Thinking Outside the box

“Thinking Outside the box” ဆိုတာ သမားရိုးကျနည်းလမ်းနဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး မတူညီထူးခြားတဲ့ အကြောင်းရာတွေကိုစဉ်းစားခြင်း (ဘောင်အပြင်ဘက်မှာ စဉ်းစားခြင်း) ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာဆိုရင်တော့ အထူးသဖြင့်တော့ မားကတ်တင်း၊ နည်းပညာနဲ့ ဒီဇိုင်းဆိုင်ရာကျွမ်းကျင်မှုနယ်ပယ်တွေမှာ သိသိသာသာ တွေ့မြင်လာရပါတယ်။ ဒါ့အပြင် တီထွင်ဖန်တီးတွေးခေါ်မှု၊ စိတ်ကူးစိတ်သန်းအသစ်တွေကို ဖြစ်ပေါ်စေတာမို့ “Thinking Outside the box” ဟာ ဘယ်ပတ်ဝန်းကျင်မျိုးမဆို၊ ဘယ်လို ပြဿနာဖြေရှင်းရေး အခြေအနေမှာမဆို အသုံးချဖို့ အလွန်ကောင်းမွန်တဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။

၁။ လက်ရှိမင်းရဲ့ လုပ်နေကြ အလေ့အထတွေကို ရပ်လိုက်ပါ။

 စိန်ခေါ်မှုတစ်ခုကို ကြုံလာရတဲ့အခါ၊ ဖြေရှင်းဖို့ ပြဿနာတစ်စုံတစ်ခု ကြုံလာရတဲ့အခါ ကျွန်တော်တို့က အဲ့စိန်ခေါ်မှုတွေကို အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး အတိတ်က ကျွန်တော်တို့အတွက် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြတဲ့ ကြိုးစားစမ်းသပ် အသုံးပြုဖူးခဲ့ကြတဲ့  စိတ်ကူးနည်းလမ်းတွေကို ပြန်လည်ထုတ်ယူ အသုံးပြုကြလေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ အမှားနည်းပြီး စိတ်ချရတယ်ဆိုတာကို သိနေလို့ပါပဲ။ ဒါပေမဲ့ ဆန်းသစ် တီထွင်ပြီး မူရင်းအနှစ်သာရလည်း မပျောက်ပျက်စေတဲ့ ကောင်းမွန်တဲ့ တန်ဖိုးတွေကို ဆက်ပေးဖို့ အတွက်မှာတော့ ဒီလိုရှေ့က အတွေ့အကြုံနည်းလမ်းတွေကို ပြန်သုံးတာဟာ သိပ်တော့ ကောင်းမွန်မနေပါဘူး၊ ယခုလို ဒစ်ဂျစ်တယ်ခေတ်မျိုးမှာ ပြဿနာများကို ဖြေရှင်းနိုင်တဲ့ ဖြေရှင်းနည်းအသစ်တွေကို တည်ဆောက်စဉ်းစားကြတဲ့အခါ ကျွန်တော်တို့ရဲ့ Comfort Zone မှ ထွက်ခွာဖို့ အရေးကြီးပါတယ်။ ဒီလိုလုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပါ၊ မင်းရဲ့လုပ်ရိုး လုပ်စဉ်တွေကို ရှောင်ဖယ်လိုက်ပါ။ ဒီလိုလုပ်ခြင်းက ကျွန်တော်တို့ဟာ လက်ရှိ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတည်ဆောင်ရမလဲဆိုတာကို နားလည်လာသလို အတိတ်မှဖြစ်ခဲ့ ကြုံတွေ့ခဲ့တဲ့အရာတွေကိုလည်း နားလည်လာစေပါတယ်။ ဒီလို နားလည်စေတာဟာ လက်ရှိမှာ အတိတ်နဲ့မတူတဲ့ ထူးခြားတဲ့ပုံစံနဲ့ ပြောင်းလဲမှုတွေကို စဉ်းစား မိလာစေတာပဲ ဖြစ်ပါတယ်။

