လိုက်နာကျင့်သုံးသင့်တဲ့ စီးပွားရေးဂုရု Robert Kiyosaki ရဲ့ တိုက်တွန်းချက်များ

Robert Kiyosaki ဟာဆိုရင် ဂျပန်လူမျိုး အမေရိကန် Entrepreneur နဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတော့ ကမ္ဘာ့စီးပွား‌ ရေးနယ်ပယ်မှာမှာတစ်ချိန်က အရောင်းရဆုံးနဲ့ ခုထိနှစ်ခြိုက်အသည်းစွဲစာအုပ်တစ်အုပ်ဖြစ်တဲ့ "Rich Dad Poor Dad" ကိုရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ လူငယ်တွေအတွက် လခစားဘ၀နဲ့လမ်းမဆုံးစေဘဲ မိမိရဲ့ဘ၀ကိုလည်း တိုးတက်အောင်လုပ်ရင်း ချမ်းသာလာစေဖို့ရာ Financial freedom ဖြစ်ဖို့အတွက်လိုအပ်တဲ့ အကြောင်းကို နည်းပြလမ်းပြထားတဲ့ ဒီစာအုပ်ဟာဆိုရင် Kiyosaki ရဲ့ တိုက်တွန်းချက်များစွာပါ၀င်တဲ့ စာအုပ်ကောင်းတစ်အုပ်လည်းပါတယ်။ ဒီထဲက တန်ဖိုးရှိတဲ့တိုက်တွန်းချက်တွေကို အနှစ်ချုပ်တင်ပြရမယ်ဆိုရင်

1. The rich don't work for money, they make money work for them.

Kiyosaki က passive income streams လို့ခေါ်တဲ့ ငွေကိုအသုံးချပြီးငွေပြန်ရှာရင်း တည်ငြိမ်တဲ့ငွေ၀င်လမ်းကြောင်းဖို့ဟာ အင်မတန်အရေးကြီးကြောင်း။

2. Financial education is key to achieving financial success.

သမားရိုးကျပညာရေးစနစ်ဟာ လခစားတွေကို စက်ရုံတစ်ခုကနေမွေးထုတ်သလို မွေးထုတ်ပေးတာကြောင့် စာဖတ်သူတွေအနေနဲ့ ချမ်းသာချင်ရင် ငွေရဲ့အလုပ်လုပ်ပုံနဲ့ ငွေကိုအသုံးချတတ်ဖို့တွေကို ပိုလေ့လာသင်ယူသင့်ကြောင်း။

3. Building wealth is about mindset and taking action.

‌ချမ်းသာချင်တယ်ဆိုတဲ့ရည်မှန်းချက်ပြည့်၀ဖို့အတွက် ထိုင်စိတ်ကူးမယဉ်ဘဲ ချမ်းသာတဲ့လူတွေမှာရှိတဲ့ mindset တင်မက နောက်ကတစ်ပါတည်း actions ယူဆောင်ရွက်မှ ဖြစ်နိုင်ကြောင်း။

4. It's important to distinguish between assets and liabilities.

Assets နဲ့ Liabilities နဲ့သဘောသဘာ၀နဲ့ ဒီနှစ်ခုကြား ညီမျှအောင်ချိန်ဆနိုင်ဖို့အတွက်ကို Kiyosaki ကနေပြီး assest ဆိုတာကတော့ ငွေရှာပေးတဲ့အရာဖြစ်ပြီး liabilities ဆိုတာကတော့ ရှိတဲ့ငွေကုန်စေတဲ့အရာဖြစ်လို့ assestကို များများရှိအောင်လုပ်ပြီး liabilities ကိုနည်းနိုင်သမျှနည်းအောင် လုပ်သင့်ကြောင်း။

5. Real estate is one of the best investment opportunities.

အိမ်ခြံမြေဈေးကွက်ဟာ ချမ်းသာချင်တဲ့လူတွေအဖို့တော့ တည်ငြိမ်တဲ့ ငွေ၀င်လမ်းကြောင်း တည်ဆောက်ပေးနိုင်တာမလို့ ရင်းနှီးမြှုပ်နှံသင့်တဲ့နယ်ပယ်တစ်ခုဖြစ်ကြောင်း။

6.  The power of leverage.

Leverage လို့ခေါ်တဲ့ သူများစီကနေ ငွေချေးယူအသုံးချပြီး ရင်းနှီးမြှုပ်နှံတာဟာ အောင်မြင်နိုင်တဲ့အထိ အစွမ်းရှိသလို အကြွေးနွံ‌နစ်နေနိုင်တာမလို့ risksကိုချိန်ဆရင်းနဲ့ပဲ ဆောင်ရွက်သင့်ကြောင်း။

7. The importance of financial independence.

ငွေကြေးရရှိဖို့လခစားလုပ်ရတာမျိုးမဟုတ်ဘဲ အမှီအခိုကင်းကင်းနဲ့ ချမ်းချမ်းသာသာနေနိုင်ဖို့ passive income ကိုရတဲ့နည်းနဲ့တည်ဆောက်မယ်ဆိုရင် အလုပ်မလုပ်နိုင်လို့ပဲဖြစ်ဖြစ်၊ အလုပ်မလုပ်ချင်လို့ပဲဖြစ်ဖြစ် နားနေမယ်ဆိုရင်တောင်မှ Financial independence ဖြစ်ဖြစ်နေနိုင်မည်ဖြစ်ကြောင်း။

8. Don't be afraid to take calculated risks.

ဓနအင်အားကိုတည်ဆောက်တဲ့နေရာမှာလည်း risks ယူသင့်တဲ့နေရာယူဖို့နဲ့ သို့သော် သေချာတွက်ချက်ထားတဲ့ risks မျိုးကို သတ္တိနဲ့သတိရှိရှိယူသင့်ကြောင်း။

9. Your network is your net worth.

ကိုယ့်ရဲ့မိတ်ဆွေ ခင်မင်ရာအသိုက်အ၀န်းမှာ အကြံပေးတဲ့လူတွေ၊ စီးပွားရေးလုပ်ငန်းလုပ်သူတွေ အစရှိတဲ့ မိတ်ဆွေကောင်းတွေကိုပိုင်ဆိုင်ထားတာက ဓနအင်အားတောင့်တင်းတာနဲ့အလားသဏ္ဍာန်တူကြောင်း။

10. investing in yourself is the best investment you can make.

ကိုယ့်ဘ၀တိုးတက်ရေးအတွက် personal and professional development တွေကို ဆောင်ရွက်ခြင်းကလည်း ကိုယ့်ကိုအောင်မြင်မှုတွေ‌ ဆောင်ကြဉ်းပေးမှာဖြစ်တဲ့အတွက် အကောင်းဆုံးရင်းနှီးမှုဖြစ်ကြောင်း အစရှိသဖြင့် တိုက်တွန်းချက်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့အနေနဲ့လည်း ယခုကျင်လည်ရာနယ်ပယ်မှာ Kiyosaki ရဲ့စကားကို ပြန်ကြားမြင်ယောင် အသုံးချပြီး အောင်မြင်မှုရကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင် ဒီစာကိုဒီမှာပဲ နိဂုံးချုပ်လိုက်ရပါတယ်။

 

Paing Soe Myat

SFU Media Club

Undergraduate Programme