ပါတယ်။

မိမိလုပ်ငန်းခွင်မှာ တန်ဖိုးမြှင့်တင်စေဖို့ အချက် (၇) ချက်

၁။ ကိုယ်က ဘယ်အရာကိုအကောင်းဆုံး လုပ်ဆောင်နိုင်လဲဆိုတာကိုသိပါ။

ဝန်ထမ်းတစ်ယောက်အနေနဲ့ ကိုယ်လုပ်ရမယ့်အရာတိုင်းကို အကောင်းဆုံးလုပ်ဆောင်သင့်ပါတယ်။ ဝန်ထမ်းတစ်ယောက်မှာ နည်းပညာရပ်ပိုင်းကျွမ်းကျင်မှုနဲ့ လူမှုဆက်ဆံရေးကောင်းမွန်မှုတို့က အဓိကကျပါတယ်။ ကိုယ့်အလုပ်တာဝန်တွေကို တိတိကျကျသိခြင်းအားဖြင့် ကိုယ့်ရဲ့အားသာချက်တွေကို သိရှိနိုင်ပါတယ်။ ကိုယ်ဘယ်တာဝန် တွေကို ပုံမှန်လုပ်လေ့ရှိလဲ? ကိုယ့်အားသာချက်တွေနဲ့ ကိုယ်အကောင်းဆုံးလုပ်နိုင်တဲ့အရာတွေကို ချ‌ရေးသင့်ပါတယ်။ ကိုယ့်အားသာချက်တွေနဲ့ ကိုယ့်အလုပ်တာဝန်တွေ ကိုက်ညီမှုရှိခြင်းက အလွန်အရေးကြီးပါတယ်။

၂။ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပါ။

ကိုယ့်လုပ်ငန်းခွင်တန်ဖိုးတိုးတက်ဖို့အတွက် မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့က အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အလုပ်တာဝန်ကိုကောင်းစွာနားလည်ပြီး ကောင်းသထက်ကောင်းအောင် လုပ်ဆောင်သင့် ပါတယ်။ Deadline အမီလုပ်ဆောင်ခြင်း၊ ရှင်းလင်းပြတ်သားစွာပြောဆိုဆက်ဆံခြင်း၊ ပြဿနာဖြစ်ပေါ်ပါက ဖြေရှင်းခြင်းနဲ့ feedback တောင်းခံခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။

၃။ အခက်အခဲများကို ဖော်ထုတ်ဖြေရှင်းခြင်း

ကိုယ့်ရဲ့အသင်းအဖွဲ့အစည်း၊ အလုပ်ရှင်နဲ့ company ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ကိုယ်တိုင်ရင်ဆိုင်ရရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ စဉ်းစားကြည့်ပါ။ အခက်အခဲတွေကို ထိထိရောက်ရောက်ဖြေရှင်းဖို့အတွက်

- အခက်အခဲကို ရှင်းလင်းပြတ်သားစွာ နားလည်အောင်လုပ်ပါ။

- ဒီအခက်အခဲ ဖြစ်ပေါ်ရတဲ့အကြောင်းအရင်းကိုရှာဖွေပါ။

- ဖြေရှင်းဖို့အတွက် စီစဉ်လုပ်ဆောင်ပါ။

- ရလဒ်တွေကိုကြည့်ပြီး ဒီထက်ကောင်းအောင်လုပ်တဲ့နည်းလမ်းကို ရှာဖွေပါ။

ကိုယ့်တာဝန်မဟုတ်ပေမယ့် လုပ်ငန်းခွင်ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးခြင်းက ဝန်ထမ်းတစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်း ခွင်တန်ဖိုးကို တိုးတက်စေပါတယ်။

၄။ ရလဒ်တွေအပေါ် အာရုံစိုက်ပါ။

အကြံဉာဏ်တွေကောင်းဖို့လိုသလို ရလဒ်တွေလည်းကောင်းမွန်ဖို့ အရေးကြီးပါတယ်။ ရလဒ်တိုင်းကို စာရင်းမှတ်တမ်း ပြုလုပ်ထားသင့်ပါတယ်။ အကြံဉာဏ်ထုတ်တဲ့နေရာမှာပဲ အချိန်ကိုမကုန်စေဘဲ ခဏခဏ စတင်လုပ်ဆောင်ခြင်းဖြင့် ဘယ်နည်းလမ်းက ရလဒ်အကောင်းဆုံးလဲဆိုတာ မှတ်သားပါ။ ကောင်းတဲ့ရလဒ်များလေလေ လုပ်ငန်း‌ခွင်တန်ဖိုး တိုးတက်လေလေ ဖြစ်ပါတယ်။

