ခေါင်းဆောင်မှုဆိုင်ရာ လမ်းညွှန်ချက် သုံးချက်

လုပ်ငန်းရှင်တစ်ဦးအနေနဲ့ သင်က သင့်ဝန်ထမ်းတွေရဲ့ သူဌေးဖြစ်မှာ  သေချာပါတယ်။ ဒါပေမဲ့ သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ရော ဖြစ်ပါသလား? ခေါင်းဆောင်များဟာ အမိန့်ပေးရုံသာမက သူတို့ရဲ့ အလုပ်သမားများကို အကောင်းဆုံးအလုပ်လုပ်ဆောင်နိုင်ဖို့ လှုံ့ဆော်ပေးကြပါတယ်။ ခေါင်းဆောင်များဟာ လုပ်ငန်းခွင်ရဲ့ အနေအထားကို သတ်မှတ်ထားပြီး သူတို့ဟာ လုပ်ငန်းတစ်ခုရဲ့ အစီအစဉ်နဲ့ အထောက်အထားများ သတ်မှတ်ရာမှာလည်း ကူညီပေးကြပါတယ်။ သူဌေးဖြစ်ဖို့က လွယ်ပေမယ့် စီးပွားရေးခေါင်းဆောင်ဖြစ်ဖို့က ပိုခက်ခဲပါတယ်။ ခေါင်းဆောင်တိုင်းမှာ ကိုယ်ပိုင်စတိုင်လ်ရှိပေမယ့်လည်း အောက်ဖော်ပြပါ အခြေခံ မူသုံးချက်ကတော့ လုပ်ငန်းခွင်ရှိ ခေါင်းဆောင်များစွာကို လမ်းညွှန်ပေးနိုင်ပါတယ်။

လမ်းညွှန်မှု -၁ ရေရှည်မျှော်မှန်းချက် အမြော်အမြင်ရှိခြင်း

ဈေးကွက်အပြောင်းအလဲများကို တုံ့ပြန်ရုံမျှသာ ဒါမှမဟုတ် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်နေတဲ့ ခေါင်းဆောင်တစ်ဦးထံမှ ဝန်ထမ်းများဟာ စိတ်ဓာတ်တက်ကြွမှုရှိစေဖို့အတွက် လှုံ့ဆော်ခံရမှာ မဟုတ်ပါဘူး။ သူတို့ဟာ အဖွဲ့အစည်းအတွက် ရေရှည်မျှော်မှန်းချက်ရှိတဲ့ ခေါင်းဆောင်တွေကိုပဲ တုံ့ပြန်ကြပြီး တစ်ခါတစ်ရံ အနာဂါတ်ကို ပုံဖော်ခြင်းလို့ ခေါ်ပါတယ်။ အနာဂါတ်အတွက် ချမှတ်ထားတဲ့ အစီအစဉ်များ လုပ်ဆောင်ရာမှာ ခက်ခဲတဲ့ အခိုက်အတန့်များကြုံတွေ့ရပါက ရင်ဆိုင်ရဲတဲ့ သတ္တိရှိဖို့လည်း လိုအပ်ပါတယ်။ တချို့ အခြေအနေများမှာ ချမှတ်ထားတဲ့လမ်းကြောင်းများ ပြောင်းလဲမှုရှိလာရင်လည်း အဲဒီအစီအစဉ်တွေကို ပြန်လည်သုံးသပ်ဖို့အတွက်  သတ္တိရှိပါ။

လမ်းညွှန်မှု - ၂ ပဋိပက္ခဖြေရှင်းရေး

ကြီးကြပ်ရေးမှူးတစ်ဦးအနေနဲ့ သင်က လုပ်ငန်းခွင်မှာ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်နိုင် ပါတယ်။ သူဌေးတစ်ဦးဟာ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများကို ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတဲ့မူများကို ထုတ်ပြန်နိုင်ပါတယ်။ ခေါင်းဆောင်တစ်ဦးဟာ စကားများရန်ဖြစ်ခြင်းကို ကြီးမားတဲ့ ပြသာနာအဖြစ်မြင်ပြီး ပဋိပက္ခကို ဖြေရှင်းဖို့ လုပ်ဆောင်ရပါတယ်။ ပဋိပက္ခကိုဖြေရှင်းဖို့ လုပ်ဆောင်နိုင်မှုက အလုပ်သမားများအကြား ဆက်ဆံရေးကို ပိုမိုအားကောင်းစေပြီး လုပ်ငန်းခွင်ကို ချောမွေ့စွာလည်ပတ်စေရုံသာမက ခေါင်းဆောင်ဟာ သင့်ရဲ့ ပြဿနာဖြေရှင်းသူအဖြစ် အဆင့်အတန်းကိုမြှင့်တင်ပေးပြီး သင့်ရဲ့တရားမျှတမှုအတွက် အမြဲအဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။

