စီးပွားရေးလုပ်ငန်းများအတွက်  Innovation က ဘာ​ကြောင့် အရေးကြီးတာလဲ?

ပြိုင်ဆိုင်မှု​တွေများပြားလှတဲ့ ယနေ့မျက်မှောက်ခေတ်မှာ Innovation (ဆန်းသစ်တီထွင်မှု) အပေါ် များစွာမှီခိုအားထား နေရပါတယ်။ လုပ်ငန်းခေါင်းဆောင်များကလည်း ပြဿနာများစွာကို နည်းလမ်းဟောင်းများနဲ့ မဖြေရှင်းနိုင်တော့တာကြောင့် တီထွင်ဆန်းသစ်တဲ့နည်းလမ်းနည်းသစ်များကို အဆက်မပြတ် ရှာဖွေနေရမှာ ဖြစ်ပါတယ်။ Innovation က လုပ်ငန်း အားလုံးအတွက် မရှိမဖြစ် အရေးကြီးပါတယ်။

 တီထွင်ဆန်းသစ်မှုဆိုတဲ့အရာက ဘာလဲ?

ဆန်းသစ်တီထွင်မှု (Innovation) နဲ့ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) တို့ကို မကြာခဏတွဲပြီးသုံးကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့နှစ်ခုက မတူညီကြပါဘူး။ လုပ်ငန်းခွင်တွင် Creativity ကို အသုံးပြုခြင်းက ထူးခြားတဲ့ အကြံဉာဏ်များကို ဖြစ်ပေါ်စေတာကြောင့် အလွန်ပင်အရေးကြီးလှပါတယ်။ Innovative ဖြစ်တဲ့ စိတ်ကူးစိတ်သန်း ideas များကတော့ အများကြီးအသုံးဝင်ပါတယ်။ ဒါပေမဲ့ Creative ideas တိုင်း ကတော့ Innovation ကို အမြဲတမ်းဦးတည်တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ creative ideas တိုင်းက ပြဿနာ အားလုံးအတွက် ထိရောက်တဲ့ဖြေရှင်းနည်းလမ်းများ မဖြစ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

အရှင်းဆုံးပုံစံပြောရမယ်ဆိုရင် Innovation ဆိုတာက အသုံးဝင်ပြီး ဆန်းသစ်တဲ့ product၊ ဝန်ဆောင်မှု၊ Business model (ဒါမှမဟုတ်) မဟာဗျူဟာတစ်ခုအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။ ဆန်းသစ်တီထွင်မှုများက နည်းပညာ (ဒါမှမဟုတ်) လုပ်ငန်းပုံစံသစ်များမှာ ကြီးမားတဲ့ အောင်မြင်မှုများဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ ရှိပြီးသား product တစ်ခုကို features ထပ်မြှင့်တာဖြစ်ဖြစ် (ဒါမှမဟုတ်) Company ရဲ့ customer service ကို အဆင်မြှင့်တင်တာမျိုးပဲဖြစ်ဖြစ် လုပ်ဆောင်တာကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

Innovation ကို အမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါတယ်။

၁။ Sustaining Innovation

ဒီ innovation ကတော့ လက်ရှိတည်ရှိနေတဲ့ Customer ကိုအခြေခံပြီးတော့ ရှိပြီးသား product ကို အဆင့်မြင့်တိုးတက် လာစေဖို့အတွက် အဖွဲ့အစည်းရဲ့လုပ်ငန်းစဥ်နဲ့ နည်းပညာများကိုမြှင့်တင်ပေးတဲ့ ဆန်းသစ်တီထွင်မှုဖြစ်ပါတယ်။

၂။ Disruptive Innovation

Small companies များက ကြီးမားတဲ့ Business တွေနဲ့ရင်ဆိုင်တွေ့ရတဲ့အခါမှာ တွေ့ရတတ်တဲ့ innovation ဖြစ်ပါတယ်။ အောင်မြင်တဲ့ ကုမ္ပဏီများကတော့ innovation နှစ်မျိုးလုံးကို သူတို့ရဲ့ business နည်းဗျူဟာနဲ့ပေါင်းစပ်ပြီး ကျင့်သုံးကြပါတယ်။ စျေးကွက်မှာ မိမိတို့လုပ်ငန်းရဲ့ လက်ရှိအနေအထားကို ထိန်းသိမ်းထားဖို့ အရေးကြီးပေမယ့်လည်း တိုးတက်ပြောင်းလဲမှုကို လိုက်စားခြင်းက ယနေ့ခေတ်မှာ ​ယှဥ်ပြိုင်နိုင်စွမ်းရှိဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အဲ့ဒီအရာက လုပ်ငန်းတစ်ခုကို သူတို့ရဲ့ရပ်တည်မှုအပေါ် ထိခိုက်စေနိုင်မယ့် တခြားကုမ္ပဏီများရဲ့ရန်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

Innovation ရဲ့အရေးပါမှု

စီးပွားရေးလုပ်ငန်းများမှာ မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုများက ရှောင်လွှဲလို့မရနိုင်ပါ။ Innovation ဆိုတာက သင့်ကို ရှေ့ပြေးအနေထားအနေနဲ့ အသင့်ရှိနေစေပြီး သင့်ကုမ္ပဏီရဲ့ လုပ်ငန်းစဥ်တွေလုပ်ဆောင်ရာမှာလည်း တိုးတက် အောင်မြင်စေ နိုင်ပါတယ်။ သင့်ရဲ့ business အတွက် innovation ဆိုတာ မရှိမဖြစ်အရေးကြီးကြောင်း သိသာထင်ရှားစေမယ့် အချက်သုံးချက်ကတော့-

