လုပ်ငန်းတွေကို Next Level တစ်ခုဆီ မြှင့်တင်ပေးနိုင်ခဲ့တဲ့  Marketing Campaign များ

Marketing ဟာ လုပ်ငန်းတွေ လူသိများဖို့၊ ရောင်းအားတက်လာဖို့ ဆောင်ရွက်ပေးရုံတင်မကဘဲ လုပ်ငန်းရဲ့ Valueတွေ၊ Cultureတွေကို ကွက်ကွက်ကွင်းကွင်း ပြသပေးနိုင်တဲ့ Brand image ကို တည်ဆောက်နိုင်ဖို့အတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အခု ဖော်ပြသွားမယ့် အကြောင်းအရာတွေကတော့ လုပ်ငန်းရဲ့ Brand Image တောက်ပြောင်လာအောင်၊ ပိုမိုခိုင်မာလာအောင် တည်ဆောက်ပြောင်းလဲပေးနိုင်ခဲ့ကြတဲ့ Marketing Campaign တွေ၊ Slogan တွေ အကြောင်းပဲ ဖြစ်ပါတယ်။

1.Apple ရဲ့ “Think Different”

Apple ကုမ္ပဏီဟာ 1997ခုနှစ် မတိုင်ခင် အားလုံးရဲ့ အမြင်မှာ ကွန်ပျူတာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု အနေနဲ့ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ 1997 ခုနှစ်မှာ  “Think Different” ဆိုတဲ့ Slogan နဲ့ campaign တစ်ခုကို စတင်လိုက်ချိန်မှာတော့ Apple ဟာ ကွန်ပျူတာ ကုမ္ပဏီတစ်ခုအနေနဲ့ မကတော့ဘဲ Creation တွေ၊ Innovation တွေရဲ့ ပြယုဂ် ကုမ္ပဏီတစ်ခုအနေနဲ့ပါ ထင်ရှားလာခဲ့ပါတယ်။ ဒီ Campaign မှာ Apple ဟာ Albert Einstein တို့လိုမျိုး Revolutionary Figure တွေကို သုံးခဲ့တဲ့အတွက် သူတို့ရဲ့ “Think Different” ဆိုတဲ့ Slogan နဲ့ အတော်လေးကို လိုက်ဖက်ညီနေခဲ့ပါတယ်။

2. Red Bull ရဲ့ “Red Bull Gives You Wings”

Red Bull ကုမ္ပဏီဟာ အားလုံးသိကြမယ့် Energy Drink ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာလည်း 1997ခုနစ်မှာ Red Bull Gives You Wings ဆိုတဲ့ Slogan နဲ့ 2D animation တွေနဲ့ ဖန်တီးထားတဲ့ ကြော်ငြာ Series တစ်ခု ပြသခဲ့ပါတယ်။ ပါဝင်တဲ့ ဟာသဆန်ဆန် ဇာတ်လမ်းသွားတွေထဲကနေမှ Performance တွေ ကောင်းအောင် Red Bull က Energy ပေးနိုင်တယ်ဆိုတဲ့ idea ကိုပါ ကြည့်ရှုသူတွေ ခေါင်းထဲကို မသိမသာ ရိုက်ထည့်သွားနိုင်ခဲ့ပါတယ်။ ဒီ Campaign ကြောင့်ပဲ Red Bull ဟာ ပြိုင်ဘက် အချိုရည်တွေနဲ့ ခွဲထွက်ပြီး ခွန်အားဖြည့်ပေးနိုင်တဲ့ အချိုရည်အဖြစ် Customer တွေရဲ့ အသိထဲ ဝင်ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။

3. Nike ရဲ့ “Just Do It”

Nike ကုမ္ပဏီဟာ အစောပိုင်းကာလတွေမှာ Sportswear ကုမ္ပဏီတစ်ခု အနေနဲ့ပဲ လူသိများခဲ့ပါတယ်။ ဒီ “Just Do it” ဆိုတဲ့ နာမည်နဲ့ campaign တစ်ခုကို စတင်ပြီးတဲ့ နောက်ပိုင်းမှာတော့ customer တွေဟာ Nike ရဲ့ product တွေကိုသုံးရင် Confidence ပိုရှိလာတယ်ဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်တယ်ဆိုတာကို ခံစားမိလာကြပါတယ်။  ဒီ Campaign ကနေစပြီး အားလုံးအမြင်မှာ Nike ဟာ Sportswear brand အနေနဲ့တင်မကဘဲ Lifestyle brand တစ်ခုအဖြစ်ပါ ရေပန်းစားလာခဲ့ပါတယ်။ ဒီ “Just Do It” ဆိုတဲ့ slogan ကိုလည်း ခုချိန်ထိ ဆက်လက်အသုံးပြုနေပါတယ်။

