"နိုင်ငံရပ်ခြားမှာ IT ပညာ သင်ကြားဖို့အတွက် ပြင်ဆင်နည်းများ"

နိုင်ငံရပ်ခြားမှာ ပညာသင်ကြားခြင်းဆိုတာ ကျောင်းသားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံတကာ အတွေ့အကြုံများကို ဖန်တီးနိုင်ဖို့ စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ သတင်းအချက်အလက်နည်းပညာ (IT) နယ်ပယ်ကို စိတ်ဝင်စားသူများအတွက်ကတော့ နိုင်ငံရပ်ခြားမှာ စွန့်စားလုပ်ကိုင်ခြင်းက ထူးခြားတဲ့အမြင်တွေနဲ့ ခေတ်ပေါ် နည်းပညာများကို လက်လှမ်းမီနိုင်ပြီး ကျောင်းသား၊ကျောင်းသူတွေရဲ့ ပညာရေးခရီးကို ပိုမိုကောင်းမွန်စေကာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုများကို ထိတွေ့နိုင်မှာဖြစ်ပါတယ်။ သတင်းအချက်အလက်နည်းပညာ (IT) နယ်ပယ်ကို နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးခြင်းက ကျောင်းသားများအတွက် သူတို့ရဲ့အသိပညာကို ချဲ့ထွင်ဖို့၊ နိုင်ငံတကာ အတွေ့အကြုံများ ရရှိဖို့နဲ့ မတူကွဲပြားတဲ့ သင်ယူမှုပတ်ဝန်းကျင်မှာ နှစ်မြှုပ်ဖို့ အခွင့်အလမ်းများစွာ ပေးပါတယ်။ သို့ပေမဲ့ IT ဘာသာရပ်က နိုင်ငံခြားမှာ ပညာသင်ကြားတဲ့ဘက်သို့ သွားလာရာမှာ သေချာစွာ စီစဉ်မှုနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ IT ဘာသာရပ်အတွက် နိုင်ငံခြားမှာ ပညာသင်ကြားဖို့အတွက် ကြိုတင်ပြင်ဆင်နည်းလမ်းညွှန်ချက် အနည်းငယ်ဖြစ်ပါတယ်။ မှန်ကန်တဲ့ပရိုဂရမ်ကို ရွေးချယ်ခြင်းကနေ သင်ရိုးညွှန်းတမ်းများကို စီမံခန့်ခွဲခြင်းနဲ့ အရင်းအမြစ်များကို အသုံးချခြင်းအထိ ထည့်သွင်းစဥ်းစားပြီး ပညာရေးခရီးကို နိုင်ငံရပ်ခြားမှာ အကောင်းဆုံးအသုံးချနိုင်ဖို့ ရည်ရွယ်တဲ့ လမ်းညွှန်ချက်တစ်ခု ဖြစ်ပါတယ်။

၁။ ပရိုဂရမ်တွေ (Programs) နဲ့ တက္ကသိုလ်များကို လေ့လာခြင်း။

ကျောင်းသား/သူ တို့ရဲ့ ခိုင်မာတဲ့ IT ပရိုဂရမ်များအတွက် လူသိများတဲ့ နိုင်ငံများနဲ့ တက္ကသိုလ်များကို သုတေသနပြုခြင်းဖြင့် စတင်ပါ။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ရာသီဥတုနဲ့ လူနေမှုစရိတ် စတဲ့အချက်များကို ထည့်သွင်းစဉ်းစားပါ။ ကျောင်းသား/သူ တို့အနေနဲ့ IT သင်ရိုးညွှန်းတမ်းများနဲ့ ပါမောက္ခများရဲ့ကျွမ်းကျင်မှုများ စတဲ့ နာမည်ကျော်ကြား နေသော တက္ကသိုလ်များနဲ့ ပရိုဂရမ်များကို သုတေသနပြုခြင်းဖြင့် စတင်ရပါမယ်။ IT သင်တန်းများပေးတဲ့ တက္ကသိုလ်များ ဒါမှမဟုတ် ကောလိပ်များရဲ့ ဂုဏ်သိက္ခာကို ပထမဆုံးလေ့လာကြည့်ရှုဖို့က အရေးကြီးပါတယ်။ ‌ကျောင်းတွေရဲ့ အသိအမှတ် ပြုခံရမှု၊ မဟာကျွမ်းကျင်မှု၊ သုတေသနအခွင့်အလမ်းများနဲ့ ရရှိနိုင်တဲ့အရင်းအမြစ်များကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ပြီးပြည့်စုံတဲ့ သင်တန်းများ၊ ခေတ်မီတဲ့ အထောက်အကူပစ္စည်းများ၊ လက်လှမ်းမီတဲ့ သင်ယူမှုများအတွက် အခွင့်အလမ်းတွေကို ပေးဆောင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေပါ။ ပရိုဂရမ်ကြာချိန်၊ အထူးပြုရွေးချယ်စရာများ၊ အသိအမှတ်ပြုခြင်းနဲ့ လုပ်ငန်းချိတ်ဆက်မှုများကဲ့သို့ အချက်များကို ထည့်သွင်းစဉ်းစားဖို့လည်း လိုအပ်ပါတယ်။ ပညာရေးရဲ့ အရည်အသွေးနဲ့ ကျောင်းသားအတွေ့အကြုံအားလုံးကို တိုင်းတာဖို့အတွက်လည်း တက္ကသိုလ်အဆင့်သတ်မှတ်ချက်များ၊ ကျောင်းသားများရဲ့ ပြန်လည်သုံးသပ်ချက်များကို ကြည့်ရှုပြီး လေ့လာဖို့ လိုအပ်ပါတယ်။