၁။ Innovation က လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိခြင်း

မကြာသေးမီက Covid-19 ကပ်ရောဂါက လုပ်ငန်းတိုင်းကိုကြီးမားတဲ့အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက်ဖြစ်စေခဲ့ ပါတယ်။ ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်းများကလည်း လအနည်းအငယ်အတွင်း လည်ပတ်လို့မရနိုင်တော့အထိ ဖြစ်ခဲ့ပါတယ်။ ဒီရောဂါကပ်ဆိုးကြီးကြောင့် စီးပွားရေးလုပ်ငန်းအများစုက အဆိုးဆုံးသောရလဒ်များရဲ့ဒဏ်ကို ကြံ့ကြံ့ ခံနေကြရပါတယ်။ ဒါ့ကြောင့် Innovation က ကုမ္ပဏီများအတွက် လိုက်လျောညီထွေမှုကိုဖြစ်စေပြီး အပြောင်းအလဲများရဲ့ စိန်ခေါ်မှုဒဏ်များကို ကျော်လွှားနိုင်ဖို့အတွက်လည်း လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။

၂။တိုးတက်မှုကိုဖြစ်ပေါ်စေခြင်း

ရပ်တန့်နေခြင်းက သင့်လုပ်ငန်းကို အလွန်တရာ ထိခိုက်စေနိုင်ပါတယ်။ ယနေ့ခေတ် ပြိုင်ဆိုင်မှုမြင့်မားတဲ့ကမ္ဘာမှာ အဖွဲ့အစည်းနဲ့ စီးပွားရေးဆိုင်ရာတိုးတက်မှုများကို ရရှိဖို့အတွက် ဆန်းသစ်တီထွင်မှုလုပ်ဆောင်ခြင်းကသာ အဓိကသော့ချက် တစ်ခု ဖြစ်လာပါတယ်။

၃။ Innovation က ပြိုင်ဆိုင်မှုတွေကြားထဲကနေ သင်တို့ရဲ့ လုပ်ငန်းကို ကွဲပြားနိုင်အောင်လုပ်ဆောင်နိုင်ခြင်း

ပုံစံတူ Product နဲ့ Service တို့လုပ်ဆောင်နေကြတဲ့ industries တွေ အများကြီးရှိကြပါတယ်။ အဲ့ဒီထဲမှာမှ innovation ကသာ သင့်ရဲ့ Business ကို တခြားသူများနဲ့ မတူညီကွဲပြားသွားနိုင်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

Innovation ရဲ့လမ်းကြောင်းများကို လေ့လာခြင်း

Innovation လုပ်ဆောင်ခြင်းက သင်တို့ထင်ထားသလောက် ခက်ခဲတာမျိုးမဟုတ်ဘဲ လွယ်ကူတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဆန်းသစ်တီထွင်လုပ်ဆောင်ရာမှာ တခြားသူများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ Stakeholders များမှ ငြင်းဆန်ခုခံမှုကို ကျော်လွှားဖို့နဲ့ အကောင်းဆုံးသော ဖြေရှင်းနည်းများကို ထုတ်ပေးနိုင်ဖို့အတွက် တန်ဖိုးရှိလှတဲ့အချိန်တွေနဲ့ အရင်းအမြစ် များကို သေချာရင်းနှီးမြှပ်နှံဖို့တော့ လိုအပ်ပါတယ်။

မိမိတို့ စဥ်းစားတွေးခေါ်ထားတဲ့ စိတ်ကူးစိတ်သန်းများစွာက တစ်ခါတလေ အဖြေကိုရှာနိုင်တဲ့ စိတ်ကူးစိတ်သန်းများမဖြစ်ဘဲ အကျိုးမဖြစ်ထွန်းတဲ့ အနေအထားမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုတွေဖြစ်နေပေမယ့် innovation ကိုသာ ဆက်လက် မလုပ်ဆောင်ရင် သင့်ရဲ့အဖွဲ့အစည်းအောင်မြင်မှုနဲ့ ကျရှုံးမှုကြားက ခြားနားချက်က ကြီးမားစွာဖြစ်ပေါ်စေနိုင်ပါတယ်။ သတင်းကောင်းအနေနဲ့ကတော့ ဆန်းသစ်တီထွင်မှုက လေ့လာသင်ယူလို့ ရနိုင်ပါတယ်။ ပိုမိုထိရောက်တဲ့ ဆန်းသစ် တီထွင်မှုတွေကို လေ့လာသင်ယူပြီး လေ့ကျင့်ခြင်းဖြင့် မိမိတို့ရဲ့ skill တွေက တိုးတက်လာပြီး ပြဿနာများကို ကောင်းစွာဖြေရှင်းနိုင်မယ့်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

harvardbusinessschool.edu မှ Innovation in Business: What it is & Why it’s important ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းပဲဖြစ်ပါတယ်။ ````````````````````````````````````````````````````````````````````

https://online.hbs.edu/blog/post/importance-of-innovation-in-business

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt), Heriot-Watt University