လမ်းညွှန်မှု - ၃ ဆက်သွယ်မှု

သင့်မှာ ရေရှည်ရည်မှန်းချက်တွေနဲ့  ဒါကိုအောင်မြင်ဖို့ အရည်အချင်းများ ရှိနိုင်ပေမယ့်လည်း သင့်စိတ်ကူးများကို ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်မှု အားနည်းပါက သင့်ဝန်ထမ်းများကို ဦးဆောင်ဖို့ အခက်အခဲရှိမှာ ဖြစ်ပါတယ်။ သင်ဟာ တခြားသူများရဲ့ ရပ်တည်ချက်များကို နားထောင်ပေးဖို့  လိုအပ်မှာဖြစ်ပြီး သင့်ကိုယ်ပိုင် အကြံဉာဏ်များနဲ့ လှုံ့ဆော်ပေးနိုင်တဲ့ နည်းလမ်းများကို အသုံးပြုသင့်ပါတယ်။ ကောင်းမွန်တဲ့ ဆက်သွယ် ပြောဆိုမှုများက အကောင်းဆုံးကောက်ချက်ချနိုင်တဲ့ နည်းလမ်းဖြစ်ပြီး အကြံဉာဏ်များကိုလည်း ဘယ်လို ဆွေးနွေးငြင်းခုံရမယ်ဆိုတာကို သိကြပါတယ်။

အပိုဆုကြေးအခြေခံမူများ-ခွင့်လွှတ်မှုနဲ့ နှိမ့်ချမှု

ခေါင်းဆောင်ကောင်းတစ်ဦးဟာ သူ့ရဲ့ကုမ္ပဏီအတွက် သူ့ခံယူချက်နဲ့အမြင်မှာ ခိုင်မာမှုရှိပေမယ့်လည်း ခေါင်းဆောင်ဟာ ခေါင်းမာသူမဟုတ်ပါဘူး။ ခေါင်းဆောင်ကောင်းများဟာ မိမိတို့ရဲ့အမှားများကို အသိအမှတ် ပြုနိုင်ဖို့နဲ့ လိုအပ်ပါက သူတို့ရဲ့ အမှားများကို ဝန်ခံနိုင်ရပါမယ်။ မိမိတို့ရဲ့အမှားများကို အလွယ်တကူဝန်ခံနိုင်တဲ့ ခေါင်းဆောင်များဟာ အပြန်အလှန် ခွင့်လွတ်ခြင်းဆိုတဲ့ ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတဲ့ လုပ်ငန်းခွင်ကို ဖန်တီးပေးကြပါတယ်။ ဒါဟာ လက်အောက်ငယ်သားများနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ တာဝန်ယူထားတဲ့ ဝန်ထမ်းများ အကြား အချင်းချင်းခွင့်လွှတ်ဖို့ တိုက်တွန်းလှုံ့ဆော်ပေးပါတယ်။ အဲဒီလို အပြန်အလှန်ခွင့်လွှတ်ခြင်း ယဉ်ကျေးမှုကို ပုံဖော်ခြင်းက ကုမ္ပဏီတစ်ခုလုံးရဲ့စိတ်ဓာတ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဆန်းသစ်တီထွင်မှုဆီကို ဦးတည်သွားတဲ့အခါ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲများကိုမကြောက်ဘဲ ဝန်ထမ်းများကို စွန့်စားမှုများ ပိုယူဖို့အတွက်လည်း အခွင့်အဏာပေးထားသင့်ပါတယ်။

Wilhelm Schnotz ရဲ့ Three Guiding Principles of Leadership ကို Ah Zer Zar Sar မှ ဆီလျော်စွာ ပြန်ဆိုထားပါတယ်။

 

U Ah Zer Zar Zar

DBL.LLB.BARS

MBA ( Assumption University, Thailand)