၂။ သင်ရိုးညွှန်းတမ်းနဲ့ သင်တန်းလိုအပ်ချက်များကိုနားလည်ခြင်း။

ကျောင်းသား၊ကျောင်းသူများအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ IT ပရိုဂရမ်ရဲ့ သင်ရိုးညွှန်းတမ်း၊ သင်တန်း လိုအပ်ချက်များကို ပြန်လည်သုံးသပ်ရပါမယ်။ အခြေခံသင်တန်းများ၊ ရွေးချယ်စရာ ရွေးချယ်မှုများနဲ့ စာရင်းသွင်းဖို့အတွက် ကြိုတင်လိုအပ်ချက်များကို ဂရုပြုဖို့ဖြစ်ပါတယ်။ လက်ခံလိုက်ပြီဖြစ်တဲ့ တက္ကသိုလ်ရဲ့ သင်ကြားရေးနည်းလမ်းများ၊ အကဲဖြတ်မှုစံနှုန်းများနဲ့ ပညာရပ်ဆိုင်ရာ မျှော်မှန်းချက်များကို သင့်ကိုယ်သင် ရင်းနှီးအောင် လုပ်ဖို့လိုပါမယ်။ ဖြစ်နိုင်ပါက ခရက်ဒစ်များကိုလည်း ကျောင်းသား၊ ကျောင်းသူထံကို ဘယ်လိုလွှဲပြောင်းကြောင်း နားလည်အောင်လုပ်ဖို့ပါတယ်။

၃။ ပညာရပ်ဆိုင်ရာ ပြင်ဆင်ခြင်း။

ပြည်ပ IT ပရိုဂရမ်အတွက် သင့်ရဲ့ပညာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများက အရေးကြီးပါတယ်။ Programming languages, database management, networking, တွေနဲ့ cybersecurity ကဲ့သို့သော နယ်ပယ်များရှိ အခြေခံသဘောတရားများနဲ့ ကျွမ်းကျင်မှုများကို ပြန်လည်သုံးသပ်ရပါမယ်။ အသိပညာ ကွာဟချက်များကို ပေါင်းကူးနိုင်ဖို့ နိုင်ငံခြားမှာ ပညာသင်ကြားတဲ့အခါ စာများကို လိုက်မီနိုင်ဖို့နဲ့ လိုအပ်တဲ့ ပြောင်းလဲမှုများ ပြောင်းနိုင်ဖို့အတွက် သေသေချာချာ ကြိုတင်ပြင်ဆင်ပြီး မိမိနဲ့ကိုက်ညီတဲ့ သင်တန်းများကို စာရင်းသွင်းဖို့ စဉ်းစား သင့်ပါတယ်။ အဓိက အိုင်တီအကြောင်းအရာများနဲ့ ကျောင်းသား/သူများရဲ့ နားလည်မှုကို မြှင့်တင်ဖို့ အွန်လိုင်းမှရရှိတဲ့ အရင်းအမြစ်များ၊ ဖတ်စာအုပ်များနဲ့ ကျူတိုရီရယ်များကို အသုံးပြုဖို့ လိုအပ်ပါတယ်။