၅။ အဓိကအချက်ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပါ။

Company တိုင်းမှာ ငွေက အရေးပါပါတယ်။ ဝန်ထမ်း‌တစ်ယောက်ရဲ့လုပ်ရပ်တိုင်းက အဓိကအရေးကြီးတဲ့အချက်ကို သက်ရောက်မှုမရှိနိုင်ပေမယ့် လုပ်ငန်းခွင်တန်ဖိုးတိုးတက်အောင် လုပ်ဆောင်ခြင်းအားဖြင့် Company ရဲ့ ဝင်ငွေကို ကောင်းကျိုးသက်ရောက်မှုရှိစေပါတယ်။

- Customer complaint တွေကို တတ်နိုင်သ‌လောက် မဖြစ်အောင်လုပ်ဆောင်ခြင်း

- လုပ်ဆောင်မှုနည်းလမ်းတွေကို efficient ဖြစ်အောင်စီစဉ်ခြင်း

- ရောင်းအားတိုးတက်အောင်လုပ်ဆောင်ခြင်း

- Marketing Conversation များပြောဆိုခြင်း

- အရည်အချင်းပြည့်မီတဲ့ဝန်ထမ်းများ ခန့်ထားခြင်း

- ကိုယ့်အသင်းအဖွဲ့ကိုအကြံပေးကြီးကြပ်ပြီး ပိုမိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ခြင်း

ဒီအချက်တွေက Company ရဲ့ ဝင်ငွေကိုတိုးတက်စေပါတယ်။ ကိုယ့်အခန်းကဏ္ဍရဲ့ ဘယ်နေရာမှာမဆို အဓိကအရေးကြီးတာကို အကောင်းဆုံးလုပ်ဆောင်သင့်ပါတယ်။

၆။ နည်းပညာရပ်ပိုင်းနဲ့ လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်အောင်လုပ်ပါ။

အရည်အချင်းပုံမှန်တိုးတက်ခြင်းက လုပ်ငန်းခွင်တန်ဖိုးကို တိုးတက်စေပါတယ်။ အလုပ်မှာ ရာထူး‌တိုးလိုပါက နည်းပညာရပ် ပိုင်းနဲ့ လူမှုဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့အရည်အချင်း တိုးတက်ဖို့ အတွက် လုပ်ငန်းခွင်ပြင်ပမှာပါ ရှာဖွေသင့်ပါတယ်။ ကိုယ့်အပေါ် သူများတွေအမြင်ကို feedback တောင်းခြင်း၊ ဟောပြောပွဲများ တက်ရောက်ခြင်း၊ podcast များကြည့်ခြင်းများ ပြုလုပ်ပါ။ Company မှာ Employee Development Program များရှိပါက သေချာပေါက် တက်ရောက်လေ့လာသင့်ပါတယ်။

၇။ ကိုယ်တိုင်အသိစိတ်နဲ့လုပ်ဆောင်တတ်အောင်လေ့ကျင့်ပါ။

အထက်လူကြီးခိုင်းမှမဟုတ်ဘဲ ကိုယ့်အသိစိတ်နဲ့စတင်လုပ်ဆောင်တတ်အောင်လေ့ကျင့်ပါ။ အခက်အခဲများကို အလုပ်များကို ခိုင်းစရာမလိုဘဲ အသိစိတ်နဲ့ဖြေရှင်းခြင်းက ကိုယ့်အလုပ်ရှင်ကို သက်သာစေပြီး လုပ်ငန်းခွင်တန်ဖိုးကို မြင့်တက်စေပါတယ်။ မိမိလုပ်ငန်းခွင်တန်ဖိုးကိုတိုးတက်စေခြင်းက မိမိ Career path ကိုကောင်းမွန်စေတဲ့အတွက် အရမ်းအရေးကြီးပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်‌ဖြေရှင်းဖို့သတိရပါ၊ ကိုယ့်အရည်အချင်းကိုယ်မြှင့်တင်ဖို့သတိရပါ၊ ရလဒ်တွေကိုဂရုစိုက်ပါ၊ ကိုယ့်ရဲ့အကောင်းဆုံးပုံစံဖြစ်အောင်လုပ်ဆောင်ပြီး ကိုယ့်ရဲ့လုပ်ငန်းခွင်တန်ဖိုးကို မြှင့်တင်သင့်ပါတယ်။

Adding Value as an Employee: 8 Actionable Tips to Increase Your Value Today (linkedin.com) ဆောင်းပါးကို သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing

B.C.Sc, (U.C.S.Y)

B.C.Sc, (Hons) (U.C.S.Y)

M.C.Sc, (U.C.S.Y)