4. Airbnb ရဲ့ “Live There”

Airbnb ဟာ 2008 ခုနှစ်မှာ တည်းခိုစရာနေရာ ငှါးရမ်းနိုင်တဲ့ ကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။ 2016 မှာတော့ “Live There” ဆိုတဲ့ Marketing Campaign ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီ campaign ရဲ့ ကြော်ငြာ video ထုတ်လွှင့်ပြီးတဲ့ နောက်ပိုင်းမှာတော့ Airbnb ဟာ သာမန် နေစရာ ငှါးတဲ့ ကုမ္ပဏီတစ်ခု အတိုင်းအတာထက်ကျော်လွန်ပြီး Travel Lifestyle Brand တစ်ခုအနေနဲ့ လူအများက အသိအမှတ်ပြုခဲ့ပါတယ်။

5. Coca Cola ရဲ့ “Open Happiness”

Coca Cola ဟာ 2009 မတိုင်ခင်မှာ သူ့အချိုရည်ရဲ့ စစ်မှန်မှု ၊ Quality ကောင်းမွန်မှုကို ဖော်ကြူးတဲ့အနေနဲ့ “It’s the Real Thing” ဆိုတဲ့ Slogan နဲ့ Brand ကို ပုံဖော်ခဲ့ပါတယ်။ 2009 နောက်ပိုင်းမှာတော့  “Open Happiness” ဆိုတဲ့ Sloganကို  အသုံးပြုလာပါတယ်။ ရှေ့က Slogan မှာ သူတို့ အချိုရည်ရဲ့ စစ်မှန်မှု အကြောင်းကို ထင်ထင်ရှားရှား ဖော်ပြပြီးတဲ့အချိန် ဒီ “Open Happiness” ဆိုတဲ့ Emotion နဲ့ဆိုင်တဲ့ Slogan နဲ့ Campaign ကို ပြုလုပ်လိုက်ချိန်မှာတော့ Coca Cola ဟာ ပျော်ရွှင်မှုကို မျှဝေစရာ ကြားခံတစ်ခု အဖြစ်ပါ အများက သဘောထား သတ်မှတ်လာကြပါတယ်။

ဒါကတော့ Business တွေကို Next Level တစ်ခုဆီရောက်အောင် Brand Image ကို မြှင့်တင်ပြောင်းလဲ ပေးနိုင်ခဲ့တဲ့ ထင်ရှားတဲ့ Marketing Campaign တွေပဲ ဖြစ်ပါတယ်။ ယခုလို Business တွေဟာ တစ်ခုနဲ့တစ်ခု Quality တွေ ပိုကောင်းအောင်၊ စျေးတွေ ပိုသက်သာအောင် ပြိုင်ဆိုင်နေကြချိန် Marketing ဟာ မိမိ Competitor တွေ မေ့မေ့လျော့လျော့ ဖြစ်နေတဲ့ Key Factor တစ်ခု ဖြစ်နေနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့ ဥပမာတွေလိုပဲ Slogan လေး တစ်ကြောင်းဖြစ်ပေမယ့်လည်း မိမိ product ဒါမှမဟုတ် Service နဲ့ အံဝင်ကိုက်ညီသွားတဲ့အခါ အကျိုးဆက်တွေဟာ ကြောက်ခမန်းလိလိဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Watch Ads Here

Think Different - https://youtu.be/5sMBhDv4sik?si=S9vfxSxCIHd6Bepk

Red Bull Give U Wings - https://youtube.com/playlist?list=PLxaDNmihOONlPjYew6x4fX6jL-JYFpYew&si=aW1vPXCItIU_Awrm

Just Do It - https://youtu.be/0yO7xLAGugQ?si=keqTqGoA571TNe5t

Live There - https://youtu.be/uF35ydMc2_0?si=q5ZCQVomnm_X-pCs

Open Happiness - https://youtu.be/P7ADWd9Psag?si=C5_QeQc7U4bPophi

 

Sai Zar Ni Tun

SFU Media Club

BM Batch- 28 (Undergraduate Programme)