၄။ ပါမောက္ခများ၊ အကြံပေးပုဂ္ဂိုလ်များနဲ့ ထိတွေ့ဆက်ဆံခြင်း။

လမ်းညွှန်မှုနဲ့ ပံ့ပိုးကူညီမှုရယူဖို့ တက္ကသိုလ်မှာရှိတဲ့ ဌာနများနဲ့ ပညာရေးအကြံပေးများကို ဆက်သွယ် သင့်ပါတယ်။ အဲ့လိုဆက်သွယ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး ကျောင်းသား၊ကျောင်းသူများက မိမိရဲ့ ပညာရေး ဆိုင်ရာစိတ်ဝင်စားမှုများကို ဖော်ပြဖို့လိုပါမယ်။ အိုင်တီဌာနမှာ ရရှိနိုင်တဲ့ သုတေသနအခွင့်အလမ်းများ ဒါမှမဟုတ် လမ်းညွှန်မှု အစီအစဉ်များအကြောင်း မေးမြန်းခြင်းအပြင် မိမိရဲ့ပညာရေး ရည်မှန်းချက်များ၊ သင်တန်းရွေးချယ်မှု၊ နိုင်ငံရပ်ခြားသို့ သင့်ရဲ့ပညာရေးခရီးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုများရှိပါက ဆွေးနွေးဖို့၊ ပညာရေးအကြံပေးများတွေ့ဆုံဖို့ လိုအပ်ပါတယ်။ သင့်လိုအပ်ချက်များနဲ့ကိုက်ညီတဲ့ မိမိပညာရေးဆိုင်ရာ အစီအစဉ်ကို ရေးဆွဲရာမှာ သူတို့ရဲ့အကြံဉာဏ်ကို ရယူရပါမယ်။

၅။ သုတေသနနဲ့ အလုပ်သင်အခွင့်အလမ်းများကို ရှာဖွေခြင်း။

မိမိလက်ရှိတက်နေတဲ့ တက္ကသိုလ် ဒါမှမဟုတ် မိမိနိုင်ငံမှာရှိတဲ့ အိုင်တီကုမ္ပဏီများမှ ကမ်းလှမ်းတဲ့ သုတေသန အခွင့်အလမ်းများနဲ့ အလုပ်သင်အစီအစဉ်များကို အခွင့်ကောင်းယူရပါမယ်။ သုတေသနပရောဂျက်များ ဒါမှမဟုတ် အလုပ်သင်များမှာ ပါဝင်ခြင်းက အဖိုးတန်လက်တွေ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး မိမိတိုးတက်မှုအပြင် ကိုယ်ရေး ရာဇဝင်ကို မြှင့်တင်ဖို့နဲ့ သင့်ရဲ့ပရော်ဖက်ရှင်နယ်ကွန်ရက်ကို ချဲ့ထွင်နိုင်ပါတယ်။ လုပ်ငန်းခွင်ကျွမ်းကျင်ပညာရှင်များနဲ့ ချိတ်ဆက်ကာ သင့်စိတ်ဝင်စားတဲ့နယ်ပယ်မှာ အလုပ်သင်ဖြစ်နိုင်ခြေများကို ရှာဖွေဖို့အတွက်လည်း အသက်မွေးဝမ်းကျောင်း ပြပွဲများ (career fairs), အလုပ်နဲ့ပတ်သက်တဲ့ networking events များနဲ့ ဟောပြောပွဲများကို တက်ရောက်ပေးရပါမယ်။

၆။ Academic Resources and Support Services ကို အသုံးပြုခြင်း။

မိမိရွေးချယ်ထားတဲ့ တက္ကသိုလ်က လက်ခံလိုက်ပြီဆိုရင်လည်း အဲ့တက္ကသိုလ်မှာ ရရှိနိုင်တဲ့ ပညာရေးဆိုင်ရာ အရင်းအမြစ်များနဲ့ ပံ့ပိုးမှုဝန်ဆောင်မှုများကို သိရှိအောင် လုပ်ရပါမယ်။ အဲ့ဒါတွေကတော့ တက္ကသိုလ်များမှာ libraries, computer labs, tutoring centers, and academic writing workshops များ ဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားများအတွက် international student services, language support programs, နဲ့ နိုင်ငံရပ်ခြားမှာ သင်ပညာသင်ကြားနေစဉ် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်ကတော့ ပညာသင်ကြားသူ ရွယ်တူအချင်းချင်း လမ်းညွှန်မှု ကနေပြီးတော့ ပဏာမခြေလှမ်းအတွက် အကူအညီ ရယူသင့်ပါတယ်။

