အလုပ်အကိုင်နဲ့ ပညာရပ်ဆိုင်ရာ အသုံးပြုမှုအတွက် Research Database များ

Research Database များဟာ အတတ်ပညာဆိုင်ရာအရင်းအမြစ်များကို ရှာဖွေနိုင်တဲ့ Website များ ဖြစ်ပါတယ်။ အလုပ်အတွက် ဒါမှမဟုတ် ပညာရေးမှာ Research ကို ပုံမှန်ပြုလုပ်ပါက၊ Research Database များအကြောင်း ပိုမိုလေ့လာခြင်းက အသုံးဝင်ပြီးအကျိုးစေရှိပါတယ်။ ဒီဆောင်းပါးမှာ Research Database ကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများနဲ့ အသုံးပြုနိုင်တဲ့ Database (၁၀) ခုကို ရှင်းပြထားပါတယ်။

Research Database များကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများမှာ-

ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်များ

Research Database များမှာ သီးခြားနယ်ပယ်များမှ ကျွမ်းကျင်သူများရေးသားတဲ့ ဆောင်းပါးများနဲ့ တခြားအရင်း အမြစ်များပါဝင်ပါတယ်။ Database များမှတစ်ဆင့် ရှာတွေ့တဲ့အရင်းအမြစ်တစ်ခုဟာ ပုံမှန်ရှာဖွေနိုင်တဲ့ Search Engine ဖြင့် ရှာတွေ့နိုင်ပြီး အရင်းအမြစ်တစ်ခုထက် ယုံကြည်စိတ်ချရပြီး တိကျကာ အချိန်ကုန်သက်သာစေပြန်ပါတယ်။

ကိုးကားချက်များ

Research Database များမှာ ရှာဖွေနိုင်တဲ့အရင်းအမြစ်များဟာ တခြားအရင်းအမြစ်များမှ အသုံးပြုခဲ့တဲ့ အချက်အလက်များအတွက် ကိုးကားချက်များ ပါဝင်လေ့ရှိပါတယ်။ ဒါကြောင့် အချိန်ကုန်သက်သာစေပြီး Research စာတမ်းတစ်ခု ဒါမှမဟုတ် တင်ပြမှုတစ်ခုမှာအသုံးပြုပါက အရင်းအမြစ်ကို တိကျစွာကိုးကားကြောင်း သေချာစေနိုင်ပါတယ်။

သုံးစွဲနိုင်မှု

Research Database အမျိုးအစားများစွာရှိပြီး တချို့မှာ အခမဲ့ အသုံးပြုနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များနဲ့ ကျောင်းသားများကို အသုံးပြုခွင့်ပေးထားပါတယ်။ Research Database များမှာ ကျွမ်းကျင်ပညာရှင်များအနေနဲ့ အပြန်အလှန်သုံးသပ်ထားတဲ့ ပညာရပ်ဆိုင်ရာသတင်းရင်းမြစ်များကို လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။ သမားရိုးကျ Search Engine မှာအသုံးဝင်ပြီး ယုံကြည်စိတ်ချရတဲ့ ရလဒ်တစ်ခုကို ရှာဖွေဖို့ ရလဒ်များထဲမှ စိစစ်ဖို့အချိန်နဲ့ ကြိုးစားအားထုတ်မှု ပိုလိုအပ်တာကြောင့် ဖြစ်ပါတယ်။ Research Project တစ်ခုလုပ်ဆောင်နေပါက ဒါမှမဟုတ် သီးခြားအကြောင်းအရာ တစ်ခုနဲ့ပတ်သက်ပြီး နောက်ထပ်ယုံကြည်စိတ်ချရတဲ့ အချက်အလက်ကိုရှာဖွေနေပါက ကိုးကားနိုင်တဲ့ အောက်ပါ Database များကို ဖော်ပြလိုက်ပါတယ်။

၁။ PubMed- ဟာ ဆေးဘက်ဆိုင်ရာနဲ့ ဇီဝဗေဒအရင်းအမြစ်များအတွက် Database တစ်ခုဖြစ်ပါတယ်။ သုံးစွဲသူတွေကို ကိုးကားဖို့အတွက် များသောအားဖြင့် PDF Format နဲ့ ပေးပါတယ်။

၂။ IEEE Xplore- Institute of Electrical and Electronics Engineers (IEEE) Xplore- ကတော့ အင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံ ပညာရှင်များနဲ့ ကျောင်းသားများအတွက် ပံ့ပိုးပေးတဲ့ Database တစ်ခုဖြစ်ပါတယ်။ ဒီ Database က ဂျာနယ်များ၊ ကွန်ဖရင့်စာတမ်းများ၊ စာစီစာကုံးများ၊ စာအုပ်များနဲ့ ဆောင်းပါးများအပါအဝင် မတူညီတဲ့အရင်းအမြစ်များ တစ်သန်းကျော်ကို ထောက်ပံ့ပေးထားပါတယ်။

၃။ ScienceDirect- ဆောင်းပါးရဲ့ Key Word စာလုံးများ၊ စာရေးဆရာများ ဒါမှမဟုတ် ဂျာနယ်ထုတ်ဝေမှုများကိုပင် ရှာဖွေနိုင်စေမယ့် အခမဲ့ Database တစ်ခုဖြစ်ပါတယ်။ ScienceDirect ဟာ သိပ္ပံနည်းကျ၊ ဆေးဘက်ဆိုင်ရာနဲ့ နည်းပညာဆိုင်ရာ Research များတွက် အထူးပြုရှာဖွေနိုင်ပါတယ်။

