အဖွဲ့အစည်းတစ်ခုရှိ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အပြုအမူများကို မြှင့်တင်ခြင်း 

အောင်မြင်တဲ့ အဖွဲ့အစည်းများဟာ ကဏ္ဍတစ်ခုချင်းစီတိုင်းမှာ အလုပ်ကိုကောင်းမွန်စွာ လုပ်ဆောင်နိုင် ကြပါတယ်။  အမှုဆောင်အရာရှိချုပ်များမှ ကုမ္ပဏီရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နေကြတဲ့ ဝန်ထမ်းများအထိ၊ အဖွဲ့အစည်းတစ်ခုအတွက် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရာမှာ ဝန်ထမ်း တစ်ဦးချင်းစီ သူတို့ရဲ့ အခန်းကဏ္ဍကို သိရှိကြတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ အဖွဲ့အစည်းတွေတောင်မှ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘုတ်အဖွဲ့ဝင်တွေက ကျေနပ်မှုမရှိတဲ့ အချိန်တွေကို တွေ့ကြုံခံစားရပါတယ်။ ရည်မှန်းချက်များသတ်မှတ်ခြင်း၊ လုပ်ငန်းခွင်တိုးတက်မှုများ၊ အားပေးထောက်ခံမှုနဲ့ အသိအမှတ်ပြုမှုတို့က အပြုသဘောဆောင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းဖြင့် ဝန်ထမ်းများရဲ့ အပြုအမူ တိုးတက်မှုကို ဖြစ်စေကြောင်း တွေ့ရှိရပါတယ်။

တစ်ဦးချင်းပန်းတိုင် သတ်မှတ်ပါ

ဝန်ထမ်းတစ်ဦးချင်းစီအတွက် သူတို့လိုချင်တဲ့ စံနှုန်းတစ်ခု (ဒါမှမဟုတ်) တိုးတက်စေမယ့် အကျင့်စာရိတ္တဆိုင်ရာ ရည်မှန်းချက်များချမှတ်ပါ။ ဝန်ထမ်းတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းရည်မှန်းချက်များ ချမှတ်နိုင်ဖို့ အစည်းအဝေးများ ပြုလုပ်ပြီး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တွန်းအားပေးပါ။ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်များအတွက် သူတို့ရဲ့ အကြံပြုချက်များနဲ့ အမြင်များကို နားထောင်ပြီး ပန်းတိုင်များနဲ့အညီ ရေးဆွဲပါ။ ဒါက ဝန်ထမ်းတွေကို ကုမ္ပဏီမှ ပေးအပ်ထားတဲ့ တာဝန်များကို အောင်မြင်အောင် လုပ်ဆောင်ဖို့ အခွင့်အာဏာ ပေးအပ်ထားခြင်း ဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်များသတ်မှတ်ခြင်းက အဖွဲ့အစည်းရဲ့ အပြုအမူကောင်းများကို မြှင့်တင်ပေး ပါတယ်။

 ဝန်ထမ်းများရဲ့ လုပ်နိုင်စွမ်းအားများကို မြှင့်တင်ပါ

လိုအပ်တဲ့ တိုးတက်မှုများအတွက် ဝန်ထမ်းများ အလုပ်လုပ်တဲ့နေရာ၊ အစည်းအဝေးခန်းမများနဲ့ အများ အသုံးပြုတဲ့နေရာတွေကို သက်သောင့်သက်သာရှိအောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။  ပိုမိုကောင်းမွန်တဲ့ အလင်းရောင် ရရှိအောင်ဖန်တီးခြင်း၊ နွေးထွေးပြီး ဖိတ်ခေါ်တဲ့ နေ့လယ်စာစားတဲ့နေရာများဟာ အဖွဲ့အစည်းရဲ့ စိတ်ဓာတ်နဲ့ အပြုအမူများကို မြှင့်တင်ပေးပါတယ်။ အသေးစိတ်အချက်အလက်တွေကို အာရုံစိုက်ခြင်းက စွမ်းဆောင်ရည်ကို တိုးတက်စေပြီး ဝန်ထမ်းတွေကို သူတို့က အဖွဲ့အစည်းရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိရှိစေဖို့ ကူညီပေးပါတယ်။