၇။ Coursework စီမံခန့်ခွဲမှုနဲ့ အချိန်စီမံခန့်ခွဲမှု

သင့်ရဲ့ပညာရေးဆိုင်ရာ တာဝန်ဝတ္တရားများ၊ ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားမှုများနဲ့ ချိန်ညှိဖို့ ထိရောက်တဲ့ အချိန်စီမံခန့်ခွဲမှု လုပ်ဆောင်ချက်များကို ရေးဆွဲဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် လေ့လာမှုတွေအတွက် အချိန်ဇယားတစ်ခုကို သေချာစွာရေးဆွဲဖို့ လိုအပ်ပါတယ်၊ လက်တွေ့ကျတဲ့ ပန်းတိုင်များချမှတ်ပြီး စနစ်တကျနဲ့ အာရုံစိုက်ကာ ဦးစားပေးလုပ်ဆောင်ရပါမယ်။ အတန်းများကို ပုံမှန်တက်ရောက်ခြင်း၊ အတန်းတွင်းဆွေးနွေးမှုများမှာ စိတ်ပါ၀င်စားစွာပါဝင်ပြီး မိမိကိုစိန်ခေါ်နေတဲ့တာဝန်များနဲ့ သဘောတရားများကို ရှင်းလင်းချက်ရှာခြင်းဖြင့် သင့်ရဲ့ သင်တန်းအလုပ်မှာ တက်ကြွစွာနေဖို့ လိုအပ်ပါတယ်။ ပါမောက္ခများနဲ့ ထိတွေ့ဆက်ဆံဖို့၊ လိုအပ်တဲ့အခါမှာ ထပ်လောင်း အကူအညီရယူဖို့လည်း လိုအပ်ပါတယ်။

နိုင်ငံရပ်ခြားမှာ IT ဘာသာရပ်ကို လေ့လာခြင်းက ကျောင်းသားများကို ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်တစ်ခုရရှိဖို့၊ ကျွမ်းကျင်မှုအသစ်များရရှိဖို့နဲ့ နယ်ပယ်မှာ အဓိပ္ပာယ်ရှိတဲ့ ချိတ်ဆက်မှုများပြုလုပ်ဖို့ ထူးခြားတဲ့အခွင့်အရေးကို ပေးနိုင်ပါတယ်။ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားနေတဲ့ အတွေ့အကြုံများရဲ့ ပညာရပ်ဘက်ခြမ်းကို ဂရုတစိုက် လျှောက်လှမ်းခြင်းဖြင့် ရရှိနိုင်တဲ့ အရင်းအမြစ်များကို အသုံးချကာ ကျောင်းသားများဟာ မိမိတို့ရဲ့ သင်ယူနိုင်မှု အလားအလာကို အမြင့်ဆုံးနဲ့ နိုင်ငံတကာပညာရပ်ဆိုင်ရာ အခြေအနေများမှာ ရှင်သန်နိုင်မှာပဲ ဖြစ်ပါတယ်။ သိချင်စိတ် ပြင်းပြမှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ကျောင်းသားများကသာ နိုင်ငံခြားပညာသင်ကြားမှုအတွေ့အကြုံများမှ ရရှိတဲ့ ပညာရေး ဆိုင်ရာအလားအလာများကို မြှင့်တင်နိုင်ပြီး သတင်းအချက်အလက်နည်းပညာနယ်ပယ်မှာ အောင်မြင်မှုရရှိနိုင်သူများ၊ အဖိုးတန်သော ကျွမ်းကျင်မှုနဲ့ ထိုးထွင်းသိမြင်မှုတွေကို ပိုင်ဆိုင်သူများ ပေါ်ထွက်လာနိုင်မှာပဲ ဖြစ်ပါတယ်။

ကိုးကားချက်

1. "Study Abroad for Information Technology Students." Studyportals. https://www.studyportals.com/study-abroad/info-tech/

2. "Guide to Studying Abroad in IT." Top Universities. https://www.topuniversities.com/.../guide-studying-it-abroad

Dr. La Wynn Sandi

B.C.Sc, CU (KT), B.C.Sc (Hons), CU (KT)

M.C.Sc, CU (KT), Ph.D (IT), (U.C.S.M)