၄။ JSTOR- က ပညာရပ်မျိုးစုံအတွက် ဆောင်းပါးများနဲ့ စာစီစာကုံးများပါရှိတဲ့ အခမဲ့ Database တစ်ခုဖြစ်ပါတယ်။ မကြာသေးမီက ထုတ်ဝေတယများပါရှိပေမယ့်လည်း ၁၉၂၄ ခုနှစ်အထိ အကိုးအကားများပါရှိပါတယ်။ ဆောင်းပါး အများစုဟာ US-based ဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုမှ အရင်းအမြစ်များကို ရှာဖွေနေတဲ့အခါ JSTOR ဟာ အသုံးဝင်ပါတယ်။

၅။ Scopus- ဟာ နယ်ပယ်ပေါင်းစုံအတွက် စာပေများပါ၀င်တဲ့ Database တစ်ခုဖြစ်ပါတယ်။ ဝန်ဆောင်မှုတချို့ကို အခမဲ့ပေးဆောင်ပေမယ့်လည်း Database သို့ အပြည့်အဝဝင်ရောက်ခွင့်ကတော့ စာရင်းသွင်းမှု Suscribe လိုအပ်ပါတယ်။ Scopus ရဲ့ထူးခြားချက်မှာ ကိုးကားအသုံးပြုသူဘယ်လောက်ရှိတာကို ခြေရာခံခြင်းဖြင့် ဂျာနယ်များနဲ့ စာရေးဆရာများကို အဆင့်သတ်မှတ်ပေးခြင်းဖြစ်ပါတယ်။ Scopus က ဆောင်းပါးများစွာကို ရှာဖွေစရာမလိုဘဲ တန်ဖိုးမြင့်အရင်းအမြစ်များကို ရှာဖွေရာမှာ ကူညီပေးနိုင်ပါတယ်။

၆။ Web of Science- Web of Knowledge လို့လည်း လူသိများကာ အလွန်ရေပန်းစားတဲ့ database တစ်ခုဖြစ်ပါတယ်။ သိပ္ပံ၊ လူမှုရေးသိပ္ပံနဲ့ လူသားဆိုင်ရာပညာရပ်များအတွက် အရင်းအမြစ်များကိုပေးနိုင်ပါတယ်၊၊ ဒီ Database သို့ မိမိ တက်ရောက်နေတဲ့ ကျောင်းရဲ့အချက်အလက်ဖြင့် Login ဝင်နိုင်ပါတယ်။ လောလောဆယ် ကျောင်းသားမဟုတ်ပါက၊ ကိုယ်ရေးကိုယ်တာ အချက်အလက်ဖြည့်သွင်းမှုဖြင့်လည်း စာရင်းသွင်းနိုင်ပါတယ်။

၇။ Google Scholar - တစ်နေရာတည်းမှ ပညာရပ်ဆိုင်ရာထုတ်ဝေသူများ၊ ပရော်ဖက်ရှင်နယ် လူ့အဖွဲ့အစည်းများ၊ အွန်လိုင်းသိမ်းဆည်းမှုများ၊ တက္ကသိုလ်များနဲ့ တခြား website များမှ ဆောင်းပါးများ၊ စာအုပ်များနဲ့ တရားရုံးများရဲ့ ထင်မြင်ယူဆချက်များကို တစ်နေရာတည်းမှ ရိုးရှင်းတဲ့နည်းလမ်းဖြင့် ရှာဖွေနိုင်ပါတယ်။

၈။ PsycINFO- စိတ်ပညာဆိုင်ရာအတိုင်ပင်ခံများ၊ လူမှုရေးလုပ်သားများ၊ စိတ်ပညာရှင်နဲ့ စိတ်ရောဂါအထူးကုများ အပါအဝင် စိတ်ပညာနယ်ပယ်အတွင်းရှိ ကျွမ်းကျင်ပညာရှင်များအတွက် အသုံးဝင်တဲ့ Research Tool တစ်ခုဖြစ်ပါတယ်။ ကောလိပ်တစ်ခုရဲ့ ကျောင်းသား ဒါမှမဟုတ် ဆရာ၀န်တစ်ဦးအနေနဲ့ Login ဝင်ရောက်ခြင်းဖြင့် PsychINFO ကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

၉။ ERIC (Education Resources Information Center) - ဟာ ပညာရေးနယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင်များအတွက် အသုံးဝင်တဲ့အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ERIC ဟာ ဆရာများနဲ့ တခြားသောပညာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် များအတွက် အရင်းအမြစ်များကိုမျှဝေဖို့ အမေရိကန်ပြည်ထောင်စုပညာရေးဌာနမှ ပံ့ပိုးကူညီတဲ့ အခမဲ့ Database တစ်ခုဖြစ်ပါတယ်။ Research စာတမ်းများကို ရေးသားစဉ်မှာ အသုံးပြုနိုင်တဲ့ အဘိဓာန်ကျမ်းတစ်ခုလည်း ပါရှိပါတယ်။

၁၀။ ArXiv- က ရူပဗေဒ၊ သင်္ချာ၊ ကွန်ပျူတာသိပ္ပံ၊ ဇီဝဗေဒ၊ ဘဏ္ဍာရေးဆိုင်ရာငွေကြေး၊ စာရင်းအင်း၊ လျှပ်စစ်အင်ဂျင်နီယာ၊ သိပ္ပံစနစ်နဲ့ စီးပွားရေးနယ်ပယ်တို့မှာ ပညာရပ်ဆိုင်ရာ ဆောင်းပါးပေါင်း ၂.၄ သန်းနီးပါးအတွက် အခမဲ့ ဖြန့်ဖြူးပေးတဲ့ Database တစ်ခုဖြစ်ပါတယ်။

References: https://www.indeed.com/.../career.../research-databases

https://paperpile.com/g/academic-research-databases/

Dr. Thel Seint Aye

B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY)

M.C.Sc, CU (MDY), Ph.D (IT), (U.C.S.M)