၂။ ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ် ဘေးဖယ်ထားပါ။

ဘောင်အပြင်ဘက်မှာ တွေးတောခြင်းက တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စွန့်စားမှုလိုအပ်ပြီး စွန့်စားရမှုနဲ့ အတူ အမှားအယွင်းများလည်း ဖြစ်ပေါ်နိုင်သလို၊ ကျရှုံးမှုများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျရှုံးမှုတွေက အောင်မြင်မှုမရရှိမီ တွေ့ကြုံရလေ့ရှိပြီး ဒီလိုဖြစ်တာဟာလည်း ဆန်းသစ်မှုနဲ့အတူ မူရင်းအယူအဆ (တန်ဖိုး)များ၊ ထုတ်ကုန်များနဲ့ ဒီဇိုင်းများအတွက် ဖြစ်သင့် ဖြစ်ထိုက်ပြီး ထူးခြားဆန်းသစ်မှုတွေကို ရစေပါတယ်။ “Thinking Outside the box” ကြောင့် ကျရှုံး၊ မှားယွင်းသွားတာနဲ့ အရာအားလုံးရပ်လိုက်ရမယ်ဆိုတာလည်း မဟုတ်သလို အသက် ဆုံးရှုံးသွားတာမျိုးလည်း မဟုတ်ပါဘူး။ ဥပမာ ဒါကိုသိဖို့အတွက် ကမ္ဘာမှာ အကြီးမြတ်ဆုံး တီထွင်သူတချို့ဖြစ်တဲ့ Sir James Dyson၊ Thomas Edison နဲ့ Albert Einstein တို့ကို ကြည့်ရပါမယ်။ ဒါကြောင့် ဘောင်အပြင်ဘက်က တွေးခေါ်တဲ့အခါ စွန့်စားပြီး အမှားတွေ လုပ်မိမှာကိုမကြောက်ဘဲ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် သင်မစတင်ခင်မှာပဲ ရပ်တန့်နေလိမ့်မယ်။ ထပ်ပြီးသိရမှာက မှန်ကန်သင့်တင့်တဲ့ အရာအားလုံးကို အာရုံစိုက်မယ့် အစား ကျွန်တော်တို့ရဲ့ အကောင်းဆုံးအလုပ်တချို့ဟာ ကျွန်တော်တို့ရဲ့ အမှားများမှ ပြောင်းလဲ လာတတ်တယ်ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။

၃။ မတူညီတဲ့အမြင်ကို စမ်းကြည့်ပါ။

 ပြဿနာတွေနဲ့  စိန်ခေါ်မှုတွေကို မတူညီတဲ့ရှုထောင့်မှ ချဉ်းကပ်စဉ်းစားပါ၊ မတူညီတဲ့ နည်းလမ်းတွေကိုလည်း စမ်းသပ်အသုံးပြုရပါမယ်။ ကျွန်တော်တို့ဟာ မေးခွန်းတစ်ခုနဲ့ ရင်ဆိုင် ရတဲ့အခါ အဖြေတစ်ခုရဖို့ကိုပဲ ကျွန်တော်တို့ဟာ အာရုံစိုက်ဦးတည်လေ့ရှိကြတယ်။ အဖြေ ရဖို့ထက် အနည်းငယ်ကွဲပြားတဲ့ပြဿနာကို ချဉ်းကပ်နည်းဖြစ်တဲ့  ရှေ့မှာကြုံခဲ့ရတဲ့ပြဿနာကို ပြန်လည် စိတ်ကူးယဉ်တွေးတော အာရုံစိုက်ပြီး၊  လက်တစ်ကမ်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာကို ပိုမိုနက်နဲတဲ့ နားလည်မှုရရှိဖို့ ရှုထောင့်အမျိုးမျိုးကို စဉ်းစားသုံးသပ်ပြီးမှ ဖြေရှင်းမယ့် မေးခွန်းကို အဖက်ဖက်ကနေ ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ပိုကောင်းတာကတော့ ကျွန်တော်တို့က တခြားသူ တစ်ဦးရဲ့ကိုယ်စား ဆုံးဖြတ်ချက်ချနေတယ်လို့ မြင်ယောင်ကြည့်ပါ။ သူတို့ကို ဘာအကြံဉာဏ် ပေးမလဲ။ သူတို့မှာ ဘာရွေးချယ်စရာတွေရှိလဲ။ ရွေးချယ်မှုတစ်ခုစီမှ ဖြစ်နိုင်တဲ့ရလဒ်တွေက ဘာတွေလဲ။ သူတို့ ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ ဘယ်လို အဆိုပြုမလဲ။ ဒီလိုမျိုးစဉ်းစားပြီး ပြဿနာနဲ့ မေးခွန်းတွေကို ချဉ်းကပ်တာဟာ မတူညီတဲ့ အတွေ:အမြင်သစ်တွေကို ရရှိစေပါတယ်။

 

Brainiacmedia.net ရဲ့ Ways to think “outside the box” မှ ကောက်နှုတ်ရေးသားထားပါတယ်။

U Zin Lwin Thant 

M.Act, B.Act (MUE)