အပြုသဘောဆောင်တဲ့ အားပေးထောက်ခံမှု ပြုလုပ်ပေးပါ

ကုန်ထုတ်စွမ်းအားတိုးမြှင့်ဖို့ ကဏ္ဍတစ်ခုချင်းစီတိုင်းရှိ ဝန်ထမ်းတွေအတွက် ဆုပေးစနစ်တစ်ခုကို ဖော်ဆောင်ပါ။ ဆုများပေးအပ်ခြင်းက ပိုမိုထိရောက်တဲ့ အလုပ်နဲ့ ပိုမိုကောင်းမွန်တဲ့ အဖွဲ့အစည်းအတွက် ကြီးမားတဲ့ လှုံ့ဆော်မှု တစ်ခု ဖြစ်ပါတယ်။ လူကြိုက်များတဲ့ ကော်ဖီဆိုင်များကိုပို့ဆောင်ခြင်း ဒါမှမဟုတ် နေ့လယ်စာစားတဲ့နေရာများကို လက်ဆောင်ကတ်ပေးအပ်ခြင်း၊ အလုပ်အောင်မြင်အောင်လုပ်ဆောင်နိုင်မှုကြောင့် ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုပေးမှုက ဝန်ထမ်းတွေကို သူတို့ဟာ အဖွဲ့အစည်းရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာကို ခံစားမှုရစေပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ ကုန်ထုတ်စွမ်းအားအဆင့်များနဲ့ ကိုက်ညီတဲ့ ဝန်ထမ်းများ အတွက် သုံးလတစ်ကြိမ် ဒါမှမဟုတ် နှစ်စဉ်ဘောနပ်စ်များကို ထည့်သွင်းစဉ်းစားပါ။

အဖွဲ့အစည်းဆိုင်ရာ အသိအမှတ်ပြုမှုကို ထည့်သွင်းပါ

သုံးလတစ်ကြိမ်၊ ဒါမှမဟုတ် နှစ်စဉ် ကုမ္ပဏီရဲ့ အခမ်းအနားများမှာ ဝန်ထမ်းတွေကို အသိအမှတ်ပြုပေးပါ။ အဆင်မပြေမှု အမျိုးမျိုးအတွက် အသိအမှတ်ပြုခံရသူများဟာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ချဲ့ထွင်ဖို့ ပိုမိုစိတ်အားထက်သန်ပါတယ်။ အသိအမှတ်ပြုမှုဟာ တခြားဝန်ထမ်းများကို  သူတို့ရဲ့ လက်ရှိလုပ်နိုင်စွမ်းအားထက် ကျော်လွန်သွားစေဖို့ လိုအပ်တဲ့ လှုံ့ဆော်မှုများကိုလည်း ပေးနိုင်ပါတယ်။ ခိုင်မာတဲ့ကျင့်ဝတ်နဲ့ အပြုသဘောဆောင်တဲ့ အဖွဲ့အစည်းဆိုင်ရာ အပြုအမူတွေကိုဖန်တီးဖို့ အသိအမှတ်ပြု ရရှိသူများကို အဖွဲ့ခေါင်းဆောင်တာဝန်များ ပေးအပ်ဖို့လည်း စဉ်းစားရပါမယ်။

 

Chron Contributor ရဲ့  How to Improve the Behavior of the Individuals in an Organization  ကို အားဇဲဇာဆာ မှ ဆီလျော်အောင်ပြန်ဆိုထားပါတယ်။

 

U Ah Zer Zar Zar

DBL.LLB.BARS

MBA ( Assumption University, Thailand)